← Chapters

ငါ ဂါဝရပြုတာ လက်ခံလိုက်

Vol. 109 Ch. 1437

ငါ ဂါဝရပြုတာ လက်ခံလိုက်

Vol. 109 Ch. 1437

ကောင်းကင်ယင်သားတော်၏ မျက်နှာအမူအရာ ပြောင်းပင် မပြောင်းလဲသေးးပေ။ သူတို့ငါးယောက်၏ ပူးပေါင်းအတိုက်အခိုက်စွမ်းရည်တို့က ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု ထင်မထားခဲ့ဟန်တူသည်။ အမှန်တကယ်လည်း ဤသို့ထင်မထားခဲ့ပေ။

ချင်မူသည် သူ့အား ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးဦးနှင့် ကောင်းကင်နတ်မင်းလေးပါးအရှေ့တွင် ကြောက်ဒူးတုန်သည်အထိ ရိုက်နှက်ခဲ့သည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင် အရိုက်ခံခဲ့ရသူက ချင်မူဖြစ်သည်။ ပိုင်ယွီချင်းအား တိုက်ခိုက်ရန် ဖိအားမပေးခဲ့လျှင် ချင်မူအနေဖြင့် ကောင်းကင်ယင်သားတော်၏ သတ်ဖြတ်ခြင်း ခံရကောင်းခံရနိုင်ခဲ့၏။

သို့သော် ၎င်းက အတိတ်တွင်ဖြစ်ပြီး ယခုက ပစ္စုပ္ပန်ပင်။

ချင်မူ၏ အတိုက်အခိုက်စွမ်းရည်တို့သည် ထိုအချိန်တုန်းကနှင့် ယှဥ်လျှင် တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့်အထိ တိုးတက်လာခဲ့ချေပြီ။ တာအိုအဆင့်ကောင်းကင်ဘုံ ၂၆ ဘုံအထိ ကျင့်ကြံခဲ့ပြီး သူ၏သိုင်းအဆင့်မှာလည်း အကျဉ်းထောင်ကိုးထပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ ဘိုးဘေးနန်းတော်၏ ထိုက်ကျိကြယ်တာရာလွင်ပြင်တိုက်ပွဲတွင် ကောင်းကင်နတ်ဧကရီကို မရှုံးနိမ့်ဘဲ ထိပ်တိုက်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့၏။ ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့လည်း မသေဘဲ ဝင်ရောက်နိုင်ခဲ့ချေသည်။

သူ သားသတ်သမားအပါအ၀င် အခြားသူများနှင့် ပူးပေါင်းလိုက်သည့်အခါ တာအိုအဆင့်ကို ကောင်းကင်ဘုံ ၃၀ အထိ မြှင့်တင်နိုင်ခဲ့ပြီး မဟာတာအိုကို ဟင်းလင်းပြင်အလွှာ ၃၀ တွင် ခတ်နှိပ်နိုင်ခဲ့၏။

ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော ချင်မူမှာ ယုံကြည်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူတို့ငါးယောက်သည် ကောင်းကင်နတ်အရှင်များထံမှ တိုက်ကွက်တစ်ကွက်၊ နှစ်ကွက်ကိုပင် မသေဆုံးဘဲ တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ ထို့ကြောင့် ရွှမ်တုသို့ သွားနေခြင်းဖြစ်သည်။

ကောင်းကင်ယင်သားတော်တွင် ကောင်းကင်နန်းဆောင်လေးခုသာ ရှိလေရာ မင်တုကောင်းကင်မုခ်၀ကို အားကိုးလျက် ကောင်းကင်နန်းဆောင်ရှစ်ခု ရရှိအောင် လုပ်ဆောင်ခဲ့ရ၏။ ထိုသို့ပုဂ္ဂိုလ်ငါးယောက်နှင့် ရင်ဆိုင်ရသည့်အခါ တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံရခြင်းက မထူးဆန်းတော့ပေ။

သို့သော် ကောင်းကင်ယင်သားတော်၏ အင်အားအကြီးဆုံးအချက်သည် သူ၏မှော်စွမ်းအင်မဟုတ်သလို သိုင်းအဆင့်လည်း မဟုတ်‌ပေ။ ဘဝပြန်ဝင်စားခြင်းမဟာတာအိုနှင့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်း ဖြစ်သည်။

ဓားမတစ်ချက်တည်းဖြင့် သူနှင့် ကောင်းကင်နန်းဆောင်ရှစ်ခုဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံငယ်မှာ ပိုင်းဖြတ်ခံခဲ့ရသည့်တိုင် သူ့အနောက်ရှိ မင်တုကောင်းကင်မုခ်၀မှာ ထူးဆန်းသောစွမ်းအားဖြင့် တည်မြဲနေပြီး အက်ကွဲသည့်နေရာကို ဆွဲစိလိုက်သည်။

သူ၏အလောင်း မင်တုကောင်းကင်မုခ်၀ကို ဖြတ်သန်းသွားသည့်အခါ ထူးဆန်းသောမြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ မင်တုကောင်းကင်မုခ်၀အောက်တွင် အမှောင်ပင်လယ် ရုတ်တရက် ဖွဲ့တည်လာသည်။ ရေမျက်နှာပြင်မှာ အနက်ရောင်သဲမှုန်တို့ဖြင့် ဖွဲ့တည်ထားသောကြောင့် အလွန်တရာ မည်းနက်နေ၏။

အမှောင်ပင်လယ်သည် တဝုန်းဝုန်း အုံကြွလျက် ကောင်းကင်မုခ်၀သို့ ထိရိုက်နေသည်။ ကောင်းကင်ယင်သားတော်၏ ခန္ဓာကိုယ်က ‌ကောင်းကင်မုခ်၀ကို ဖြတ်သန်းသွားသည်နှင့် ပျောက်ကွယ်သွား၏။ ထို့နောက် နဂါးဦးခေါင်း၊ လိပ်လည်ပင်းဖြင့် နတ်ဘုရားတစ်ပိုင်းက မုခ်၀အနောက်မှ ထွက်ပေါ်လာပြီး ပင်လယ်မျက်နှာပြင်တွင် ရပ်နေသည်။

သစ်ခုတ်သမားနှင့် ကျန်သူများ တိရီယွဲ့ကို ကယ်တင်ပြီး တိရီယွဲ့၊ တျန်းရှု၊ ယမမင်းနှင့် ကျန်သူများ ကောင်းကင်ယင်သားတော်ကို တိုက်ခိုက်ခဲ့စဉ်အခါက အနိုင်မယူနိုင်ခဲ့ပေ။

ထိုအချိန်တုန်းက သူ့ကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ပျက်စီးစေခဲ့သည်။ သို့သော် ကောင်းကင်ယင်သားတော်သည် မင်တုကောင်းကင်မုခ်၀ကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့တည်နိုင်၏။ မင်တုကောင်းကင်မုခ်၀ကို ဖြတ်သန်းသွားခြင်းက ဘဝပြန်ဝင်စားခြင်းနှင့် အလားတူပင်။ စိတ်ဆန္ဒအလိုအတိုင်း ယောက်ျားမိန်းမ ပြောင်းလဲနိုင်သည်သာမက မျိုးနွယ်ကိုပါ ပြောင်းလဲနိုင်၏။

ဤသည်က ဘဝပြန်ဝင်စားခြင်းလမ်းစဉ်၏ သက်ရောက်မှုပင်။

ကောင်းကင်ယင်သားတော်သည် အံ့သြဒေါသထွက်နေ၏။ သူက ခေါင်းမော့ကြည့်လိုက်ရာ နောက်ထပ် ဓားမရောင်တစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာချေသည်။

ဓားမရောင်က ယခုလေးတင် ပြန်လည်စုစည်းထားသော ကောင်းကင်မုခ်၀ကို နှစ်ခြမ်းခွဲ၍ သူ၏ခန္ဓာကိုယ်အသစ်အပေါ် ကျရောက်လာသည်။

“ကောင်းကင်နတ်အရှင်မူ… ‌မအေ-ိုး‌ေကာင်”

သူ့မှာ စကားတစ်ခွန်းပင် မပြောလိုက်နိုင်ဘဲ ဓားမကြောင့် နှစ်ခြမ်းကွဲသွားပြန်၏။ မင်တုကောင်းကင်မုခ်၀၏ ဘဝပြန်ဝင်စားခြင်းအစွမ်းကို ငှားယူခဲ့ပြီး စိတ်ပြန်လည်မစုစည်းနိုင်ခင်မှာပင် ချင်မူ၊ သားသတ်သမားနှင့် ကျန်လူများ၏ သတ်ဖြတ်သည်ကို ခံလိုက်ရပြန်သည်။

မင်တုကောင်းကင်မုခ်၀မှာ လိပ်နက်အလောင်းနှင့်အတူ အမှောင်ပင်လယ်ထဲ နစ်ဝင်သွားတော့၏။

အမှောင်ပင်လယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မြောက်ကောင်းကင်၏ စစ်တပ်စခန်းအနောက်တွင် ပေါ်လာသည်။ မင်တုကောင်းကင်မုခ်၀က ထပ်မံပေါ်ထွက်လာပြီး ကောင်းကင်ယင်သားတော်သည် ‌မုခ်၀အနောက်တွင် ပြန်လည်အသက်ဝင်လာ၏။

“သမိုင်းကို ထင်ဟပ်သော နှလုံးသားစာတမ်း”

လှေပေါ်တွင် ချင်မူနှင့်အခြားသူများက အော်ဟစ်လိုက်ကြပြီး ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၀ ကို အတူတကွ အသက်သွင်းလိုက်ကြသည်။ ဓားမ ခုတ်ပိုင်းလိုက်သည့်အချိန်တွင် ထွက်ပေါ်လာသည်က ဓားမရောင်မဟုတ်ဘဲ လှပသည့် မရေမတွက်နိုင်သော စာတမ်းများဖြစ်ကြသည်။

၎င်းတို့တစ်ခုချင်းစီတွင် အားလုံး၏နှလုံးသားများကို လှုပ်ရှားသွားစေသော စကားလုံးများ၊ စုတ်ချက်များဖြင့် ပြည့်နှက်နေပြီး ဓားမလမ်းစဉ်မှ ထွက်ပေါ်လာသော တာအိုသံသည် မွေးရာပါ မဟာတာအိုလောက် မြင့်မြတ်တည်ကြည် လေးနက်နေခြင်း မရှိသော်ကြား လူသားတို့၏သမိုင်းကြောင်း ပြန်လည်ပေါ်ထွက်လာသည့်အလား ထင်ရသည်။ သမိုင်းစာတမ်းများမှ အံ့သြလေးစားဖွယ် ပုဂ္ဂိုလ်များက ခမ်းနားကြည်ညိုဖွယ်ကောင်းစွာ ထရပ်လာကြသည်။

သူတို့က အဆုံးအစမဲ့သော အလင်းရောင်တို့ဖြင့် တောက်ပနေကြ၏။ တချို့က စုတ်တံများကို ဓားမများအဖြစ် သုံး၍ မဟာတာအို၏ မမျှတမှု၊ ဧကရာဇ်၏ အသုံးမကျမှုနှင့် နတ်ဘုရားတို့၏အမှားများကို ကြိမ်းမောင်းနေကြသည်။

တချို့က လုပ်အားဖြင့် အကျိုးသယ်ပိုးနေကြသည်။ လမ်းတွင် တောင်များ ခံနေပါက ထိုတောင်များကိုရွှေ့ကြ၏။ ရေကြီးလာပါက တူးမြောင်းတူးကြသည်။ မြစ်များဖြင့် လမ်းပိတ်နေပါက တံတားများတည်ဆောက်၍ ဖြတ်သန်းကြ၏။ နတ်ဘုရားများ ကပ်ဘေးခေါ်ဆောင်လာပါက နတ်ဘုရားများကို အပြစ်ပေးကြသည်။

သမိုင်းကြောင်းသည် နှလုံးသားတွင် ရောင်ပြန်ဟပ်နေပြီး ရှေ့ဆက်သယ်ပိုးရမည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်၏။

အမှောင်ပင်လယ်၊ မင်တုကောင်းကင်မုခ်တွင် ကောင်းကင်ယင်သားတော်သည် လူပြန်ဝင်စားလာသော်လည်း စာတမ်းများ သမိုင်းသဖွယ် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ဓားမရောင်က နတ်ဘုရားနှင့် နှလုံးသားကို ထိုးစိုက်သွားပြီး အမှောင်ပင်လယ်အစိတ်အပိုင်းတစ်ခုကို အငွေ့ပျံသွားစေကာ မင်တုကောင်းကင်မုခ်၀ကို အက်ကွဲသွားစေသည်။

ကောင်းကင်ယင်သားတော်မှာ စူးစူးဝါးဝါး အော်ဟစ်၍ ကျန်ရှိသော အမှောင်ပင်လယ်နှင့်အတူ ပျောက်ကွယ်သွားတော့၏။

ထိုအခိုက်အတန့်တွင် လှေငယ်သည် မြောက်ကောင်းကင်၏ မင်တုစစ်တပ်စခန်းဘေးမှ ဖြတ်သန်းသွားကာ စခန်းနောက်တွင် ပေါ်လာ၏။ လှေထိပ်တွင် သူတို့ငါးယောက်က ဓားမရိုးများကို ကိုင်လျက် ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ အမှောင်ပင်လယ်ပျက်ကွယ်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

“ပြန်လှည့်လိုက်… အနောက်မှာ”

ချင်မူက ခြေဖဝါးမြောက်၍ ပြင်းစွာ ဆောင့်ချလိုက်သည်။ လှေတစ်စင်းလုံးမှာ ကောင်းကင်နတ်မြစ်မျက်နှာပြင်ပေါ်တွင် ဘေးတိုက်ရွေ့လျားသွားပြီး မင်တုစစ်စခန်းအား ဖြတ်သန်းသွားလေသည်။ ထိုအခိုက်အတန့်တွင် စစ်စခန်းရှိ နတ်ဘုရားမိစ္ဆာများက လှည့်ကြည့်လိုက်ကြပြီး အမှောင်ပင်လယ်သည် စစ်စခန်း၏ ၀င်္ကပါအနောက်တွင် ဖွဲ့တည်လာ၏။

ပျက်စီးနေသော ယိုတုကောင်းကင်မုခ်၀က ထပ်မံပေါ်ထွက်လာပြန်သည်။ ကောင်းကင်ယင်သားတော်ကား ဤတစ်ကြိမ်တွင် အနီရောင်ဝတ်ရုံဝတ်ထားသော အမျိုးသမီးတစ်ဦးအဖြစ် ပြန်လည်ဝင်စားလေသည်။ သူမ၏ဆံပင်များက ရှုပ်ပွနေပြီး သူမ၏ပုံရိပ်သည် မင်တုကောင်းကင်မုခ်၀အရှေ့တွင် မြောလွင့်နေ၏။ “ချင်မူ၊ တျန်းရှု၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ်၊ သားသတ်သမား… ငါ ဂါဝရပြုတာ လက်ခံလိုက်” သူမက ခက်ထန်စွာ အော်ဟစ်လိုက်သည်။

အမျိုးသမီး ကောင်းကင်ယင်သားတော်က အရိုအသေပေးလိုက်၏။ သားသတ်သမားနှင့် ကျန်သူများက သူတို့၏ ကောင်းကင်နတ်သိုင်းများကို အသက်သွင်းရန် ပြင်လိုက်သော်လည်း ချင်မူမှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူက ၀တ်ရုံကို ဖြန့်၍ သူတို့နှစ်ယောက်ကို ကာကွယ်ပေးပြီးနောက် လက်ယှက်ကာ ခါးကိုင်းလိုက်၏။ သူလည်း အရိုအသေပေးလိုက်သည်။။

“ယင်ချောင်ကျင့်, ကျုပ် ဂါဝရပြုတာလည်း လက်ခံလိုက်”

ဝုန်း…..

ကောင်းကင်မြေပြင်မုခ်ဝတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဆက်နွယ်လျက် သူ့အနောက်တွင် ဖွဲ့တည်လာကာ ရွှမ်တုမှ ယိုတုအထိ ထိစပ်နေ၏။ ဤသည်က လမ်းစဉ်သို့ ဝင်ရောက်ပြီးသော သူ၏ကောင်းကင်နတ်သိုင်းမှ ဒုတိယကောင်းကင်ဘုံဖြစ်သည်။

ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည်နှင့် သူ၏ကောင်းကင်နတ်သိုင်းမှ ကောင်းကင်နတ်ဘုံ ၂၆ ဘုံနှင့် မူလချီဖရိုဖရဲတာအိုလည်း တစ်ပြိုင်တည်း အရိုအသေပေးလိုက်ကြသည်။

သူတို့နှစ်ယောက်ကား မြောက်ကောင်းကင်စစ်တပ်မှ ထောင်သောင်းချီသော နတ်ဘုရားမိစ္ဆာများကို ဖြတ်သန်း၍ တစ်ယောက်ကိုတစ်ယောက် အရိုအသေပေးနေကြလေသည်။

ကောင်းကင်ယင်သားတော် အရိုအသေပေးလိုက်သည့်အချိန်တွင် စစ်သင်္ဘောများပေါ်ရှိ နတ်ဘုရားမိစ္ဆာများ၏ မူလဝိညာဉ်များနှင့် သူမအရှေ့ရှိ ၀င်္ကပါများ တစ်စစီကွဲသွားကြောင်း တွေ့လိုက်ကြရသည်။ သူတို့၏ဝိညာဉ်များက ပုံပျက်၍ အနက်ရောင်သဲမှုန်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

အနက်ရောင်သဲမှုန်များက သူတို့၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးထွက်နေကြပြီး ဝိညာဉ်များမှပင် စိမ့်ထွက်နေကြသည်။ သူတို့ ဖိချေခံရပြီးနောက် ခန္ဓာကိုယ်မှ မီးခိုးများ ထွက်လာကြ၏။ ၎င်းမှာ နှိုင်းယှဉ်မရနိုင်အောင် ကြောက်စရာကောင်းလှသည်။

ချင်မူက ရှေ့သို့ လက်ယှက်၍ အရိုအသေပေးလိုက်သည်။ သူ့အရှေ့ရှိ မင်တုနတ်ဘုရားမိစ္ဆာများမှာလည်း သူ၏ဦးညွတ်မှုကို ခံနိုင်ရည်မရှိကြပေ။ သူတို့၏မူလဝိညာဉ်များ ပျက်စီးသွားကြပြီး ဝိညာဉ်များ ပေါက်ကွဲသွားကြသည်။

ကောင်းကင်ယင်သားတော်သည် ယိုတုကောင်းကင်နတ်သိုင်းကို အသုံးပြုနေသလို ချင်မူ့ဦးညွှတ်ခြင်းမှာလည်း ယိုတုကောင်းကင်နတ်သိုင်းဖြစ်၏။ သူတို့၏အောင်မြင်မှုများက တန်းတူဖြစ်သည်။

တို့မျှသာမက ချင်မူ့ဦးညွတ်မှုသည် ကမ္ဘာဦးဖရိုဖရဲချီများ ကိန်းဝပ်နေသည်မဟုတ်လော။ သူဦးညွတ်လိုက်တိုင်း နေရာဟင်းလင်းပြင်သည် ဖုန်မှုန့်ဖြစ်သွားပြီး သူသတ်ဖြတ်ခဲ့သည့် နတ်ဘုရားမိစ္ဆာများ၏ ရုပ်ခန္ဓာများက ပေါက်ကွဲကာ ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွားကြသည်။

ဝုန်း….

ကောင်းကင်နတ်သိုင်းနှစ်ခုက ဝင်တိုက်သွားပြီး ချင်မူ့ခြေထောက်အောက်ရှိ လှေမှာ ဖိအားဒဏ်ကို မခံနိုင်သောကြောင့် ပေါက်ကွဲသွား၏။ ချီနှင့်သွေးက သူ၏ဦးခေါင်းထိပ်မှ ပန်းထွက်လာပြီး သွေးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

သွေးပင်လယ်သည် လောင်ကျွမ်းနေပုံရပြီး လေပူတို့ဖြင့် တပွက်ပွက် ဆူနေ၏။ လေပူထဲတွင် အနက်ရောင်မီးခိုးငွေ့များလည်း ပါရှိနေသည်။ ၎င်းက ယိုတုမိစ္ဆာချီပင်။

အခြားတစ်ဖက်တွင် သူ့ကို ၀င်္ကပါတစ်ဖက်ခြမ်းမှ ကြည့်နေသော ကောင်းကင်ယင်သားတော်မှာ တုန်ရီနေသည်။ သူ၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေကြသည်။ ထို့နောက် သွေးက ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွားပြီး သူ့အနောက်ရှိ မင်တုကောင်းကင်မုခ်၀မှာလည်း အက်ကွဲသံများ ထွက်ပေါ်လာပြီး အက်ကွယ်ကြောင်းများဖြင့် ပြည့်နှက်သွားကာ ဖရိုဖရဲချီအဖြစ် လွင့်ပြယ်သွားတော့သည်။

“ချင်မူ၊ ငါ ဂါဝရပြုတာ လက်ခံစမ်း” သူက ခက်ထန်စွာ အော်ဟစ်လိုက်သည်။

ချင်မူကလည်း ပြန်အော်၏။ “ကောင်းကင်ယင်သားတော်၊ ကျုပ် ဂါဝရပြုတာ လက်ခံစမ်း”

သူတို့နှစ်ယောက်က မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံများဖြင့် အော်ဟစ်လိုက်ကြပြီး ဦးညွှတ်လိုက်ကြပြန်သည်။ ပေါက်ကွဲသံကြီး ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်ယင်သားတော်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလျက် နောက်သို့ အဆက်မပြတ် ဆုတ်လိုက်ရ၏။ သွေးများက သူပါးစပ်မှ ပန်းထွက်လာပြီး သူ၏ မျက်လုံးများက သွေးချင်းနီသွားသည်။ သူ၏မျက်လုံးများက ဖရိုဖရဲချီအဖြစ် ပြောင်းလဲတော့မည့် ပုံစံဖြစ်နေပြီး သူက အက်ကွဲစွာ ရေရွတ်လိုက်၏။ “ချင်မူ၊ ငါ ဂါဝရပြုတာ လက်ခံစမ်း”

All Chapters