← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

စနစ်မှ ခေတ်ပေါ်သေနတ်နှင့် မြေမြုပ်မိုင်းများအသုံးပြုခြင်းဆိုင်ရာ အချက်အလက်များအားသူ့ဆီ လွှဲပြောင်းပေးလေသည်..။

*ဒါတွေကိုအချိန်တခုယူပြီးလေ့ကျင့်ရမှာပဲ..*

"အဖိုးဝူ...လာမယ့်တစ်ပတ်အတွင်း စစ်သည်တော်တွေနဲ့အစေခံတွေကိုခွဲခြမ်းပြီးတာဝန်ချပေးလိုက်ပါ..

စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက်

ကျန်တဲ့ယောက်ကျားသား၂၀၀နဲ့ အသေးစားလူသုံးကုန်အချုပ်အလုပ်တွေအတွက်သုံးဖို့ အမျိုးသမီးအစေခံအချို့ပူးပေါင်းပါစေ...

တပ်စု၃စုဖွဲ့ထားတဲ့ စစ်သည်တော်တွေကိုမူလအတိုင်းပုံမှန်လေ့ကျင့်ပြီး နောက်တပတ်ပြည့်တဲ့နောက်မှာ

လေ့ကျင့်ရေးကွင်းကိုအကုန်စုစည်းပေးပါဦး..."

ရှည်လျားစွာမှာကြားနေသည့် မင်းသားငယ်ကိုကြည့်ကာ အဖိုးဝူ မျှော်လင့်ချက်များပေါ်လာသည်..။

*မင်းသား၈ သည် ထီးနန်းအတွက်တိုက်ပွဲဝင်တော့မည်လော...*

အများအမြင် ကြောက်တတ်ကာ တွေဝေတတ်သူ

ကျင့်ကြံဆင့်မရှိသလို ကျင့်ကြံနိုင်သူလည်းမဟုတ်သည့် အဆိုပါမင်းသား၈သည် အခြားသော တော်ဝင်ထီးနန်းလုဖက်များအတွက် ထည့်စဥ်းစားစရာတောင်မလိုအပ်ချေ။

အနောက်တောင်ဒေသလို စုတ်ပြတ်သပ်နေသည့်အပေါစားအရပ်ဒေသတခု အပိုင်စားရသည်ကိုကြည့်၍ မင်းသား၈၏ အလားအလာကို လူတိုင်းတွက်ဆနိုင်သည်။

ဤသည်မှာယုံမှားသံသယရစရာမရှိပါ..။

"ကောင်းပါပြီမင်းသား...

စကားမစပ် တောက်ချင်ဆီက နောက်ထပ်

သတင်းအချက်အလက်တွေထပ်ရခဲ့ရင် မင်းသား

ဆီသတင်းပို့ပေးဖို့ မှာထားလိုက်ပါ့မယ်"

"သိပ်ကောင်းတာပေါ့ အဖိုးဝူ ကျုပ်တို့ ငြိမ်နေတာ၃နှစ်ရှိပြီလေ ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ဦးမှမဟုတ်လား."

ကျိုးယန်က ပြုံးတုံ့တုံ့ဟန်ဖြင့်ဆိုသည်..

သူ့တွင်စနစ်ရှိသည်။

ထီးနန်းလား...အသေးအမွှား။

အထွဋ္ဌ်အထိပ်ကျင့်ကြံသူလား တွေးစရာမလို။

တာဝန်များကိုလုပ်ရင်း အဆင်ပြေသွားပေမည်..။

သို့သော်အသက်ကို ဉာဏ်စောင့်သည်ဖြစ်၍

သတိတော့ထားရပေမည်။

အစွယ်မပြခင် အစွယ်သွေးထားဖို့တော့လိုအပ်

သည်။

အချိန်ကား တဖြေးဖြေး ၆ ရက်မြောက်နေ့သို့ရောက်လာသည်။

ထိုရက်တွေအတွင်း ကျိုးယန်တယောက် လူရှင်းသည့်တောနက်တနေရာသို့သွားကာ သေနတ်ပစ်လေ့ကျင့်လေ့ရှိသည်..။

သေနတ်အရေအတွက်နှင့် ကျည်အရေအတွက်ကွာဟမှုကြောင့် ထိန်းချုပ်၍ လေ့ကျင့်ရသည်။

တခုကောင်းသည်က အပစ်အခတ်ပါရမီပါ၍ထင်

၃ ရက်အတွင်း၌ သေနတ်ကိုကျွမ်းကျင်စွာပစ်ခတ်တတ်သွားလေသည်..။

ထို့နောက်ကျန်ရက်များတွင် မြေမြုပ်မိုင်းအသုံးပြုပုံများအားဆက်လက်လေ့လာသည်။

စမ်း၍တော့မခွဲ...ဒါကျ ကိစ္စကြီးဖြစ်သွားနိုင်သည်။

ပေါက်ကွဲဧရိယာသည်မီတာ၅၀ ပတ်လည်ရှိ၍

မီတာ၁၀ အဝန်းဝိုင်းတွင်းဖြစ်လျှင် ယတိပြတ်သေစေနိုင်သည်။

စစ်သည်တော်အဆင့်၉ တောင်မကာနိုင်...။

*စနစ်ကအဆင့်မြှင့်ထားပေးတယ်ဆိုတော့

ကျင့်ကြံသူတွေရဲ့ချီအကာအကွယ်ကိုဖောက်နိုင်တယ်

အရေအတွက်နည်းနေသေးတယ်

ငါသေချာထိန်းချုပ်သုံးစွဲမှရမယ်

ဒီကြားထဲ တာဝန်အကြီးမပေါ်သရွေ့..ဖုံးကွယ်တာဝန်တွေကိုဘယ်လိုရှာရပါ့မလဲ...*

ဖုံးကွယ်တာဝန်ကိစလည်း ကျိုးယန်ခေါင်းကိုက်ရသည်။

တာဝန်မရှိလျှင်ဆုလာဘ်မရှိ

ဆုလာဘ်မရှိလျှင်သူလည်းမတိုးတက်နိုင်...။

*ဘယ်တတ်နိုင်မလဲ အချိန်တန် နပိန်ကန်မှာပေါ့..*

၆ ရက်မြောက်နေ့နံနက်မှာတော့

တောက်ချင်တယောက် ကျိုးယန်ဆီရောက်လာသည်။

"မင်းသားကို ဦးညွှတ်နှုတ်ဆတ်ပါတယ်..."

"ထပါ..."

"ဘာကိစလဲတောက်ချင်..."

ကျိုးယန်ကသိလိုစွာမေးသည်..။

တောက်ချင်တယောက်အကြောင်းပြချက်မရှိပဲနဲ့တော့ သူ့ဆီမလာနိုင်...။

"မြွေမျိုးနွယ်စုနဲ့ပက်သက်ပြီးသတင်းရပါတယ်

သူတို့ဆီမှာ သတ္တူတွင်းအချို့...ပေါ်ထွက်နေပြီ..

တောင်ဘက်ချိုင့်ဝှမ်းကတောပုန်းအချို့က

ခွဲဝေယူဖို့ ကမ်းလှမ်းတယ်လို့ကြားရပါတယ်.."

"ခွဲဝေယူဖို့လား မောင်ပိုင်စီးဖို့လား...ဟဟ"

ကျိုးယန်ရဲ့စကားကို တောက်ချင်ကထောက်ခံဟန်ဖြင့်...

"တကယ်တော့ ခြိမ်းခြောက်ထားတာပါ..အင်အားကွာခြားချက်အရ...မြွေမျိုးနွယ်စုအနေနဲ့ မယှဥ်နိုင်ပါဘူး.."

"ဟုတ်ပြီ....နောက်ဆုံးကန့်သတ်အချိန်များတောပုန်းတွေဘက်ကထုတ်ပြန်ထားတာရှိလား..."

"ရှိပါတယ်နောက်လအကုန်ထိပဲ စောင့်ပါလိမ့်မယ်"

ကျိုးယန်အနည်းငယ်လေးနက်သွားသည်..။

မြွေမျိုးနွယ်စုကိုကူညီရမလား...။

သူ့တွင်တောပုန်းများကို ယှဥ်နိုင်သည့် အင်အားမရှိသေး ယခုကိစတွင် မိသားစုကြီးတွေလည်းစောင့်ကြည့်နေနိုင်သေးသည်။

သလင်းကျောက်(သတ္တုဟုမသုံးတော့ပါ)။

ဆိုသည်ကား ငွေကြေးအရကော ကျင့်ကြံမှုအရပါ အရေးပါသည်မဟုတ်လား..။

စစ်သည်တော်အဆင့်၁ မှ သိုင်းပညာရှင်အထွဋ္ဌ်အထိပ်ထိ သလင်းကျောက် လိုအပ်သည်...။

ခြေလှမ်းအသေးက စရပေမည်...။

"ကောင်းပြီ...မနက်ဖန်လေ့ကျင့်ရေးကွင်းမှာစစ်သည်၃၀၀ စလုံးစုထားလိုက် မင်းတို့အတွက်လက်နက်တပ်ဆင်ပေးမယ်....

ပြီးတော့ ရှေ့ဆက်လုပ်ရမယ့်အပိုင်းတွေပြောကြတာပေါ့ အရင်ဆုံး ဒီနေ့တရက်အတွင်း အိမ်တော်ရဲ့ မိုင်၁၀ ပတ်လည်အတွင်း အင်အားစုအသေးတွေရဲ့ အချက်အလက်အကုန်စုထား မနက်ဖန်ကစပြီးလက်နက်ခွဲဝေလေ့ကျင့်မယ် "

ကျိုးယန်ရဲ့ခေါင်းထဲတွင်အစီစဥ်များတရစပ်ပေါ်လာသည်။

သေနတ်နှင့်မြေမြုပ်မိုင်းကိစ တပတ်အတွင်းအပြတ်ဖြတ်ရမည်..ကျန်နှစ်ပတ်အတွင်း ဆယ်မိုင်ပတ်လည်ကို ရှင်းလင်းရမည်။

ဒါကလူ လက်နက်နှင့်ရိက္ခာများပါစုဆောင်းပြီးသားဖြစ်စေမည်...။

နောက်ဆုံးအပတ်တွင်တော့..မြွေမျိုးနွယ်စုဆီသွားကာဆွေးနွေးမည်။ သူကတော့ မောင်ပိုင်မစီးချင်...ညီတူညီမျှခွဲဝေကာ အနာဂတ်တွင်လက်တွဲလိုသည်...။ တောပုန်းအဖွဲ့သည် ကျေးရွာများဖျက်စီးခြင်းမိန်းမပျိုများအားမုဒိန်းကျင့်ခြင်းလုယက်ခြင်းမကောင်းမှုမျိုးစုံလုပ်သည်မို့သဘောမကျပေ....။

တဖက်တွင်ရပ်၍ အင်အားပြကာ အနောက်ဘက်ဒေသကိုသူလွှမ်းမိုးရမည်...။

မိသားစုကြီးများအတွက်လား...။

နောက်ဆုံးမှကိုင်တွယ်ပေမည်...။

ထိုအရာကား အလေးအနက်ထားရန်လိုသည်မဟုတ်လား။

၇ရက်မြောက်နံနက်.....

တောက်ချင် ချင်နှင့် အဖိုးဝူကအင်အားစုကိုယ်စီစုစည်းကာ လေ့ကျင့်ရေးကွင်း၌ ကျိုးယန်ကိုစောင့်ဆိုင်းနေသည်...။

"မင်းသားကိုနှုတ်ဆတ်ပါတယ်"

"အရှင့်သားကိုနှုတ်ဆတ်ပါတယ်..."

အကုန်လုံးက ဒူးတဖက်ထောက်ကာနှုတ်ဆတ်ကြသည်။

ထိုအလေ့အထကိုသူမကြိုက်..သို့သော်ချက်ချင်းတော့ပြောင်းလဲလို့မရသေးပေ။

"ထကြပါ..."

ကျိုးယန်ကဆက်၍

အဝတ်စကြီးတခုအားမြေပေါ်ခင်းစေကာ

စနစ်၏သိုလှောင်ခန်းမှ သေနတ်များနှင့်မိုင်းများအားထုတ်လိုက်သည်...။

သိုလှောင်လက်စွပ်!!!

အကုန်လုံးက သေချာကြည့်နေသည်။

သိုလှောင်လက်စွပ်ကစျေးကြီးကာရှားပါးသည်။

ကျိုးပြည်ထောင်စုတခုလုံးတွင် အရေအတွက်၅ခုမပြည့် ဘုရင်ကျိုး..လက်တွင်တခုဝတ်ထားသည်ဟုတော့ တဆင့်စကားဖြင့်ကြားဖူးထားသည်..။

အဖိုးဝူအနေဖြင့်သိပ်တော့မအံ့သြ သူကတွေ့ဖူးသည်မဟုတ်လား...။

ကျိုးယန်က ခပ်ရှည်ရှည် အညိုရောင်တုတ်ချောင်းတချောင်းကိုထုတ်လိုက်သည်ကို ကြည့်နေကြသည်။

*တုတ်ချောင်းလား...ဒါကိုလက်နက်လို့ခေါ်တာလား*

*ဒါနဲ့ဘလိုချရမှာလဲ ဓားတွေလှံတွေလောက်အစွမ်းထက်ပါ့မလား...*

တီးတိုးရေ ရွတ်သံများထွက်လာသည် ကျိုးယန်ကမသိဟန်ပြု၍ ပြောသည်။

"အားလုံးပဲဒါကိုသေနတ်လို့ခေါ်တယ်

မီတာ၂၀၀ အတွင်း မည်သည့်ရန်သူကိုမဆိုထိအောင်ပစ်ခတ်လို့ရတယ် သြော် စစ်သည်တော်အဆင့်၉ ထိပစ်လို့လည်းရတယ်နော်..."

ကျိုးယန်၏စကားအဆုံး၌ အကုန်လုံး၏မျက်လုံးအစုံများပြူးကျယ်သွားကြသည်။

အဖိုးဝူပင် မကျန်ပေ။

"ဒါကိုအသုံးပြုပုံအသုံပြုနည်းအခုပဲလက်တွေ့သင်ကြားပေးမယ်..."

ကျိုးယန်က သေနတ်တလက်ကို ကောက်ယူလိုက်သည်။

"ဒါကသေနတ်မောင်း ဒါက ကျည်အိမ် ဟောဒီမှာကျည်ဆံကို ကျည်အိမ်ထဲခုလိုသေချာထည့်မယ် ကျည်အိမ်တခုကိုကျည်ဆံ ၂၅ တောင့်ဆန့်တယ် အကုန်လုံးဖြည့်ပြီးတဲ့အခါ..ဒီနေရာက လုံခြုံရေးခလုတ်ကိုဖွင့်ပြီးမောင်းဆွဲရုံပဲ ပစ်လို့ရပီ...

လုံခြုံရေးခလုတ်မှာ ၃ဆင့်ရှိတယ် ပိတ်တာရယ် တချက်ချင်းပစ်တာရယ် ဆက်တိုက်ပစ်တာရယ် ကဲ အခုနမူနာပစ်ပြမယ်.."

အဆိုအပါအကြောင်းအရာများကိုပင် ကျိုးယန်မှ အားလုံးနားလည်အောင်ထပ်ခါတလည်လည်ပြောပြသည်။ စစ်သည်တော်များမည်မျှအထိ

သိနားလည်သည်ကို သိလိုသည့်သဘောဖြင့်ပြန်လည်ကာလည်းမေးမြန်းသည်...။

"ဒီကနေ့ကျုပ်ကနမူနာပစ်ပြမယ်

မနက်ဖန်က စပြီး မင်းတို့က ဟောဒီကျည်သေတ္တာထဲက ကျည်နဲ့လေ့ကျင့်ပေါ့ တခုသတိထားရမှာက ကျည်ဆံအရေအတွက်အရမ်းနည်းနေတယ် လူတိုင်းလေ့ကျင့်လို့ရတယ် ဒါပေ မယ့် အရေအတွက်ဝေစုကတော့နည်းလိမ့်မယ် ထိထိရောက်ရောက်ဖြစ်အောင်လေ့ကျင့်ကြပါ..."

သေနတ်ကိုမောင်းဆွဲလိုက်သည်။

လုံခြုံရေးခလုတ်ကို တချက်ပစ်နေရာရွေ့သည်

တချက်ပစ်ပြသည်..။

ဒိုင်း.....

အသံက ကျယ်လောင်စွာထွက်လာသည်။

မီတာ ၁၅၀ အကွာရှိ သစ်ပင်၏ပင်စည်ကိုထိကာ

ဖွာထွက်သွားသည်...လူ့ဦးခေါင်းဆိုလျှင်တော့။

မီတာအကွာအဝေးနည်းသည်မို့ထိခိုက်မှုကပြင်းသည်။

အကွာအဝေး များလေ ထိခိုက်မှုနည်းလေဖြစ်သည်။

"ဒါကတချက်ပစ်..."

နောက်ထပ် ဆက်တိုက်ပစ်နေရာထပ်ရွေ့သည်..။

ဒိုင်း..ဒိုင်း...ဒိုင်း....ဒိုင်း....ဒိုင်း...

၅ချက်ဆက်ပစ်ပြသည်..။

နှမြောလိုက်တာ ကျည်ဆံ၅ တောင့်တောင်...။

ကျိုးယန်နှမြောနေသည်..။

စနစ်မှ စဦးလက်ဆောင်အတွက်သေနတ်ပေးသော်လည်း ကျည်ဆံမပေးခဲ့...ငိုးမစနစ်....။

"အဖိုးဝူ ချင်နဲ့ တောက်ချင်တို့မနက်ဖန်ကစပြီး

ကျုပ်ပြောသလိုလေ့ကျင့်ထားပါ

လေ့ကျင့်မှုကို မနက်ခင်းကနေ နေ့လည်ခင်းထိရှိပါစေ ညနေပိုင်းကို တောက်ချင်က သတင်းအချက်အလက် ဆက်လက်စုံစမ်းဦး တပတ်ပြည့်တာနဲ့...အနီးနားကိုရှာဖွေကြာတာပေါ့..."

ထိုနေ့တွင်ပင်..​မိုင်းထောင်ခြင်းဆိုင်ရာများတခါတည်း ပြောပြလိုက်သည်..။

လေ့ကျင့်လို့တော့မရ...တိုက်ခိုက်ရင်းမှ ဆက်လက်သင်ကြားရမည်..။

ဟူးး...ခုမှနားရတော့တယ်...။

ရေချိုးသန့်စင်ကာ အစေခံများပြင်ပေးသည့်ညစာကိုစားသည်...ကမ္ဘာခြားသည်မို့ မတူညီသောအစားအစာများကိုခံတွင်းမတွေ့လှ...။

*ငါးဟင်းလောက်တော့မဆိုးပါဘူးလေ....*

အိမ်ခန်းဆီပြန်အရောက်မှာတော့ စိတ်ပင်ပန်းစွာ

အိပ်ရာပေါ်ပစ်လှဲချလိုက်သည်..။

အစီစဥ်တွေ အစီစဥ်တွေ....။

"စနစ်ရေ ငါကျင့်ကြံလို့ကောရပါဦးမလား"

ကျိုးယန်ရဲ့အမေးကိုစနစ်မှ..

"ရပါလိမ့်မယ် မလောပါနဲ့..."

ကျိုးယန် စိတ်ခုသွားသည်။

"ငါကအခုအသက်၁၇ ကွ..သူများတွေစစ်သည်တော်အဆင့် ၃ ၄ ရောက်ကုန်ပြီ..ခုချိန်စမကျင့်ကြံရင်မီပါတော့မလား"

ကျိုးယန်တကယ်ကိုစိတ်ညစ်ရသည်..။

ပါရမီမပါသည်ကိုထားတော့စနစ်ရှိပါလျက်

ကျင့်ကြံလို့မရသည်ကတော့မဟုတ်သေး...။

ကျိုးယန်၏ခံစားချက်ကို စနစ်ကသိပုံရသည်။

"နောက်ထပ်တာဝန် ၃ခု ပြီးရင် ကျင့်ကြံလို့ရပါလိမ့်မယ်"

ကျိုးယန် မျက်လုံးအရောင်တောက်သွားသည်။

"တာဝန်တွေ ဟုတ်လား...Tip လေးဘာလေးပေးလေ"

စနစ်........."......”

All Chapters