← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

အချိန်က နှစ်ရက်တာကုန်လွန်သွားသည်။

တိုက်ပွဲမုန်တိုင်းက နီးကပ်နေသည်မို့ မည်သူမှစိတ်ဖြောင့်ဖြောင့် မနေနိုင် ပြင်ဆင်စရာရှိတာများပြင်ဆင်ရသည်။

တိုက်ပွဲအတွင်းမပါဝင်နိုင်သည့် ကလေးသူငယ်များနှင့်အမျိုးသမီး သက်ကြီးရွယ်အိုတွေကို လုံခြုံသည့်နေရာကိုပို့စေသည်...။

"တောပုန်းအဖွဲ့အင်အားအပြည့်နဲ့ထွက်လာပါပြီမင်းသား...."

တောက်ချင်ဆီမှ သတင်းရသည်နှင့် တပ်မှူးချင်မှကျိုးယန်ကိုပြောသည်..။

"ကောင်းတယ် တခါတည်းအပြီးပေါ့..."

"အားလုံးအဆင်သင့်ဖြစ်ပြီလား..."

"အဆင်သင့်ပါပဲမင်းသား..."

အဖိုးဝူ တပ်မှူးချင်နှင့်မင်းသမီးကိုင်ရီရီတို့အဖွဲ့အားလုံး စိတ်လှုပ်ရှားနေကြသည်...။

တိုက်ပွဲကိုရှောင်လို့မရ...။

"စိတ်အေးအေးထားပါမင်းသမီး.

ကျုပ်အကုန်စီစဥ်ပြီးပါပြီ..."

"ကျမသိပါတယ်..."

မင်းသမီးမှစကားဆိုသည်..။

"တပ်မှူးချင် အဖွဲ့တွေနေရာယူတော့ နေ့တဝက်ဆို ရန်သူတွေရောက်လာလိမ့်မယ်..

ကျုပ်နဲ့အဖိုးဝူက မိုင်းကွင်းကိုစောင့်ကြည့်ပြီ

တိုက်ရိုက်ညွှန်ကြားပေးမယ် နားစွင့်ထားပါ.."

တပ်မှူးချင်နှင့်အဖွဲ့နေရာယူရန်ထွက်သွားသည်။

ကျိုးယန်လည်း တဖက်ရန်သူကိုစောင့်ကြည့်ရန်မိုင်းကွင်း၏ မနီးမဝေးနေရာ၌ ပုန်းကွယ်ကာအသင့်စောင့်နေလေသည်...။

"မိုင်းကွင်းဆိုတာဘာလဲ"

မင်းသမီးက သိလိုဟန်ဖြင့်မေးသည်..။

"ပေါက်ကွဲစေတဲ့အရာတွေမြေကြီးထဲ မြုပ်ထားတာလေ ရလာဒ်ကိုစောင့်ကြည့်ရမယ်.."

"ပေါက်ကွဲစေတဲ့အရာတွေဟုတ်လား

ဟိုအမြှောက်လိုအရာလား..."

"ဟုတ်တယ်...အဲ့လက်နက်ကြီးလိုပဲ သူလည်းဖျက်အားပြင်းတယ်.."

"ဟူး..."

မင်းသားကျိုးဆီ၌ လက်နက်ဆန်းတွေဘယ်လောက်များ ပေါနေပါလိမ့်..။

"ဟိုးမှာလာနေပြီ..."

အဖိုးဝူမှ အဝေးတနေရာကိုညွှန်ပြသည်။

ကျင့်ကြံသူတွေမို့ သာမန်သူတွေထက် အကွာအဝေးတခုကို ပိုကာကြည့်လိုရနိုင်သည်။

မှန်ဘီလူးမလိုပေ...။

"အင်အားကတော့အပြည့်ပဲ..

ဒီမိုင်းကွင်းရဲ့ရလာဒ်ကိုစောင့်ကြည့်ပြီးအဖြေထွက်လာလိမ့်မယ်ထင်တယ်.."

ကျိုးယန်တယောက်တွေးနေသည်။

ကျင့်ကြံသူလူစုလူဝေးကို မိုင်းကထိရောက်ပါ့မလား...မသေချာ...သူစမ်းသပ်ရမည်...။

အင်အား၂၅၀၀၀ နီးပါးလူအုပ်စုက တိုက်ရိုက်ပင်ထိုးဖောက်လာသည်..။

"တက်ကြစမ်း...နေရာတခုလုံး အုပ်စုဖွဲ့ပီးခွဲတက်ကြ...တွေ့သမျှအကုန်သတ်လို့ရတယ်..."

မီတာ ၅၀၀

မီတာ ၄၀၀

မီတာ ၃၀၀

မီတာ ၂၀၀

မီတာ ၁၀၀

မီတာ ၅၀

မီတာ ၃၀

မီတာ ၁၀

အုန်း..အုန်း..အုန်း

အားး...ကယ်ကြပါဦး...

"ဘာတွေလဲ....ဘာအသံတွေလဲဟ

လူအမြန်ခွဲတော့ လူအမြန်ခွဲ ကြ"

ထောင်ထားသည့်မိုင်းများ ဆက်တိုက်ပေါက်ကွဲကုန်သည်...။

တဖက်ရန်သူများက မိုင်းများတိုက်ရိုက်ထိမှန်သူနှင့်အသံကြောင့် နားစည်ကွဲကာ ထုံထိုင်းသူတွေလည်းရှိကုန်သည်...။

"အသံနဲ့တင်ကြောက်ဖို့ကောင်းနေပြီ"

မင်းသမီးကထိတ်လန့်ဟန်ဆိုသည်...။

အဆင့်နိမ့်စစ်သည်တော်တွေကတော့ နေရာတင်အပိုင်းပိုင်းပြတ်ကာ သေဆုံးကြသည်။

"ချီးပဲ ဒါဟိုမင်းသားလက်ချက်ပဲ ဖြစ်မယ်

နောက်ပြန်ဆုတ်ကြ...

သိုင်းပညာရှင်အဆင့်တွေ ရှေ့ကတိုးမယ်"

ရန်သူက မြွေမျိုးနွယ်စခန်းနားအတော်နီးကပ်လာချေပြီ....။

"မင်းသမီးကိုင်ရီရီ ထွက်ခဲ့စမ်း ပုန်းကွယ်ပြီးလုပ်ကြံမနေနဲ့ ဒီလက်နက်တွေက သိုင်းပညာရှင်ကိုမထိနိုင်ဘူး..."

တောပုန်းဟွမ်က အတွင်းအားကိုသုံး၍ကျယ်လောင်စွာအော်သည်။

သူ့ဘေးတွင် သူ့သားနှင့်အစ်ကိုကျန်းဆိုသူ ပါရှိနေလေသည်...။

"ဟိုမှာအစ်ကိုကျန်းမဟုတ်လား"

"ဒီခွေးသားသစ္စာဖောက်ကောင်..."

မင်းသမီးမှ လက်သီးကိုကျစ်နေအောင်ဆုပ်ကာကြိမ်းဝါးသည်..။

မင်းသမီးတို့အဖွဲ့မှ ထိပ်တိုက်ရင်ဆိုင်ရန်ပြင်သည်။

"နေဦး... သေနတ်သမားတွေကျန်သေးတယ်

အားလုံးပြီးမှတိုက်ခိုက်ကြတာပေါ့.."

ကျိုးယန်မှတားသည်။

သူ့ရဲ့ဒုတိယအစီစဥ်အရ သေနတ်သမားများပစ်ခတ်ပြီးလျှင်ရန်သူအများစု...သေကုန်မည်မဟုတ်လား..။

တဖက်ရန်သူ၏အောက်ခြေစစ်သည်များကတော့ကစဥ့်ကလျားဖြစ်နေဆဲပင်...။

အင်အားတဝက်ခန့် သေဆုံးဒဏ်ရာရသွားကြကာ

အများစုမှာလည်း ကြောက်လန့်တကြား နီးရာပြေးကုန်သည်..။

"ခွေးမ...ဒီနေ့နင်တို့တမျိုးလုံး သတ်ပစ်မယ်"

သခင်လေးဟွမ်က ဒေါသတကြီးဆိုသည်..။

သူ့လူတွေ အထိခိုက်များနေသည်မဟုတ်လား။

"ရန်သူတွေနီးကပ်လာပြီမင်းသမီးထပ်စောင့်လို့မရတော့ဘူး..."

အစ်ကိုကျင်းက စိုးရိမ်နေသည်..။

အင်အားစုတဝက်ကျော်ဆိုပေမယ့် မြွေမျိုးနွယ်ကို အမှုန့်ချေရန်လုံလောက်သေးသည်။

မင်းသမီးမှ ကျိုးယန်ကိုတချက်လှည့်ကြည့်သည်။

ကျိုးယန်နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြကာ

အဖိုးဝူကိုအချက်ပေးလိုက်သည်...။

"ပစ်စမ်း...ကျည်တတောင့်နဲ့မသေရင် ရှိသမျှကျည်အကုန်သုံးပြီးပစ်.."

အဖိုးဝူမှကျယ်လောင်စွာအမိန့်ပေးသည်။

"ပစ်ကြစစ်သည်တို့...မင်းတို့ရဲ့လက်စွမ်းတွေကိုပြလိုက်.."

တပ်မှူးချင်ကလည်း ထပ်ဆင့်အမိန့်ပေးကာတိုက်ပွဲကိုဆက်စေသည်..။

ဒိုင်းးဒိုင်းးးဒိုင်းးးဒိုင်းးဒိုင်းးးးးဒိုင်းးး

"ပစ်ကြဟေ့...ရန်သူကိုအလွတ်မပေးနဲ့ထိအောင်ပစ်ကြ..."

သေနတ်သံများ ဆူညံသွားပြန်သည်..။

တဖက်ရှိ တောပုန်းဟွမ်တို့အဖွဲ့ ထိတ်ခနဲ ဖြစ်သွားသည်...။

"ခေါင်းဆောင်ကြီး ကယ်ပါဦး ကျုပ်ထိသွားပြီ"

"ခေါင်းဆောင်ကြီး ကျုပ်ကောပဲ..."

သိုင်းပညာရှင်များထိကုန်သည်..။

ကျည်တတောင့်သာဆိုလျှင် ထိခိုက်မှုမရှိပေမယ့်လည်း ကျည်အမြောက်အမြား တိုးဝင်လာချိန်မှာတော့...သိုင်းပညာရှင်လည်းမကာနိုင်...။

အောက်ခြေစစ်သည်များက မြက်ရိတ်သည့်နှယ်

တုန်းခနဲ ဖြစ်ကုန်သည်....။

"တက်စမ်းကွာ... ငါတို့မှာအင်အားအလုံအလောက်ရှိတယ်...ဒင်းတို့ဘာခံနိုင်မှာလဲ....."

ကျိုးယန်သူ့ရဲ့ဓားကိုထုတ်လိုက်သည်။

သူတွက်ထားသလိုပင် ၂၀၀၀၀ နီးပါး လျော့ကျသွားသည်ဆိုသော်လည်း သေနတ်အရေအတွက်နဲ့ပစ်ခတ်မှုအရ...အကုန်ရှင်းထုတ်ဖို့မဖြစ်နိုင်

ထိပ်တိုက်တွေ့ရန်လိုပေသည်...။

"တိုက်......."

အဖိုးဝူမှ ကျယ်လောင်စွာဟစ်ကြွေးကာတိုက်ပွဲနယ်မြေထဲပြေးဝင်သွားတော့သည်..။

ဒီအဖိုးကြီးအတော်တက်ကြွနေပါလား...။

ကျိုးယန်တယောက် ခေါင်းတခါခါဖြစ်သွားသည်။

အဖိုးကြီးဆိုပေမယ့် သူ့လိုလူငယ်ထက်တောင်စိတ်မြန်လက်မြန်ရှိနေသေးသည်။

"မင်းသမီး ကျုပ်တို့လည်းတိုက်ကြတာပေါ့..."

တိုက်ကြ...မြွေမျိုးနွယ်တွေ အားလုံးတက်..

အစ်ကိုကျင်း၏ ကျယ်လောင်စွာဟစ်ကြွေးသံအဆုံးတွင်တော့ နှစ်ဖက်တိုက်ပွဲက စလေပြီ။

...........................................................................

All Chapters