အခန်း (၁၄)
Vol. 1 Ch. 14
အဖိုးဝူက ကျိုးယန်ကိုပြေးပွေ့သည်...။
ဝေါ့...
သွေးတပွက်အန်ထုတ်လိုက်ရသည်...။
ရင်ညွှန့်ရိုးများ ကျိုးသွားနှယ်ခံစားလိုက်ရသည်။
သိုင်းပညာရှင်အထွဋ်အထိပ်၏ ဖိအားကပြင်းထန်လှပေစွ....။
မင်းသမီး၏မျက်နှာကတင်းမာသွားသည်..။
လက်ထဲမှာဓားဖြင့် သိုင်းကွက်ဖော်ကာ တောပုန်းဟွမ်ဆီ တိုးဝင်တော့သည်..။
သူမရဲ့ဒဏ်ရာတွေကိုဂရုမစိုက်နိုင်တော့...။
"မင်းသား အနားယူလိုက်ပါ ကျုပ်ဆက်ပြီးတာဝန်ယူလိုက်မယ်..."
အဖိုးဝူက ကျိုးယန်ကို တိုက်ပွဲအပြင်တနေရာတွင်ချပေးကာ နားစေသည်...။
ပြီးနောက်မင်းသမီးနှင့်အတူ တိုက်ခိုက်ရန်
ပြေးဝင်သွားတော့သည်...။
ပျော့လိုက်တဲ့ခန္ဓာကိုယ်ကွာ...ခန္ဓာကိုယ်ကျင့်စဥ်လေးတခုခုများရှိထားရင်ကောင်းမယ်
အဆင့်မတူလည်းထိန်းထားလို့ရတာပေါ့...။
"နှစ်ယောက်ဝိုင်းတိုက်တာတဲ့လား ဟမ့်.."
"တော်စမ်း မင်းလိုကောင်အတွက်ဘာစည်းမှမလိုဘူး..."
အဖိုးဝူကလက်ထဲမှဓားဖြင့်ခုတ်သည်။
မင်းသမီးကလည်း တောပုန်းဟွမ်၏ တဖက်ကိုနေရာယူကာ တိုက်ခိုက်သည်...။
တိုက်ပွဲကအဆုံးသတ်နီးနေပြီ။
ရန်သူဖက်မှ ထွက်ပြေးသူများကိုလိုက်လံဖမ်းဆီးပြီး လက်နက်ချသူများကိုတော့ ကျိုးယန်မှာထားသည့်အတိုင်း မသတ်ဖြတ်ပဲဖမ်းဆီးထားလိုက်သည်...။
တောပုန်းဟွမ်ဖက်တွင် တောပုန်းဟွမ်နှင့်အစ်ကိုကျန်းသာကျန်တော့သည်..။
ကျန်သူများက လက်နက်ချသူနှင့်သေဆုံးသူများဖြစ်သည်...။
မင်းသမီး၏ဓားချက်တခုက တောပုန်းဟွမ်၏ ဘယ်ဘက်ကိုခုတ်ပိုင်းမိလိုက်သည်။
အားးးး
ဒယီးဒယိုင်ဖြင့်နောက်ဆုတ်သွားရသည်။
တကိုယ်လုံးဒဏ်ရာအပြည့်ရထားသည်မို့
တောပုန်းဟွမ် မဟန်တော့။
"မင်းတို့....နောက်မှတွေ့မယ်..."
အဆောင်တခုကိုထုတ်ကာ ဖောက်ခွဲလိုက်သည်
"ဟမ်...လွတ်မြောက်အဆောင်လား..."
တောပုန်းဟွမ်တယောက် ဒဏ်ရာဗရပွနှင့်ထွက်ပြေးသွားသည်။
သူ့သားအလောင်းကိုတောင်မကောက်နိုင်တော့။
ဒီနေရာတွင်ဆက်နေရင် သူသေရတော့မည်ဖြစ်သည်....။
"တောက် ခွေးသားကြီးလွတ်သွားပြီ..."
ကျိုးယန်လည်း ဒေါသထွက်သွားရသည်။
တောပုန်းဟွမ်လိုလူမျိုးက...အလွတ်ပေးလိုက်လို့မရ အချိန်မရွေး ဒုက္ခပေးနိုင်သေးသည်။
တဖက်တွင် အစ်ကိုကျန်းနှင့်အစ်ကိုကျင်းတို့တိုက်ပွဲက မပီးသေး...။
တောပုန်းဟွမ်...ထွက်ပြေးသည်ကိုမြင်ပြီးနောက်အစ်ကိုကျန်းလည်းဆက်မနေရဲတော့ ပြေးဖို့ပြင်သည်...။
"ဟမ့်..ပြေးချင်တာလား."
မင်းသမီးမှ အစ်ကိုကျန်း၏နောက်ကျောဘက်ကိုခုန်ဝင်ကာ ဓားချက်တချက်ခုတ်ပိုင်းသည်...။
အဆင့်ကွာသည်ကတကြောင်း
ဒဏ်ရာရထားသည်မို့ ခွန်အားမကျန်တော့သည်လည်းပါကာ အစ်ကိုကျန်းထိုဓားချက်ကိုမကာနိုင်တော့...ဒူးထောက်ကျသွားသည်....။
"ဟူးးးးပြီးပြီ...."
"ထွက်ပြေးတဲ့သူတွေအကုန်လိုက်ဖမ်းစမ်း
ခုခံရင်နေရာတင်သတ်ပစ်..."
ကျိုးယန်နားနေရာမှထကာ အစ်ကိုကျန်းဆိုသူဆီသွားလိုက်သည်...။
"ဘယ်လိုလဲနောင်တော်ကြီးရဲ့ မြွေမျိုးနွယ်ကမတွန်းလှန်နိုင်ဘူးဆို..."
"မင်းနိုင်သွားပြီပဲ...သတ်ချင်သတ်လိုက်တော့အပိုတွေမပြောနဲ့..."
"မပူပါနဲ့ ခဗျားအတွက်ပြစ်ဒဏ်ကရှိပြီးသားပါ
အာ့ကိုမင်းသမီးကတာဝန်ယူလိမ့်မယ်"
ကျိုးယန် မင်းသမီးဘက်လှည့်ကြည့်ကာမေးသည်။
"သူ့ကိုခဗျားတို့တာဝန်ယူမယ်မဟုတ်လား"
"အင်း...မျိုးနွယ်စုအပြစ်ဒဏ်အရအပြစ်ပေးလိုက်ပါ့မယ်..."
"ကောင်းပြီ...တိုက်ပွဲမြေပြင်ကိုရှင်းလိုက်တော့
ကျုပ်တို့နားလို့မရဘူး..တောပုန်းဟွမ်တို့ရွာဆီတခါတည်းချီတက်ပြီးသိမ်းကြမယ်..."
ကျိုးယန်ရဲ့စကားကိုကြားသော်အဖိုးဝူက
"မင်းသားမလိုက်နဲ့တော့...ကျုပ်နဲ့တပ်မှူးချင်တာဝန်ယူလိုက်မယ်
မင်းသားက အနားယူလိုက်ပါ..."
ကျိုးယန်စဥ်းစားကြည့်သည်။
တဖက်တွင် အင်အားကြီးရန်သူမရှိတော့သည်မို့
ရွာကိုသိမ်းရန်လွယ်သည်။
တောပုန်းဟွမ်ကလည်း သူ့သေတွင်းသူပြန်မယ်မထင်...။သေချာပေါက် ရွာအသိမ်းခံရမည်ကိုသူတွက်ဆနိိုင်သည်...။
"ကောင်းပြီ...သတိတော့ထားပါ
ကျုပ်ဒီမှာပဲနားပြီစောင့်နေမယ်..."
"ကောင်းပါပြီမင်းသား..."
အဖိုးဝူလည်း တပ်မှူးချင်နှင့်သူ့အဖွဲ့ကိုခေါ်ကာထွက်သွားသည်..။
အထိခိုက်အရ ကျိုးယန်တို့အဖွဲ့လည်းလူနှစ်ဆယ်ခန့်သေဆုံးကာ တရာနီးပါးဒဏ်ရာပြင်းထန်ရကြသည်။
သေနတ်သမားနှစ်ရာကျော်ကတော့..ထိခိုက်မှုမရှိကြ...။
သူ့လူများ၏အလောင်းကိုကြည့်ကာ ကျိုးယန်စိတ်ထိခိုက်သွားသည်...။
ထိုလူတွေ၏အနောက်ကမိသားစုကို အစေခံဘဝမှလွတ်မြောက်စေကာ အရင်းအနီးတချို့သူထောက်ပံ့ရမည်...။
"ကျမတို့..အိမ်တော်ထဲ ပြန်ဝင်ကြရအောင်မင်းသား"
မင်းသမီးက အစ်ကိုကျန်းဆိုသူကိုဆွဲခေါ်စေကာ
ကျိုးယန်နှင့်အတူ အိမ်တော်ဝန်းထဲ ဝင်ရောက်သည်။
တိုက်ပွဲက အိမ်တော်ဝန်းနားကပ်သည်ဆိုပေမယ့်
အိမ်တော်ဝန်းကိုတော့ထိခိုက်မှုမရှိပေ...။
ဒင်!!!
တာဝန်ကြီးပြီးမြောက်ပါပြီ
ဆုလာဘ်များ.... သိုလှောင်ရုံထဲထည့်ပြီးပါပြီ
ကျင့်ကြံဆင့်အတွက် စနစ်ရှင်ကိုအခုပဲ တိုးမြင့်ပေးလိုက်ပါမယ်...
ကျိုးယန်လည်း ကုတင်ပေါ်တင်ပျဥ်ခွေထိုင်ကာ
အသင့်ပြင်လိုက်သည်...။
စနစ်၏လုပ်ဆောင်မှုက ရိုးရှင်းကာသူ့ခန္ဓာကိုယ်ထဲတိုးဝင်လာသည်..ချီများကို ပြန်လည်ဖြန့်ကျက်လိုက်ရုံပင်....။
သိုင်းပညာရှင် ၄ ၅ ၆ ၇ ၈ ၉
တဆက်တည်း အဆင့်တက်သွားသည်...။
ကျိုးယန်၏အရှိန်အဝါက အခန်းတခုလုံးလင်းသွားကာ ပတ်ဝန်းကျင်တွက်လည်းလေပြင်းများတိုက်သလိုရုန်းရင်းဆန်ခတ်ဖြစ်သွားသည်...။
"အတော်အဆင်ပြေတာပဲ
ငါ့ဒဏ်ရာတွေလည်းသက်သာကုန်ပြီ
ဒီတညနားလိုက်ရင် မနက်ဖြန်ဆိုအကောင်းတိုင်းဖြစ်ပြီ..."
"ဘယ်သူအဆင့်တက်တာလဲ..."
မင်းသမီးလည်း သူ့အခန်းတွင်နားနေရင်း အဆင့်တက်သည့်လက္ခဏာကို တွေ့လိုက်ရသည်မို့ သိလိုစိတ်ဖြစ်သွားသည်။
"မင်းသားကျိုးလား..."
"သူပဲနေမှာပါ..
ဘယ်အဆင့်ကိုတက်တာလဲ သိုင်းပညာရှင်အဆင့်၄ ဖြစ်မယ်..."
အစ်ကိုကျန်းကိုတော့ ထောင်ထဲထည့်ကာ
ပြစ်ဒဏ်အတွက်မနက်ဖန်မှတိုင်ပင်ကြမည်ဖြစ်သည်...။
မင်းသမီးလည်း သူမခန္ဓာကိုယ်မှ ဒဏ်ရာများကိုကုသတော့သည်....။
"ဆောက်လုပ်ရေးကားဆိုတော့မြေသယ်မြေတူးတဲ့ဝန်ချီစက်တွေလားစနစ်.."
"ဟုတ်ပါတယ် "
စနစ်မှပြန်ဖြေသည်။
နည်းပညာပါတွဲလျက်ပါသည်မို့လိုအပ်ရင် အရေ
အတွက်အမြောက်အများ ထပ်မံထုတ်လုပ်နိုင်
သေးသည်။
ကျိုးယန်လည်း ဆုလာဘ်များကိုဒီနေရာတွင်ထုတ်ဖော်ရန်အဆင်မပြေသေး.။
သူ့အိမ်တော်ရောက်မှ...ထုတ်ကာ စမ်းရမည်။
"သံချပ်ကာကားတွေက တိုက်ပွဲမှာအသုံးဝင်တယ်
ငါစမ်းမောင်းကြည့်ရမယ်"
ကျိုးယန်တယောက် အစီစဥ်ချနေသည်။
မင်းသမီးနှင့်အတူ သလင်းကျောက်တွင်းကိစပြီးတဲ့အခါ ဆောက်လုပ်ရေးကားများအသုံးပြုနည်းကိုသူ့လူတွေဆီသင်ကြားကာ လမ်းဖောက်စေမည်...။
ထိုမှသာ တနေရာမှတနေရာသို့သွားလာရန်လွယ်ကူစေမည်ဖြစ်ပြီး မူလစိတ်ကူးထားသည့်အတိုင်း တိုးချဲ့နေရာများကိုလည်းထပ်မံတည်ဆောက်ကာ ကုန်သွယ်ဇုန်တခု တည်ဆောက်မည်..။ ယခုတွင်တောပုန်းဟွမ်အဖွဲ့မရှိတော့သည်မို့ ဒီနေရာမိုင်၁၀၀ ပတ်လည်တွင်သူကချုပ်ကိုင်ပြီးသားဖြစ်နေသည်။
အနောက်ဘက်ဒေသတခုလုံးလား...
အချိန်ယူရဦးမည်။
နှစ်နှစ်အတွင်း အောင်မြင်ကာ မြို့တော်ကိုထိုးဖောက်မည်ဟုတွေးသည်..။
အချိန်ဆယ်နှစ်ဆိုပေမယ့် စောလျှင်လည်းအဆင်ပြေသည်...။
"မင်းသမီးတယောက်အဆင်မှပြေရဲ့လားမသိ"
ကျိုးယန်လည်း မင်းသမီးကိုအနည်းငယ်စိတ်ပူနေသည်...။
သူမတွင် တောပုန်းဟွမ်၏ဓားချက်များထိထားသည်မဟုတ်လား....။
"ထားပါလေ သူကငါ့ထက်စာရင်အတွေ့အကြုံများတယ်..အတင်ပြေမှာပါ...."
ပြတင်းပေါက်မှနေ၍ အပြင်ကိုငေးကြည့်မိသည်။
"၃ လကျော်ပြီ
ငါဒီကမ္ဘာမှာနေသားမကျသေးဘူး..
ငါ့စိတ်ကပျော့ညံ့နေတုန်းပဲ...
အသက်ရှည်ပါ့မလား..."
သတ်ဖြတ်ခြင်းနဲ့ ကင်းကွာခဲ့သူမို့တိုက်ပွဲတွေက
ကျိုးယန်ကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေသည်...။
"စနစ်ကိုအဆင့်မြှင့်တင်ပြီးပါပြီ"
"ဟမ် ဟုတ်သား စနစ်ကဗားရှင်းပြောင်းသွားဦးမှာပဲ.."
"ထပ်တိုးစနစ်မှဘာတွေပါလဲ"
"စနစ်ရှင်အတွက်ကုန်ကြမ်းစတိုးဆိုင်ပေါ်လာပါပြီ..."
"လူအင်အားစုဆောင်း၍ ရမှတ်များရရှိကာ
စတိုးတွင်ပြန်လည်အသုံးပြုနိုင်သည်.."
"လူအင်အားစုဆောင်းတာဟုတ်လား..
လက်ရှိလူအင်အားကကော အကျုံးဝင်လား"
"အကျုံးဝင်ပါတယ်"
အမည်....ကျိုးယန်
ကျင့်ကြံဆင်....သိုင်းပညာရှင်အထွဋ်အထိပ်
လူအင်အား..၁၅၀၀
ရမှတ် ၁၅၀၀
"၁၅၀၀ ပဲလားမကဘူးနော်စနစ်.."
"တိုက်ပွဲတွင် ပါဝင်နိုင်သည့်လူများကိုသာတွက်ချက်မည်..."
ချီးးးးကပ်သပ်လိုက်တာကွာ....
"ဒါနဲ့မဟာမိတ်အင်အားကောအကျုံးဝင်လား"
"မဝင်ပါဘူးလက်အောက်ခံအင်အားသာအကျုံးဝင်မည်......"
"အေးပါကွာ"
ကျိူးယန်လည်းစိတ်ပျက်သွားသည်။
လက်အောက်ခံအင်အားအတွက်က အချိန်ကြာဦးမည်မဟုတ်လား။
တခုရှိသည်က တောက်ချင်တယောက်နယ်မြေချဲ့ထွင်နေသည်မို့ အဆင်ပြေနေသည်..။
သူ့အနေဖြင့် အင်အားစုရမှတ်များအလွယ်ရနိုင်ပေသည်။
..........................................................................
စာစဥ် ၁ ပြီး၏