← Chapters

အကျိုးအမြတ်

Vol. 109 Ch. 1432

အကျိုးအမြတ်

Vol. 109 Ch. 1432

ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးဖြစ်သည့် ဟောင်၊ ကုန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဟုန်၊ ဟွေ့၊ ယန်၊ ချန်း၊ လန်၊ ရှုနှင့် ရှစ်တို့အားလုံး စုဝေးနေကြပြီး ရွှမ်တုအရေးကိစ္စကို ဆွေးနွေးနေကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့က မေး၏။ “ရွှမ်တုရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ကောင်းကင်နယ်စားမင်းက ဖိနှိပ်ထားတယ်.. စွမ်းအင်အကူးအပြောင်းတံတားကလည်း ဖျက်ဆီးခံလိုက်ရတယ်… ဘာဖြစ်သွားသလဲသိလား ရှေးဟောင်းနတ်ဘုရားဘုရင်”

ရှေးဟောင်းနတ်ဘုရားဘုရင်က ဖြေသည်။ “ရွှမ်တုရဲ့ ကောင်းကင်တာအိုက ကောင်းကင်နယ်စားမင်း သေတော့မှာကို အာရုံခံမိတဲ့ပုံပဲ… ဆိုတော့ ကောင်းကင်တာအိုက လှုပ်ရှားလာပြီးတော့ ကျုပ်ရဲ့ကောင်းကင်လက်နက်ကို ချိတ်ပိတ်လိုက်တာ… စွမ်းအင်အကူးအပြောင်းတံတား ဖျက်ဆီးခံရတာက ကောင်းကင်နယ်စားမင်းရဲ့ နေစောင့်ရှောက်သူသန်းပေါင်းများစွာက အမိန့်လက်ခံရရှိလို့ ပုန်ကန်အင်အားစုကို ဖွဲ့စည်းခဲ့ကြတယ်… သူတို့က စွမ်းအင်အကူးအပြောင်းတံတားကို တိုက်ခိုက်ခဲ့တာကြောင့် တံတားပျက်စီးသွားတာပဲ”

“ကောင်းကင်နယ်စားမင်းကြည့်ရတာ မသေခင် ခြေထောက်နဲ့ ကန်ခဲ့ချင်သေးတာ ထင်တယ်”

ကောင်းကင်နတ်အရှင်ရှုက နှာခေါင်းရှုံ့သည်။ “ဒါပေမဲ့ အဲဒါတွေက အချည်းနှီးပဲ”

ကောင်းကင်နတ်အရှင်ဟုန်က ဝင်ပြောသည်။ “သူ့ကို လျှော့မတွက်နဲ့… ကောင်းကင်တာအိုက ကောင်းကင်နယ်စားမင်းကို သေဆုံးခွင့်ပေးမှာ မဟုတ်ဘူး… ကောင်းကင်နယ်စားမင်း သေချင်ရင်တောင်မှ သေလို့မရဘူး… ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအိုကနေ မွေးဖွားလာပြီး ကောင်းကင်တာအို၏ စွမ်းဆောင်မှုကို ကိုယ်စားပြုတယ်… ကောင်းကင်တာအိုစိတ်ဆန္ဒက လိုအပ်တဲ့အခါ ကောင်းကင်နယ်စားမင်းရဲ့ စိတ်ဆန္ဒကို အစားထိုးလိမ့်မယ်… ရွှမ်တုရဲ့ နေစောင့်ရှောက်သူတွေကြောင့် ပိုလို့တောင် သန်မာအားကောင်းလာနိုင်တယ်”

“ရွှမ်တုမှာ နေစောင့်ရှောက်သူတွေ အများကြီး ရှိတယ်… သူတို့တွေက ပုံမှန်အားဖြင့်တော့ အဓိကကမ္ဘာလောကတွေရဲ့ နေတွေ အလုပ်လုပ်တာကို တာဝန်ယူကြတာ… ကောင်းကင်တာအိုက သူတို့ကို ထောက်ခံပေးထားရင် သေချာပေါက် အင်အားစုကြီးတစ်စု ဖြစ်လာမှာပဲ”

ကောင်းကင်နတ်အရှင်ကုန်းက ပြောသည်။ “ဒါပေမဲ့ နေစောင့်ရှောက်သူတွေအပြင် ရွှမ်တုမှာ လစောင့်ရှောက်သူတွေနဲ့ ကြယ်တာရာအရှင်သခင်တွေလည်း ရှိသေးတယ်… သူတို့ကိုလည်း ကောင်းကင်တာအိုက အားဖြည့်ပေးထားတာ… ဒီအင်အားစုကို လျှော့တွက်လို့ မရဘူး”

ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလျက် မေးသည်။ “ကောင်းကင်နတ်အရှင်ကုန်း၊ ခင်ဗျား ရွှမ်တုကို သွားချင်လား”

ကောင်းကင်နတ်အရှင်ကုန်းက တခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းရမ်းလိုက်သည်။ “ကောင်းကင်နတ်ဘုံကို စောင့်ရှောက်မယ့်သူ မရှိဘဲ ထားခဲ့လို့ မဖြစ်ဘူး… ကျွန်မ မသွားတာ ပိုကောင်းတယ်”

ကောင်းကင်နတ်အရှင်ဟွေ့က တည်ကြည်ပြတ်သားစွာ ပြော၏။ “ကျုပ်ကတော့ မသွားလို့မရဘူး… ကောင်းကင်နယ်စားမင်းက မကောင်းတဲ့လုပ်ရပ်တွေ အများကြီး လုပ်ခဲ့ပြီး ကမ္ဘာလောကကို ဒုက္ခရောက်စေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ… ကျုပ် သူ့ကိုမသတ်ရင် သူနဲ့ တကြိတ်ထဲတစ်ဉာဏ်ထဲ ကောက်ကျစ်တဲ့သူ ဖြစ်သွားလိမ့်မယ်”

ကောင်းကင်နတ်အရှင်ကုန်းက ပြုံးသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က မကောင်းမှုကို မုန်းတီးလွန်းလို့ မျက်လုံးထဲက သဲလေးတစ်မှုန်ကိုတောင် သည်းမခံနိုင်ဘူးပဲ… ကျွန်မ ရှင့်ကို လေးစားအားကျမိပါတယ်… ဒါပေမဲ့ ကောင်းကင်နတ်ဘုံကိုလည်း ချင်မျိုးရိုးသူပုန်တွေ ခြုံခိုတိုက်ခိုက်လာမှာစိုးလို့ အစောင့်မရှိဘဲ ထားခဲ့လို့မရဘူး… ကျွန်မ ဒီမှာနေခဲ့ရင် သူတို့ကို ရင်ဆိုင်နိုင်လိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ဝင်ပြောသည်။ “တာအိုမိတ်ဆွေကုန်း၊ တစ်ယောက်တည်း ခုခံဖို့က ခက်ခဲပါတယ်… ကျုပ်လည်း လိုလိုပိုပို ကောင်းကင်နတ်ဘုံကို ကာကွယ်ပါ့မယ်… နတ်အရှင်မနှစ်ယောက်ရော ဘယ်လိုထင်ပါသလဲ”

နတ်အရှင်မယန်က ပြုံးလျက် ဖြေသည်။ “ဒီမှာ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ကုန်းက နေခဲ့မယ်ဆိုတော့ စိတ်ချရမှာပါ… ဒါဆိုရင် ကျွန်မ ရွှမ်တုဆီ သွားမယ်”

“၀င်ရိုးစွန်းလေးခုက နတ်မင်းလေးပါးကို မထိန်းချုပ်ရသေးဘူး.. ကျွန်မ နဂါးစိမ်း၊ ကျားဖြူနဲ့ လိပ်နက်တို့ ပြဿနာထပ်မရှာနိုင်အောင် သင်ခန်းစာပေးချင်တယ်”

ကောင်းကင်နတ်အရှင်ရှုက သတိပေး၏။ “ရှင်တို့ ယိုတုကိုလည်း သတိထားရမယ်… ကျွန်မ ယိုတုပြဿနာရှာရင် ကာကွယ်ဖို့ နေခဲ့မယ်”

ကောင်းကင်နတ်အရှင်ဟောင်က လန်ရွှမ်ဆီ ကြည့်လိုက်ရာ လန်ရွှမ်က အလျင်အမြန် ပြောလေသည်။ “ကျုပ် သွားရမှာပေါ့… ခင်ဗျားတို့နေခဲ့တော့ တစ်ခုခုဖြစ်လာရင် ဒုက္ခရောက်နိုင်တယ်”

ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလျက် ပြော၏။ “ကောင်းကင်နယ်စားမင်းရဲ့ခွန်အားက ရွှမ်တုရဲ့ မဟာကောင်းကင်နတ်ဘုံမှာ ပြီးပြည့်စုံဆုံးလို့ ပြောလို့ရတယ်… သူက ကောင်းကင်နတ်ဧကရာဇ်အောက် အားမနည်းဘူး… ကျုပ် သွားပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကို ကူညီပေးရမှာပေါ့”

ရှစ်ချီလော်ကလည်း ဝင်ထောက်ခံ၏။ “ကျုပ်ကတော့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးခဲ့တဲ့သူဆိုတော့ ကောင်းကင်နယ်စားမင်း ဖိနှိပ်ထားတာကို သွားရောက်ချိုးဖျက်ပေးရမယ်”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “ဒါဆိုရင် ရွှမ်တုတိုက်ပွဲကို ခင်ဗျားတို့လက်ထဲ အပ်လိုက်ပါမယ်… ကျုပ်ကတော့ ဒီမှာပဲ ကောင်းကင်နတ်အရှင်ရှု၊ နတ်အရှင်မယန်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့နဲ့အတူ နေခဲ့ပါမယ်… တာအိုမိတ်ဆွေခြောက်ယောက် အောင်မြင်ပါစေလို့ ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်”

အားလုံးက သိထားပြီးဖြစ်သဖြင့် ပြုံးလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် အမြဲတမ်း ဘဝင်မြင့်၍ အခြားကောင်းကင်နတ်အရှင်များအပေါ် အထင်သေးခဲ့သည်။ အကျိုးအမြတ်များရှိပါက သေချာပေါက် အများဆုံးရအောင် ယူတတ်၏။ မဟာဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် ချင်မူသည် မိုင်ခြောက်သောင်းအထိ သူ့ကို လိုက်ဖမ်းခဲ့လေရာ နာမည်ပျက်ခဲ့ရသည်။ ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်ကား ရိုကျိုးနေလေရာ သူ၏ဒဏ်ရာများ မသက်သာသေးသောကြောင့်သာ ဖြစ်လိမ့်မည်။

ရွှမ်တုတိုက်ပွဲတွင် ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဟုန်၊ ဟွေ့၊ လန်နှင့် ရှစ်တို့ ကောင်းကင်နတ်အရှင်ခြောက်ပါးက သေချာပေါက် ကောင်းကင်နယ်စားမင်းကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများ ဝင်ရောက်ပတ်သက်လာပါက အခြေအနေကို ပြောင်းလဲမှုရှိနိုင်သည့်အထိ သက်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟုန်က မေးသည်။ “ဒါနဲ့ ကောင်းကင်နတ်အရှင်မူကရော… ကောင်းကင်နတ်အရှင်မူက ကောင်းကင်နယ်စားမင်းနဲ့ ဆက်ဆံရေး အဆင်ပြေတယ်မလား… သူက ဒီအတိုင်း ထိုင်ကြည့်နေပါ့မလား”

ကောင်းကင်နတ်အရှင်ဟောင်က ဖြေ၏။ “ကောင်းကင်ယင်သားတော်က သူ့ကို တားဆီးပါလိမ့်မယ်… စိတ်မပူပါနဲ့ တာအိုမိတ်ဆွေဟုန်”

အားလုံးက ထရပ်ပြီး ထွက်ခွာသွားကြသည်။ ကောင်းကင်နတ်အရှင်ရှုသာ ကျန်ခဲ့လျက် ကောင်းကင်နတ်အရှင်ဟောင်ကို မေး၏။ “ကောင်းကင်နတ်အရှင်ဟောင်က ကျွန်မနဲ့အတူ ကောင်းကင်နတ်ဘုံမှာ နေခဲ့တဲ့အထိ တည်ငြိမ်အေးဆေးနေတာလား”

ကောင်းကင်နတ်အရှင်ဟောင်က သူမထံမှ ဖုံးကွယ်မထားပေ။ “မဟာဧကရာဇ်နဲ့ တိုက်ပွဲကြောင့် ကျုပ်ရဲ့ဒဏ်ရာတွေ အပြည့်အဝ ပြန်မသက်သာသေးဘူး … ဟန်ပြရုံပဲ တတ်နိုင်တာပါ… ကျုပ် ရွှမ်တုကို သွားလိုက်ရင် ဖုံးထားတာ စိုးရိမ်မိတယ်… ဒါ့အပြင် ကျုပ်မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ မရှိတော့ သူတို့နဲ့ ယှဉ်ပြိုင်မတိုက်နိုင်ဘူး… ကောင်းကင်နတ်အရှင်ရှုကတော့ သေချာကျင့်ကြံထားလို့ အထွတ်အထိပ်အခြေအနေကို ရောက်နေတာလေ… ဘာလို့နေခဲ့တာလဲ”

ကောင်းကင်နတ်အရှင်ရှုက ဖြေသည်။ “ကျွန်မက ကောင်းကင်တာအိုအကြောင်း ဘာမှမသိဘူး… သွားသွား၊ မသွားသွား အတူတူပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ရယ်လိုက်သော်လည်း တဟွတ်ဟွတ် ချောင်းဆိုးလာ၏။ “ကောင်းကင်နတ်အရှင်ကုန်းကတော့ အရင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပဲနော်… ကျုပ် လေးစားမိပါတယ်… ကျုပ်ရဲ့အစ်ကိုတော် လန်ရွှမ်အတွက် တိုက်ခိုက်ပေးမယ် ထင်ခဲ့တာ… ပြောရရင် ခင်ဗျားက သူ့အမေ မဟုတ်လား”

ကောင်းကင်နတ်အရှင်ကုန်း၏ သူငယ်အိမ်များက အနည်းငယ်ကျုံ့၀င်သွားသော်လည်း သူမက ပြုံးလျက် ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟောင်ကတော့ နောက်နေပြန်ပါပြီ”

ကောင်းကင်နတ်အရှင်ဟောင်က ဆက်မပြောပေ။ “တော်ဝင်မိသားစုက ရက်စက်ကြတယ်… ခင်ဗျား ကျုပ်ရဲ့အစ်ကိုတော်ကို သဘောမကျတာ အံ့ဩစရာမရှိပါဘူး… အရင်က ခင်ဗျားကို ဆယ်ပါးမြောက် ကောင်းကင်နတ်အရှင် ဖြစ်လာဖို့ ဖိတ်ခေါ်ခဲ့တဲ့သူက ကျုပ်မလား… ကျုပ်အပေါ်ကို ခင်ဗျားအကြွေးတင်နေသေးတယ်နော် ကောင်းကင်နတ်အရှင်ကုန်း”

ကောင်းကင်နတ်အရှင်ကုန်းမှာ တိတ်ဆိတ်သွားသည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်၏။ “ကျုပ်တို့ရဲ့ ရည်ရွယ်ချက်တွေက အချိန်အတော်ကြာ ရောယှက်ဆက်နွယ်ခဲ့ကြတယ်… ကျုပ်တို့ရဲ့ မဟာမိတ်က ချိုးဖျက်လို့မရဘူး..ကျုပ်တစ်ယောက်ပဲ ခင်ဗျားရဲ့ ဖန်ဆင်းရှင်မျိုးနွယ်ကို စဉ်းစားပေးတာ… ကုန်း၊ အခု ခင်ဗျား ဘာပဲလုပ်ချင်ပါစေ ကျုပ် ခင်ဗျားအနောက်မှာ ရှိပါတယ်”

ကောင်းကင်နတ်အရှင်ကုန်းက ကျေးဇူးတင်စကားပြော၍ ထွက်ခွာသွားသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ စိတ်အေးသွား၏။ သူက ပလ္လင်လက်ရန်းအား လက်ချောင်းထိပ်များဖြင့် ခေါက်နေ၏။ ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်က သူ၏အနောက်တွင် ပေါ်လာသည်။ သူမ၏အသံက ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေပြီး နူးညံ့ညင်သာစွာ ပြော၏။ “ကောင်းကင်နတ်အရှင်ကုန်းမှာ ဖန်ဆင်းရှင်တွေရဲ့ အားနည်းချက် ရှိတယ်… နင့်ထိန်းချုပ်တာကို တွန်းလှန်လို့မရဘူး… သူ့ကို သုံးပြီး ဧကရာဇ်နဲ့ ခိုင်ဧကရာဇ်နဲ့ လန်ဝူ စိတ်ဝမ်းကွဲစေလို့ရတယ်… လန်ရွှမ်ကိုလည်း ချေမှုန်းပစ်နိုင်တယ်…. မဟာဧကရာဇ်နဲ့ ထိုက်ချူကိုလည်း ဖယ်ရှားပစ်လို့ရတယ်… သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ နင့်ကို အရာအားလုံး ထိန်းချုပ်နိုင်အောင် လုပ်ပေးနိုင်တဲ့ မိန်းမပဲ… သူ့ကို သေချာအသုံးချရင် အထွတ်အထိပ်စွမ်းအားကို ရနိုင်လိမ့်မယ်… ဒါ့အပြင် ငါ့ထိုက်စုကျောက်တုံးတွင်းကလည်း သူ့လက်ထဲမှာ”

“အကြံပေးတာကျေးဇူးတင်ပါတယ်… မစိုးရိမ်ပါနဲ့... ခင်ဗျားအတွက် ထိုက်စုကျောက်တုံးတွင်းကို သေချာပေါက် ယူပေးမှာပါ”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံး၍ အရှင်မယွမ်မုနှင့်တူသည် အမျိုးသမီးကို အရူးအမူးစွဲလမ်းနေသော အကြည်တချို့ဖြင့် ကြည့်လိုက်သည်။ “ကျွန်တော် အခုထိ အကောင်းအတိုင်း ပြန်သက်သာမလာသေးဘူး… ရွှမ်တုတိုက်ပွဲက သိပ်ကိုအရေးကြီးတယ်… အခုအချိန်မှာ အရေးအကြီးဆုံးက ကောင်းကင်နယ်စားမင်းကို ဘယ်လိုသတ်မလဲဆိုတာနဲ့ အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေမလဲဆိုတာပဲ… ကျုပ် မသွားရင် အကျိုးအမြတ်တွေရမှာ မဟုတ်ဘူး… ရှေးဟောင်းနတ်ဘုရားဘုရင်ကိုပဲ ကူညီပေးလိုက်သလို ဖြစ်သွားမှာ… ရှေးဟောင်းနတ်ဘုရားဘုရင်က ခေါင်းမာပြီး စိတ်ဆန္ဒကို မထိန်းချုပ်နိုင်ဘူး… သူအာဏာရတာနဲ့ ကျုပ်တို့ကို သူ့လက်အောက်မှာ အညံ့ခံခိုင်းလိမ့်မယ်”

“ဆိုတော့ နင်က ရွှမ်တုတိုက်ပွဲဆီ သွားမှာပေါ့”

ထိုအမျိုးသမီးမှာ ထိုက်စုပင်။ ကောင်းကင်နတ်အရှင်ဟောင်သည် အရှင်မယွမ်မုကိုသာ တွေးနေသောကြောင့် အရှင်မယွမ်မုအသွင် ဖြစ်နေခြင်းပင်။ သူမက နူးညံ့စွာ ပြော၏။ “အခု နင်က ခွန်အားကို တိုးမြှင့်ပြီး အထွတ်အထိပ်အခြေအနေအထိ ပြန်သန်မာလာချင်နေတယ် … ဒါမဲ့ နင့်မူလဝိညာဉ်က မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ထဲမှာ ပိတ်မိနေတုန်းပဲ… အခုက နင် ကောင်းကင်နယ်စားမင်းရဲ့ မှော်စွမ်းအင်တစ်စိတ်ပိုင်းကို ယူပြီး မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကနေ ဖောက်ထွက်ဖို့ အချိန်ကောင်းပဲ”

“ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ” ကောင်းကင်နတ်အရှင်ဟောင်က ခပ်ဩဩ တောင်းဆိုလိုက်သည်။

နတ်ဘုရားမှထိုက်စုက မိခင်မေတ္တာတို့ဖြင့် ပြည့်နှကိနေသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူမက ပြုံးလျက်ပင် ပြော၏။ “တောင်းဆိုလေ… နင် စည်းမျဉ်းတွေကို သိပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ဒူးထောက်၍ စိတ်ဓာတ်ပြင်းပြနေသောအကြည့်ဖြင့် သူမအား မြေကြီးနှင့် နဖူးထိသည့်အထိ အရိုအသေပေးလိုက်သည်။ သူက သူမ၏ခြေဖျားကို နမ်းလိုက်သော်လည်း သူ၏မျက်လုံးများကတော့ အလွန်တရာ တည်ငြိမ်နေလေသည်။

နတ်ဘုရားမထိုက်စုက ပြုံးလျက် တုံ့ပြန်သည်။ “နင် တောင်းဆိုမှာတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့… စိတ်မပူပါနဲ့… ငါ နင်နဲ့အတူ လိုက်ခဲ့ပါမယ်… ငါ့ရဲ့ အထွတ်အထိပ်ရတနာကို ယူခဲ့ပြီး နင် အကျိုးအမြတ်အများဆုံး ရအောင် လုပ်ပေးမယ်… ဘာလို့လဲဆိုတော့ နင် အင်အားကြီးမားလာလေလေ၊ ငါ ပျော်ရလေလေပဲ”

All Chapters