← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

"တောပုန်းအဖွဲ့သက်မှတ်ထားတဲ့ရက်ချိန်းကသန်ဘက်ခါဆိုပြည့်ပါပြီမင်းသား ကျတော်တို့ မြွေမျိုးနွယ်စီ သွားကြတော့မလား..."

တပ်ဖွဲ့မှူးချင်မှ လျှောက်တင်သည်။

"မနက်ဖန်မနက်စောစော သွားကြတာပေါ့

တဖက်ကိုဘကြိုတင်အကြောင်းကြားထားလိုက်ပါဦး.."

"ကောင်းပါပြီမင်းသား..."

ထိုနေ့တွင်တော့ ကျိုးယန်တယောက်လက်နက်ထုတ်လုပ်မှုနည်းပညာကိုသာ လေ့လာနေလိုက်သည်...။ လိုအပ်သည့်ကုန်ကြမ်းက အနောက်ဘက်ဒေသတွင်ရှိသော်လည်း...တောပုန်းအဖွဲ့ကိုအမြစ်ဖြတ်ပြီးမှသာ...ရနိုင်မည်မဟုတ်လား..။

ကျိုးယန်၏ခြေလှမ်းက အနောက်ဘက်ဒေသကိုမြံမြဲစွာခြေကုပ်ယူ၍ မြို့တော်ကိုထိုးဖောက်ရန်ဖြစ်သည်...။

မြွေမျိုးနွယ်စုသည် တောပုန်းအဖွဲ့လောက်အင်အားမကြီးသော်လည်း အနှစ်တသောင်းကျော် လက်ဆင့်ကမ်းကြီးထွားလာသည့် မျိုးနွယ်မို့..ရတနာများပေါကြွယ်ကာ အရင်းအမြစ်များလည်းရှိသေးသည်...။

မိသားစုကြီးတွေ ပါဝင်လာနိုင်ချေရှိမလား..။

ပါဝင်လာနိုင်သည်..။

တောပုန်းအဖွဲ့၏နောက်တွင် မိသားစုကြီးများမရှိသော်လည်း အနောက်ဘက်ဒေသကိုကျော်၍

မြို့တော်ကိုရောက်ရင်တော့ ပထမ မင်းသား

ဒုတိယမင်းသားနဲ့ တတိယမင်းသမီးတို့ကိုယှဥ်ပြိုင်ရတော့မည်..။

သူ့အင်အားရာဂဏန်းက စာမဖွဲ့လောက်သေး..။

"အဖိုးဝူ..တောက်ချင်ကို မိုင်၂၀ ပတ်လည်အင်အားစုတွေကိုသိမ်းသွင်းဖို့ ပြောလိုက်ပါဥိး

မလိုအပ်ရင်သတ်ဖြတ်တာကိုရှောင်ပါ..

ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေကိုဂရုစိုက်ဖို့လည်းအထူးမှာပေးပါ..."

မြွေမျိုးနွယ်စီသွားနေချိန် တပ်မှူးချင်ကိုအိမ်တော်ကိုကာကွယ်စေကာ..တောက်ချင်ကိုနယ်မြေသိမ်းသွင်းစေမည်..အဖိုးဝူကတော့ သူနဲ့သွားမည်...။

"ကျမကောလိုက်လို့ရမလားအစ်ကိုကြီး.."

စုယင်က မေးသည်..။

"မင်းကလိုက်ချင်လို့လား..."

"လိုက်ချင်တာပေါ့ မြွေမျိုးနွယ်ကဘယ်လိုမျိုးလဲညီမလေးစိတ်ဝင်စားတယ်.."

"ကောင်းပြီ မနက်ဖန်စောစောထ.."

အဖိုးဝူက တွေ့ဆုံမှုလက်ဆောင်အတွက်စဥ်းစားနေသည်..။

"မင်းသား လက်ဆောင်အတွက် ဘာပေးကြမလဲ"

"ရွှေစ အချို့နဲ့ ကျုပ်တို့ရဲ့လက်နက်တွေထဲက

၃လက်ကိုကျည်အချို့နဲ့ပေးရင်ကော.."

ကျိုးယန်ရဲ့စကားကိုအဖိုးဝူမှ

"ဒါက ကျုပ်တို့ရဲ့အားသာချက်ကိုပြသလိုဖြစ်နေမလားမင်းသား.."

"အားသာချက်ပြတာတဲ့လား..သူတို့ကရန်သူမဟုတ်ဘူးလေ..မိတ်ဆွေတွေဖြစ်အောင်လုပ်ရမှာ

တခါတလေ တဖက်ကိုမြင်ချင်ရင်ကိုယ့်ဘက်ကပြဖို့လည်းလိုတယ်အဖိုးရဲ့ ယုံကြည်လောက်စရာအင်အားကိုမပြနိုင်ရင်..မဟာမိတ်ဖွဲ့ဖို့ဘယ်အဆင်ပြေ ပါ့မလဲ..."

"ဒါလည်းဟုတ်ပါတယ်လေ..."

အဖိုးဝူရဲ့သဘောအရတော့သေနတ်တွေကိုထုတ်မပြချင်....။

ဒါတောင်သူက အမြှောက်တွေကိုမသိသေး။

ထိုအရာတွေကိုသာသိလျင်မျက်လုံးမျက်ဆန်များပြူးကျယ်သွားနိုင်သည်...။

"အဖိုးဝူ ကျုပ်မှာအထူးလက်နက်ကြီးရှိသေးတယ် တပ်မှူးချင်နဲ့အဖိုးဝူတို့ တပ်ဖွဲ့တွေကို

စုစည်းထားလိုက်ပါ...လေ့ကျင့်ရေးကွင်းမှာ

ဆုံကြတာပေါ့.."

"ကောင်းပါပြီမင်းသား..."

နာရီဝက်အကြာ၌ အိမ်တော်ရှိစစ်သည်များ

ကျိုးယန်နှင့်ကျူးရုံ စုယင်တို့လေ့ကျင့်ရေးကွင်းတွင်ဆုံကြသည်...။

ထုံစံအတိုင်းစနစ်၏ သိုလှောင်ခန်းမှ လက်နက်ကြီး အမြှောက်တလက်ကိုထုတ်လိုက်သည်။

"ဒါကို အမြှောက်လို့ခေါ်တယ်..သူ့ရဲ့ပြင်းအားကိုတော့ မစမ်းရသေးဘူး ခုတခါတည်းပြရင်းစမ်းကြတာပေါ့.."

ယခင်ဘဝက အမြှောက်မပစ်ခဲ့ဖူး၍ အနည်းငယ်အခက်တွေ့နိုင်သော်လည်း...စနစ်၏လက်နက်များကအဆင့်မြင့်ကာသုံးစွဲရန်ရိုးရှင်းသည်..။

"စစ်သည်သုံးဦး အနားလာပါ..."

စစ်သည်သုံးဦးကို ခေါ်လိုက်သည်။ပြီးနောက်အများမြင်သာအောင် လက်နက်၏သုံးစွဲပုံကို ရှင်းပြသည်။ လက်နက်ကြီးကျည်ကိုဖြည့်သည်..။

"အရှေ့ဘက်တောင်ကမုကို သေချာချိန်ပါ

စနက်တံကိုမီးမရှို့ခင် လက်နက်ကြီးပတ်လည်မှာ

ကိုယ့်လူတွေကပ်မနေစေနဲ့.အနည်းဆုံး မီတာ၂၀ ခွာထားရမယ်"

မီးတုတ်ကိုကိုင်ကာ သေချာမှာသည်..။

အမြှောက်လက်နက်က အစွန်းနှစ်ဖက်ဖြစ်သည်။

တဖက်ကိုပစ်ဖို့ကြိုးစားရင်း ကိုယ့်ဘက်တွင်လည်း ပေါက်ကွဲကာထိခိုက်နိုင်သည်။

"အားလုံးအဝေးကိုဆုတ်တော့..."

စနက်တံကိုမီးရှို့ကာ ပစ်မှတ်ကိုချိန်သည်..။

ဝုန်း.....

ပေါက်ကွဲသံက မိုးကြိုးအစင်းပေါင်းမြောက်မြားစွာပစ်သည်ထက် ကျယ်သည်။

"အမလေး..."

စုယင်တယောက်လန့်သွားသည်။

မီတာ၅၀ နီးပါးတောင်ကမုကအမှုန့်ဖြစ်သွားသည်...။

အမြှောက်လက်နက်ဝထိပ်တွင်မီးခိုးများကထောင်းထနေသည်..။

ဒါကြီးနဲ့စစ်တိုက်ရင် တဖက်ရန်သူဘလောက်များများ တုန်းခနဲ ဖြစ်သွားစေမှာပဲ။

အဖိုးဝူမှဆိုသည်.

သူလည်းလက်နက်ကြီးကိုသဘောကျနေသည်။ .သိုင်းပညာရှင်များအနေဖြင့်တဦးချင်းတိုက်ရာတွင် အားသာသော်လည်းစစ်ပွဲဆို သည်ကား အောက်ခြေစစ်သည်များလည်းပါဝင်ကာ နှစ်ဖက်အင်အားစုသောင်းချီသိန်းချီ တိုက်ကြရသည်မဟုတ်လား..။

"တပ်မှူးချင် ဒီလက်နက်ကို အိမ်တော်ရဲ့အဓိကနေရာမှာနေရာချပြီးအလေးအနက်စောင့်ကြပ်ပါ

ဒါက နောင်မှာသေချာပေါက်အသုံးဝင်တယ်"

နေ့တပိုင်းခန့် လက်နက်အကြောင်းရှင်းပြကာ

အချက်အချို့နမူနာပစ်စေသည်..။ ထိုမှသာစစ်သည်တော်တွေအနေဖြင့် လက်နက်နှင့်အသားကျမည်မဟုတ်လား...။

ကျိုးယန်၏အမိန့်ကြောင့် တောက်ချင်တယောက်နယ်မြေရှင်းလင်းရေး စတင်တော့သည်။

အင်အား၃၀၀ တွင်လက်နက်ကိုင် ၅၀ ဖြည့်ကာ

မိုင်၂၀ ပတ်လည်ရှိ အင်အားစုများထံ သွားရောက်ကာသိမ်းသွင်းသည်...။

အချို့အင်အားစုများက ဓားပြကျေးရွာသတင်းကိုကြားထားသူများဖြစ်သည်မို့ သိမ်းသွင်းရလွယ်သည်။

အချို့အင်အားစုများကတော့ တင်းတင်းမာမာတုံ့ပြန်သည်မို့ တပါတည်းချေမှုန်းကာ သိမ်းပိုက်တော့သည်...။

"အားလုံးပဲ မင်းသားကျိုးက မိုင်၂၀ ပတ်လည်အင်အားစုအကုန်လုံးကိုသူ့လက်အောက်မှာရှိနေစေချင်တယ် အဲ့ဒီအတွက်ငါတို့ကြိုးစားရမယ်.."

"ဟုတ်ကဲ့...."

အင်အားစုများက ၂၀ ကျော်ရှိသည်မို့

တောက်ချင်တယောက်အချိန်ယူရမည်..။သို့သော်အမြန်မလို...တဖက်တွင် တောပုန်းအဖွဲ့ကိစ မင်းသားမှဖြေရှင်းလိမ့်မည်....။

"မင်းသားထွက်ခွာလို့ရပါပြီ...."

အဖိုးဝူမှလာရောက်ပြောကြားသည်...။

ထိုနေ့မှာပင် မြွေမျိုးနွယ်ဆီစတင်ထွက်ခွာခဲ့ကြသည်။

ဒါက ကျိုးယန်အနေဖြင့် အနောက်ဘက်ဒေသကိုလွှမ်းမိုးနိုင်မှုရှိမရှိကို အဖြေထုတ်မည့်ခရီးစဥ်ဖြစ်သည်...။

အောင်မြင်ပါကနောက်တဆင့် တောပုန်းအဖွဲ့ကို တန်ပြန်ကာ စစ်ပွဲကြီးဆင်နွဲရမည်...။

မအောင်မြင်သည်ရှိသော်..သူ့အနေဖြင့်ပိုအားစိုက်ထုတ်ရတော့မည် အထူးသဖြင့်မြွေမျိုးနွယ်ကိုသိမ်းပိုက်ရမည်...သူ့မသိစိတ်ထဲမြွေမျိုးနွယ်ကိုထိန်းချုပ်နိုင်မည်ဟု ယုံကြည်နေသည်

သူသည်စိတ်ထဲရှိသည့် အတိုင်းသာဆောင်ရွက်သည်..။ တခါမှမမှားခဲ့...။

"နေ့တဝက်လောက်တော့ ကြာနိုင်တယ်မင်းသား

အေးအေးဆေးဆေးအနားယူပါ"

တပ်မှူးချင်မှ ကျိုးယန်၏ရထားလုံးဆီလာကာပြောကြားသည်...။

"ကောင်းပါပြီ ပတ်ဝန်းကျင်ကိုသတိမပြတ်ထားကြပါ ရန်သူကနေရာတိုင်းမှာရှိတယ်..."

"စိတ်ချပါ မင်းသား"

ကျိုးယန်နှင့်စကားပြောပြီးနောက် တပ်မှူးချင်ပြန်ထွက်သွားသည်...။

"အစ်ကိုကြီးက ထီးနန်းပြိုင်ပွဲကိုအာရုံစိုက်နေပြီပဲ.."

စုယင်ကဆိုသည်။

စုယင်သည်လည်း သူနှင့်အတူလိုက်ပါလာသည်မို့လမ်းခရီးတွင် သူ့အတွက်အပျင်းပြေစေသည်။

စုယင်၏စကားကို ရထားလုံးအပြင်ဘက်မှအဖိုးဝူက အာရုံစိုက်နေလေသည်..။

မင်းသားဘာများပြန်ပြောမလဲ..

"ထီးနန်းဆိုတာက အမွေတမျိုးပဲစုယင်

ထိုက်တဲ့သူမှရတာ...အစ်ကိုက ထီးနန်းဆိုတာထက်အစ်ကို့နောက်မှာရှိနေတဲ့အစုအဖွဲ့ကိုအဆင်ပြေပြေဘဝနဲ့နေစေချင်တာ...

ဒီလောက ကရက်စက်တယ်...အမှန်တရားဆိုတာခွန်အားပဲ ခွန်အားမရှိရင်အမှန်တောင်အမှားဖြစ်နိုင်တယ်..."

"ဒါဆို သေချာပေါက်ထီးနန်းလုဖို့မဟုတ်ပေမယ့်အစ်ကိုကြီးက ကြိုးစားကြည့်မယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား..."

"သေချာတာပေါ့..အခုတောင်အစ်ကို့ရဲ့လှုပ်ရှားမှုတွေက လမ်းကြောင်းပေါ်ရောက်နေပြီလေ..."

"ညီမသိပါတယ် အစ်ကိုကြီးအနေနဲ့အောင်အောင်မြင်မြင်ကို ထီးနန်းသိမ်းပိုက်နေလိမ့်မယ်"

စုယင်မှ အလေးအနက်ပြောလာသည်။

"မထင်နဲ့ညီမလေး စုန့်ပြည်ထောင်ကိုသိတယ်မလား သူကပထမမင်းသားကိုထောက်ခံနေတယ်

ကိုယ့်ပြည်တွင်းရေးကိုတိုင်းတပါးဝင်စွတ်ဖက်တာ တကယ်တော့မကောင်းဘူး...ဒါမယ့် အကျိုးရှိအောင်ဘလိုအသုံးချမလဲပေါ်မူတည်သေးတယ်

နိုင်ငံရေးမှာ တံခါးဖွင့်ဝါဒဆိုတာရှိတယ်

ညီမလေးကိုတခုပြောပြမယ်"

ကျိုးယန်၏စကားစမှုကို အဖိုးဝူကောရထားလုံးဘေးလိုက်ပါသည့်စစ်သည်များပါစိတ်ဝင်စားသွားကြသည်...။

All Chapters