← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

"ဒါ မင်းရဲ့ရွေးချယ်မှုဆိုတာသေချာလားမင်းသမီးကိုင်ရီရီ..."

တောပုန်းဟွမ်က တင်းမာစွာမေးသည်..။

မည်သူ့အားကိုးနှင့်ငြင်းဆန်နေရသနည်း..။

"ဘာလဲ မင်းသားကျိုးရဲ့လက်နက်ဆန်းတွေကိုအားကိုးပြီးတော့လား...ဟင်းဟင်း..

မင်းဆီ မင်းသားကျိုးလာသွားတာကိုကျုပ်သိထားတယ် အဲ့ဒီလက်နက်ဆန်းတွေအားကိုးပြီးကျုပ်တို့ကိုတန်ပြန်ချင်တာဆိုရင်တော့ ရွေးချယ်မှုကနောင်တတွေအပြည့်ဖြစ်နေမှာပဲ..."

တောပုန်းဟွမ်၏ မှတ်ချက်ကိုမင်းသမီးက မတုံ့ပြန်။

"ဒီသလင်းကျောက်တွင်းက ကျမတို့ပိုင်နက်နေရာမှာရှိတဲ့ကျမတို့အပိုင်ပါ ရှင်ကဒါကို မတရားအချိုးခွဲဝေပြီးသိမ်းယူချင်တာကိုလက်ခံမယ်လို့ထင်တယ်ပေါ့ "

တောပုန်းဟွမ်၏သားက မင်းသမီးကိုတပ်မက်စွာကြည့်နေသည်...မျက်လုံးများကမီးတောက်နေသည်ကို ထိန်းချုပ်ထားလိုဟန်မရှိချေ..။

"မင်းတို့ဆီမှာ သိုင်းပညာရှင်အဆင့်ကလက်တဖက်စာပဲရှိတဲ့အချိန် ကျုပ်ဖက်မှာတော့ အယောက်၂၀ ကျော်ရှိနေတာကိုမင်းသမီးသတိထားမိမှာပါ ပြီးတော့စစ်သည်အင်အားအရကော..."

သခင်လေးဟွမ်၏ထေ့ငေါ့စကားကို မင်းသမီးမှ

"ရှင်စမ်းကြည့်လို့ရတယ် သလင်းမိုင်းတွင်းခွဲဝေဖို့ကိစ ဒီမှာတင်ပြတ်ပြီ..ရှင်တို့အကူညီလည်းလုံးဝမယူတော့ဘူး...တိုက်ပွဲစချင်လား..လုပ်ပါ..

ကျမဘက်က လိုက်ပါဖို့အသင့်ပဲ..."

တောပုန်းဟွမ်ကပြုံးနေသည်။

သူ့စိတ်ထဲတွင်တော့ ငယ်ရွယ်သည့်မင်းသမီးသည်ရေရှည်ကိုမမြင်...ဟုတွက်ထားသည်။

"မနေ့က မင်းသားကျိုးပေးသွားတဲ့လက်ဆောင်ပစ္စည်းဆိုတဲ့လက်နက်ဆန်းကိုကျုပ်မြင်ဖူးအောင်ခနပြလို့ရမလား..."

မင်းသမီးမျက်မှောင်ကြုတ်သွားသည်။

လက်နက်ဆန်း၃လက်ရထားပေမယ့် သူမကသတင်းမပေါက်ကြားအောင် ထိန်းထားသည့်ကြားမှ ဘယ်လိုများသတင်းပေါက်ကြားရပါလိမ့်။

မင်းသားကျိုး၏စကားကို အမှတ်ရသွားသည်။

သေချာပေါက် သူမတို့ဆီတွင် သူလျှိုရှိနေပုံရသည်.။

"စိတ်မရှိပါနဲ့ အဲ့ဒါက မင်းသားကျိုးရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလက်ဆောင်ပစ္စည်းမို့ ကျမတို့ဘက်ကတန်ဖိုးထားတယ် အလွယ်တကူထုတ်မပြနိုင်ပါဘူး..."

တောပုန်းဟွမ် အနည်းငယ်ဒေါသထွက်သွားသည်။

"ကောင်းပြီလေ...ဒီနေတွေ့ဆုံမှုက ဘာအကျိုးမှမရှိတော့ဘူးဆိုတော့ နောက်ဆက်တွဲကိုမင်းသမီးတာဝန်ယူဖို့ပြင်ထားပါ မျိုးနွယ်ကိုပျက်သုန်းစေမယ့်လူတယောက်အဖြစ် မင်းသမီးကသေချာပေါက်မှတ်တမ်းတင်ခံရပါလိမ့်မယ်"

"ရှင့်စွပ်စွဲမှုက အရမ်းပြင်းထန်လွန်းပါတယ်

တောပုန်းဟွမ်...ရလာဒ်ကိုကြိုမပြောနိုင်ဘူးမဟုတ်လား.."

မင်းသမီးဘေးရှိ လူများဒေါသထွက်ကာတရှုးရှုးတရှဲရှဲဖြစ်ကုန်သည်။

မျိုးနွယ်စု၏သမိုင်းပေးတာဝန်ခံဖြစ်မတဲ့လား။

ဒင်းတို့က လူပါးဝလွန်းအားကြီးနေချေပြီ...။

"လိုက်မပို့တော့ဘူးနော် ခေါင်းဆောင်ဟွမ်.."

"ဟမ့်..."

တောပုန်းဟွမ်တို့သားအဖ မြွေမျိုးနွယ်စုဝန်းထဲမှထွက်ခွာသွားသည်။

"ဒီတိုင်းထားလိုက်မလို့လားအဖေ"

သခင်လေးဟွမ်၏အမေးကို သူ့အဖေက

"ဘယ်ဟုတ်မလဲ ၅ရက်အတွင်း ဒီနေရာကိုမြေလှန်ပစ်မယ်. အခုပြန်ပြီးတိုက်ပွဲအတွက်ပြင်ဆင်ကြတာပေါ့...."

အချိန်တခုအကြာတွင်မင်းသမီးမှ သူ့အစေခံကိုကျိုးယန်ဆီ အမြန်သတင်းပို့စေသည်။

"မင်းသားကျိုးဆီသွားတော့ တဖက်ကတိုက်ပွဲစတော့မယ် လို့ပြောလိုက်...အကောင်းဆုံးကတော့

သူနဲ့သူ့လူတွေဒီကိုလာတာပဲ..."

"ကောင်းပါပြီမင်းသမီး.."

ထိုအချိန် ကျိုးယန်၏အိမ်တော်ဝန်းမှာတော့

ကျိုးယန်တယောက် တိုက်ပွဲအတွက်ပြင်ဆင်နေသည်...။

ငါက တိုက်ပွဲကြီးတွေလည်းမတိုက်ဖူးဘူး

နည်းဗျူဟာလည်းမသိတော့အဆင်ပြေပါ့မလား။

သူ့ကျင့်ကြံဆင့်ဖြင့် တဖက်ရန်သူများကိုအပြတ်ဖြတ်ဖို့ကမဖြစ်နိုင်..။ သူ့ရဲ့လက်နက်များကိုသာသုံး၍စစ်ပွဲ သဏ္ဍန်ပုံဖော်ရပေမည်..။

သေနတ်နဲ့ အမြှောက်တို့ကိုသေချာစစ်စေသည်။

"ကျည်အလုံအလောက်ထုတ်ထား...

လေ့ကျင့်တာကိုလည်းမပျက်စေနဲ့ တိုက်ပွဲက နီးနေပြီ..ဒါက အောင်မြင်ခဲ့ရင် ကျုပ်တို့ကနောက်ထပ်တဆင့်ကို ခုန်ကူးပြီးသားဖြစ်မယ်"

ဒင်!!!

စနစ်မှ တာဝန်ကြီးတရပ်ချပေးလိုက်ပါသည်။

တောပုန်းအဖွဲ့ကိုချေမှုန်းပါ

ဆုလာဘ်အနေဖြင့်...သိုင်းပညာရှင်အထွဋ္ဌ်အထိပ်ဆင့်ကျင့်ကြံမှု...

ဆောက်လုပ်ရေးယာဥ် အစီး ၂၀ နဲ့နည်းပညာရပ်

သံချပ်ကာ ကား ၅စီး...

ဝိုး....သံချပ်ကာ ကားတဲ့လား ရှယ်ပေါ့ကွာ..

စနစ်ရဲ့ဆုလာဘ်ကို ကျိုးယန်သဘောကျသည်..။

ကျင့်ကြံသူတယောက်ဖြစ်လာသော်လည်း

သူ့အားသာမှုက ခေတ်မီလက်နက်များသာဖြစ်သည်မဟုတ်လား...။

ကျိုးယန်တယောက်စနစ်နဲ့အလုပ်များနေစဥ်

တပ်မှူးချင်မှအိမ်တော်ထဲဝင်လာသည်။

"မင်းသမီးဆီကသတင်းရလာပါတယ်..

မင်းသားမှာထားတဲ့အတိုင်း ငြင်းဆိုပြီးပါပြီတဲ့

တိုက်ပွဲက အနှေးနဲ့အမြန်ဖြစ်လာနိုင်တာမို့

မင်းသားကို လူလက်နက်အပြည့်အစုံနဲ့မင်းသမီးကလာစေချင်နေပါတယ်..."

"ဒါပေါ့...သွားတော့တပ်မှူးချင် စစ်သည်တော်အကုန်စုထားလိုက် လက်နက်အကုန်ပါပါစေ

ကျုပ်တို့မြွေမျိုးနွယ်ဆီသွားမယ်...

အဖိုးဝူ ကျုပ်နဲ့လိုက်ခဲ့ပါ...စုယင်ကတော့အိမ်တော်မှာပဲနေခဲ့..."

ကျိုးယန်က အကုန်လုံးကိုစေ့စပ်စွာမှာသည်..။

"ညီမလေးလိုက်လို့မရဘူးလား.."

"မရဘူး ဒါက တိုက်ပွဲတခုပဲ အန္တရာယ်များတယ်"

"ကောင်းပါပြီ"

စုယင်ကနားလည်မှုရှိသည်..။ ကျွန်ဘဝမှ ခုလိုအဆင်ပြေ​ပြေနေရသည်ကိုပင် ကျေနပ်နေရသည်မဟုတ်လား..ဒီထက်ပိုတောင်းဆိုရန်မသင့်ပေတော့...။

အင်အားစုများနှင့် လက်နက်ခဲယမ်းများစုစည်းကာ မြွေမျိုးနွယ်ဆီ ထွက်ခွာတော့သည်။

ဒီတိုက်ပွဲက သူ့အတွက်အရေးပါသည်...။

ဆုလာဘ်များက နောက်တဆင့်ရောက်စေသည်ဆိုတာထက် သံချပ်ကာကားကိုစိတ်ဝင်စားသည်။

တိုက်ပွဲအပြင်ခရီးဝေးသွားလာရာတွင်လည်းအသုံးဝင်လောက်သည်။ မတူညီတဲ့ကမ္ဘာအတွက်မို့ သံချပ်ကာကားနှင့်ဆောက်လုပ်ရေးယာဥ်များကို သလင်းကျောက်နဲ့အသုံးပြုနိုင်ရန်စနစ်မှပြုပြင်ပေးထားသည် ဆီ အခက်အခဲမရှိတော့..။

နေ့တဝက်ဖြင့် မြွေမျိုးနွယ်ဆီရောက်သွားသည်။

မင်းသမီးကိုယ်တိုင်ထွက်စောင့်နေသည်။

သူမ၏ချောမောသည့်မျက်နှာလေးတွင်တော့စိတ်ဖိစီးမှုများ..တွန့်ဆုတ်မှုများဖြင့်ပြည့်နေသည်။

ကောင်းကောင်းလည်း အနားမယူရသေး၍ထင်မျက်နှာက နွမ်းလျနေသည်။

"ရှင်ရောက်လာပြီပဲ...ရှင့်ရဲ့အကူညီအတွက်ကျေးဇူးတင်ပါတယ်...."

"ကိစမရှိပါဘူး ကျုပ်တို့ကမဟာမိတ်တွေပဲ

ဒီတိုက်ပွဲကိုတခါတည်းအပြတ်တိုက်ကြတာပေါ့"

"ကျမလည်းအဲ့လိုမျှော်လင့်ပါတယ်

နိုင်တာရှုံးတာကတော့.."

မင်းသမီးကိုင်ရီရီသက်ပြင်းမောကိုချလိုက်မိသည်...။

လောင်းကြေးကြီးလွန်းသည်...အမှားမခံကြိုးတန်းလမ်းလျှောက်နေရသည်မဟုတ်လား..။

အိမ်တော်ဝန်းထဲရောက်သည်နှင့် စည်းဝေးဆွေးနွေးရန် ခန်းမထဲဝင်လိုက်ကြသည်။

ခန်းမထဲတွင် အဖိုးဝူ ကျိုးယန် တပ်မှူးချင်နှင့်လက်ထောက်စစ်သည်တော်အချို့

မင်းသမီးဖက်တွင် တခါကဧည့်ကြိုလုပ်ဖူးသည့်အမျိုးသမီး သူမအမည်ကို ကိုင်လီ ဟုခေါ်သည်။သူမက မင်းသမီး၏အစ်မဝမ်းကွဲ ဖြစ်သည်။

သူမနှင့် သက်လတ်ပိုင်းလူတဦး အခြားသိုင်းပညာရှင်အဆင့် ၃ ဦးရှိနေသည်။

ခန်းမထဲလေထုကလေလံနေသည်။

ပြင်းထန်သည့် တိုက်ပွဲရနံ့များက တိုက်ပွဲမစခင်မှာတင် ခန်းမထဲရနေလေပြီ..။

ကျိုးယန်က အကုန်လုံး၏မျက်နှာများကိုဝေ့ကြည့်ကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

"မင်းသမီး

ဒီနေရာပတ်လည်အတွက်မြေပုံပေးပါဦး"

"ကောင်းပြီ"

မင်းသမီးဆီမှ မြေပုံကိုယူကာကြည့်သည်။

ဘေးနားရှိ တပ်မှူးချင်နှင့်အဖိုးဝူကိုပါခေါ်ကာပြသည်။

တဖက်လူတွေကလည်း မြေပုံကိုဝိုင်းကာကြည့်၍မှတ်ချက်ပေးကြသည်။

"တပ်မှူးချင် ဒီနေရာနဲ့ ဒီလမ်းမဘေးတဖက်စီမှာ မိုင်းတွေထားပါ..

လက်နက်ကြီးကို ၃နေရာခွဲလိုက်..

သေနတ်သမားတွေကိုတဖက်လူမမြင်စေနဲ့..

သူတို့အဝင်က သေချာပေါက် တည့်တည့်ပဲလာလိမ့်မယ်..."

"အဲ့နေရာက မြေပြန့်မဟုတ်ဘူး သစ်ပင်ထူနေတယ် တဖက်ကပုန်းလျှိုးပြီးတက်လာရင်အတင်ပြေပါ့မလား"

မြွေမျိုးနွယ် သိုင်းပညာရှင်မှမေးသည်။

"ပြေတယ်...သူတို့ကအခုချိန်ယုံကြည်မှုလွန်ကဲနေတာ သေချာပေါက်ပုန်းလျှိုးကွယ်လျှိုးမလာဘူး"

သက်လတ်ပိုင်းလူကမေးပြန်သည်။

"အင်အားအကုန်တည့်တည့်တိုးဖို့ဆိုတာဖြစ်နိုင်ပါ့မလားမင်းသား..."

"ဖြစ်နိုင်တာပေါ့...သူတို့က ကျုပ်ရဲ့လက်နက်ကိုအထင်သေးတယ်လေ လူအစုအဝေးနဲ့ချီအကာကွယ်လုပ်ရင် လက်နက်ဆန်းကတိုးမပေါက်ဘူးလို့တွက်ထားလိမ့်မယ်..."

အဖိုးဝူလည်းထိုအချက်ကိုသဘောတူသည်။

အင်အား၂၀၀၀၀ ကျော်ကိုဖြန့်ကာသွားသည်ထက် ရန်သူ၏လက်နက်အားသာချက်ကိုဖြေရှင်းရန်စုဝေးသည်ကပိုကောင်းသည်။

"တပ်မှူးချင်အစီစဥ်တိုင်းစလုပ်တော့...

မင်းသမီးက လူစုထားလိုက်ပါ...

ဒါနဲ့ အစ်ကိုကျန်းဆိုသူမတွေ့ပါလား ဒဏ်ရာမသက်သာသေးလို့လား အဲ့တုန်းကကျုပ်လည်းနည်းနည်းလွန်သွားမိပါတယ်..."

ကျိုးယန်၏ စကားအဆုံးတွင်မင်းသမီးလည်းသတိရသွားဟန်တူသည်..။

"ဟုတ်ပါရဲ့ အစ်ကိုကျန်းမတွေ့မိဘူး သွားရှာစမ်း

သူ့အိမ်တော်မှာရှိနေလိမ့်မယ် တိုက်ပွဲကဖြစ်စတော့သူက အခုထိထွက်မလာဘူးစိတ်ပျက်ဖို့ကောင်းတယ်.."

မင်းသမီးက စိတ်ပျက်လက်ပျက်ဟန်ဖြင့်ရေရွတ်နေသည်...နှစ်ဖွဲ့ပေါင်းမှသိုင်းပညာရှင်အဆင့် ၁၂ ဦး တဖက်တွင် ၂၀ ကျော်...နှစ်ဆကွာနေသည်..။

"မင်းသမီး အရမ်းလည်းစိတ်မပူပါနဲ့

သိုင်းပညာရှင်အဆင့်အစောပိုင်းတွေကို အောက်ခြေတပ်ဖွဲ့တွေထိန်းဖို့ သူတို့ဖက်ကသုံးလိမ့်မယ် တကယ်တမ်း ကျုပ်တို့ရင်ဆိုင်ရမယ့်အရေအတွက်က ကွာလှ လက်တဖက်စာပဲ

ဒါတောင်ကျုပ်ပိုတွက်ထားတာနော်..."

သိုင်းပညာရှင်အဆင့် ၁ ၂ ၃ လောက်ကိုတော့

တပ်ဖွဲ့ခေါင်းဆောင်တွေအဖြစ်သုံးမှာသေချာသည်...။

တပ်မှူးချင်မှ စစ်သည်တော်များကိုခေါ်ဆောင်ကာ မိုင်းထောင်ရန်နှင့် လက်နက်ကြီးများအတွက်နေရာချလိုက်သည်...။

ကြိုတင်ပြင်ဆင်မှုကသာအောင်ပွဲကိုရစေနိုင်ပေမည်...။

"မင်းသမီး သခင်ကျန်းမရှိတော့ပါဘူး.."

အချိန်တခုအကြာတွင် အစေခံတဦးမှအထိတ်တလန့်ဖြင့်ဝင်လာကာဆိုသည်။

"ဘာ မရှိတော့ဘူးဟုတ်လား...ဒီလူကတော့.."

သေချာပါပြီ...သူမတို့မြေနေရာအားသာချက်နဲ့အတူ တဖက်ကိုသတင်းပေးရန်ထွက်သွားလောက်ပြီ..။

သက်လတ်ပိုင်းလူကလည်းအံကိုတင်းတင်းကြိတ်ကာမကျေမနပ်ဆိုသည်။

"သစ္စာဖောက်ကောင်...ခွေးလိုသေမယ့်ကောင်"

အစေခံများသည်လည်း မကျေနပ်ကြ..။

သူတို့က စည်းလုံးသည့်မျိုးနွယ်စုတခုမဟုတ်လား တကယ့်ကာလတွင်မှသစ္စာဖောက်ရက်သည်...။

"ကျုပ်ထင်တဲ့အတိုင်းပါပဲလား..."

သူက ထင်ရုံထင်မိခြင်းဖြစ်သည်မသေချာ။

တဖက်မှာတော့ တကယ်ကြီးသစ္စာဖောက်ဖြစ်နေသည်...။ သိုင်းပညာရှင်ဆိုသည့်အဆင့်က..

အရေးပါသည်...သူ့လက်နက်၏အားသာချက်ကို

ရန်သူမှသိသွားလောက်ပေပြီ.....။

တော်သေးသည်။ သေနတ်သမားများကိုဖုံးကွယ်ထားဖို့စိတ်ကူးမှန်သွားပုံရသည်။

ထို့အပြင်လက်နက်ကြီးနဲ့မိုင်းတွေအကြောင်းလည်းမသိလောက်သေး သတ်ကွင်းပြင်ရန် မျှော်လင့်ချက်ရှိသည်...။

မိုင်းတွေသာ ထိရောက်ခဲ့သည်ရှိသော် တိုက်ပွဲက

တဖက်သတ်ဆန်ဆန်ပင် ပြီးသွားနိုင်သည်..။

"အဖိုးဝူ... ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာရင်သတိထားပါ.."

ကျိုးယန်ကအဖိုးဝူကိုစိတ်ပူနေသည်။

အဖိုးဝူကလည်း

"စိတ်ချပါမင်းသား ဒီလူအိုကအရင်ကထက်ပိုစွမ်းနေပါပြီ...

မင်းသားအတွက်ပဲစိတ်ပူပါတယ်..."

မင်းသမီးကိုင်ရီရီက ကျိုးယန်နှင့်အဖိုးဝူအပြန်အလှန်ပြောနေသည်ကိုကြည့်ကာသက်ပြင်းချသည်...။

သူမတွင်မိဘမရှိတော့ မျိုးနွယ်စုတာဝန်ကို အသက်မပြည့်ခင်ကပဲ တာဝန်ယူလိုက်ရသည်။

အစ်ကိုကျန်းနှင့်အခြားသက်လတ်ပိုင်းလူဖြစ်သည့် အစ်ကိုကျင်း တို့က သူမ၏ သက်တော်စောင့်များဖြစ်ကြသည်...။

"အစ်ကိုကျင်း တဖက်မှာအစ်ကိုကျန်းကိုတွေ့ရင်

အစ်ကိုဘာလုပ်မလဲ.."

"ကျုပ်ကိုတိုင်သတ်ပစ်မယ်မင်းသမီး

အသက်သာအသေခံမယ်ဘယ်တော့မှမျိုးနွယ်ကိုသစ္စာမဖောက်ဘူး...."

အစ်ကိုကျင်းဆိုသည့် သက်လတ်ပိုင်းလူက အားမာန်အပြည့်နှင့် ပြတ်သားစွာပြောသည်..။

ကျိုးယန်လည်း သစ္စာဖောက်ခြင်းကိုမုန်းသည်။

သစ္စာတရားသည် အကောင်းဆုံးလက်နက်ဖြစ်သည်မဟုတ်လား။

သူ့အစေခံများကိုလည်းသစ္စာရှိသူများသာသူလိုချင်သည် ။

မိတ်ဆွေများသာမက မိသားစုတွင်လည်းသစ္စာတရားကအရေးကြီးသည်..။

...........................................................................

All Chapters