← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

အိမ်တော်သို့ရောက်သည်နှင့် တနေကုန်အနားယူပစ်လိုက်သည်..။

တိုက်ပွဲတွင် ကျိုးယန်အနေဖြင့် လူဘလောက်များသတ်ခဲ့သည်လည်းမသေချာတော့...။

ဒင်!!!

ဖုံးကွယ်ထားသည့်အဆင့်မြင့်တာဝန်အားပြီးဆုံးသွားပါပြီ..

ဆုလာဘ်အနေဖြင့် ကျင့်ကြံ၅ ဆင့်

ခေတ်မီ အမြှောက်လက်နက် ၃လက်နှင့်လက်နက်ကျည်ထုတ်လုပ်ခြင်းနည်းစနစ်

ဗိသုကာပညာရပ် အဆင့်၂ တို့ဖြစ်သည်..။

ဘာ!!ဖုံးကွယ်တာဝန်လား

တော်သေးတာပေါ့ တိုက်ပွဲထဲငါပါဝင်ခဲ့လို့ပေါ့

ထိုစဥ်စနစ်၏ဆုလာဘ်အဖြစ်..ကျင့်ကြံဆင့်မြင့်တင်ပေးသည့်စွမ်းအားများကကျိုးယန်၏ခန္ဓာကိုယ်ထဲဝင်လာသည်။

ဟူး...သက်တောင့်သက်သာရှိလိုက်တာ..။

စစ်သည်တော် အဆင့် ၈ ၉

သိုင်းပညာရှင် ၁

သိုင်းပညာရှင် ၂ ၃ ထိရောက်ကာရပ်တန့်သွားသည်

အသက်၁၇ နှစ်မဖြစ်ခင်သိုင်းပညာရှင်အဆင့်၃

ဒါကလွန်ကဲသည့်ပါရမီဖြစ်သည်...။

"စနစ် ငါ့အတွက်သိုင်းကျင့်စဥ်တွေမရှိဘူးလား"

ကျိုးယန်၏အမေးကိုစနစ်မှ

"..ရှိပါတယ်..

တာဝန်တွေပြီးမြောက်ရင်ရပါလိမ့်မယ်"

"လာပြန်ပြီဒီတာဝန်.."

ကျိုးယန်စိတ်လေသွားသည်.။

စွမ်းအားသာရှိပြီး ဘာကျင့်စဥ်မှမရှိ အခြေခံဓားခုတ်ချက်များသာတတ်၍ တကယ့်တိုက်ပွဲဆိုအသုံးမဝင်နိုင်..။်

ခက်ချေပြီ...။

ခေတ်မီအမြှောက်ကြီးရတာကတော့ တန်ပါတယ်လေ...။ စနစ်မှပေးသည့်အမြှောက်ကိုအခန်းထဲတွင်ထုတ်မကြည့်သေး သိုလှောင်ခန်းထဲတွင်ပင်ထားလိုက်သည်...။

နောက်ရက်မှသာ လေ့ကျင့်ရေးကွင်း၌ထုတ်ပြကာလေ့လာစေမည်...။

ကျည်လက်နက်နည်းပညာဆိုတော့ ကျည်ဆံတွေက ငါကိုယ်တိုင်လုပ်ရမှာလား..စားပြီဒီစနစ်ကတော့..။

အဲ့ကိစ မြွေမျိုးနွယ်စုကိစပြီးမှရှင်းမယ်

လတ်တလောတော့ စနစ်ကထောက်ပံ့ပေးထားတဲ့လက်နက်အကန့်အသတ်နဲ့ပဲ ဖြေရှင်းတာပေါ့။

ထိုနေ့ညတွင်ပင် ဗိသုကာပညာကိုလေ့လာတော့သည်..။

လမ်းတံတား ဆောက်လုပ်ရေးများပါဝင်လာပြီး

အထပ်မြင့် အဆောက်ဦးပုံစံ ဒီဇိုင်းများအပန်းဖြေအိမ်ရာအသေးစားများလည်း ပါဝင်သည်။

ဒါတကယ်မိုက်တယ်...ကမ္ဘာမြေကလို

ခြောက်လမ်းသွားတွေချဲ့ပြီး ဘယ်ညာ ယာဥ်မောင်းစနစ်နဲ့ဆို ကွက်တိကို ဖြစ်နေတာပဲဟ

ဟိုပြည်နယ်လိုလမ်းရှိပြီးလူမရှိရင်တော့ခက်သားဟားးးဟားးး

တဦးတည်း တွေးရင်းလေ့လာရင်းပျော်နေသည်။

စနစ်မှ တခါတည်းဥိးနှောက်ထဲ ပို့ပေးသည်မို့သိပ်မလေ့လာရ အကုန်နားလည်သွားသည်..။

အိမ်တော်ဝန်းတခုလုံးကို အပိုင်း၃ ပိုင်းထပ်ခွဲရမယ် နေထိုင်ရေး လေ့ကျင့်ရေးနဲ့အပန်းဖြေရေး..

သုံးခုထားမယ်။

အပန်းဖြေဖို့အတွက် ရေကူးကန်ဆောက်ရမလား

ပန်းခြံဆိုရင်ကော... တမိုင်ပတ်လည်က သေချာတွေးလျင်ကျဥ်းသေးသည်...ပန်းခြံကအဆင်မပြေသေး ရေကူးကန်တခုပဲဆောက်တာပေါ့...။

"မင်းက တကယ်ကိုစိတ်ထဲပေါ့ပေါ့ပါးပါးနေပစ်တာနော် စနစ်ရှင်"

စနစ်မှထေ့ငေါ့ပြောသည်။

"ပျော်ပျော်နေသေခဲ တဲ့

ဒီလောကထဲရောက်တယ်ဆိုပေမယ့် ငါကငါပဲလေ အကျင့်စရိုက်ကိုပြောင်းစရာအကြောင်းမရှိဘူးမဟုတ်လား..."

"ဟုတ်ပါပြီ"

တနေကုန်အနားယူပြီးနောက် ညစာစားချိန်တွင်စားသောက်ခန်းသို့သွားသည်။

အိမ်တော်၏စည်းကမ်းအနေဖြင့်ဘလူတိုင်းစားသောက်ခန်းတွင် စားရမည်ဖြစ်ပြီး မိသားစုရှိသူများသာ မိမိအိမ်၌ချက်စားရမည်ဖြစ်သည်။

စားသောက်ခန်းတွင် မည်သူမှမရောက်ကြသေး

အချက်အပြုတ်အစေခံများသာ အလုပ်များနေကြသည်..။

"အရှင့်သားကိုနှုတ်ဆတ်ပါတယ်"

"မဂ်လာပါအရှင့်သား"

ကျိုးယန်မှ အစေခံများကို ခေါင်းညိတ်ပြကာနေရာတွင်ထိုင်သည်..။

"ဒီကနေ့ဘာဟင်းတွေလဲ.."

"ကျားရဲသားနဲ့ ဟင်းသီးဟင်းရွက်အချို့ပါအရှင့်သား.."

"လူတိုင်းအသားစားရ ရဲ့လား"

ကျိုးယန်ရဲ့အမေးကိုအစေခံက

"စားရပါတယ်အရှင့်သား လေ့ကျင့်ရေးသမားတွေအမဲလိုက်ထားတဲ့အသားတွေကိုခွဲခြမ်းပြီးနေလှန်းထားလို့အချိန်တော်ကြာရိက္ခာမပြတ်တော့ပါဘူး.."

​ရေခဲသေတ္တာရှိရင်ကောင်းမယ်..။

ကျိုးယန်ညည်းတွားမိသည်။ အသားခြောက်များကရေရှည်စားလို့မကောင်း ရေခဲသေတ္တာသာကှိလျှင်အဆင်ပြေနိုင်သည်..။

"အသားခြောက်တွေကို အားလုံးခွဲယူလိုက်တော့

နောက်နေ့စားဖိုဆောင်မှာ မထားနဲ့ ပြီးတော့သန်မာတဲ့ ယောက်ကျားအချို့ စစ်သည်တွေနဲ့ပေါင်းပြီးအမဲလိုက်ကြ နေ့တိုင်းလတ်ဆတ်တဲ့အသားရှိပစေ...အသားကမလတ်ရင်ရလာမယ့်အစာရကလည်းမပြည့်ဝဘူး "

"ဟုတ်ကဲ့.."

အစေခံက ကျိုးယန်၏မှာကြားချက်ကိုမှတ်သားထားလိုက်သည်..။

"အစ်ကိုကြီးပြန်ရောက်နေတာလား"

ထိုစဥ်သာယာသည့် အသံလေးတခုပေါ်လာကာလူရိပ်တခု စားသောက်ခန်းထဲဝင်လာသည်။

"မင်းတနေကုန် ပျောက်နေပါလား စုယင်ဘာတွေလုပ်နေလဲ..."

"ညီမ အိမ်ဝန်းထဲကဆောက်လုပ်ရေးတွေကိုလေ့လာနေတာပါ အစ်ကိုကမင်းသားမဟုတ်လား

အိမ်တော်ရဲ့ပုံစံက စစ်စခန်းနဲ့တူနေသလားလို့"

စုယင်က တွေးတွေးဆဆပုံစံဖြင့်ပြောသည်။

"ဟုတ်တယ် ကိုယ်လည်း အပန်းဖြေ ဖို့ရေကူးကန်တချို့ပုံကြမ်းထုတ်ထားတယ် ကျူးရုံကိုခေါ်လိုက်စုယင်ဒီညတခါတည်းအပ်လိုက်တာပေါ့

အိမ်တော်ကိုစစ်စခန်းနဲ့အလုံးစုံတူနေလို့တော့အဆင်မပြေဘူးမှတ်လား.."

ကျိုးယန်က ရယ်မောကာဖြင့်ဆိုသည်..။

သူက လွတ်လွတ်လပ်လပ်နေလိုသူဖြစ်၍

စစ်စခန်းလိုနေရာမျိုးကိုသဘောမကျ

အခြေနေတခုကြောင့်သာဆောက်ထားရခြင်းဖြစ်သည်။ ထို့ကြောင့် ဘောင်အတွင်း၌တော့ပျော်စရာရှာရပေမည်..။

"ကောင်းပြီ ညီမအခုပဲ ကျူးရုံကိုသွားခေါ်လိုက်မယ်"

စုယင် တယောက်စားသောက်ခန်းမှ ပြန်ထွက်သွားသည်။

ခနအကြာ ကျူးရုံရောက်လာကာ ရေကူးကန်ဆောက်လုပ်ရေးပုံကြမ်းများနှင့်ကိစအရပ်ရပ်အားဆွေးနွေးကြတော့သည်..။

မြွေမျိုးနွယ် အိမ်တော်..

"ဘာ!!ဓားပြကျေးရွာကြီးသိမ်းပိုက်ခံလိုက်ရတယ်ဟုတ်လား ဘယ်သူ့လက်ချက်လဲ.."

မြွေမျိုးနွယ်မင်းသမီး၏ အမေးကိုအစေခံက

"သတင်းအချက်အလက်အရ

မြို့တော်ကနေ ဒဏ်ပေးခံထားရတဲ့ မင်းသား၈

ကျိုးယန်ရဲ့လက်ချက်လို့ကြားပါတယ်

သူတို့က ထူးဆန်းတဲ့လက်နက်တွေနဲ့ တိုက်သွားကြတာပါ အခုလည်းရွာကိုခြေကုပ်ယူလိုက်ပါပြီ"

မင်းသမီး တွေးသွားရသည်။

"ထူးဆန်းတဲ့လက်နက် ထူးဆန်းတဲ့လက်နက်"

လူအင်အားတရာတည်းနဲ့ အဆ၅၀ ကျော်ကွာတကိုတောင်တိုက်နိုင်တာ ဘယ်လိုလက်နက်လဲ

အဆင့်မြင့်လက်နက်များလား...။

တောပုန်းအဖွဲ့နေရာ...

တောင်ဘက်ချိုင့်ဝှမ်း..

"ဒါဆို မင်းသားကျိုးလက်ချက်ဆိုတာသေချာပြီပေါ့..."

"ဟုတ်ပါတယ် အချိန်အတော်ကြာတည်ငြိမ်နေတဲ့မင်းသားကခုမှစလှုပ်ရှားတာပါ..."

"အဖေ ဒါ ကျုပ်တို့မြွေမျိုးနွယ်ကိုသိမ်းပိုက်မယ့်ကိစကိုများ ထိခိုက်နိုင်လား.."

တောပုန်းအဖွဲ့သခင်လေးမှ သူ့အဖေကိုမေးသည်။

သူကမြွေမင်းသမီးကို ဓာတ်ကျနေသူဖြစ်၍ မြွေမျိုးနွယ်တခုလုံးကို သိမ်းပိုက်ကာ အချောအလှအားလုံးကို ကုတင်ပေါ်တင်ချင်နေသူဖြစ်သည်။

"မပြောတတ်ဘူး...ထူးဆန်းတဲ့လက်နက်

ပစ်လိုက်ရင်အသံကလည်း ကြောက်ဖို့ကောင်းတယ် စစ်သည်တော်အဆင့်၉ တောင်မကာကွယ်နိုင်ဘူးဆိုတော့ သေချာပေါက်အဆင့်မြင့်လက်နက်ပဲ အရေအတွက်များနေသေးတယ်.

ဒါမယ့် မင်းစိတ်ပူစရာမလိုပါဘူး..အဖေတို့ကအင်အား ၂၀၀၀၀ ကျော်တဲ့အင်အားစုကြီးပါ

အလေနတော ဓားပြရွာလေးမှမဟုတ်ပဲ..

အဖေတို့ အစီစဥ်ပျက်စရာအကြောင်းမရှိပါဘူး"

တောပုန်းအဖွဲ့ခေါင်း ဟွမ်က ဆိုသည်။

သူ့အနေဖြင့် မင်းသားကျိုးကိုအလေးနက်မထား။

အဆင့်မြင့်လက်နက်လည်း ဘာအရေးလဲ

လက်နက်ဆိုသည်ကား ပြင်ပခွန်အားသာဖြစ်၍

အကြွင်းမဲ့သိုင်းပညာအောက်တွင် သုံးစားမရပေ။

"အဖေရက်ချိန်းက နောက်တပတ်ဆိုပြည့်ပြီမလား"

ဟွမ်ချမ်းက မေးသည်..။

"ဟုတ်တယ်..နောက်တပတ်ဆိုသလင်းကျောက်တွင်းကိစ အဖြေသိရပြီ.ဘလိုအခြေနေပဲ ဖြစ်ဖြစ်အဲ့နေက မြွေမျိုးနွယ် ပျက်သုန်းတဲ့နေ့ပဲ

ဟားးးးဟားးး.အနောက်ဘက်ဒေသတခုလုံးကိုလွှမ်းမို့ဖို့အချိန်တန်ပြီငါ့သား..."

"ဟုတ်တယ် ကျုပ်တို့ဒီဒေသကြီးတခုလုံးချုပ်ကိုင်ပြီးရင် မင်းနေပြည်တော်က ပထမမင်းသားဆီခစားလို့ရပြီ..သူက လက်ရှိမှာထီးနန်းအတွက်အားအကောင်းဆုံးပဲ သူသာထီးနန်းရရင်ကျုပ်တို့လည်းအနာဂတ်လှပြီအဖေ.."

"ဒါပေါ့ကွ...ကျန်တဲ့မင်းသားတွေနဲ့မင်းသမီးတွေကိုလည်းအထင်မသေးနဲ့ဦး မင်းသမီးငယ်လေး

ကျိုးရွှမ်က သိုင်းပညာရှင်အဆင့်၇ ကိုရောက်နေပြီ သူ့နောက်ကွယ်မှာ အိမ်တော်ကြီးတွေရှိသေးတယ် ဘာပဲပြောပြောစုန့်ပြည်ထောင်စုထောက်ခံမှုရထားတဲ့ပထမ မင်းသားကိုတော့သူမယှဥ်နိုင်ပါဘူးလေ..."

"အဖေ မင်းသားကျိုးက အမှိုက်မဟုတ်လား

သူ့လက်အောက်ကအစေခံကလည်း စစ်သည်တော်အဆင့်၇ တဲ့ ရယ်ရတယ် အဲ့အဖိုးကြီးဆိုကျုပ်အနေနဲ့ဓားချက်တချက်ပဲသုံးမယ်.."

"အင်းသူက အဖေတို့နဲ့ခေတ်ပြိုင်ပဲ ဒဏ်ရာကြောင့်သာ ကျင့်ကြံခြင်းမတိုးတက်တော့တာအခုအဖေတောင်သိုင်းပညာရှင် အထွဠ်အထိပ်ဖြစ်နေပြီ သူကစစ်သည်တော်မှာပဲရှိသေး...သူ့အတွက်သက်တမ်းကအများဆုံးကျန်လှ နှစ်နှစ်ပေါ့.."

တောပုန်းဟွမ်ပြောသည်မှာ ယခင်အတိုင်းဆိုမှန်သည်။ သို့သော်ကျိုးယန်၏အကူညီကြောင့်သိုင်းပညာရှင်အဆင့်၅ ရောက်သွားသည်ကိုတော့သူမသိသေး ဓားပြရွာကိုတိုက်ရာမှာလည်း ဓားပြခေါင်းဆောင်က စစ်သည်တော်အဆင့်၇ သာရှိသူမို့ အဖိုးဝူသတ်နိုင်သည်ဟုသာခပ်ပေါ့ပေါ့သွားကြသည်...။

All Chapters