← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ကျိုးယန်က ဟိတ်ဟန်အပြည့်ဖြင့်ဆက်ပြောသည်။

သူ့ကမ္ဘာမြေက စစ်ပွဲတွေအကြောင်းဖြည့်စွပ်ကာပြောရတော့မည်..။

"တကမ္ဘာလုံးအတိုင်းတာနဲ့ဖြစ်တဲ့စစ်ပွဲကြီးတခုရှိခဲ့ဖူးတယ်...ဂျပန်ဆိုတဲ့နိုင်ငံက အဲ့စစ်ပွဲမှာသူတို့ရဲ့ မြို့ကြီးနှစ်မြို့ ပျက်စီးသွားရတယ် လုံးဝကိုသုံးမရအောင်ပျက်စီးတာနော် အဲ့မြို့မှာရှိတဲ့လူတွေလည်းမျိုးဆက်၂ခုစာလောက်ကို ချို့ယွင်းချက်တွေနဲ့မွေးဖွားစေတဲ့အထိပျက်အားပြင်းလက်နက်စာမိသွားခဲ့ကြတာ...ဆိုတော့...

ဂျပန်အစိုးရက စစ်ကိုအရှုံးပေးရုံပဲရှိတော့တယ်

ဘယ်လောက်ပဲ အာဏာရှင်နိုင်ငံဖြစ်နေပါစေ

အနည်းဆုံးပြည်သူ့မျက်နှာတော့ ကြည့်ရတယ်"

"မြို့နှစ်မြို့ပျက်ပြီး မျိုးဆက်တွေထိ ထိခိုက်စေတယ်တဲ့လား..ဘယ်လိုလက်နက်လဲအစ်ကိုကြီး"

စုယင်ကမယုံကြည်စွာမေးသည်..။

ဟုတ်သည်လေ ကျင့်ကြံခြင်းလောကတွင်ရှိသည့်လက်နက်တွေထဲ မည်သည့်လက်နက်က နောက်မျိုးဆက်တွေထိ ထိခိုက်မှုဖြစ်စေလို့လဲ...။

"ဓာတုလက်နက်လို့ပဲ ဆိုကြတာပေါ့

သူတို့ရဲ့ထိခိုက်မှုကို ဖြေရှင်းတဲ့နည်းကတံခါးဖွင့်ဝါဒပဲ..ပြည်ပမြုပ်နှံမှုတွေကိုဆယ်စုနှစ်ကြာအခွန်မပေးဆောင်စေပဲ ပွင့်ပွင့်လင်းလင်းတိုင်းပြည်ထဲဝင်ရောက်စေတယ် အခြေခံစားသောက်ကုန်တွေ စက်ပစ္စည်းတွေ အစရှိသဖြင့်ပေါ့..."

ကျိုးယန်က ခနနားပြီးနောက်ဆက်ပြောသည်။

အားလုံးကလည်း ကျိုးယန်၏စကားကို အာရုံကျနေကြသည်..။

"အထူးသဖြင့်တိုင်းပြည်ရဲ့လူငယ်မျိုးဆက်ပညာရှင်တွေကို နည်းပညာတွေသင်ယူစေတာပဲ..

အဲဒီမှာတခုပြောစရာရှိတာက ပြည်ပရင်းနှီးမှုဆိုတာလွယ်လွယ်မရနိုင်ဘူး သူတို့ကတဖက်ပြည်တွင်းမှာငြိမ်းချမ်းရဲ့လားသူတို့ရဲ့အကျိုးစီးပွားကိုထိန်းသိမ်းနိုင်ရဲ့လား အကုန်ကြည့်ကြတာ.. ဂျပန်အနေနဲ့ တသွေးတသံ တအာဏာသွားခဲ့တာဆိုတော့ ပြည်တွင်းစစ်မဖြစ်အောင်ကောင်းကောင်းကြီးထိန်းထားနိုင်တယ်

ဒါကပဲ ပြည်ပကိုဖိတ်ခေါ်ရာမှာအကျိုးရှိစေတာ.."

"ပြည်ပဝင်ရောက်စွတ်ဖက်မှုက တိုင်းပြည်ကိုအပြည့်အဝချုပ်ကိုင်တာမျိုးမဖြစ်သွားစေဘူးလား"

အဖိုးဝူမှထောက်ပြ ပြောဆိုသည်။

"လက်ခံတိုင်းပြည်အနေနဲ့မချုပ်ကိုင်နိုင်ရင်အဲ့အန္တရာယ်ကရှိနိုင်တယ်..."

အဖိုးဝူ အတွေးများသွားသည်။

"ဒါဆို စုန့်ပြည်ထောင်အနေနဲ့ပထမမင်းသားကိုကူညီတာက ရည်ရွယ်ချက်ကောင်းရှိမယ်မထင်ဘူး.."

"သေချာတာပေါ့...ဘယ်လောက်ပဲသေးငယ်တဲ့ပြည်ထောင်စုဖြစ်နေပါစေ..အသုံးဝင်တာတော့ရှိသေးတယ်မဟုတ်လား..."

ကျိုးယန်၏စကားက အကျိုးအကြောင်းသင့်ပေသည်။ စုန့်ပြည်ထောင်စုအနေဖြင့် နေ့လည်စာကိုအလကားပေးမည်တော့မဟုတ်..။

အကျိုးအမြတ်တခု ရသည်ဆို၍သာထောက်ခံသာဖြစ်မည်..။

"ဒါနဲ့ မင်းသမီး၃ပါးနဲ့ကော ဆက်ဆံရေးဘယ်လိုရှေ့ဆက်ကြမလဲ"

"အဲ့ကိစ္စကတော့မြို့တော်ရောက်မှသူတို့ဆက်ဆံပုံကိုမူတည်ပြီးစဥ်းစားရမှာပဲ..."

တော်ဝင်ထီးနန်းလုဖက်အများစုကမြို့တော်ကိုနောက်ဆုံးတွင် အခြေတည်ကြမည်ဖြစ်သော်လည်း ကျိုးယန်ကတော့ အနောက်ဘက်ဒေသကိုသာခြေကုပ်ယူမည်။ ပြောင်းလဲမှုများစတင်ခြင်းသည် လုံးဝအစမှ စတင်ခြင်းကသာပြီးပြည့်စုံစေသည်မဟုတ်လား...။

ရထားလုံးက ကြမ်းတမ်းသည့်လမ်းပေါ်ကွေ့ကောက်ကာသွားလာနေရသည်..။

တောတွင်းဆိုပေမယ့်...တောနက်ကြီးလိုတော့မဟုတ်ပြန်...။

ပတ်ဝန်းကျင်ကိုကြည့်ရင်း ဒီမြေကွက်တွေကိုသာ

လူနေအဆောက်အအုံအဖြစ် ပြောင်း၍တိုးချဲ့မြို့သစ်များစီမံမည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု ကျိုးယန်တွေးမိနေသည်...။

ကျင့်ကြံခြင်းလောက၏လူဦးရေသည်ကမ္ဘာမြေထက် အဆများစွာပေါများသည်...။

အထပ်မြင့်အဆောက်အုံနည်းပါးလမ်းပန်းဆက်သွယ်ရေးဆိုသည်ကလည်းမြို့တော် တဝိုက်သာ ကောင်းမွန်သည်။

ပြည်ထောင်စု၏နေရာအများစုကို ဂိုဏ်းကြီးများနှင့်သူပုန်များက ထိန်းချုပ်ထားသည်...။

သားရဲမျိုးနွယ်စုများသည်လည်း အင်အားမသေးလှပေ....။

"အဖိုးဝူ အနောက်ဘက်ဒေသတခုလုံးဆိုဘယ်လောက်ကျယ်လဲ...."

"ကီလိုမီတာ ၃၀၀၀ ပတ်လည်ဖြစ်မယ်မင်းသား

သေချာတော့မပြောတတ်ဘူး

အနောက်ဘက်ဒေသမှာမြို့တော်ကတခုပဲရှိပြီး

တောင်ဘက်နဲ့အရှေ့ဘက်ဒေသတွေမှာတော့

မြို့တော်တွေများတယ် အင်အားစုတွေကလည်းမှိုလိုပေါပြီး ကျုပ်ကြားရသလောက် ပကတိရှင်သန်ခြင်းအဆင့်တွေမနည်းဘူးဆိုပဲ..."

အဖိုးဝူမှပြောသည်...။

"ဒါဆိုအနောက်ဘက်ဒေသကစုတ်ပြတ်နေတာပေါ့"

ကျိုးယန်သက်ပြင်းချမိသည်..။

ထီးနန်းလုဖက်များထဲတွင်သူက အသုံးမကျဆုံးသားတော်ဖြစ်ကာ အမှိုက်ဆန်သည်မဟုတ်လား။

အပိုင်စားနယ်မြေဆိုပေမယ့် အသင့်အုပ်ချုပ်ရသည်မဟုတ်...အာဏာထူထောင်ဖို့လုံးပန်းရသေးသည်...။

"ခက်တာပဲ...ခမည်းတော်ရဲ့ကျန်းမာရေးကြောင့်

ခုလိုထီးနန်းကိစ္စတွေပေါ်လာရတာ

အဲ့နောက်ကွယ်မှာမရိုးရှင်းမှာစိုးရတယ်..."

စုယင်ကတော့ မည်သည့်စကားမှမပြော။

တဦးတည်းရထားလုံးအပြင်ဘက်သို့ငေးနေသည်..။

"အရှေ့မှာ မြွေမျိုးနွယ်ကအကြိုတော်တွေရောက်နေပါပြီမင်းသား"

"ကောင်းပါပြီ..."

လူစုလူဝေးတခုက ကြိုတင်ကာစောင့်နေသည်..။

"မဂ်လာပါမင်းသားကျိုးတွေ့ရတာဝမ်းသာပါတယ်.."

"တွေ့ရတာဝမ်းသာပါတယ်"

မြွေမျိုးနွယ်၏ အမျိုးသမီးတဦးမှရိုသေစွာနှုတ်ဆက်သည်..။

"မင်းသမီးက မင်းသားတို့အဖွဲ့ကို ဧည့်ဂေဟာမှာအသင့်စောင့်နေပါတယ်...

မင်းသားတို့အနားယူဖို့လိုအပ်ပါဦးမလား"

ထိုအမျိုးသမီး၏ အမေးကိုကျိုးယန်က

"မလိုအပ်ပါဘူး အချိန်သိပ်မရှိလို့ ဆွေးနွေးမှုကိုအမြန်စတင်ဖို့စီစဥ်ပေးပါ.."

သူ့ရည်ရွယ်ချက်ကတော့ အကောင်အထည်မြန်မြန်ဖော်ချင်သည်။ မနက်ဖန်ဆို တောပုန်းအဖွဲ့ရောက်လာမည်မဟုတ်လား..။

"ကြွပါ..."

အမျိုးသမီးနှင့်နောက်ပါအဖွဲ့က ကျိုးယန်တို့ကိုရှေ့မှဦးဆောင်ကာခေါ်သွားသည်..။

ဒါမြွေမျိုးနွယ်စုတဲ့လား...

၅မိုင်ပတ်လည်ခန့် ကျယ်ဝန်းသည့်မြေနေရာတွင်

လူနေအဆောက်အုံများ အပြည့်နှင့်ရှိနေသည်။

ပုံစံများကလည်းသေးသွယ်ကာ ချောမောသည်ဟုဆို၍ရနိုင်သည်။ အမျိုးသားများက သေးသွယ်၍ အရပ်မြင့်ကာအသားဖြူသည်..။

မျိုးနွယ်စုဝန်းထဲရောက်တော့ မြွေမျိုးနွယ်ဝင်များက စိတ်ဝင်တစားစူးစမ်းနေကြသည်...။

မင်းသားကျိုးကိုတခါမှမမြင်ဖူးကြ...။

အထူးသဖြင့် မဟာမိတ်ရည်ရွယ်ချက်ဖြင့်လာသည့်လူသားအစုအဖွဲ့က မရှိတာကြာပြီမဟုတ်လား။

ခန်းမကျယ်တခုဆီ ဝင်ရောက်သွားကြသည်..။

"ကြိုဆိုပါတယ်မင်းသား ကျမက မြွေမင်းသမီး

ကိုင်ရီရီ ပါ"

မြွေမင်းသမီးဟု သူ့ကိုယ်သူမိတ်ဆက်လာသည့်အမျိုးသမီးငယ်မှ ကျိုးယန်ကိုနှုတ်ဆက်သည်။

ကျိုးယန်ထိုမင်းသမီးကို သေချာကြည့်လိုက်သည်။

သေးသွယ်သည့်ခါးနှင့် ခြေတံရှည်များက စွဲ​ဆောင်မှုရှိကာ အနည်းငယ်ထူသည့်ဘက်ရောက်သည့်မျက်ခုံးများက အမျိုးသမီးတွေထဲရှားပါးကာအလှတမျိုးဖြစ်နေသည်...။

"ကျုပ်ကမင်းသားကျိုးယန်ပါ..."

"ထိုင်ပါဦး..."

ကျိုးယန်နှင့်အတူ အဖိုးဝူ စုယင်တို့ကထိုင်လိုက်သည်..တဖက်တွင်တော့သက်လက်ပိုင်းအရွယ်အမျိုးသားနှစ်ဦး လာကြိုသည့်အမျိုးသမီးငယ်နှင့်အတူမြွေမင်းသမီးကထိုင်သည်..။

"မင်းသားရဲ့ဂုဏ်သတင်းတွေကြားရပါတယ်

ကျေနပ်လောက်စရာစွမ်းဆောင်ရည်ပါပဲမင်းသား"

မြွေမင်းသမီးကချီးကျူးသည်။

"ဒါက သာမန်ပါပဲ ကျုပ်ဒီကိုလာတဲ့ကိစကိုအထောက်တော်တွေကတဆင့် မင်းသမီးသိလောက်ပြီထင်ပါရဲ့..."

ကျိုးယန်ရဲ့အမေးကိုမြွေမင်းသမီးက

"အတော်အသင့်သိထားပါတယ် ကျမသိလိုတာကမင်းသားအနေနဲ့ ကျမတို့နဲ့ပူးပေါင်းလိုတာက

သလင်းကျောက်တွင်းကိစ္စကြောင့်ပဲလား.."

"ဘယ်ဟုတ်မလဲ...သလင်းကျောက်တွင်းကတန်ဖိုးရှိတယ်ဆိုပေမယ့်...တခြားအကြောင်းအရာကပိုပါတယ်..."

"ဆိုပါဦး..."

"မင်းသမီးတို့ရဲ့အခက်ခဲကိုအနည်းငယ်သိထားပြီး ကျုပ်တို့တော်ဝန်အစုအဖွဲ့တွေကလည်းတောပုန်းဆိုတာက ရန်သူပဲမဟုတ်လား...

ကျုပ်ရဲ့လက်ရှိအင်အားနဲ့ သူတို့ကိုဖြေရှင်းဖို့မတတ်နိုင်တော့ မဟာမိတ်တခု ရှာဖွေတဲ့သဘောပဲ"

ကျိုးယန်ရဲ့စကားအဆုံး၌ သက်လတ်ပိုင်းအမျိုးသားတဦးမှနှာခေါင်းရှုံ့သည်။

"ဟမ့်...ဓားလာငှားတဲ့ကောင်ပဲ..."

မင်းသမီးမှချောင်းဟန့်ကာ ထိုလူကိုသတိပေးသည်။

"ကျမတို့အနေနဲ့ တောပုန်းဟွမ်ကိုဖြေရှင်းနိုင်မယ်လို့မင်းသားထင်နေတာလား..."

"မထင်ပါဘူး ဒါမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်းကျုပ်မှာရှိထားတယ်လေ..."

"နည်းလမ်းရှိတယ်ဟုတ်လား..."

မင်းသမီးအံ့အားသွားသည် မင်းသားကျိုးကပွင့်လင်းလွန်းနေသည်မဟုတ်လား...။

"ဘာလဲ မင်းရဲ့လက်နက်ဆန်းတွေကိုအားကိုးနေတာလား.."

သက်လတ်ပိုင်းလူတဦးကဝင်ထောက်သည်။

အစ်ကိုကျန်း စကားပြောဆင်ခြင်ပါ...။

ကျိုးယန်နှာကစ်သွားသည် ။

ဒီလူက ကန့်လန့်တိုက်နေတာလား ဘာသဘောလဲ။

"အဲ့လက်နက်ကိုခဗျားမြင်ဖူးလား..."

ကျိုးယန်မေးလိုက်သည်...။

"မြင်ဖူးစရာမလိုပါဘူးစစ်သည်တော်အဆင့်လောက်ဖြေရှင်းနိုင်တာကိုများ.."

မင်းသမီးလည်းမျက်နှာပျက်နေသည်..။

သူ့လူများက စကားပြောမတတ်ဖြစ်နေသည်မဟုတ်လား..။

"ကောင်းပြီး ခဗျားကသိုင်းပညာရှင်အဆင့်၅ မဟုတ်လား ကျုပ်လက်နက်ကိုကာရဲလား.."

"ဟားးဟားးသူငယ်နှပ်စားလက်နက်လောက်များ

ဘာလို့မကာရဲရမှာလဲ...."

"မင်းသမီး အထိခိုက်အတွက်အပြစ်မြင်မှာလား.."

ကျိုးယန်တဖက်ရှိမင်းသမီးကိုမေးရသည်။

ာ

သေနတ်က သိုင်းပညာရှင်တဦးကိုမထိခိုက်စေနိုင်သော်လည်းနီးကပ်တဲ့အကွာအဝေးအတွင်းကတော့သေချာပေါက်ထိခိုက်စေနိုင်သည်..။

မင်းသမီးသက်ပြင်းချလိုက်သည်..။

"ကျမလည်းအဲ့လက်နက်အကြောင်းသတင်းတွေကြားဖူးပေမယ့်...စွမ်းအားကိုမသိသေးတော့မင်းသားကပဲသက်ညှာပြီးစမ်းသပ်ပြပေးပါ.."

"ကောင်းပါပြီ..."

အစ်ကိုကျန်းဆိုသူက...အသင့်အနေထားခါးမတ်တပ်ရပ်ကာ ချီအကာအကွယ်တခုဖန်တီးလိုက်သည်။ သိုင်းပညာရှင်အလယ်ဆင့်၏အကာကွယ်ကထူထဲသည် တော်ရုံလက်နက်မတိုးဖောက်နိုင်..။

"ခနလေး ဒီတိုင်းတော့ပျင်းဖို့ကောင်းတယ်

ခဗျားအနေနဲ့ ကျုပ်လက်နက်ကိုမကာကွယ်နိုင်ရင်...ဒီအစည်းအဝေးကနေထွက်သွားပေး

ကာကွယ်နိုင်ရင်ဒီလိုလက်နက် တစုံ အလကားပေးခဲ့မယ်...ဘယ်လိုလဲ..."

အလောင်းအစားတော့ထည့်ရမည်..။

အစ်ကိုကျန်းဆိုသူက မသက်ာစရာကောင်းသည်။

ဖတ်ဖူးသည့် စာစဥ်တွေထဲမှာတော့ထိုလိုလူက

အတွင်းသစ္စာဖောက်ဖြစ်နေနိုင်သည်....။

"တစုံတည်းလား မနည်းဘူးလားကောင်လေး.."

အစ်ကိုကျန်းက နှာခေါင်းရှုံ့ကာပြန်ပြောသည်။

"နောက်ထပ်ရွှေစ တသိန်းထပ်ပေးမယ်ကျေနပ်လား..."

ဟမ့်...သူနိုင်မယ်ထင်နေပုံရတယ်ငတိက

ခြေထောက်တဖက်တော့ချိုးပေးလိုက်မှ ကြောင်းမှန်းကန်မှန်းသိသွားမယ့်လူစားမျိုးပဲ..။

"ရွှေစ တသိန်း ဟုတ်လား"

မြွေမျိုးနွယ်တခုလုံးတွင်တောင်ရွှေစ တသန်းမပြည့် တသိန်းဆိုသည်ကမနည်းလှ...။

"ကောင်းပြီစတော့..."

အစ်ကိုကျန်းဆီမှခွင့်ပြုချက်ရသည်နှင့်

ကျိုးယန်က သေနတ်ကိုထုတ်ကာချိန်လိုက်သည်။

အကွာအဝေးက မီတာ၁၀ ပင်မပြည့်..။

ခြေထောက်နေရာကိုသာ အဓိကထားကာပစ်ဖို့တွေးသည်။ ပြင်းထန်သည့်ထိခိုက်မှုက ဆွေးနွေးမှုကိုထိခိုက်စေမည်မဟုတ်လား...။

"မင်းသမီး အလောင်းအစားကိုသဘောတူတာသေချာလား..."

ကျိုးယန်မှမင်းသမီးကိုမေးသည်။ တဖက်လူကအရေးပါသည်မို့ ဆွေးနွေးပွဲမှထွက်ခွာစေသည်မှာအကျိုးအကြောင်းမသင့်ပေ...။

"ကိစ္စမရှိပါဘူး...သဘောတူပါတယ်.."

"ကောင်းပြီ"

မောင်းခလုတ်ကိုနှိပ်လိုက်သည်။

ဒိုင်း.......

သေနတ်သံက ကျယ်လောင်စွာထွက်ပေါ်လာကာ ချီအကာကွယ်ကို ဖောက်ဝင်သွားသည်။

ချီအကာကွယ်ကမှန်ချပ်လိုအက်ကွဲသွားသည်။

အား...

အော်သံနှင့်အတူအစ်ကိုကျန်းဖင်ထိုင်ကျသွားသည်။

သူ့ခြေသလုံးတွင်တော့ သေနတ်ဒဏ်ရာတခု..။

ခြေထောက်အရိုးတည့်တည့်နေရာထိသည်မို့ခြေသလုံးရိုးအားပစ်ချိုးလိုက်သလိုပင်...။

.........................................................................

All Chapters