အခန်း (၅)
Vol. 1 Ch. 5
နောက်တနေ့နံနက်ရောက်လာသည်။
စားသောက်ခန်း၌ စုယင်ကိုတွေ့လိုက်ရသည်။
"ကောင်မလေး ငါနဲ့အတူမနက်စာစားချင်လို့လား"
ကောင်မလေးမှ ခေါင်းညိတ်ပြသည်။
အမှန်တွင်ဘစုယင်၏လက်ရှိအဆင့်တန်းအရကျိုးယန်နှင့်အတူ စားသောက်ခန်းဝင်၍မရ။
သို့သော်...မနေ့ကကျိုးယန်၏ စုယင်ပေါ်ဆက်ဆံမှုကြောင့် အစေခံများကစုယင်ကိုအလေးထားပေးရသည်...။
"မနက်စာအတွက်ထုံးစံအတိုင်းပြင်ပါ..."
"ဟုတ်ကဲ့.."
မနက်စာစားသောက်ပြီးနောက် ဆောက်လုပ်ရေးခွင်ရှိရာသို့ စုယင်နှင့်အတူထွက်လာသည်။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ညီမလေးပဲ"
"ဟုတ်ကဲ့"
စုယင် ဝမ်းသာသွားသည်..။
ဤမင်းသားငယ်က မည်သည့်အတွက်ကြောင့်
ယခုလိုဆက်ဆံသည်ကိုသူမ မသိချေ။
သေချာသည်က သူမအနေဖြင့်ကျွန်တယောက်လိုတော့မနေနိုင်ပါ..။
"မင်းမိဘတွေရှိသေးလား.."
ကျိုးယန်၏အမေးကြားပြီးနောက် စုယင်တယောက်မှိုင်သွားသည်။ အတန်ကြာပြီးနောက်
ဝမ်းနည်းနေသည့်ဟန်ဖြင့်....
"ယုပြည်ထောင်စုအတိုက်ခံရတော့ ညီမတို့မိသားစုလည်းတကွဲတပြားဖြစ်ကုန်တယ်လေ
ညီမအစ်ကိုတွေက ရှေ့တန်းထွက်ရတယ်သေလားရှင်လားမသိပါဘူး နောက်ဆုံးယုပြည်ထောင်က ခုခံလိုက်နိုင်ပေမယ့်အပျက်စီးကတော့ ပြည်ထောင်စုတခုလုံးမွမွကြေနေတာပါပဲ
အဖေနဲ့အမေလည်းအဲ့တည်းကပျောက်သွားတယ်
ညီမလည်းခြေဦးတည့်ရာပြေးရင်း..
ကျိုးပြည်ထောင်နယ်စပ်မှာအဖမ်းခံရရင်းခုလိုကျွန်ဖြစ်လာတာပဲ..."
စုယင်က ရှည်လျားစွာရှင်းပြသည်။
ပြည်ထောင်စုစစ်ပွဲများက ကြောက်ဖို့ကောင်းလှသည်။ ယခင်လောကအရဆို ကမ္ဘာစစ်နီးနီးပင်
အရင်းမြစ်များအတွက် တိုက်ခိုက်ကြသည်မှာ
အထူးအဆန်းတော့မဟုတ်။
ပြည်ထောင်စုတခုစီတွင် မတူညီသည့်ထုံးတမ်းနှင့်အတူ မတူညီသည့်ရင်းမြစ်ကလည်းရှိသေးသည်မဟုတ်လား..။
ကျိုးယန်သိထားသလောက်ပြည်ထောင်စုပေါင်း၂၀ ကျော်ရှိကာ ကျိုးပြည်ထောင်ကား
အဆင့်၁၅ အောက်ဖြစ်သည်..။
ယုပြည်ထောင်သည် ကျိုးပြည်ထောင်နှင့် ကပ်လျက်ဖြစ်ပြီး နယ်စပ်တိုက်ပွဲများကနှစ်စဥ်ဖြစ်လေ့ရှိသည်..။ သို့သော်ယုပြည်ထောင်ကို တိုက်
ခိုက်ခဲ့သည်ကတော့ ကျိုးပြည်ထောင်ကမဟုတ်။
စုန့်ပြည်ထောင်မှ တိုက်ခိုကိခြင်းဖြစ်သည်။
စုန့်ပြည်ထောင်သည် ပြည်ထောင်စုစာရင်းအဆင့်၇ချိတ်သည်။
ဆောက်လုပ်ရေးခွင်ရောက်တော့ ကျွန်များနှင့်အစေခံများက ဆောက်လုပ်ရေးများစတင်နေကြသည်...။
"လူအထိခိုက်မရှိစေနဲ့
ဘေးအန္တရာယ်ကင်းဖို့ကပထမပဲ...
လုပ်ငန်းခွင်ကို လုပ်ငန်းခွင်ပြင်ပကလူပေးမဝင်နဲ့"
ကျိုးယန်က သေချာမှာသည်။
အသက်လောက်ဘယ်ဟာမှအရေးမကြီး..။
အစေခံနှင့်ကျွန်များအတွက် ခြံဝန်းတခုနှင့်တထပ်အိမ် တလုံးဆောက်စေသည်။
လူစေ့ရမည်ဖြစ်ကာ မိသားစုလိုက်ရှိသူတွေလည်းအဆင်ပြေသည်။
စစ်သည်တော်များအတွက် စစ်တန်းလျားနှင့်ကင်းစခန်းများကို နေရာအနှံ့ မြေပေါ်မြေအောက်ဆောက်စေသည်..။
အဓိကအိမ်တော်ကိုတော့ ၂ထပ်ဆောက်စေကာအပေါ်ဆုံးတွင်လသာဆောင်ပုံစံ ထည့်ထားသည်။
ညအချိန်တွင် အနားယူရန်တထပ် ထည့်ထားကာအမြင့်မှာလည်း ပတ်ဝန်းကျင်ကို ကြည့်ရှူရန်လုံလောက်သည်။
ခြံစည်းရိုးများကို အနည်းဆုံး ၃မီတာမြင့်စေကာ
အထူကို မီတာဝက်ထိရှိစေသည်...။
နှစ်ထပ်ခြံဝန်းပုံစံတည်ဆောက်ထားကာ ဂိတ်တံခါးကလည်းနှစ်ခုဖြစ်သည်။
အပြင်ခြံဝန်း၌ အစေခံများအားနေရာချကာ
အတွင်းခြံဝန်းတွင်တော့ စစ်သည်တော်များရှိသည်..။
ဆောက်လုပ်ရေးက လျင်မြန်စွာဆောက်လုပ်နေသည်..။
အချိန်က ၁၀ ရက်တိုင်လေပြီ..။ မူလက
၇ရက်သာမှန်းထားသော်လည်း အဆောက်အုံအရေအတွက်နှင့် ကုန်ကြမ်းမလုံလောက်မှုလုပ်သားရှားပါးမှုကြောင့် ဆယ်ရက်ကြာသည့်တိုင်အလုံးစုံမပြီးသေး။
ကိုယ်လက်လှူပ်ရှာဖို့အချိန်ကျပြီ...။
"တောက်ချင်...ဒီအနီးနားကအဖွဲ့တွေရဲ့အချက်အလက်တွေကို အဖိုးဝူဆီပေးလိုက်ပါ"
တောက်ချင်မှ စုစည်းထားသည့်သတင်းအချက်အလက်များအားလုံး အဖိုးဝူဆီလွှဲလိုက်သည်...။
ချင်တပ်ဖွဲ့မှူးက ကာကွယ်ရေးသီးသန့်မို့
အိမ်တော်ခြံဝန်းကြီးတခုလုံးအတွက်တာဝန်ယူကာ လုံခြုံရေးယူသည်..။
ကင်းပုန်းစနစ်ကိုလည်း အလေ့အကျင့်ဖြစ်အောင်
တပါတည်း အသုံးပြုကာ ဘအိမ်တော်ကိုစောင့်ရှောက်စေသည်..။
"အဖိုးဝူ...တကယ်တော့ ဒီတိုက်ပွဲတွေက
ကျတော်ပါဝင်သင့်တာပါ ဒါမယ့် ကျတော်ကျင့်ကြံဆင့်ကမလုံလောက်သေးဘူး...ပြီးတော့
သတ်ဖြတ်မှုတွေ စစ်ပွဲတွေနဲ့အသားကျဖို့ရုန်းကန်ရဦးမယ် နားလည်ပေးပါ..."
"ရပါတယ် မင်းသား...မင်းသားပါဝင်စရာမလိုအပ်ပါဘူး ဆယ်မိုင်ပတ်လည်ကို ကျုပ်ဒီအဖိုးကြီးက သိမ်းယူပေးပါမယ်..."
အဖိုးဝူက အားတက်သရောပြောကြားသည်။
အမှန်လည်းမင်းသားကိုစစ်မတိုက်စေချင်။
သတ်ဖြတ်မှုတွေသည် လူကို ကြမ်းတမ်းသည့်လမ်းသို့တွန်းပို့စေသည်..။
"စနစ်ရေ...ငါတိုက်ပွဲကိုမလိုက်လို့ဖြစ်လား"
"ဖြစ်ပါတယ်...အသေးအမွှားတွေကအစလိုက်စရာမလိုပါဘူး.."
စနစ်မှပြန်ဖြေသည်။
သို့သော် သူမဖြေခဲ့သည်က ဖုံးကွယ်တာဝန်သည်စစ်ပွဲနှင့် ပက်သက်သည်ကိုပင်ဖြစ်သည်...။
ကျိုးယန်တယောက် သေချာစဥ်စားကြည့်သည်။ဒီလောက၌နေသရွေ့ သတ်ဖြတ်ခြင်းကိုသူရှောင်မရ..။
စောသည်နောက်ကျသည်ဟုစောဒကတက်ခွင့်လည်းမရှိ..။
အထူးသဖြင့် တာဝန်ဟူ၍ သီးသန့်မချပေးတတ်သည့် ကြောင်တောင်တောင်စနစ်ကြောင့် သူ့အနေဖြင့် ပိုတိုးတက်ရန် ဖုံးကွယ်တာဝန်များအားပေါ်ထွက်လာစေဖို့လိုသည်။
ငါဘာလုပ်ရမလဲ...။
ကျိုးယန်တယောက် အဖိုးဝူကိုသေချာကြည့်သည်...။ ပြီးနောက်
"မနက်ဖန်မနက်အာရုံမတက်ခင်ထွက်မယ်
ကျုပ်ပါလိုက်မယ်အဖိုး..."
ဟမ်...
အပြောင်းအလဲမြန်လှချည်လားမင်းသား..။
"အဆင်ပြေပါ့မလားမင်းသား"
အဖိုးဝူကစိုးရိမ်နေသည်။
မင်းသားငယ်သည်တခါမှစစ်မတိုက်ဖူး..။
လူလည်းမသတ်ဖူးခဲ့...နန်းတွင်း၌ထုံထုံအအနေခဲ့သည်မို့ အသိပညာအရလည်းနိမ့်ပေသည်..။
"စိတ်မပူပါနဲ့အဖိုးကျုပ်အဆင်ပြေတယ်..
ကဲ အားလုံးအဖိုးဝူလက်အောက်ကစစ်သည်တွေတိုက်ပွဲအတွက်အသင့်ပြင် မနက်ဖန် သားရဲတောင်တန်းဆီသွားမယ်..."
ထိုနေ့ညက စားသောက်ခန်း၌ အဖိုးဝူ စုယင်
ကျိုးယန်နှင့်ကျူးရုံတို့ညနက်တဲ့အထိစကားပြောကြသည်..။
ကျူးရုံမှ ဆောက်လုပ်ရေးအကြောင်းအသေးစိတ်တင်ပြသည်..။
ကျိုးယန်စိတ်ကျေနပ်သွားသည်။
ပုံကြမ်းနှင့်ထပ်တူ မကျသော်လည်းလက်ခံနိုင်သည့်အနေထားဖြစ်သည်..။
ခေတ်ကမ္ဘာကွာခြားမှုက အသိဉာဏ်အတွေးအခေါ်နှင့်နည်းပညာလည်းကွာနိုင်သည်မဟုတ်လား...။
"ဒါဆိုဆောက်လုပ်ရေးဘယ်ချိန်ပြီးမလဲကျူးရုံ"
"နောက်ဆယ်ရက်ဆိုပြီးပါပြီ..
လူနေအိမ်တွေလုံခြုံရေးကင်းစခန်းတွေကပြီးလုနေပြီ..အခုက အချောသတ်အလုပ်တွေနဲ့ မြေအောက်လမ်းကြောင်းအချို့ပဲ ကျန်တော့တာပါ"
"ကောင်းပြီ....ကြိုးစားပေးပါဦး"
အချိန်တခုအကြာ ပြောဆိုပြီးနောက်အသီးသီးနှုတ်ဆက်ကာ အိပ်ရာဝင်ကြတော့သည်...။