အခန်း (၂)
Vol. 1 Ch. 2
"အထူးတာဝန်များမှလွဲ၍ ကျန်တာဝန်များအားဖုံးကွယ်ထားသည်.
..စနစ်ရှင်မှနှလုံးသားခံစားရာတိုင်းလုပ်နိုင်သည်.မှန်ကန်သောဆုံးဖြတ်ချက်များသည်မှန်ကန်တဲ့လမ်းကြောင်းကိုရောက်စေမှာပါ...
သက်တော်စောင့်သည်အမှောင်ထဲမှာသာရှိနေမည်
အန္တရာယ်ကြုံလျှင်သူတာဝန်ယူလိမ့်မည်.."
စနစ်၏စာတတန်အရပ်စကားတဝက် စကားများကို
နားထောင်၍ ကျိုးယန်စိတ်အိုက်သွားရသည်။
*မင်းတို့ခေတ်ပဲလုပ်ကြပေါ့...*
ထိုနေ့တနေကုန် အခန်းထဲမှ အပြင်မထွက်တော့ပေ။
စနစ်ရှိလာပြီဖြစ်၍ လမ်းကြောင်းပေါ်လာသည်မဟုတ်လား...။
နောက်တနေ့...ဧည့်ခန်းသို့သူရောက်ချိန်တွင်
ကျိုးယန်လက်အောက်ရှိအဓိကအစေများအားလုံးကိုတစုတစည်းတည်းတွေ့လိုက်ရသည်...။
"မင်းသားငယ်ကိုကြိုဆိုပါတယ်..."
"ကောင်းပါပြီ..."
ကျိုးယန်လူအုပ်ကိုအသာလက်ဝေ့ပြကာ ရပ်တန့်စေသည်
"အခုလိုလူစုခိုင်းတာကတော့..ကျုပ်ပြောစရာအချို့ရှိလို့ပဲ.."
"ပထမဆုံးအနေနဲ့ ကျုပ်လို အမှိုက်မင်းသားငယ်
အနောက်လိုက်ပါရတာက ခဗျားတို့ရဲ့အနာဂတ်
အပေါ်ထိခိုက်စေမယ်ဆိုတာ ကျုပ်သိပါတယ် ဒါပေ
မယ့် အခု ပြောလိုတာက ကျုပ်အနေနဲ့နောင်တချိန်
မှာ ဒီထက်ပိုကောင်းတဲ့အခြေနေတွေနဲ့ ဘဝတွေကို
ခဗျားတို့ဆီ ပေးအပ်မယ်လို့ ကတိပြုတယ်”
အကုန်လုံးဇဝေဇဝါဖြစ်ကုန်သည်..။
**မင်းသားကဘယ်လို စိတ်ကူးတွေရှိနေတာလဲ”
အဖိုးဝူကလည်း မင်းသားကိုတွေဝေစွာငေးကာ
နားမလည်ဟန်ဖြစ်နေသည်။
**ဒီမင်းသားပြောင်းလဲသွားပြီလား...**
ကျိုးယန်ကဆက်ပြောသည်...။
""ဒုတိယအနေနဲ့...သန်မာတဲ့အမျိုးသား ၃၀၀ ကို
အယောက်တရာပါတစုနဲ့ ၃စု ခွဲထားပါ""
""ပထမတစုကို အစေခံတောက်ချင်က ဦးဆောင်ပါ
သတင်း အရင်းအမြစ်တာဝန်ယူပါ""
တောက်ချင်ဟုခေါ်သည့်အစေခံကဦးညွှတ်လိုက်သည်.။
"တာဝန်ထမ်းဆောင်ပါ့မယ်မင်းသား"
တောက်ချင်ကားစစ်သည်တော်အဆင့်၅ ဖြစ်သည်
မင်းသားငယ်၏သူ့အပေါ်တာဝန်ပေးမှုကိုအပြည့်အဝနားမလည်သော်လည်း...တာဝန်ကျလာသည်မို့ထမ်းဆောင်ရပေမည်...။
"အစေခံချင်က ဒုတိယအုပ်စု ဖြစ်တဲ့ ကာကွယ်ရေးကိုဆောင်ရွက်ပါ"
အစေခံချင်သည်လည်း စစ်သည်တော်အဆင့် ၅
ရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
"နောက်ဆုံးအဖိုးဝူက...တိုက်ခိုက်ရေးအုပ်စုကိုဦးဆောင်ပါ"
တာဝန်များခွဲခြမ်းပေးပြီးနောက်ဆက်လက်မေးမြန်းသည်။
"လက်ရှိဒီနေရာရဲ့အကွာအဝေးပတ်ပတ်လည်မှာဘယ်လိုအခြေနေတွေရှိလဲ..."
ကျိုးယန်ရဲ့အမေးကိုတောက်ချင်က..
"မြောက်ဘက် မိုင်၂၀ အကွာမှာ..မြွေမျိုးနွယ်စုရှိပါတယ်မင်းသား"
"တောင်ဘက်ချောက်နက်ထဲမှာတော့ တောပုန်းအချို့ရှိပြီး အင်အားကြီးတယ်လို့ကြားထားပါတယ်"
တောက်ချင်ရဲ တလေးတစား ပြန်ဖြေသံကြားပြီး
ကျိုးယန်က မှာသည်။
"သတင်းအချက်အလက်ဒီထက်ပိုရအောင်
စုံစမ်းပေးပါ အင်အားဘယ်လောက်ရှိလဲ အရင်းအမြစ်တွေကကော
ဘယ်လိုရှိလဲ အသေးစိတ်ကျပါစေ..."
"စိတ်ချပါမင်းသား.."
"ကောင်းပြီ အခုကစပြီး တပ်ဖွဲ့ပုံစံလေ့ကျင့်ရေးတွေ
စတင်လိမ့်မယ် အဖိုးရဲ့စီမံမှုကို နာခံကြရမယ်”
အကုန်လုံးထွက်ခွာသွားပြီးနောက်အခန်းထဲ
အဖိုးဝူနဲ့ကျိုးယန်သာကျန်တော့သည်..။
"အဖိုးဝူ အခုအသက်ဘယ်လောက်လဲ"
ကျိုးယန်ရဲ့မေးခွန်းကိုအဖိုးဝူကမချိတင်ကဲဟန်ဖြင့်ဖြေသည်။
"လာမယ့်လဆို ၈၀ ပြည့်ပါပြီမင်းသား"
"အိုး...မငယ်တော့ဘူးပဲ ကျုပ်သိရသလောက်စစ်သည်တော်အဆင့်၇ ရဲ့သက်တမ်းက၁၂၀ မဟုတ်လားအဖိုးဝူ"
"ဟုတ်ပါတယ် ဒါပေမယ့် ကျုပ်က မင်းသားတွေနဲ့မင်းသမီးတွေကြားကတိုက်ပွဲတွေမှာ ဒဏ်ရာရသွားတော့သက်တမ်းလည်းလျော့သွားပါပြီ"
အင်း...
ကျိုးယန်ကအနည်းတွေးဆနေဟန်ဖြင့်နေသည်။
အချိန်တခုကြာပြီးနောက် သူ့ဝတ်ရုံထဲမှဆေးတလုံးကိုထုတ်လိုက်သည်။
စနစ်မှပေးအပ်ထားသည့်ကောင်းကင်အဆင့်ဆေးလုံးဖြစ်သည်..။
သူ့အတွက်အသုံးမဝင်မှတော့ အဖိုးဝူကိုပေးလိုက်
သည့်က နောင်တွင် သူ့အတွက်အသုံးဝင်သည်။
"ဒါကိုအခုချက်ချင်းသောက်လိုက်ပါ.."
ဒါက...
အဖိုးဝူ လုံးဝအံ့အားနေသည်။
ဆေးလုံး၏အရှိန်အဝါက ပြင်းထန်ကာ အနည်းဆုံးအဆင့်မြင့်ဆေးလုံးဖြစ်မှန်းသိသာသည်။..
"ဒါအဆင့်မြင့်ဆေးလုံးမဟုတ်လားမင်းသား.."
*မဟုတ်ဘူး...ကောင်းကင်အဆင့်*
ဒါကတော့ကျိုးယန်တယောက်စိတ်ထဲတွင်သာပြန်လည်ပြောကြားသည့်စကားဖြစ်သည် အဖိုးသူကြားပါကနှလုံးရပ်နိုင်သည်...။
ကျိုးပြည်ထောင်စုသာမက အခြားအင်အာကြီး
မည်သည်တိုင်းပြည်တွင်မဆိုကောင်းကင်အဆင့်ဆေးလုံးမရှိချေ..။
ဆေးလုံးများ၏အဆင့်တန်းခွဲခြားပုံအရ
အဆင့်နိမ့်
အဆင့်လတ်
အဆင့်မြင့်
မြေကမ္ဘာ
ကောင်းကင်
ဟူ၍ ၅ဆင့်ရှိသည်မဟုတ်လား။
အဖိုးဝူသက်တမ်းတလျောက်အဆင့်မြင့်ဆေးလုံးမတွေ့ဖူးခဲ့...။
"တန်ဖိုးကြီးလွန်းပါတယ်မင်းသားကျုပ်မသောက်ပါရစေနဲ့...."
အဖိုးဝူကငြင်းဆိုသည်။
သူကသက်တမ်း၃နှစ်သာကျန်သည်မဟုတ်လား
ဖြုန်းတီးရာကျပေသည်...။
"ဒါကအဆင့်ကျော်ဆေးလုံးပါ
အဆင့်ဘလောက်ထိတက်မလဲဆိုတာကတော့
ကံပဲအဖိုးဝူ..."
*အဆင့်ကျော်ဆေးလုံး...*
အဖိုးဝူအချိန်အတော်ကြာသည့်အထိ မည်သည့်
စကားကိုပြန်ပြောရမှန်းမသိအောင် ဆွံ့အနေသည်။
အချိန်တခုအကြာမှတော့အနည်းငယ်စိတ်တည်ငြိမ်သွားသည်။
ပြီးနောက်ဆေးလုံးကိုပါးစပ်ထဲထည့်ကာ
ချက်ချင်းတင်ပျဥ်ခွေထိုင်လိုက်သည်...။
အဖိုးဝူကား……..
အဆင့်မတက်နိုင်ပဲပိတ်ဆို့နေသည်မှာ တကယ်ပင်
အချိန်ဆယ်စုနှစ်တခုမကရှိလေပြီ..။
စွမ်းအားများစုစည်း၍လုံလောက်သော်လည်းပိတ်ဆို့မှုကိုတော့မကျော်ဖြတ်နိုင်ခဲ့...။
ဆေးလုံးကိုသောက်ပြီး ၅မိနစ်ခန့်အကြာတွင်
အဖိုးဝူ၏ခန္ဓာကိုယ်တွင်းအတားအဆီးများစတင်ပြေလျော့လာသည်။
ခွပ်..
ဘန်း....
စစ်သည်တော် အဆင့်၈
အဆင့် ၉
သိုင်းပညာရှင်အဆင့် ၁ ၂ ၃ ၄ ၅
နောက်ဆုံးသိုင်းပညာရှင်အဆင့်၅ ကိုရောက်ချိန်
အရှိန်အဝါများတည်ငြိမ်သွားသည်။
သိုင်းပညာရှင်များ၏သက်တမ်းကနှစ်၅၀၀ ဖြစ်သည်။
အဖိုးဝူ၏ဆံပင်များနက်မှောင်လာကာတွန့်နေသည်။ပါးရေများပြန်ဆန့်သွားသည်။
အသက်၄၅ ခန့်လူလတ်ပိုင်းအသွင်ဖြစ်လာသည်။
*အံ့သြဖို့ကောင်းလိုက်တာ
ဒါတကယ်ပဲငါလား...*
အဖိုးဝူကသူ့ကိုယ်သူစစ်ဆေးကြည့်ကာဝမ်းသာနေသည်။
အတင့်တက်လာသလိုသက်တမ်းလည်းရှည်လာသည်မဟုတ်လား..။
"ကျေးဇူးတင်ပါတယ်မင်းသား...."
ကျိုးယန်ကိုအလေးအနက်ဦးညွှတ်လိုက်သည်။
ကျိုးယန်ကားသူ၏ဒုတိယဘဝကိုပေးအပ်သူပင်မဟုတ်လား...အသက်ကိုတောင်ပေးအပ်ကာသစ္စာရှိနိုင်ပေသည်။
ဒင်!!!
"ဖုံးကွယ်တာဝန်ပြီးပါပြီ..."
"သစ္စာရှိနောက်လိုက်တဦးရ ရှိလာသည့်အတွက်ဂုဏ်ယူပါသည်"
အမည်.....တစ္ဆေဝူ
ကျင့်ကြံဆင့်.......သိုင်းပညာရှင်အဆင့်၅
သစ္စာရှိမှု......၁၀၀(ရာနှုန်းပြည့်သစ္စာရှိသူ)
ဂုဏ်ပုဒ်.......စစ်မှန်သောနောက်လိုက်
တာဝန်၏ဆုလာဘ်မှာ
မြေမြုပ်မိုင်း...၁၀၀
AK47 သေနတ်အလက်၅၀ နဲ့ကျည်သေတ္တာ ၅၀
ရွှေစ ၁၀၀၀၀၀၀
တို့ဖြစ်သည်
သေနတ်နှင့်မြေမြုပ်မှိုင်းများအသုံးပြုပုံ
နည်းစနစ်များအား ယခုပင်
စနစ်ရှင်ကိုလွှဲပြောင်းပေးလိုက်ပါပြီ။
………………………………………