← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

တောင်လေများက ပြင်းပြင်းထန်ထန်တိုက်ခတ်လျက်ရှိနေသည်။ ဝန်းကျင်တခုလုံးမှုန်မှိုင်းကာ

နေအလင်းရောင်ပင်တိုးမပေါက်..။

အချိန်ကား...အစောပိုင်းပင်ရှိနေသော်လည်း..

ညနေစောင်းအချိန်လိုဖြစ်နေသည်....။

ထိုစဥ်

ပေတရာသာသာခန့်မြင့်မားသော တောင်ငယ်ကလေးတခုပေါ်တွင် လူငယ်တဦးလက်ကိုနောက်ပစ်၍ ကိုယ်ဟန်ခပ်မတ်မတ်အနေထားဖြင့်ရပ်တန့်ကာ ပတ်ဝန်းကျင်ကိုငေးမောနေသည်....

ဒါကျင့်ကြံခြင်းကမ္ဘာလား....

မဟုတ်သေးဘူး.....မူလ ဇာတ်ကောင်ရဲ့မှတ်ဉာဏ်တွေအရ ဒီကမ္ဘာမှာ ကျင့်ကြံသူတွေရှိပေမယ့် အရည်အသွေးနဲ့အရည်အတွက်က နိမ့်ကျနည်းပါးနေတယ်...။

ကျင့်ကြံခြင်းတွေကိုလည်း

စစ်သည်တော်အဆင့်

သိုင်းပညာရှင်အဆင့်နဲ့

ပကတိရှင်သန်ခြင်းအဆင့်ဆိုပြီး ၃ဆင့်သာခွဲထားသည်။

ထိုအထက်တွင်ရှိသည့် အဆင့်တွေကတော့

ဒဏ္ဍာရီလာဖြစ်၍ မည်သူမှမသိကြတော့...။

အဆင့်ကြီးတခုစီတိုင်း၌လည်း အဆင့်သေးဆယ်ဆင့်ထပ်ခွဲကာ...ကျိုးပြည်ထောင်စုကြီးတွင်တော့

စစ်သည်တော်အဆင့်၇ က အမြင့်ဆုံးဖြစ်သည်။

ရယ်စရာကောင်းပေစွ..။

သာမန်ပြည်ထောင်စုကလေးအနေဖြင့်

ရေတွင်းအောက်ခြေမှ ဖားသာသာဖြစ်နေသည်ကိုအပြစ်မဆိုသာ။ ဧကရာဇ်သည်စစ်သည်တော်အဆင့်၉ ဆိုသော်လည်း ပြည်ထောင်စုအချင်းချင်းတိုက်ပွဲ၌ ဒဏ်ရာပြင်းထန်စွာရကာ အဆင့်လျော့

ကျသွားပုံရသည်။

တခြားသော...အင်အားကြီးများသည်လည်း

ဂိုဏ်းများစွာထူထောင်ကာ ကျိုးပြည်ထောင်စုကိုသူတလူငါတမင်း ခြယ်လှယ်နေကြသေးသည်...။

ငါ...... ဒီကမ္ဘာမှာဘာဆက်လုပ်ရမလဲ...။

ယမန်နှစ်မှ ဧကရာဇ်သည် ၎င်း၏သားတော်၅ပါးနှင့်သမီးတော်၃ပါးအား ကျိုးပြည်ထောင်စုအနှံ့စေလွှတ်ကာ အင်အားစုတခုထူထောင်စေသည်.။

အချိန်ဆယ်နှစ်အကြာတွင်...အင်အားအကြီးဆုံးသားတော်သို့မဟုတ်သမီးတော်မှ..... ဧကရာဇ်၏နေရာကိုရမည်ဟု ဆုတော်မိန့်ထားသည်မဟုတ်လား..။

တဖက်မှတွေးလျှင် ကံတော်ကုန်တော့မည်ဘုရင်အနေဖြင့် သူ့မျက်စိရှ့၌သွေးသားအချင်းချင်းသတ်ဖြတ်ကာထီးနန်းလုသည်ကိုမမြင်လိုဟန်ပင်..။

မင်းတို့သတ်ချင်လည်းငါ့ဝေးရာမှာသာသတ်ကြပေတော့.....

ဝိဉာဥ်ကူးပြောင်းလာသည့်ပထမဆုံးရက်သတ္တပတ်များသည် သူ့အတွက်လုံးဝအဆင်မပြေ..။

နန်းတွင်းအသုံးအနှုန်းများနှင့်ယဥ်ကျေးမှုထုံးတမ်းတွေကအစ...ကွဲပြားသည်မဟုတ်လား.......။

အခြားသူငါလို စနစ်တခုလေးတောင်မပါဘူးလား

ကျိုးယန်တယောက် စိတ်ပျက်အားငယ်နေသည်။

သိုင်းပညာလည်းကျင့်မရ...မင်းသား၈ ဟူသည့်ဂုဏ်ပုဒ်မှလွဲ၍ ကျောထောက်နောက်ခံလည်းမရှိ အာပလာကောင်ဟူသာ ခပ်ရိုင်းရိုင်းမှတ်ချက်ပြုနိုင်သည်မဟုတ်လား...။

ကျိုးပြည်ထောင်စု

အနောက်တောင် စီရင်စုနယ်မြေ....။

အရှင်မင်းသား အပြင်မှာအေးပါတယ် အိမ်ထဲမှာသက်တောင့်သက်သာအနားယူပါ...

သစ္စာရှိအိမ်တော်ထိန်းမှ လာရောက်ပြောကြားသည်..

ထိုအိမ်တော်အမည်ကား ဝူချင်းဖြစ်ကာ တစ္ဆေဝူဟူ၍ တခေတ်တခါက ကျော်ကြားသည်.။

ကျင့်ကြံဆင့်မှာစစ်သည်တော်အဆင့်၇ ဖြစ်၍

ကျိုးဘုရင် တန်ခိုးထွားစဥ်ကာလကသူသည် ကျိုးဘုရင်၏လက်ရုံးပင်...ဘုရင်မကျန်းမာစဥ်မှာတော့ အခြားသောအမတ်များ၏ ထောင်ချောက်ဆင်အန္တရာယ်ပေးမှူကြောင့်ဘုရင့်အမျက်တော်ရှကာ မင်းသားအငယ်ဆုံးလေး၏ အစောင့်ရှောက်အစေခံဖြစ်လာတော့သည်...။

သို့သော်အဖိုးဝူကား အပြုံးမပျက် ရိုးသားသော သစ္စာရှိသော အဖိုးဝူသည် မင်းသားကျိုးအားခစားနေသည်မှာ ၃ နှစ်ပြည့်ချေပြီ။

"ကောင်းပြီ...နားကြတာပေါ့

မနက်ဖန်ကျ အိမ်တော်ကလူတွေစုပေးပါဦး"

စနစ်မရှိလည်း သူသည်ခေတ်သစ်မှလာသူဖြစ်၍အတွေးအခေါ်များရှိသေးသည်..။

အနည်းဆုံးဒီလောက၌ သက်တမ်းစေ့အောင်သူလုပ်ရပေဦးမည် အသေစော၍တော့မဖြစ်ချေ....။

ကျယ်ဝန်းသည့်အိမ်ခန်းဆီအရောက်မှာတော့ကျိုးယန်တယောက် စိတ်ရှုပ်ထွေးစွာဖြင့်အိပ်ရာပေါ်လှဲချလိုက်သည်...။

၇ပတ်တောင်ရှိပြီ..ဘာမှမစရသေးဘူး..။

ဒီလိုတော့မဖြစ်ချေဘူး..တခုခုလုပ်မှပါလေ..

ငါ့နောက်ပါးမှာအစေခံ၅၀၀ ကျော်နဲ့ကလေးတွေအိုကြီးအိုမတွေကရှိသေးတယ်...

တယောက်တည်းအတွေးများနေစဥ် ဦးခေါင်းထဲမှအသံတခုပေါ်လာသည်..။

"မဂ်လာပါသူငယ်ချင်း ငါကနိုင်ငံထူထောင်ရေးစနစ်ပါ"

"စနစ်....ဟုတ်လား....တကယ်ကြီးလား.."

ကျိုးယန်မယုံနိုင်အောင်ဖြစ်သွားရသည်။သူ့မှာတကယ်ပင်စနစ်ရှိနေသည်မဟုတ်လား..။

"လုပ်စမ်းပါ စနစ်အကြောင်းရှင်းပြပါဦး..."

ကျိုးယန်အလျင်အမြန်ပင်စနစ်ကိုတိုက်တွန်းလိုက်သည်။

"စိတ်အေးအေးထားပါ.. စနစ်ရဲ့တာဝန်နဲ့လုပ်ဆောင်မှုတွေကရိုးရှင်းတဲ့အတွက်...တဆင့်ချင်းစီတာဝန်တွေလုပ်ရင်း

နားလည်သွားမှာ ဖြစ်တဲ့အတွက် စနစ်မှ အထူးတ

လည် ရှင်းပြမနေတော့ပါ…လူသစ်လက်ဆောင်ထုပ်

ရှိပါသည် ဖွင့်ချင်ပါသလား”

လက်ဆောင်!!

"ဟုတ်သားပဲလူသစ်လက်ဆောင်ပေးရမှာပေါ့..ဟာဟား"

ကျိုးယန်အူမြူးသွားသည်။

"ဖွင့်မယ်လေ..ဘာတွေရမလဲ Tip ပေးပါဦး"

"စနစ်မှကြိုတင်ပြောပြ၍မရပါ...."

ဒင်!!!လက်ဆောင်ထုပ်ကိုဖွင့်လိုက်ပါသည်။

ကောင်းကင်အဆင့် ဆေးလုံး(အဆင့်ကျော်ဖြတ်ရာတွင်အသုံးပြုနိုင်)

ခေတ်သစ်သေနတ် AK47 ဆယ်လက်

အစောင့်အရှောက်အစေခံတဦးခေါ်ခွင့်ရရှိပါသည်။

စနစ်၏ဆုလာဘ်များကိုကြည့်ကာငိုင်သွားသည်။

"ကောင်းကင်ဆေးလုံးကငါ့အတွက်အသုံးမဝင်ဘူး သေနတ်တွေကကော...ငါတောင်မပစ်တတ်တာ ငါ့အစေခံတွေဆိုပိုဆိုးပေါ့ အစောင့်အရှောက်အစေခံ ရတာကတော့ တန်ပါတယ်.."

"စနစ်...အစေခံကဘယ်အဆင့်လဲ"

ကျိုးယန်ရဲ့အမေးကိုစနစ်မှ

"ပကတိရှင်သန်ခြင်းအဆင့်၅ ပါ.."

"ပ..ပက..ပကတိရှင်သန်ခြင်းအဆင့်လား

အားပါးပါးရေလည်မိုက်တယ်...

ဟမ့် ဒီလိုသက်တော်စောင့်ရှိမှတော့ဘယ်သူကငါ့ကိုအန္တရာယ်ပေးရဲမလဲ ငါကြည့်စမ်းမယ်..."

စနစ်မှ..

"စနစ်ရှင်၏ခန္ဓာကိုယ်အားနည်းနေသည်ကိုတွေ့မြင်ပါသည်...

ကျန်းမာရေးဂရုစိုက်ပါ..

ငါးဦးကော်မတီခနခနမထိုင်ပါနဲ့..."

ငိ..

ကျိုးယန်အနည်းငယ်ရှက်သွားသည်။

"ငါကလူပျိုလေ...ကွာ..."

အမှန်တကယ်လည်းသူ့ခန္ဓာကိုယ်ကအားနည်းသည်။ အသားအရေမှာဖြူဖျော့ကာနံရိုးများကလည်းပတ္တလားတီး၍ရသည်...။

(ဒါတော့များပြီစာရေးဆရာ)

စနစ်မှအထူးသတိပေးချက်...

"သက်တော်စောင့်သည်စနစ်ရှင်ကိုကာကွယ်သူသာဖြစ်၍တိုက်ခိုက်ခိုင်းလို့မရပါ...စနစ်ရှင်အသက်အန္တရယ်ရှိမှသာပြန်လည်တိုက်ခိုင်းပေးမည်ဖြစ်သည်"

"ဟေ...."

ကျိုးယန်ဆွံ့အသွားသည်။

တကယ့်သက်တော်စောင့်ပီသပါပေ့ကွာ...။

ထားတော့ထားတော့

အကာအကွယ်တခုရှိထားတာလည်းမဆိုးဘူး

အနည်းဆုံးမသေဘူးပေါ့။

စနစ်မှပေးသည့်ဆေးလုံးကိုထုတ်လိုက်သည်...။

"ဒါကိုဘယ်သူ့ကိုပေးရမလဲ...

အဖိုးဝူကိုပေးရင်ကောင်းမလား....."

ရုတ်တရက်သိလိုစွာဖြင့်စနစ်ကိုမေးသည်။

"ဒါနဲ့တာဝန်တွေကကောဘာတွေလဲ..

သက်တော်စောင့်လည်းမတွေ့မိပါလား"

စနစ်မှပြန်ဖြေသည်။

.....................................................................

All Chapters