အခန်း (၆)
Vol. 1 Ch. 6
"ရှေ့ ၃၀မိုင်ဆိုသားရဲတောင်ကြောကိုရောက်ပြီမင်းသား.."
အဖိုးဝူက ရှေ့နားတနေရာကိုညွှန်ပြကာဆိုသည်။
"ဒီနားတဝိုက်မှာ တခြားလူသားမျိုးနွယ်စုတွေရှိသေးလား..."
ကျိုးယန်ရဲ့အမေးကိုအဖိုးဝူက
"တောက်ချင်ရဲ့အချက်အလက်အရ မရှိပါဘူးမင်းသား..ဒီသားရဲတောင်ကြောအလွန်ကစုန့်ပြည်ထောင်ပဲ..သားရဲတောင်ကြောကနယ်စပ်လိုဖြစ်နေတာပေါ့...ပြီးတော့သားရဲတောင်ကြော
မိုင်၂၀၀ နီးပါးရှည်ပြီး ကျယ်တယ် ကျုပ်တို့အရမ်းအနက်ထဲထိမဝင်တာကောင်းမယ်.."
"မဟုတ်ဘူး...သားရဲတောင်ကြောကအဓိကမဟုတ်ဘူး..အဖိုး...တောက်ချင်ရဲ့အချက်အလက်ထဲမှာ ဓားပြရွာအချို့..လည်းပါနေတယ်..အာ့က သားရဲတောင်ကြောမရောက်ခင်ပဲ အဲ့မှာရွာ၁ရွာရှိတယ် သူတို့ကိုချေမှုန်းရမှာ...ဒါဆို ဒီဆယ်မိုင်ပတ်လည်ကဖြေရှင်းပြီးသားဖြစ်ပြီ"
အဖိုးဝူမှထောက်ခံသည်..
"ဟုတ်တယ်...ကျုပ်တို့လက်ရှိအင်အားအရသားရဲတောင်ကြောကိုထိလို့မရဘူး..."
တပ်ဖွဲ့ဝင်တစ်ရာအားပတ်ဝန်းကျင်အားသတိမပြတ်ထားရန်ညွှန်ကြားလိုက်သည်...။
နေ့တဝက်အကြာမှာတော့ မီးရောင်ပြပြကိုမြင်လိုက်ရသည်..။
"ဒါ..ဓားပြရွာပဲ....ရွာခေါင်းဆောင်က..စစ်သည်တော်အဆင့်၇ လို့ကြားတယ်..."
အဖိုးဝူစကားအဆုံး၌ ကျိုးယန်တွေးသည်။
*စစ်သည်တော်အဆင့်၇ ဆိုတော့ ငါနဲ့အဆင့်တူပဲ
ခက်တာ ငါ့မှာဘာကျင့်စဥ်မှမရှိဘူး
တယောက်ချင်းယှဥ်ဖို့ခက်တယ်..
အစုအဖွဲ့နဲ့ရွာကိုဝင်စီးမှရမယ်...*
အဖိုးဝူမှစစ်သည်များကိုညွှန်ကြားသည်။
"ရှေ့ပြေးစစ်သည်တော် သေနတ်သမားတွေအတွက်မြင်ကွင်းကိုရှင်းထားပေး
သေနတ်သမားတွေက လူခွဲထား ပထမတသုတ်ဝင်ပြီး ပြန်အဆုတ်မှာ ပစ်မယ်"
စစ်သည်တော်များအလုပ်များကုန်သည်။
ကျိုးယန်လည်း အပင်ကြီးတခုနောက်၌ကွယ်ကာ
အချက်အလက်များကိုစစ်ဆေးသည်။
*စစ်သည်တော်အဆင့်၇ ခေါင်းဆောင်တဦး
စစ်သည်တော်အဆင့် ၆ ၃ ဦး
စစ်သည်တော်အဆင့် ၄ ၅ တွေက
အယောက် ၁၀၀၀ ကျော်
စုစုပေါင်းအင်အား ၅၅၀၀ ဆိုပါလား...
အတော်များတာပဲ...*
အဖိုးဝူလိုသိုင်းပညာရှင်အလာ်အလတ်အဆင့်အနေဖြင့်တဦးတည်းတိုက်နိုင်သည့်ပမာဏမဟုတ်တော့...။
နောက်ပြီးသူ့စစ်သည်များလည်း...တိုက်ပွဲအတွေ့အကြုံလိုအပ်သည်မဟုတ်လား.....။
ကျိုးယန်နှင့်လူတရာပါတပ်ဖွဲ့က ရွာနားကိုချဥ်းကပ်သွားသည်...။
ဓားပြခေါင်းဆောင်နှင့် စစ်သည်တော်အဆင့်၆ သုံးဦးကို အဖိုးဝူမှတာဝန်ယူပြီး ကျန်သည့်စစ်သည်တော်များအထဲမှအများစုကိုတော့ ကျိုးယန်ကတာဝန်ယူရပေမည်..။
သူ့စစ်သည်တွေက စစ်သည်တော်ဆင့်၂သာအများဆုံးဖြစ်၍ အများစုက သာမန်အစေခံများဖြစ်သည်မို့တိုက်ပွဲအဖွင့်ကအရေးကြီးသည်..။
ဆုတ်လမ်းကိုလည်း သေနတ်သမား၄၀ ကိုသေချာနေရာချသည် တဖက်ကိုအပီးထိချေမှုန်းစရာမလို သေနတ်သမားရှိရာဆုတ်လမ်းသို့မြှားခေါ်၍ ပစ်ချရုံသာ....။
မီတာ ၂၀၀
ဒါက သေနတ်သမားအတွက်အကောင်းဆုံးအကွာအဝေးဖြစ်သည်..။
ကျင့်ကြံသူတွေမို့ ရွာထဲမှလူသံတိရစ္ဆာန်များ၏အသံပါကြားနေရပြီ..။
"မင်းသား စတော့မလား တခါတည်းဝင်စီးပြီးအပြတ်ချေမှုန်းမလား တဝက်ကိုအပြင်မျှားခေါ်ပြီးမှ အမြစ်ဖြတ်မလား..."
ကျိုးယန်ရွာသေချာကြည့်သည်..အကာအရံကထူထဲကာ ခိုင်မာကာ ကျင့်ကြံဆင့်မမြင့်သော်လည်း လူအင်အားကအဆ၅၀ ကျော်ကွာသည်မို့အဝင်လွယ်ပြီး အထွက်ခက်နိုင်သည်..။
"သေနတ်သမားတွေ လုံခြုံရေးအစောင့်တွေကိုပစ်ချကြ ကွာ အပြစ်ချတာပေါ့"
"ကောင်းပါပြီမင်းသား..."
ကျိုးယန်၏အမိန့်အဆုံး၌ သေနတ်သံများနေရာအနှံ့ထွက်ပေါ်လာသည်..။
ဒိုင်း...ဒိုင်း....ဒိုင်း...ဒိုင်းး
ပစ်..ဓားပြကောင်တွေကိုတိုက်ခိုက်ကြ...
သေနတ်သံများကြောင့်ရွာထဲမှ ဓားပြများဝရုန်းသုန်းကားဖြစ်ကုန်သည်...။
ဓားပြခေါင်းဆောင်သည် မိန်းမနှစ်ဦးနှင့်ကုတင်ပေါ်လူးလိမ့်နေရာမှ ဆူညံသံများကြောင့်အာရုံပျက်သွားသည်။
"ဘယ်ကောင်တွေလဲကွ ငါ့ရွာထိရဲတာ "
အသံကျယ်ဖြင့်အော်ဟစ်ကြိမ်းမောင်းကာ
အဝတ်အစားများဝတ်ဆင်၍ အဆောက်ဦးထဲမှ အပြင်သို့ထွက်လာသည်...။
"ချကြ..."
အဖိုးဝူမှညာသံပေး၍ ဓားပြခေါင်းဆောင်ဆီဝင်သွားသည်..။
လက်ထောက်ခေါင်းဆောင်တွေကလည်းအဖိုးဝူကိုတွေ့သွားသည်...။
"ဒီလူပဲ...သတ်စမ်း ငါတို့ရွာကိုထိတဲ့ငမိုက်သားတွေတကောင်မှအရှင်မထားနဲ့..."
စစ်သည်တော်များမဝင်ခင် သူအရင်ဝင်ဖို့ကျိုးယန်တိုက်ပွဲနေရာဆီတိုးဝင်လိုက်သည်..။
ဓားချက်တချက်ကသူ့ဆီတိုးဝင်လာသည်။
လက်ထဲက ဓားဖြင့်အသာပတ်ထုတ်ကာ ဓားချက်ပေါ်ရာနေရာကို ဝေ့ခုတ်လိုက်သည်။
အားးးးး
*ဟုတ်ပြီ ငါအဆင်ပြေတယ်..*
လူမသတ်ဖူးသူမို့ အနည်းငယ်ခပ်တောင့်တောင့်ဖြစ်နေသော်လည်း လူစသတ်လိုက်သည်နှင့်အသားကျသလိုဖြစ်သွားသည်။
"တက်ကြ....."
ညာသံပေးကာ နီးရာဓားပြများကို ခုတ်ပိုင်းလိုက်သည်...။
အားးးးအားးးအားးး
သာမန်စစ်သည်တော်များက ကျိုးယန်ကိုမယှဥ်နိုင် သူနှင့်လက်ရည်တူချဖို့ အနည်းဆုံးစစ်သည်တော်အဆင့်၆ ဖြစ်ဖို့လိုသည်မဟုတ်လား။
တဖက်တွင်အဖိုးဝူမှခေါင်းဆောင်များအားလုံးကိုလက်စသတ်လိုက်သည်....။
"မင်းသားနေရာယူတော့.."
အဖိုးသူမှကျိုးယန်ကိုသတိပေးရင်းး
သေနတ်ပစ်ကွင်း ကွယ်ရာသို့ရှောင်လိုက်သည်။
ကျိုးယန်လည်း အဖိုးဝူကဲ့သို့သေနတ်သမားပစ်ကွင်းရှင်းဖို့ဖယ်ပေးလိုက်သည်..။
"ပစ်ကြ...တယောက်မှအလွတ်မပေးနဲ့ဟေ့"
သေနတ်သမားများကစိတ်ကြိုက်ပစ်ကြတော့သည်..။
အင်အား၅၅၀၀ ကျော်ကား..အဖိုးဝူ ကျိုးယန်နှင့်
စစ်သည်တော်အချို့၏တိုက်ခိုက်မှုကြောင့် ၃ ပုံ ၁ပုံခန့်လျော့နေလေပြီ...။
သေနတ်သမားများကမူလရှိနေရာမှာရှေ့သို့မီတာ၅၀ ခန့်တိုးကာ ရွာထဲရှိနေရာအနှံ့၌ ဓားပြများကိုရွေးချယ်ကာပစ်ချတော့သည်...။
အားးးကယ်ကြပါဦး..
သေပါပြီဗျ
ဒါဘယ်လိုလက်နက်လဲ မကောင်းဆိုးဝါးတွေ
မကောင်းဆိုးဝါးတွေ...
ကမ္ဘာပျက်မတက် ကျယ်လောင်သံအသံနှင့်သွေးများ ခြေလက်အပိုင်းအစများက ရွာအနှံ့ပြန့်ကြဲနေသည်။
ထိုမြင်ကွင်းကိုကြည့်ကာ ကျိုးယန်တယောက်အန်ချင်သွားသည် ။
"ချီးပဲ...အတော်ဆိုးတဲ့မြင်ကွင်းပဲ.."
အဖိုးဝူမှ ခပ်လှမ်းလှမ်းမှာနေ၍ ကျိုးယန်ကိုကြည့်နေသည်..။
ကျိုးယန်၏ မျက်နှာပျက်နေသည်ကိုကြည့်ကာသက်ပြင်းချ၍ ခေါင်းတခါခါဖြစ်နေသည်။
*ဒါကအချိန်တခုကြာရင်မင်းသားလည်းအသားကျသွားမှာပါလေ....*
သတ်ဖြတ်ခြင်းက ရှောင်လွှဲ၍မရ
ကိုယ်မသတ်လျှင် သူက ကိုယ့်ကိုသတ်ပေမည်။
နောင်ဆယ်နှစ်တွင် ဧကရာဇ်နေရာလုရဦးမည်မို့
ကျိုးယန်တယောက်သွေးကော်ဇောကိုနင်းရပေဦးမည် သွေးချင်းများကိုလည်းအညှာအတာမဲ့သတ်ရပေဦးမည်..။
အကြောင်းတရားကား သူသည်မင်းသားတပါးဖြစ်နေ၌သာ..။
အကျိုးတရားဟူသည်..သတ်ဖြတ်ခြင်းကိုရှောင်၍မရတော့ချေ....။
နှစ်နာရီနီးပါးအပြင်းအထန်တိုက်ပွဲအပြီးမှာတော့
ဓားပြများထဲမှာလူ၅၀၀ နီးပါးလက်နက်ချကာ
သေဆုံးမှုက ၅၀၀၀ နားပင်ကပ်သွားသည်။
ကျည်ဆံသေတ္တာ၂ခုကလည်း အခွံသာကျန်တော့သည်။
ရွာထဲရှိကျန်ရစ်နေသည် အဖမ်းခံကျွန်များ
မိန်းမ များနှင့်ကလေးများကိုစုစေသည်...။
"ကျုပ်က ကျိုးပြည်ထောင်ရဲ့မင်းသား၈
ကျိုးယန်ဖြစ်တယ် သင်တို့အနေဖြင့်ကျုပ်ရဲ့လက်အောက်ကိုဝင်လျှင်ကျုပ်မသတ်ဘူး
ဆန့်ကျင်သူများကို တချက်လွှတ်ဤနေရာတွင်သတ်မည်..."
ကျိုးယန်၏စကားဆုံးတွင် ကျန်ရစ်သည့်လူများမှ ကျိုးယန်လက်အောက်ခိုလှုံလာကြသည်..။
"အဖိုးဝူ စစ်သည်တော်အချို့နဲ့ရွာသားတွေကိုခေါ်ပြီး ရွာကိုသန့်ရှင်းရေးလုပ်လိုက်ပါ..
ပြီးတော့စစ်သည်တဝက်ကို ဒီမှာထားပြီးအချိန်တခုထိ ထိန်းချုပ်ဖို့လည်းစီစဥ်ပေးပါဦး.."
ကျိုးယန်က ဒီရွာကိုထိန်းချုပ်ကာခြေကုတ်ယူချင်သည်...ဓားပြရွာဆိုသော်လည်း လူနေမှုအဆောက်အုံကအစ အရည်သွေးကောင်းသည်..။
မြေနေရာအနေထားလည်း စိုက်ပျိုးမွေးမြူရေးအတွက်သင့်တော်သည်မို့ ရွာကိုတိုက်ခိုက်ရုံဖြင့်လက်မလွှတ်နိုင်...။
သင့်တော်ရာမှာကြားပြီးသည်နှင့် ဓားပြခေါင်းဆောင်၏နေအိမ်သို့ဝင်လိုက်သည်..။
မြေအောက်ထဲတွင် ရွှေစများတောင်ပုံကလေးနှယ်ရှိကာ ချပ်ဝတ်များ စစ်လက်နက်များလည်းရှိနေသည်..ထို့အပြင် အဆင့် ၁ ၂ ဆေးပင်များလည်းရှိသေးသည်...။
အကုန်လုံးအား စနစ်၏သိုလှောင်ခန်းထဲသိမ်းလိုက်သည်...။
ပြီးနောက်....အိမ်၏ဧည့်ခန်းထဲ၌ပင်ထိုင်ကာ
အဖိုးဝူပြန်လာသည်ကိုစောင့်နေလိုက်သည်...။
"ရွာကိုရှင်းပြီးပါပြီ အလောင်းတွေကိုစုပြီးမီးရှို့လိုက်တယ် ရွာထဲမှာတိုက်ခိုက်နိုင်တဲ့လူက ၅၀၀ တောင်မပြည့်ချင်တော့ဘူး..မင်းသားဘာဆက်လုပ်မလဲ..တွေးထားလဲ..."
အဖိုးဝူ၏ အမေးကို ကျိုးယန်ကလေးနက်စွာဖြင့်
"ကျန်ရှိတဲ့လူတွေကို နဂိုအတိုင်းနေပစေကျုပ်တို့စစ်သည်တဝက်နဲ့တိုက်ခိုက်နိုင်တဲ့လူတွေစုပေါင်းပြီး တပ်ဖွဲ့တခု ယာယီထူထောင်ထားလိုက်..
ဒီရွာကိုအုပ်ချုပ်ဖို့ မနက်ဖန်တောက်ချင်ကိုလက်လွှဲပေးလိုက်မယ် တောက်ချင်လက်လွှဲယူတဲ့အခါကျ သူ့လက်အောက်က စစ်သည်တဝက်နဲ့အဖိုးရဲ့စစ်သည်တဝက်ကို နေရာချင်းလဲတာပေါ့"
"ကောင်းပါတယ်မင်းသား"
အဖိုးဝူမှ စောဒကတက်လိုဟန်မရှိပဲ လက်ခံသည်
ထိုနေ့ညက ဓားပြရွာမှာတင်အနားယူကာ
နောက်တနေ့မနက်အစော၌ အိမ်တော်ရှိရာသို့စစ်သည်တဝက်နှင့်အတူပြန်လာခဲ့သည်။
အဖိုးဝူကတော့ တောက်ချင်ကိုစောင့်ဆိုင်းရမည်မို့ဓားပြရွာတွင်သာစစ်သည်တဝက်နှင့်အတူကျန်ခဲ့သည်....။
"တိုက်ပွဲအောင်မြင်လာသည့်အတွက်ဂုဏ်ယူပါတယ်မင်းသား"
"ဂုဏ်ယူပါတယ်မင်းသား"
တောက်ချင် ချင်နှင့် ကျူးရုံတို့က ဝိုင်းဝန်းကာချီးကျူးကြသည်...။
မင်းသား၏ပထမဆုံးတိုက်ပွဲဆိုသော်ငြားလည်း
အထစ်အငေါ့မရှိ အောင်မြင်ခဲ့သည်မဟုတ်လား.။
"တောက်ချင်...မင်းလက်အောက်ကစစ်သည်တဝက်ကိုခေါ်ပြီး အဲ့ရွာကိုဦးစီးတော့ ရွာထဲ ရတနာအများစုကိုတော့ငါယူလာတယ် မင်းရောက်ရင်
လေ့ကျင့်မှုတွေဆက်လုပ်လိုက်..ပြီးရင်သတင်းအချက်အလက်စခန်းအဖြစ်ပုံစံပြောင်းပြီးအနီးအနားရွာတွေကို စုံစမ်းပေး..
မင်းစစ်သည်အတွက်လိုအပ်တဲ့ရိက္ခာလက်နက်တွေကို လစဥ်ပို့ပေးမယ်...နေမမြင့်ခင်သွားတော့.."
ကျိုးယန်က တောက်ချင်ကိုမှာသည်...။
အားကိုးစရာ လက်ရုံးတယောက်အနားမှထွက်သွားသည်ဆိုသော်လည်း သူ့အတွက်အဆင်ပြေသည်...။
......................................................................