← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

နောက်ရက်တွေမှာတော့ စစ်သည်တော်အုပ်စု၃စုက သေနတ်များခွဲဝေယူ၍ အလှည့်ကျလေ့ကျင့်ရန်ပြင်ဆင်ကြသည်..။

အုပ်စုတခုစီမှ သေနတ်အလက်၂၀ သာရသည်။

ကျည်ဆံအရေအတွက် ကန့်သတ်ထားသည်မို့

အလေ့အလွင့်မဖြစ်စေရန်အဖိုးဝူမှသေချာပြင်ဆင်သည်..။

"ငါတို့လေ့ကျင်းရင်း တောနက်ထဲကသားကောင်တွေလည်းအမဲလိုက်ကြတာပေါ့...."

ထို့ကြောင့်ထိုရက်များက အိမ်တော်တခုလုံးအတွက်အသားဟင်းမရှားပါးတော့လူစေ့အသားစားရတော့သည်..။

ကျိုးယန်ကလည်း.ရွှေစ အချို့ထုတ်ကာ တဦးလျှင် ရွှေစ ၅၀စီ ခွဲဝေပေးသေးသည်။

ဒင်!!!

"ဖုံးကွယ်တာဝန်ပြည့်စုံပါသည်..

ယုံကြည်မှုအရည်အသွေးနှင့်ယုံကြည်သူအရေအတွက်တိုးလာသည့်အတွက်ဂုဏ်ယူပါသည်.."

*ရွှေစပေးရုံနဲ့ ဆုလာဘ်ရတာလား ကောင်းပါ့ကွာ

အာ့မှန်းသိအစောတည်းကပေးပါတယ်...*

ဆုလာဘ်အနေဖြင့် နောက်ထပ် AK47 အလက်၅၀ ထပ်ရကာ ကျည်ဆံသေတ္တာကလည်း

၅ခုထပ်တိုးလာသည်...။

စစ်သည်တော်အဆင့်မြင့်ဆေးလုံးတလုံးနှင့်

ဗီသုကာပညာရပ် အဆင့်၁ လည်းပါဝင်သည်။

*ဗီသုကာ ပညာရပ်ဆိုပါလား*

*ဒါကအိမ်တော်ကိုပြန်ပြင်ဆောက်စေချင်တာလား*

ကျိုးယန်တယောက်တွေးရပြန်သည်။

စစ်သည်တော်ဆေးလုံးက စတင်ကျင့်ကြံသူတွေအတွက်အသုံးဝင်သည်မို့သူသုံးရမည်..။

ဗီသုကာပညာရပ်ကိုတော့ဖြင့်.....

စိတ်ချရသည့်အစေခံအချို့ခေါ်ကာ အိမ်ဆောက်ပစ္စည်းများအား နီးရာဒေသဆီအဝယ်လွှတ်သည်

လေ့ကျင့်နေသည့် စစ်သည်တော်များထံမှ

ကာကွယ်ရေးအတွက် စစ်သည်အချို့ကိုလည်းအတူလိုက်ပါစေသည်....။

"အိမ်တော်ကိုပြင်ပြင်ဆင်ချင်လို့လားမင်းသား"

"ဟုတ်တယ်...အိမ်တော်တခုလုံးသာမက လုံခြုံရေးအတွက်..အဆောက်ဦးတွေ ခြံစည်းရိုးတွေလည်းအပါပေါ့ ဧရိယာကို တမိုင်ပတ်လည်သတ်မှတ်ထားတယ်အဖိုး.."

"ကုန်ကျစရိတ်မနည်းဘူးနော်မင်းသား အဆင်ပြေပါ့မလား"

အဖိုးဝူမှတွန့်ဆုတ်စွာမေးသည်။

"ပြေတာပေါ့..စိတ်မပူနဲ့ လေ့ကျင့်စရာရှိတာဆက်လက်လေ့ကျင့်နေပါ..."

ညအချိန်တွင် စစ်သည်တော်ဆေးလုံးကို မြိုချလိုက်သည်..။ အဆင့်မြင့်အရည်သွေးမို့ထင်

စွမ်းအားများက ပိန်ပါးသည့်သူ့ခန္ဓာကိုယ်ကိုတိုးဝင်နေသည်ကမခံသာအောင်ပင်။

ချီးပဲ....နာလိုက်တာ...

အရိုး သွေးကြောနဲ့ကိုယ်တွင်းကလီစာများကအစ

အသစ်ဖြစ်သွားသလိုခံစားရသည်...။

ဘန်း....

ကျယ်လောင်သည့် အဆင့်ချိုးဖြတ်သံများပေါ်ထွက်လာပြီးနောက် ကျိုးယန်၏အရှိန်အဝါက

ညနက်တွင်တိုးထွက်လာသည်....။

စစ်သည်တော်အဆင့်၇

*ကြမ်းတယ်...ငါ့လိုလူသစ်ကိုတောင်ချက်ချင်းအတင့်တက်တာ၇ ဆင့်...ကျိုးပြည်ထောင်စုသတ်မှတ်ချက်အရဆိုငါကထိပ်သီးအဆင့်ပေါ့ဟားးးးဟားးး*

ကျေနပ်အားရစွာရယ်မောလိုက်သည်...။

နောက်တနေ့တွင်တော့ ဗီသုကာပညာအဆင့်၁ ကိုလေ့လာသည်..။

အဆင့်၁ သာရှိသေးသည်မို့အသိမြင်က အခြေခံအဆောက်ဦးအဆင့်သာပါသည်...။

"ဟုတ်ပြီ..ဒီနေရာမှာ အိမ်တော်ဝင်ပေါက်

ဒီပတ်လည်ကိုတံတိုင်းခတ်မယ် တံတိုင်းရဲ့အနောက်မှာ အိမ်ရာတွေ အစေခံတွေလူစေ့ အိမ်တလုံးစီရဖို့လိုတယ် ကာကွယ်ရေးအတွက် တံတိုင်းထောင့်လေးထောင့်မှာ မျှော်စင်အရှည်တွေထည့်ဆောက်ပေး... ဒီမှာ ဒါကပုံကြမ်း ငါတညလုံးအချိန်ပေးထားရတာ လိုအပ်တဲ့ကုန်ကြမ်းတွေရောက်တာနဲ့စလုပ်တော့ အမှားအယွင်းမရှိစေနဲ့..."

ကိုယ့်ကိုကိုယ်လည်း ကိုယ်ရည်သွေးရသေးသည်

တညလုံးလုပ်ရသည်ဆိုပေမယ့် စနစ်ရဲ့ပုံကြမ်းကို

နှမ်းဖြူးရုံပဲမဟုတ်လား ဟိဟိ။

"စိတချပါမင်းသား"

ကျူးရုံက ပြန်လည်ဖြေကြားသည်။

ကျူးရုံးက အစေခံများထဲတွင် ဆောက်လုပ်ရေးဝါသနာပါ၍ ပါရမီရှိသည်ဟု အဖိုးဝူမှတ်ချက်ပေးသူဖြစ်သောကြောင့်သူယုံသည်...။

၄ရက်မြောက်ပြီ...။

မနက်ဖန်ကုန်ကြမ်းများရောက်လျှင် ဆောက်လုပ်ရေးစမည်မို့ လေ့ကျင့်ရေးစစ်သည်များထဲမှ

တဝက်ကိုနှုတ်ကာ ဆောက်လုပ်ရေးဘက်ပို့ရဦးမည်။

"စစ်ရေးလေ့ကျင့်တာက အရေးကြီးပါတယ်မင်းသား...ထုတ်နှုတ်လို့အဆင်မပြေပါဘူး.."

အဖိုးဝူက ကန့်ကွက်သည်..။

"ဒါဆို ဆောက်လုပ်ရေးကဘယ်သူလုပ်မှာတုန်း"

"မြို့ပေါ်တက်ပြီးကျွန်အချို့ဝယ်လျင်လည်းရနိုင်ပါတယ်မင်းသားရဲ့..."

"ကျွန်ဝယ်ရမယ်ဟုတ်လား...အဲ့လိုစနစ်ကြီးရှိတာလား..."

ကျိုးယန်ရဲ့စကားကိုအဖိုးဝူက

"ရှိတာပေါ့...ကျွန်တယောက်ကိုရွှေစ ၁၀ ကနေ ၁၀၀ ထိအစားစားရှိတယ်

ဆောက်လုပ်ရေးအတွက်ဆိုအကြမ်းခံတဲ့အမျိုးသားကျွန်ရွေးရမယ် တယောက်ကိုရွှေစ ၂၀ ကအများဆုံးပဲ..."

ကျိုးယန်သေချာစဥ်စားကြည့်သည်။

ပျမ်းမျှရွှေစ ၂၀ ဦးရေ ၁၀၀၀ ဆို ရွှေစ ၂၀၀၀၀

အဆင်ပြေတယ်...။

"ကောင်းပြီလေ အာ့ဆိုခုပဲ ဆောင်ရွက်ပေးပါဦး

ဒီမှာရွှေစ ၁၀၀၀၀၀ အမျိုးသား ၁၀၀၀

အမျိုးသမီး ၁၀၀၀ အဝတ်အထည်စတွေနဲ့လိုအပ်တဲ့ဆေးဝါးတွေပါပြည့်စုံအောင်ဝယ်ခဲ့ပေးပါ

တောက်ချင်...မနက်ဖန်မနက်အမီပြန်လာခဲ့..

စစ်သည်တပ်စုတခုခေါ်သွားချေ...."

တောက်ချင်ကိုသာအားကိုးရတော့သည်။

သူကတော့ ကျင့်ကြံရမည် အပြင်မထွက်လို

အနည်းဆုံးသိုင်းပညာရှင်အဆင့်ရောက်မှလူလုံးထွက်ပြန်ရန်စိတ်ကူးသည်။

တိုင်းပြည်ကနေရာတိုင်းစစ်ဖြစ်နေသည်မို့

သတိအပြည့်ထားရသည်...အနည်းဆုံးတော့သူက

မင်းသားတပါးမဟုတ်လား။

ရေမြွေဆိုပေမယ့် ကိုက်ရင်နာကျင်နိုင်သေးသည်

သူ့ကိုအန္တရာယ်မပြုဟုမပြောနိုင်....။

"လေ့ကျင့်တာကခြေနေဘလိုလဲအဖိုးဝူ"

"အားလုံးအဆင်ပြေပါတယ်မင်းသား

မင်းသား ထောက်ပံ့ပေးတဲ့လက်နက်တွေကကြောက်ဖို့ကောင်းလွန်းနေတယ်..ဒါတွေနဲ့ဆို

ထီးနန်းကတော့မင်းသားအတွက်ပဲ..."

"ထီးနန်းဟုတ်လား...ဒီလိုသက်ဦးဆံပိုင်ဘုရင်စနစ်ကိုကျုပ်ကစိတ်မဝင်စားဘူး ဘုရင်လည်းမလုပ်ဘူး..."

ကျိုးယန်ယတိပြတ်ပြောလိုက်သည်..။

ဘုရင်လား အကြောင်းအရာအချို့ကြောင့်မှလွဲ၍

မလုပ်လို့ဖြစ်လျှင်သူမလုပ်ပေ...။

ဘုရင်စနစ်သည် ရှေးကျကာအစွဲကြီးသူတွေ၏လက္ခဏာဟုမြင်သည်...။

အဖိုးဝူက ကျိုးယန်ကိုမထင်မှတ်ထားသည့်လူငယ်တဦးအား တွေ့သည့်ပုံနှယ်ငေးနေသည်။

*မင်းသားကဘုရင်မဖြစ်ချင်ဘူးတဲ့လား

သူကဘာဖြစ်ချင်နေတာလဲ...*

(မိန်းမတွေအများကြီးယူပြီး အေးဆေးနှပ်ချင်နေတာလေ)

ကျိုးယန်အနေဖြင့် ကျင့်ကြံခြင်းစာစဥ်တွေထဲကလို ထိပ်ဆုံးဘာဘာညာညာလည်းမရောက်လို

ရောက်ရင်တော့အကောင်းဆုံးပေါ့.။ တရက်စီကိုသာ အကောင်းဆုံးဖြတ်ကျော်ရင်းရှင်သန်မည်ဟုတွေးထားသည်...မိန်းမယူဖို့ကိစ္စကတော့သူ့အနေနှင့်ငယ်သေးသည်။

နောက်တနှစ်မှ စဥ်းစားမည် လုပ်စရာတွေကလည်းရှိသေးသည်မဟုတ်လား...။

လိုအပ်သည့် ကုန်ကြမ်းဝယ်သူများပြန်ရောက်လာကြသည်.။ ပါသွားသည့်စစ်သည်တော်များမှ တိုက်ပွဲအချို့ဆင်နွှဲကာ အောင်ပွဲပင်ရလာကြသေးသည်...။

ဟမ့် သေနတ်နဲ့ဆိုမှတော့ ဘယ်ကောင်ခံနိုင်မှာတုန်း...။

"ဒါက ရလာတဲ့ အောင်ပွဲရဲ့ဆုလာဘ်တွေပါ

အကုန်လုံးဓားပြတွေဆီက ရထားတာတွေချည်းပါပဲမင်းသား...."

"ကောင်းတယ်... အပြစ်မဲ့သူတွေကိုတော့မထိစေနဲ့"

"သွားကြ အနားယူတော့ ရလာတဲ့ဟာတွေကိုအဖိုးဝူဆီအပ်လိုက် သူပြန်ခွဲပေးလိမ့်မယ်...."

ကျိုးယန်၏စကားကြောင့် စစ်သည်တော်များပျော်ရွှင်သွားကြသည်...။

ကိုယ်ရှာထားသည့်အရာကိုယ်ပဲလိုချင်သည်မဟုတ်လား...။

"ကျေးဇူးကြီးမြတ်လှပါတယ်အရှင်မင်းသား.."

၅ရက်မြောက်နေ့မှာတော့ တောက်ချင်က လူစုလူဝေးကိုခေါ်ကာပြန်လာသည်...သူလည်းလမ်းတိုက်ပွဲအချို့ကြုံသည်။

အသေအပျောက်မရှိပေမယ့်..ကာကွယ်ပေးရမည့်လူ၂၀၀၀ တိုးလာသည်မို့အနာတရတော့ရလာကြသည်...။

"ကဲအောင်ပွဲရထားတာတွေကျုပ်ကိုပေးမနေနဲ့

အဖိုးဝူဆီတိုက်ရိုက်အပ်လိုက်ကျန်တာသူစီစဥ်မယ်..."

ကျိုးယန်တယောက်စနစ်ရှိသည့်အတွက်ကျန်တာသူမလိုအပ်တော့...။

ဥစ္စာပစ္စည်းသည်လည်းဆွဲဆောင်ရာတွင်အသုံးဝင်သည်..။

"မနက်ဖန်ကစပြီးကျူးရုံနဲ့ပူးပေါင်းပြီးဆောက်လုပ်ရေးစတော့...၅ရက်အတွင်ပြီးပစေ.."

ကျိုးယန်တယောက် ကျွန်များကိုသေချာကြည့်သည်...အမျိုးသားများကသန်မာပုံရပြီ.ငယ်ရွယ်သည်...။

အမျိုးသမီးငယ်များကအသက်၁၅ မှ ၃၅ ထိအသီးသီးပါဝင်သေးသည်..။

ထိုစဥ်လူအုပ်ထဲမှ မျက်လုံးတစုံက သူ့ကိုကြည့်နေသည်...။

ဒါက...

ကောင်မလေးတယောက် အထူးသဖြင့်အသက်၁၅ နှစ်အရွယ်မိန်းမငယ်လေး

အဝတ်အစားများက စုတ်ပြတ်ညစ်ထေးနေပြီးမျက်နှာတခုလုံးပေ ပွနေသော်လည်း

မျက်လုံးများကတော့လင်းဖြာနေသည်..။

သူ့ကိုကြည့်တဲ့အကြည့်ထဲမှာလည်း အစ်ကိုတယောက်ကိုကြည့်နေသလိုခံစားချက်များပါဝင်နေသည်...။

"ဟေး ကောင်မလေး ဒီကိုလာဦး..."

ကောင်မလေးမှ သူ့ဆီလျှောက်လာသည်။ .ပြီးနောက်ဒူးထောက်ချကာနှုတ်ဆတ်သည်။

"သခင်ကြီးကိုနှုတ်ဆက်ပါတယ်"

"သခင်ကြီး!ကျုပ်ကအဲ့လောက်အသက်ကြီးတဲ့ပုံပေါက်နေလို့လား..."

အမှန်တကယ်လည်း ကျိုးယန်ကနုပါသည်..။

စစ်သည်တော်အဆင့်၇ ထိရောက်သွားပြီမို့.

ကိုယ်ခန္ဓာကလည်းကျစ်လစ်သွားသည်...။

အသားအရေဖြူဖျော့ရာမှ ဝါဝင်းလာသည်။

အရပ်လည်းအနည်းငယ်မြင့်လာသည်။

နဂိုရုပ်ခံရှိပြီးသားမို့အလုံးစုံပေါင်းလိုက်သည်နှင့်သူက လူချောဟုခေါ်ထိုက်သည်...။

"မင်းအမည်ဘလိုခေါ်လဲ"

"စုယင်ပါ သခင်ကြီး"

ကောင်မလေးမှ ထိတ်လန့်နေဟန်ဖြင့်ဖြေသည်။

"ငါ့ကိုမကြောက်ပါနဲ့ ပြီးတော့သခင်ကြီးလို့လည်းမခေါ်နဲ့....ဝေဝေရေ သူ့ကိုခေါ်ပြီးရေချိုးသန့်စင်ပေးလိုက်ပါဦး ပြီးတော့ သူ့အတွက်ကျုပ်အိမ်တော်ထဲမှာပဲအခန်းတခုစီစဥ်ပေးလိုက်ပါ"

တဆက်တည်း အစေခံဝေဝေကိုပါခေါ်၍သင့်လိုရာမှာကြားလိုက်သည်...။

"ကောင်းပါပြီမင်းသား..."

ကောင်မလေးက သူ့ကိုမယုံနိုင်ဟန်ဖြင့်ကြည့်ကာပါသွားသည်။သူ့လိုကျွန်ကိုထူးထူးဆန်းဆန်းကောင်းမွန်စွာ ဆက်ဆံနေသည်မဟုတ်လား..။

အမှန်တော့ ကျိုးယန်လည်းကိုယ့်ကိုကိုယ်မထင်ထားမိ သူ့စိတ်ထဲ တခုခုခံစား၍သာခံစားချက်အတိုင်းလုပ်လိုက်ရခြင်းဖြစ်သည်..။ဘ

"ကျန်တဲ့သူတွေက ဆောက်လုပ်ရေးအတွက်ကူညီရမယ် မနက်ဖန်အလုပ်စဝင်ကြပေါ့...ဒီနေ့တော့သင့်ရာမှာအနားယူကြ...မှတ်ထားကြပါကျုပ်ကိုသစ္စာဖောက်ဖို့မတွေးကြနဲ့ ပြီးတော့ကိုယ့်ကိုကိုယ်

ကျွန်လို့လည်းအမြဲနိမ့်ချတွေးမနေနဲ့..

မင်းတို့အားလုံးက ကျုပ်ရဲ့မိသားစုဝင်တွေပဲ

နားလည်လား..."

လည်လည်မလည်လည် သူကတော့ပြောစရာရှိတာပြောရမည် ။

သစ္စာဖောက်လျှင်တော့ သေချာပေါက်အဆုံးသတ်ကိုသူပြရပေမည်...။

All Chapters