← Chapters

မြစ်ယံထက်မှာ သာတဲ့ လ

Vol. 109 Ch. 1433

မြစ်ယံထက်မှာ သာတဲ့ လ

Vol. 109 Ch. 1433

ကောင်းကင်နတ်မြစ်ပေါ်တွင် ရွက်လွှင့်နေသော သင်္ဘောတစ်စင်းထက်၌ ‌ချင်မူ၊ သားသတ်သမား၊ တျန်းရှုနှင့် ကျန်သူများ ထိုင်နေကြ၏။ သင်္ဘောအခန်းထဲတွင် အရည်အသွေးမြင့်ဝိုင်များ ပြည့်နှက်နေပြီး ကောင်းကင်နတ်ဘုရင်တျန်းရှုမှာ စိတ်ဂနာမငြိမ်စွာဖြင့် သူ၏နားများနှင့် ပါးကို ကုတ်နေသည်။ မကြာခဏ ပုလင်းတစ်ပုလင်း ဖွင့်၍ စိတ်ရှိလက်ရှိ သောက်ရန် ပြင်လိုက်သော်လည်း သားသတ်သမားက ဓားဖြင့် သူ့လက်ကို ရိုက်ချတတ်သည်။

“ဆင်ခြင်ပြီး သောက်”

လော့ဝူရွှမ်က အေးစက်စွာ သတိပေးသည်။ “မင်းက ကြွက်တစ်ကောင်လို ကြောက်နေတာ… ဝိုင်ကလည်း ဒီသင်္ဘောတစ်စင်းစာပဲ ရှိတယ်… ကောင်းကင်နတ်အရှင်တွေနဲ့တွေ့ဖို့ သတ္တိချန်ထားရဦးမယ်လေ… လမ်းမှာတင် အကုန်သောက်ပစ်လိုက်ရင် ကောင်းကင်နတ်အရှင်နဲ့လည်း တွေ့ရော ကြောက်ချီးပါနေလိမ့်မယ်”

ကောင်းကင်နတ်ဘုရင်တျန်းရှုက နှာခေါင်းရှုံ့သည်။ “ငါကများ ကြောက်ချီးပါမှာတဲ့လား… ဟုတ်တယ် ငါ ကြောက်ချီးပါမှာပဲကွ… လော့ဝူရွှမ်၊ မင်းရော ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ ရင်ဆိုင်ရရင် မကြောက်ဘဲ နေမှာမလို့လား”

လော့ဝူရွှမ်က သူ၏နတ်ဓားမကို ကြည့်၍ မှင်သေသေ ပြောသည်။ “ကြောက်မှာမဟုတ်ဘူး… ငါ့နှလုံးသားထဲက နတ်ဘုရားကို ချိုးဖျက်ခဲ့ပြီးပြီ… ငါအရှေ့မှာ ဘယ်သူပဲရပ်နေပါစေ ငါ့ဓားမ သုံးလို့မရအောင် တားဆီးနိုင်မှာမဟုတ်ဘူး”

တျန်းရှုက အင့်ခနဲ အသံပြုလိုက်ရင်း ခနဲ့သည်။ “ဝိုင်သောက်ပြီးရင် ငါလည်း အဲ့လိုဖြစ်မှာ”

ကျဲ့ဟွလီက သင်္ဘောတစ်ဖက်ခြမ်းတွင် ထိုင်လျက် ချင်မူ့ဆီ ကြည့်နေသည်။ သူက ရုတ်တရက် ပြုံးလျက် မေးလေသည်။ “ဂိုဏ်းသခင်ချင်၊ သိုင်းအဆင့်ဘယ်လောက် ရောက်နေပြီလဲ… ကောင်းကင်နတ်ဘုံဆီ သွားခဲ့ပြီး မင်းဘာမှ မအောင်မြင်ခဲ့တာတော့ မဟုတ်ဘူး… မင်းရဲ့ သိုင်းအခြေခံက ပိုပြီး နက်နဲလာတယ်”

“အကျဉ်းထောာင်ကိုးထပ်အဆင့်မှာ”

ချင်မူက တွေးတောပြီးနောက် ဖြေသည်။ “ကျောက်စိမ်းမြို့တော်အဆင့်နဲ့ အတူတူနီးပါးလောက်ပဲ… ဒါပေမဲ့ ကျွန်တော့်မှာက သိုင်းအဆင့်တစ်ဆင့်ပိုတယ်”

အားလုံးမှာ သိချင်စိတ်ပြင်းပြကာ မေးမြန်းကြသဖြင့် ချင်မူက ရှင်းပြသည်။ “ကျွန်တော့်အတွက် အစကနေအဆုံးအထိ ကောင်းကင်ရတနာတစ်ခုပဲ ရှိတယ်… အဲဒါက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာပဲ… ကျွန်တော့်ရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲမှာ ကျင့်စဉ်စနစ် နှစ်ခု ရှိတယ်… တစ်ခုက ကောင်းကင်ဘုံ ၃၅ ဘုံပါတဲ့ တာအိုစနစ်… နောက်တစ်ခုက ဘိုးဘေးနန်းတော်ကျင့်စဉ်စနစ်ပဲ… တာအိုစနစ်နဲ့ ဘိုးဘေးနန်းတော်ကျင့်စဉ်စနစ်နဲ့ တစ်ခုနဲ့တစ်ခု ရောနေတာ.. ဘိုးဘေးနန်းတော် တိုးတက်လာရင် တာအိုစနစ်လည်း တိုးတက်လာတာမျိုးပေါ့”

“ဘိုးဘေးနန်းတော်စနစ်မှာ ကောင်းကင်နတ်ဘုံအဆင့်နဲ့ ကမ္ဘာဦးအစတာအိုငါးသွယ်အဆင့် တစ်ဖြစ်လဲ ကျောက်တုံးတွင်းငါးတွင်းအဆင့် ရှိတယ်.... ကောင်းကင်နတ်ဘုံအဆင့်ကတော့ ခင်ဗျားတို့ကျင့်ကြံတဲ့စနစ်ပေါ့ဗျာ.... ဒါပေမဲ့ ကျွန်တော့်ကောင်းကင်နတ်ဘုံက မတူဘူး... ကျွန်တော့်မှာ အကျဉ်းထောင်ကိုးထပ်ပါတော့ ခင်ဗျားတို့ထက် တစ်ဆင့်မြင့်နေတာပဲ”

“ဒါပေမဲ့ ကျွန်တော် ဘိုးဘေးနန်းတော်ထဲက ကျောက်စိမ်းမြို့တော်အဆင့်ကို ဘယ်လိုပြန်ခွဲထားလဲဆိုတာ အဖြေရှာရဦးမယ်… ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်ကို အခုထိ မတွေ့ဖူးသေးဘူး… ကျောက်စိမ်းမြို့တော်က နတ်ကောင်းကင်ခန်းမနဲ့ ဧကရာဇ်ပလ္လင်အဆင့်ကို ထည့်တွက်လားဆိုတာလည်း မသိဘူး

“ကျောက်တုံးတွင်းငါးတွင်းအဆင့်ကလည်း အဖြေရှာနေတုန်းပဲ… ကျောက်တုံးတွင်းလေးတွင်းတော့ ကျင့်ကြံပြီးကောင်းကင်နတ်သိုင်းတချို့ကို သိမြင်နားလည်ပြီးပြီ… တာအိုကျင့်စဉ်စနစ်ရဲ့ ကောင်းကင်ဘုံတချို့ကိုလညိး သိမြင်နားလည်ပြီးသွားပြီ… ဒါပေမဲ့ ကျွန်တော် မတူညီတဲ့အဆင့်ငါးဆင့်အဖြစ် ခွဲထုတ်နိုင်ပါမလား သေချာမသိဘူး”

ချင်မူက တခဏတွေးတောနေပြီးနောက် ပြောသည်။ “အင်း အခြေအနေကတော့ အဲဒီလိုပဲ”

ကျန်လေးယောက်မှာ ကြောင်အနေကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။ ကျဲ့ဟွလီက ထစ်အစွာ မေးလေသည်။ “မင်း… မင်း.. အဲဒါတွေကို ဘိုးဘေးနန်းတော်မှာ သိမြင်နားလည်ခဲ့တာလား”

ချင်မူက ပြုံးသည်။ “ခင်ဗျားတို့ ဘိုးဘေးနန်းတော်ဆီ သွားရင် ဘိုးဘေးနန်းတော်ရဲ့ ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်နဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့်တို့ကို တွေ့ရလိမ့်မယ်… ကျွန်တော်တို့ငါးယောက် အတူတူပူးပေါင်းရင် တာအိုကျင့်စဉ်စနစ်ရဲ့ ကောင်းကင်ဘုံ ၃၀ အထိ ရောက်နိုင်ပေမယ့် လူစုခွဲလိုက်ရင်တော့ အားလုံးရဲ့ တာအိုအဆင့်က သိပ်မမြင့်ဘူး.. အမြင့်ဆုံးကတော့ ကောင်းကင်ဘုံ ၂၆ ဘုံရှိတဲ့ ကျွန်တော်ပဲ… ခင်ဗျားတို့ အဲဒီနေရာတွေအားလုံးကို ဖြတ်သန်းနိုင်ရန် တာအိုအဆင့်အများစုမှာ ကျွန်တော့်ကို မှီလာလိမ့်မယ်”

သူက တခဏ ရပ်၍ ထပ်ပြောသည်။ “နည်းနည်းတော့ ကွာနိုင်ပေမယ့် သိပ်အများကြီးတော့ မဟုတ်ပါဘူး”

ကျဲ့ဟွလီမှာ စိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ ကြိမ်းဝါးသည်။ “ငါ ဒီတစ်ကြိမ် ရွှမ်တုကနေ အသက်ရှင်လျက်ပြန်လာနိုင်ရင် သေချာပေါက်သွားရမယ်”

“ဖတ်… ဖတ်… ဖတ် ကံကောင်းပါစေ”

တျန်းရှုက တံတွေးအနည်းငယ် ထွေး၍ ပြောသည်။ “ကလေးတွေက အကြောက်အလန့်မရှိ လျှောက်ပြောနေကြတာပဲ.. အဲဒီလို နိမိတ်မရှိတဲ့စကားတွေ မပြောစမ်းနဲ့”

ချင်မူက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။ “ဒီတစ်ကြိမ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကာကွယ်ဖို့အတွက် ကောင်းကင်တာအိုအနေနဲ့ ရွှမ်တုဆီ ရောက်လာဖို့ပဲလိုတယ်… ကောင်းကင်တာအိုက ကျွန်တော်တို့ရဲ့ တာအိုနှလုံးသားကို အာရုံခံနိုင်တာမလို့ ကောင်းကင်တာအိုရဲ့ ထောက်ပံ့ပေးမှုနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေက တစ်ဆင့်တက်သွားလိမ့်မယ်… ကျွန်တော်တို့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့တာ မဟုတ်ဘူး… ခိုင်ဧကရာဇ်၊ လန်ဝူ၊ ‌ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ အဲဒီအဆင့်မြင့်သိုင်းပညာရှင်တွေကိုပါ ပေါင်းထည့်လိုက်ရင် အန္တရာယ်ကို…”

‘ပြောင်းလဲ’ ဟူသော စကားလုံး မပြောနိုင်ခင်မှာင် ချင်မူမှာ ငေးကြောင်စွာဖြင့် အရှေ့သို့ လှမ်းကြည့်လိုက်မိသည်။

အားလုံးလည်း အလျင်အမြန် ကြည့်လိုက်ကြသည့်အခါ ခါးတွင် ဓားတစ်လက် လွယ်ထားသော သက်လတ်ပိုင်းလူတစ်ဦးသည် ကောင်းကင်နတ်မြစ်အတိုင်း သူတို့ဆီသို့ လျှောက်လာကြောင်း တွေ့လိုက်ရ၏။ ၎င်းက ခိုင်ဧကရာဇ်ချင်ယဲ့ပင်။

ခိုင်ဧကရာဇ်သည် သင်္ဘောထိပ်သို့ ရောက်လာကာ ရပ်လိုက်သည်။ သားသတ်သမားနှင့် ကျန်လူများက ချက်ချင်း အရိုအသေပေးလိုက်ကြသော်လည်း တျန်းရှုကတော့ သင်္ဘောခန်းထဲတွင် ပုန်းနေပြီး ဦးခေါင်းပင် ထွက်မလာရဲချေ။

ချင်မူက သင်္ဘောကို ရုတ်ခြည်း ရပ်တန့်၍ ခန္ဓာကိုယ်ကို ကိုင်းကာ မေးလိုက်သည်။ “ရွှမ်တုကို မသွားဘဲ ဒီမှာဘာလုပ်နေတာလဲ”

ခိုင်ဧကရာဇ်၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေပြီး အေးအေးလူလူ ဖြေသည်။ “မင်း ငါ့ကို ဘိုးဘေးနန်းတော်ရဲ့ တာအိုကျင့်စဉ်စနစ်ကို သိမြင်နားလည်ပြီး အန္တိမဟင်းလင်းပြင်ကို ချိုးဖောက်နိုင်အောင် ကူညီပေးမယ်ဆိုလို့ လာခဲ့တာလေ”

ချင်မူက ဒေါသတကြီး မေးတော့သည်။ “ဒီအချိန်မှာ ရွှမ်တုကို သွားဖို့ပြင်ဆင်နေရမှာလေဗျာ… ဘိုးဘေးနန်းတော်ဆီ လာရမှာမဟုတ်ဘူး.. အရင်တုန်းက ဘာတွေလုပ်နေခဲ့လို့လဲ”

တျန်းရှု၏ မျက်နှာအမူအရာသည် ၎င်းကို ကြားလျှင် ဖြူလျော့သွားသည်။ ဤလောကတွင် ခိုင်ဧကရာဇ်အား ထိုသို့ပြောရဲသူ တစ်ယောက်တည်းသာ ရှိ၏။ ခိုင်ဧကရာဇ် ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် ကောင်းကင်နတ်အရှင်တချို့ကို ရိုက်နှက်ခဲ့သည့်အချိန်မှစ၍ ကောင်းကင်နတ်အရှင်ဆယ်ပါးပင်လျှင် သူ့ကို တရိုတသေ ဆက်ဆံကြသည်။

ခိုင်ဧကရာဇ်က စိတ်ထဲမထားဘဲ ဖြေလေသည်။ “အရင်တုန်းက ကောင်းကင်နတ်အရှင်ဆယ်ပါး ဒီမှာရှိနေခဲ့တော့ ငါ လာဖို့ အခွင့်အရေး မရခဲ့ဘူးလေ.. အခု သူတို့က ရွှမ်တုဆီ အပြေးသွားနေကြတာ... ဘိုးဘေးနန်းတော်ကို ကြည့်ဖို့ အခွင့်အရေးပဲ”

ချင်မူ ပါးစပ်ဟလိုက်စဉ် ခိုင်ဧကရာဇ်က ဆက်ပြော၏။ “ကောင်းကင်နတ်မြစ်ကနေ ရွှမ်တုဆီ သွားဖို့ အချိန်ယူရလိမ့်မယ်…ငါ ဘိုးဘေးနန်းတော်ကို သိမြင်နားလည်ပြီးမှ သွားလည်း အချိန်မှီပါသေးတယ်.. မင်းတို့ အခု နားလို့ရတယ်”

ချင်မူက အံတင်းတင်းကြိတ်၍ ခိုင်ဧကရာဇ် ဘိုးဘေးနန်းတော်ဆီ ထွက်ခွာသွားသည်ကို ကြည့်နေသည်။

“ချင်ယဲ့ ကျွန်တော့်အလောင်းကို ကောက်ဖို့မမေ့နဲ့” သူက ခိုင်ဧကရာဇ်အား လှမ်းအော်၏။

“အေးပါကွာ” ခိုင်ဧကရာဇ်က မှင်သေသေ ပြန်ဖြေသည်။

ချင်မူက ဖိနပ်များကို ချွတ်ကာ လှမ်းပေါက်၏။ ခိုင်ဧကရာဇ် လှည့်ကြည့်လိုက်သည့်အခါ ဖိနပ်များသည် သူ့အား လွဲချော်၍ ချင်မူ့ခြေထောက်များဆီသို့ ပြန်လည်ပျံသန်းသွားကြတော့သည်။

ချင်မူက ဖိနပ်ပြန်ဝတ်၍ သူ၏အသိစိတ်အလျဉ်အား ခိုင်ဧကရာဇ်ထံ ပို့လွှတ်လိုက်သည်။ ကိစ္စများအား အကျိုးအကြောင်း ပြောပြပြီးနောက် ခိုင်ဧကရာဇ်က တုံ့ခနဲ ရပ်သွားသည်။ သူက ခေါင်းငဲ့လျက် ပြော၏။ “နည်းနည်းတော့ ခက်တယ်”

ချင်မူက တည်ကြည်လေးနက်စွာ မေးသည်။ “ခင်ဗျားလုပ်နိုင်လား”

“ငါ ကြိုးစားကြည့်လို့ရတယ်” ခိုင်ဧကရာဇ်က ထွက်ခွာသွားတော့၏။

ချင်မူက နှာခေါင်းရှုံ့လိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “သွားကြစို့”

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြ၏။ တျန်းရှုက သင်္ဘောခန်းထဲမှ ခေါင်းပြူကာ မေးလေသည်။ “အခြေအနေ”

ချင်မူက အံကြိတ်လိုက်သည်။ “ခင်ဗျားရဲ့ ခေါင်းနဲ့ ခုခံမှာဗျ”

တျန်းရှုက ချက်ချင်း ခေါင်းပြန်ဝင်သွား၏။

သင်္ဘောပေါ်ရှိ ပျော်ပါးနေခဲ့သော လေထုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ လူတိုင်းက အသက်လုရှူနေရ၏။ သားသတ်သမားသည် ကောင်းကင်နတ်မြစ်ရေတစ်ငုံ သောက်၍ သူ၏ဓားကို သင်္ဘောဘေးနံရံဖြင့် ပွတ်တိုက်ကာ သွေးလိုက်၏။ သူက ပြုံးသည်။ “ခိုင်ဧကရာဇ်က ဓားလမ်းစဉ်ကို ကောင်းကင်ဘုံ ၃၅ ဘုံအထိ မြှင့်တင်ပေးခဲ့ပေမယ့် ငါတို့ဓားမ သုံးတဲ့သူတွေကတော့ ကောင်းကင်ဘုံ ၃၀ အထိပဲ မြှင့်တင်နိုင်တယ်.. ဓားမလမ်းစဉ်က ဓားလမ်းစဉ်အောက် နိမ့်ကျနေတာများလား… အားလုံးပဲ ကိုယ့်ကိုယ်ကိုပဲ မူတည်တာပါ”

သို့ထိတိုင် သူတို့မှာ စိတ်မအေးနိုင်ကြပေ။ ထိုအခိုက်အတန့်တွင် ဗျပ်စောင်းသံ ခပ်ရေးရေးက အရှေ့မှ ထွက်ပေါ်လာ၏။ ၎င်းက လှပစွာ ရွေ့လျားနေရင်း ကောင်းကင်နတ်မြစ်အား တေးသံနှင့်အတူ ကခုန်နေစေသည်။

ချင်မူက ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ရှေ့သို့လှမ်းကြည့်လိုက်၏။ ကျယ်ပြောလှသော ကောင်းကင်နတ်မြစ်သည် အသတ်အဖြတ်စိတ်ဆန္ဒများ ပါဝင်နေသည့် တေးဂီတသံများကဲ့သို့ ကခုန်နေသည်ကို တွေ့လိုက်ရသည်။ တေးသံနှင့်အတူ ကခုန်နေကြသည့် လှိုင်းများတွင် ကောင်းကင်နတ်မြစ်ရေနှင့် လိုက်လျောညီထွေဖြစ်နေသည့် ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်ခု ပါရှိနေ၏။ ၎င်းတို့က သင်္ဘောတစ်စင်းနှင့် တွေ့ဆုံရာတွင် ပြေးထွက်လာကြပြီး ကောင်းကင်နတ်မြစ်အား အသတ်အဖြတ်စိတ်ဆန္ဒများကို ဖုံးကွယ်ထားစေသည်။

“ဒါ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ဗျပ်စောင်းသံပဲ”

ချင်မူ အဝေးသို့လှမ်းကြည့်လိုက်ရာ နတ်ဘုရားမိစ္ဆာစစ်တပ်သည် နတ်မင်းလေးပါးကောင်းကင်လက်နက်များကို ထုတ်၍ ကောင်းကင်နတ်မြစ်အပေါ် ဖိနှိပ်ထားကြပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံစွမ်းအား ထွက်ပေါ်မလာစေရန် ဆောင်ရွက်နေကြကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကြားမှ ကောင်းကင်နတ်အရှင်တစ်ပါးက ကောင်းကင်နတ်အရှင်ယွဲ့ဆီသို့ ရုတ်တရက် ပျံတက်သွားကြောင်း တွေ့လိုက်ရသည်။ ထိုကောင်းကင်နတ်အရှင်သည် အရပ်ရှည်သန်မာပြီး သူ၏ကြွက်သားများက တောင်တန်းကြီးများအလားပင်။ သူ၏ ကောက်နေသော မုတ်ဆိတ်မွေးများက ဒေါသကြောင့် ပြန့်ကားထွက်နေပြီး အလွန်အမင်း အင်အားကြီးပုံပေါ်နေ၏။ သူသည်ကား ကောင်းကင်နတ်အရှင်ရှစ်ချီလော်မှတစ်ပါး အခြားသူမဟုတ်ပေ။

ကောင်းကင်နတ်အရှင်နှစ်ပါးက ကြယ်တာရာကောင်းကင်တွင် လှုပ်ရှားတိုက်ခိုက်၍ ကောင်းကင်နတ်မြစ်အား အပေါ်မှအောက်သို့ လှည့်ပတ်ကာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများ၏ ခြေလှမ်းများကို နှေးကွေးနေစေသည်။

‘ဒီလိုလား… ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်ဘုံကို နှေးအောင်လုပ်ပြီး ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့စင်မြင့်၊ နဂါးသွဲ့ရေကန်နဲ့ ဘိုးဘေးနန်းတော်ရဲ့ တခြားနေရာတွေမှာ နားလည်သိမြင်နိုင်အောင် အချိန်ဆွဲနေတာပဲ' ချင်မူမှာ နားလည်သဘောပေါက်သွားချေပြီ။

ကောင်းကင်နတ်အရှင်ယွဲ့သည် ကောင်းကင်နတ်ဘုံ၏ ချီတက်နေမှုကို နှိပ်ကွေးစေနိုင်သည်။ သူမ၏ကောင်းကင်နတ်သိုင်းများက လျှပ်တပျက် ပေါ်နိုင်ပျောက်နိုင်ကြသဖြင့် သူမကို ထိန်းချုပ်နိုင်ရန် အလွန်အမင်းခက်ခဲသည်။

ချင်မူမှာ စိတ်အေးသွားသည်။ သင်္ဘောကား ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်အား အချိန်တိုအတွင်း လိုက်မှီသွားတော့၏။

All Chapters