← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

မင်းသမီးထိတ်လန့်သွားသည်။

အစ်ကိုကျန်းဆိုသူက သိုင်းပညာရှင်အလယ်ဆင့်မဟုတ်လား.။

တော်ရုံအဆင့်မြင့်လက်နက်များက ထိုးဖောက်ထိခိုက်စေဖို့ခက်ခဲစေမည့် အကာကွယ်ကို မင်းသားကျိုး၏လက်နက်က တချက်သာပစ်ခတ်ပြသွားသည်..။

ဒါ...

တဖက်ရှိ သက်လတ်ပိုင်းလူလည်းနားမလည်နိုင်ဖြစ်နေသည်...။

"ကောင်းပြီ အလောင်းအစားတိုင်း ကတိတည်ရမယ့်အချိန်ပဲ ခဗျားဒီနေရာကထွက်သွားတော့.."

ကျိုးယန်လေသံမာမာနှင့်ပင် သတိပေးလိုက်သည်။

ဆွေးနွေးမှု၏လမ်းစဥ်၃ ခုဖြစ်သည့်

ငြင်းခုန် ဆွေးနွေး ဆုံးဖြတ်ချက်ချ ဟူသည့်အဆင့်၃ဆင့်မှာတော့ ငြင်းခုန်ခြင်းအဆင့်ကပြီးလေပြီ။

"သူ့ကိုခေါ်သွားပြီး ဒဏ်ရာကုပေးလိုက်ကြ"

မင်းသမီးမှအစေခံများကိုအမိန့်ပေးသည်..။

"ဟုတ်ကဲ့ပါမင်းသမီး..."

အစ်ကိုကျန်းတယောက်အစေခံများ၏တွဲခေါ်မှုနှင့်အတူ ထွက်သွားသည်။

တံခါးဝရောက်ခါနီးတွင် ကျိုးယန်ကိုစိုက်ကြည့်သွားသေးသည်။

ဒီလူ ကတော့ငါအသေပစ်လိုက်ရမှာကွာ..။

"ဆွေးနွေးမှုစလို့ရပြီလားမင်းသား"

"ရပါပြီမင်းသမီး..."

"ဒီလိုပါ အခုသတင်းထွက်နေတဲ့ မိုင်းတွင်းက

ကျမတို့မျိုးနွယ်စုမြေနေရာမှာပေါ်လာတာကြာပါပြီ..."

"ဒါဆိုမင်းသမီးတို့ကဘာလို့မတူးထုတ်လိုက်တာလဲ"

ကျိုးယန်၏အမေးကို မင်းသမီးမှခေါင်းတခါခါဖြင့်....

"မလွယ်လို့ပေါ့ ကျမတို့အပိုင်နေရာဆိုပေမယ့်

တကယ့်အန္တရာယ်များတဲ့နေရာမှာဖြစ်နေတယ်."

"ဘယ်လိုအန္တရာယ်များတာလဲ"

"အဲ့ဒီမှာ တောရိုင်းကောင်တွေထောင်နဲ့ချီရှိတယ်

အကုန်လုံးကအဆင့်၂ အထက်တွေချည်းပဲ..

အဆင့် ၃ နဲ့ ၄ တောင်ရှိမလားပဲ..."

ကျိုးယန်စဥ်းစားသွားသည်။

သူ့အဆင့်ဖြင့်အဆင့်၂ ကပြဿနာမရှိ

အဆင့်၃နဲ့၄ ကတော့ ဒုက္ခများသည်...။

"ဒါဆို တောပုန်းဟွမ်က ကူညီဖြေရှင်းပေးမယ်တဲ့လား.."

ကျိုးယန်၏အမေးကိုမင်းသမီးက

"ဟုတ်တယ် ဒါမယ့်သူတို့က မိုင်းတွင်းရဲ့ ၈၀ ရာခိုင်နှုန်းကိုလိုချင်နေတယ်"

"ဘာ ၈၀ ရာခိုင်နှုန်းဟုတ်လား ဒါဓားပြတိုက်တာပဲ.."

စုယင်မှ ကျယ်လောင်စွာဝင်ပြောသည်။

ဟုတ်ပေသည် အကျိုးအမြတ်ကထပ်တူတောင်မဟုတ် အကုန်နီးပါးလိုချင်နေသည်...။

"အဲ့လောက်မရိုးရှင်းဘူးမင်းသမီး...

သူတို့လိုချင်နေတာက သလင်းကျောက်တွင်းအပြင် မျိုးနွယ်စုတခုလုံးပါဖြစ်နေနိုင်တယ်"

ဒါကျစဥ်းစားရလွယ်သည် မျိုးနွယ်စုကိုသိမ်းပိုက်ကာ မင်းသမီးကိုဇနီးအဖြစ်ထားချင်နေပုံရသည်။

မင်းသမီးကလည်း အလှတဦးဖြစ်နေသည်မဟုတ်လား...။

"ကျမလည်းအဲ့လိုတွေးမိတယ် ခက်တာကသူတို့ရဲ့အင်အားကိုမယှဥ်နိုင်တာပဲ.."

"အင်း....မြေကွက်လပ်တခုရှိနိုင်လား.."

"မြေကွက်လပ်တခု ဘာလုပ်ဖို့လဲ"

မင်းသမီးမှမေးသည်။

စကားပြောနေရာမှ ရုတ်ချည်းမြေကွက်လပ်တခုထမေးသည်ကို သူမနားမလည်..။

"ပြစရာရှိလို့ပါ....

လူအများကြီးသိတာတော့အဆင်မပြေဘူး"

"ကျမသဘောပေါက်ပြီ...."

မင်းသမီးမှ ဦးဆောင်၍မြေနေရာတခုသို့ခေါ်သွားသည် ထိုနေရာကလူရှင်းကာ ပတ်ဝန်းကျင်ကိုလည်းအစေခံများအားစောင့်ကြပ်စေသည်..။

"ဒီလောက်ဆိုရပြီလား..."

"ရပါပြီ"

ကျိုးယန်က သိုလှောင်ရုံမှအမြှောက်လက်နက်ကိုထုတ်လိုက်သည်။ ဒါကသူ့လျိ့ဝှက်ကတ်ဖြစ်သည် သူ့အမြင်တွင်မင်းသမီးကပူးပေါင်းရန်ထိုက်တန်သည် ကျင့်ကြံဆင့်သည်လည်းသိုင်းပညာရှင်အထွဋ္ဌ်အထိပ်ဖြစ်ကာ တောပုန်းဟွမ်းကိုထိန်းနိုင်သည် ကျန်အင်အားစုများကိုတော့အမြှောက်နဲ့ဖြေရှင်းမည်...။

"ဒါ ဘယ်လိုလက်နက်လဲ..."

"ဒါကိုအမြှောက်လို့ခေါ်တယ် အင်အားစုသောင်းချီတိုက်ပွဲတွေမှာ အသုံးဝင်တယ်..ဒီနေရာမှာကျုပ်တချက်ပစ်ပြမယ်...

ပတ်ဝန်းကျင်ကိုဘယ်သူမှမကပ်စေနဲ့.."

"ကောင်းပြီ.."

မင်းသမီးမှအစေခံများ၏အကာရံကို နောက်ထပ် အကွာအဝေးတခုစာထပ်ချဲ့စေသည်..။

စနက်တံကိုမီးရှို့ကာ တချက်ပစ်ပြလိုက်သည်။

အုန်း.......

ရှေ့မျက်နှာစာရှိသစ်ပင်များအားလုံးပြိုလဲသွားသည်...။

အသံကလည်းကျယ်လောင်ကာပြင်းထန်သည်။

"မင်းသမီးဘလိုထင်လဲ..."

ကျိုးယန်၏အမေးကိုမင်းသမီးမှ..

"ဒါအသုံးဝင်မှုတော့ရှိနိုင်တယ်

ဒါကိုပြ ပြီးမင်းသားရဲ့ရည်ရွယ်ချက်ကဘာလဲ.."

"ကျုပ်က တောပုန်းအဖွဲ့ကိုအမြစ်ဖြတ်ချေမှုန်းချင်တာ...ကျုပ်မှာအင်အားကတထောင်ဝန်းကျင်ပဲရှိတယ် ဒါမယ့်အထင်တော့မသေးနဲ့"

"ကျမသိပါတယ် ဓားပြကျေးရွာကိုတောင်ရှင်တို့သုတ်သင်လာတာပဲ "

"ကျုပ်ဖြစ်ချင်တာက မနက်ဖန်တောပုန်းဟွမ်လာရင် သူတို့တောင်းဆိုတာကိုငြင်းလိုက် ဖို့ပဲ"

"ဒါတိုသူတို့ကစစ်ကြေငြာမှာပေါ့"

မင်းသမီးနားမလည်နိုင်ဖြစ်သွားသည်။

ဒီမင်းသားစစ်ဖြစ်ချင်နေတာလား...

"ဟုတ်တယ် သူတို့စစ်ကြေငြာပါစေ..

ကျုပ်ကမင်းသမီးနဲ့ပူးပေါင်းပြီးမိုင်းတွင်းကိစဖြေရှင်းပေးမယ် ဒီလက်နက်အကူညီနဲ့တိုသားရဲတွေကိုဖြေရှင်းနိုင်တယ်လေ..."

"ဒါတော့ဟုတ်တယ်..ဒါပေမယ့်တောပုန်းဟွမ်ကိုအရင်ဖြေရှင်းရမယ်မဟုတ်လား"

"သေချာတာပေါ့...မိုင်းတွင်းကိစ..အားလုံးပြီးမှစမယ်....ဒီကိစတွေပြေလည်သွားတဲ့အခါ မင်းသမီးတို့မျိုးနွယ်နဲ့...ကျုပ်တို့မဟာမိတ်ပူးပေါင်းပြီး

နယ်မြေနှစ်ခုကိုကုန်စည်ဖလှယ်တာ နည်းပညာဖလှယ်တာမျိုးလုပ်ပီးအင်အားစုချင်းချိတ်ဆတ်ကြရင်ကော မကောင်းဘူးလား..."

မင်းသမီးအချိန်တန်ကြာတွေးကြည့်သည်။

မင်းသားကျိုး၏လက်နက်ကို သူမသဘောကျသည် တဖက်တွင်သူမဆီ၌လူအင်အားအထောက်အလျောက်ရှိသည် အကုန်လုံးမှာသာခုလိုလက်နက်ရှိထားရင်.........။

"ကျမဘက်က သလင်းကျောက်မိုင်းတွင်း ဘလောက်ရာခိုင်နှုန်းပေးရမှာလဲ"

"တခုမှမယူဘူး..."

ဟမ်...အဖိုးဝူ စုယင်နှင့် မင်းသမီးတို့အားလုံးပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဘာအကျိုးအမြတ်မှပြန်မယူဘူးတဲ့လား...

ဒါတော့မဖြစ်နိုင်...။

မင်းသမီးလည်းအတွေးများနေသည်။

သူကဘာလိုချင်တာလဲ ငါ့ကိုလား

အာ....မဟုတ်တာ ဘာတွေတွေးနေပါလိမ့်...။

"ကျုပ်က အနောက်ဘက်ဒေသတခုလုံးကိုလမ်းပန်းဆက်သွယ်ရေးပြုပြင်ပြီးကုန်စည်ဖလှယ်မယ်...ခုမင်းသမီးမြင်ရတဲ့လက်နက်တွေကျုပ်မှာအရေအတွက်များများမရှိပါဘူး..

နည်းပညာရှိတဲ့အတွက် လိုအပ်တဲ့ကုန်ကြမ်းသာရရင် အရေအတွက်က အနောက်ကလိုက်လာမှာပဲ

ကျုပ်ကစစ်မှန်တဲ့မဟာမိတ်လိုချင်တာ..

နောက်တချိန် မင်းသမီးတို့မြေနေရာမှာကုန်ကြမ်းနဲ့ပက်သက်ပြီးတွေ့တဲ့အခါကျုပ်တို့ယူမယ်..

မင်းသမီးဆီမှာပန်းပဲသမားတော့ရှိတယ်မလား.."

ကျိုးယန်၏အမေးကိုမင်းသမီးမှ

"ရှိတာပေါ့..ဒါနဲ့ရှင့်နည်းပညာကိုဒီလိုပဲပေးသိမှာလား..."

"ရိုးရှင်းပါတယ် ခဗျားသိရင်လည်းခဗျားမလုပ်နိုင်ဘူး ကျုပ်အကူအညီမပါရင်ပေါ့..."

လက်နက်နည်းပညာကိုတော့ကျိုးယန်စိတ်ချသည်..။

သူကလွဲပီးမည်သူမှမတုပနိုင်...။

"ကောင်းပြီ..

ရှင်က ရှင်အိမ်တော်ကနေကျမတို့မြွေမျိုးနွယ်စုထိလမ်းဖောက်ပြီး ကုန်စည်ဖလှယ်မယ်လိုအပ်တဲ့ကုန်ကြမ်းကိုလွတ်လွတ်လပ်လပ်ရှာဖွေပြီးယူမယ်

အဲ့သဘောပေါ့..."

"ဟုတ်တယ် မင်းသမီးကဉာဏ်ကောင်းပါတယ်

ကုန်ကြမ်းရတာနဲ့ မင်းသမီးကိုဒီလိုလက်နက်မျိုး

ထောက်ပံ့ပေးမယ် နည်းပညာအချို့လည်းပေးအပ်ပြီး ကိုယ်တိုင်လုပ်ချင်လည်းရတယ်

ကျုပ်ဘက်က အတိုင်းအတာတခုထိကူညီမယ်.."

မင်းသမီးနှင့်သူ့ဖက်ကလူများ သေချာတွေးကြဆွေးနွေးကြတော့သည်..။

"မင်းသမီး...သူ့ကမ်းလှမ်းမှုက မထိခိုက်ဘူးဆိုပေမယ့် သူ့လူတွေမျိုးနွယ်ထဲဝင်ထွက်တာက

အရှုပ်အထွေးရှိလာနိုင်တယ်..."

သက်လတ်ပိုင်းလူက ထောက်ပြသည်။

ဧည့်ကြိုအမျိုးသမီးကလည်း...

"အဲ့ကိစကိုနောက်ထား တောပုန်းဟွမ်ကိုအရင်ဖြေရှင်းဖို့ကိစ ခုနမင်းသားကျိုးပြောသွားတာအကုန်မှန်တယ် တောပုန်းဟွမ်ရဲ့သားက ကျမတို့မင်းသမီးကိုသိမ်းပိုက်ချင်နေတာ မိုင်းတွင်းကအကြောင်းပြချက်ပဲ...အင်အားကွာတယ်ဆိုပေမယ့်မင်းသားရဲ့လက်နက်ပြည့်လူတွေအတိုင်းအတာတခုထိပါလာရင်သူတို့ကိုယှဥ်နိုင်မယ်လို့ကျမထင်တယ်..."

"ကျမလည်းအဲ့လိုတွေးမိနေတယ်..

သူ့လက်နက်အစွမ်းလည်း ရှင်တို့မြင်တယ်မလား

တဦးချင်းတိုက်ပွဲမှာ အသုံမဝင်ပေမယ့်..

သောင်းချီသိန်းချီစစ်ပွဲမှာတော့ သေချာပေါက်ကိုအသုံးဝင်တယ် ဒါကိုလက်လွှတ်လို့မရဘူး

ပြီးတော့မင်းသားက ရည်မှန်းချက်ကြီးတယ်

ဒီဒေသတခုလုံးကိုထိန်းချုပ်ချင်နေတယ်

ကျမတို့မျိုးနွယ်ရဲ့ရှေးသဘောထားအရဆို

မျိုးနွယ်ဘေးကင်းရေးကပထမပဲ စဥ်းစားရမှာက သူ့အကာအကွယ်ကဘလောက်ထူနိုင်မလဲ"

သက်လတ်ပိုင်းလူလည်း ဝင်ပြောသည်။

"ဆွေးနွေးပွဲကိုယတိပြတ်ငြင်းဆိုပြီးတဖက်ကစစ်ကြေငြားတာကိုစောင့်မလား.."

"စောင့်ရမှာ ကျမတို့ဘက်ကစစ်ကြေငြာလို့မသင့်ဘူး..."

မင်းသမီးရဲ့အတွေးကိုသူ့လူများကနားလည်သည်။

"မနက်ဖန်ဆွေးနွေးမှုမှာတင် တောပုန်းဟွမ်းက

ကျမတို့ကိုအန္တရာယ်ပေးလာနိုင်တယ်မင်းသမီး"

"ဒါကလွယ်ပါတယ် မနက်ဖန်ကျ သူတို့ဘက်ကလူနှစ်ဦးပဲ လာပစေ..."

"ဒါကောင်းတယ် သူတို့မကျေမနပ်ပြန်သွားရလည်း စစ်ပွဲစဖို့အချိန်တခု ယူရမှာပဲ..

အဲ့ကာလကိုမင်းသားကျိုးနဲ့ကျမတို့စီစဥ်တာပေါ့"

ဧည့်ကြိုအမျိုးသမီး၏စကားအဆုံး၌မင်းသမီးသက်ပြင်းချသည်..။

မင်းသားကျိုးကို ဘာလို့မှန်းမသိသူမယုံမိနေသည်။

ကျမရှင့်ကိုယုံနေတယ်...မျိုးနွယ်စုကံကြမ္မာကရှင့်အပေါ်မူတည်နေပြီ..။

ကျိုးယန်တို့ဘက်ပြန်လျှောက်လာကာ

"ကောင်းပြီ သဘောတူတယ် ဒါပေမယ့်မနက်ဖန်​ေဆွးနွေးမှုကိုရှင်တို့မတက်နဲ့ ကျမ ဘာသာစီစဥ်လိုက်မယ်"

"ဒါအဆင်ပြေတယ် တခုရှိတယ် အတွင်းလူသတိထားပါ..."

ကျိုးယန်က မှာစရာရှိတာမှာပြီးနောက်လက်ဆောင်အဖြစ် သေနတ်၃ လက်နဲ့ကျည်အချို့ပေးကာ နမူနာပစ်ပြသည်...။

"ခဗျားတို့ကပညာရှင်တွေပဲသင်ယူရလွယ်မှာပါ

ကျည်ကနည်းတော့အသုံးစွဲသတိထားပေါ့.."

မင်းသမီးဘက်မှလည်း...မျိုးနွယ်စုလက်ဆောင်များဖြစ်သည့်မြွေအရေခွံနှင့်ချုပ်ထားသည့်အဝတ်ထည်များပြန်လည်ပေးအပ်သည်..။

"ကျုပ်တို့ပြန်ခွင့်ပြုပါဦး....မင်းသမီး"

"ဟင် ဒီမှာတညမနားဘူးလား ဆွေးနွေးပွဲမတက်ပေမယ့် ရှင်တို့လူတစုလောက်ကတော့ကျမဖုံးထားနိုင်ပါတယ်..."

"မနေတော့ဘူး...မင်းသမီး..

မနက်ဖန်ရလာဒ်က စစ်ပွဲကိုဦးတည်စေမှာသေချာတယ် ကျုပ်ပြင်ဆင်စရာရှိတာပြင်ဆင်ရမယ်."

"ဒါတော့ဟုတ်ပါတယ်...

ဒါဆိုကျမရှင့်ကိုမတားတော့ဘူး...

ကောင်းသောအပြန်ခရီးဖြစ်ပါစေမင်းသားကျိုး"

"နှုတ်ဆက်ပါတယ်..."

ကျိုးယန်မှမင်းသမီးတို့ကိုနှုတ်ဆက်ကာမြွေမျိုးနွယ်စုဆီမှထွက်လာသည်..။

"မင်းသားက ဝှက်ဖဲအကုန်ထုတ်ပြလိုက်တာပဲ"

အဖိုးဝူကအပြစ်တင်သည်...။

ဝှက်ဖဲလား ဒီဆွေးနွေးမှုအောင်မြင်စေတာက တာဝန်တခုပြီးမြောက်စေနိုင်သည်ဟုသူထင်နေသည်မဟုတ်လား နောက်လာမည့်ဆုလညဘ်သာအစစ်အမှန်ဝှက်ဖဲဖြစ်သည်...။

"စိတ်မပူပါနဲ့ ကျုပ်ဘာလုပ်နေလဲကောင်းကောင်းသိပါတယ်...ပြီးတော့ ကျပ်ကစိတ်ထဲရှိသလိုလုပ်တတ်တယ် မသိစိတ်ကယုံရမှာပါ..ဟားးးဟားးး"

ကျိုးယန်တယောက်သဘောကျနေသည်။

ပထမဆုံးခရီးနဲ့ ပထမဆုံးဆွေးနွေးမှုမှတဆင့်မဟာမိတ်တခုရခဲ့ပြီမဟုတ်လား ။

ဒင်!!

ဖုံးကွယ်တာဝန်အောင်မြင်ပါသည်

မြွေမျိုးနွယ်နှင့်မဟာမိတ်ဖွဲ့နိုင်သည့်အတွက်ဂုဏ်ယူပါတယ်

ဆုလာဘ်အနေဖြင့်...

စနစ်ကိုဗားရှင်းမြှင့်တင်ခွင့်တကြိမ်

AK 47 အလက်၂၀၀ နဲ့ကျည်သေတ္တာ ၅၀

ယမ်းစိမ်းကုန်ကြမ်းတန် ၂၀ ကြေးနီ တန်၂၀ ရ ရှိသည်...။

ဆုလာဘ်များကိုကြည့်၍ ကျိုးယန်ပျော်ရွှင်သွားသည် ကုန်ကြမ်းများပေးလေပြီ။

ဒီကုန်ကြမ်းများကိုသုံး၍ လက်နက်ထုတ်လုပ်ရမည်....သူ့တွင်အင်အားနည်းသော်လည်းမဟာမိတ်မြွေမျိုးနွယ်ကိုလည်းလက်နက်တပ်ဆင်ပေးကာထိန်းချုပ်နိုင်သည်မဟုတ်လား...။

"ပြန်ကြစို့.."

ပျော်ရွှင်စွာဖြင့် ရထားလုံးပေါ်တက်လိုက်သည်။

အပြန်ခရီးကား ကျေနပ်စရာကောင်းလှပေသည်။

ကျိုးယန်၏ခြေလှမ်းကား အကောင်အထည်ဖော်ရန် လက်တကမ်းသာလိုအပ်တော့သည်..။

လက်နက်ကိုင်စစ်သည် အယောက်၁၀၀၀၀

ဒါက နယ်မြေတခုကိုသိမ်းပိုက်ဖို့လွယ်လွန်းတယ်

ဟားးးဟားးးးဟားးး

All Chapters