← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

"ဟမ့်..နောက်ဆုံးတော့ တွင်းထဲကထွက်လာရတာပဲမဟုတ်လား..."

တောပုန်းဟွမ်က မင်းသမီးကိုထေ့ငေါ့ကာဆိုသည်။

"အစ်ကိုကျန်း ဒါရှင့်ရဲ့ရွေးချယ်မှုလား..."

"ဟုတ်တယ် မင်းတို့အနေနဲ့ ခေါင်းဆောင်ကြီးကိုမတွန်းလှန်နိုင်ဘူး...လက်နက်ချပြီးအညံ့ခံလိုက်တော့..."

"ဟွန့်...

မင်းလိုသစ္စာဖောက်ကများပြောရတယ်ရှိသေး

လာခဲ့စမ်း ဒီနေ့မင်းနဲ့ငါသံယောဇဥ်ပြတ်ပြီး

တယောက်သေမှ အေးမယ်.."

အစ်ကိုကျင်းမှ ဒေါသတကြီးပြောသည်။

"ကောင်းပြီ သူငယ်ချင်း.."

အစ်ကိုကျန်းဆိုသူကလည်းသူ့ရဲ့လက်နက်ကိုဆွဲထုတ်လိုက်တော့သည်...။

"မင်းက...မင်းသားကျိုးလား...ငယ်သေးတာပဲကောင်လေး...အသက်ကိုမနှမြောဘူးလား.."

"ဒါမင်းစိုးရိမ်ရမယ့်ကိစမဟုတ်ပါဘူးသခင်လေးဟွမ်..."

"ဟားးဟားအမှိုက်လိုမင်းသားကများပြန်ပြောရဲနေသေးတယ် ဒီနေ့ဒီနေရာကမင်းရဲ့နောက်ဆုံးနေရာပဲ သေလိုက်စမ်း..."

ချီးပဲ ချစရာရှိမချဘူးသောက်စကားကများသေး...။

သခင်လေးဟွမ်က လက်ထဲရှိဓားနှင့်လွှဲခုတ်သည်။

ဓားချက်များက အရှိန်ဟုန်ဖြင့် ကျိုးယန်ဆီတိုးဝင်လာသည်...။

"ဒီလောက်လေးနဲ့..."

ဓားချက်တချက်ထုတ်ဖော်ကာ ကာလိုက်သည်

ထန်း...

"ကာလိုက်တာလားး

ငါ့ရဲ့ မဟူရာဓားကွက်ကိုမြည့်လိုက်စမ်းကောင်လေး.."

သခင်လေးဟွမ်မှ ဓားကွက်များဆက်တိုက်ထုတ်ဖော်တော့သည်...။

ကျိုးယန်တယောက် အသည်းအသန်ရှောင်ရတော့သည်..။

အဆင့်တူ ဆိုပေမယ့်တဖက်ရန်သူက ကျင့်စဥ်များကျင့်ကြံထားသည်..မို့သူ့ထက်အားသာချက်ရှိသည်..။

ငိုးထဲ...ငါကဘာကျင့်စဥ်မှမသိဘူး.ကောင်းရော

ဓားချက်များကမြန်ဆန်ကာ လူချင်းကပ်နေသည်မို့ ရှောင်ရခက်လာသည်...။

တဖက်တွင် မင်းသမီးနှင့် တောပုန်းဟွမ်တို့တိုက်ပွဲကလည်းပြင်းထန်နေသည်...။

"ရှင်တတ်နိုင်တာဒါအကုန်ပဲလားအဖိုးကြီး.."

"ဟမ့် စောင့်ကြည့်ပါဦး ဒီမှာ..မြေခွဲဓားချက်.."

မင်းသမီးလည်း အားကုန်ခုခံကာ တဖက်ရန်သူကိုစိတ်ဆွ၍ အမှားရှာနေသည်...။

"ငါတို့ တွေအတူရှိလာတာ နှစ်ပေါင်းမနည်းဘူးသူငယ်ချင်း မင်းကိုငါမသတ်ချင်ဘူး..

လက်နက်ချလိုက်ပါ ဒီမင်းသမီးလက်အောက်မှာဆိုမင်းရဲ့ကျင့်ကြံဆင့်တွေတိုးဖို့ငါမမြင်ဘူးနော်"

"ဟားးးဟားးး အဆင့်တိုးဖို့လား ငါအာ့တွေမမက်ဘူး...လာစမ်းပါကွာ...စကားမများနဲ့.."

အစ်ကိုကျင်းနှင့်အစ်ကိုကျန်း..ထိပ်တိုက်တွေ့ကြတော့သည်။

တိုက်ပွဲကအချိန်ကြာလာသည်။ သိုင်းပညာရှင်အဆင့်များ၏တိုက်ပွဲက တဖက်ကိုအဆုံးသတ်ရန်ခက်ပေသည်...။

သူတို့၏ ချီအကာအကွယ်များကလည်းသန်မာကာ ရတနာအကာအရံများလည်း ရှိနေသေးသည်မဟုတ်လား...။

ချွမ်...

အင့်....

ဓားချက်တခု မင်းသမီး၏ပုခုံးကိုထိမှန်သွားသည်။ သွေးကဖြာခနဲထွက်ကာမင်းသမီး၏ခန္ဓာကိုယ်ယိုင်ကျသွားသည်...။

ကျိုးယန်တယောက် သခင်လေးဟွမ်ကိုလက်စသတ်ရန်ခက်နေသည်..။

ခွန်အားတူသော်လည်း သိုင်းကွက်ကွာဟမှုကြောင့် အချိန်ကြာနေသည်....။

သခင်လေးဟွမ်၏နောက်ဆုံးဓားချက်ကို ရှောင်ကာ သိုလှောင်ရုံမှ သေနတ်တလက်အမြန်ထုတ်ကာ ပစ်လိုက်သည်။

ဒိုင်း...

သခင်လေးဟွမ်ကလည်းမြန်သည်။

ကျည်ဆံလာရာ လမ်းကြောင်းကိုမှန်း၍ဓားဖြင့်ကာသည်။

ဟုတ်တယ်ဟ..ကျည်ကိုတောင်ကာနိုင်တယ်

"နောက်ထပ်ပစ်တာပေါ့ကွာ..."

ဒိုင်းးးဒိုင်းးးဒိုင်းး

၃ချက်ဆက်ပစ်လိုက်သည်...။

ထန်းးးထန်းး

နှစ်ချက်ထိကာနိုင်သော်လည်း တတိယပစ်ချက်ကိုတော့မကာနိုင်တော့...။

အားးး

ကျည်ဆံက ရင်အုံကိုဖောက်ထွက်သွားသည်။

တဖက်ရှိ တောပုန်းဟွမ်ကသူ့သား၏အော်သံကိုကြားလိုက်ရသောကြောင့် ထိတ်ခနဲဖြစ်ကာအာရုံများသွားသည်...။

"သားလေး...."

မင်းသမီးက အခြေနေကိုတွက်ဆလိုက်သည်။

သူမအတွက် တန်ပြန်ဖို့အခွင့်ကောင်းဖြစ်သည်။

"ဟမ့် ကျမနဲ့တိုက်နေရင်းအာရုံများရဲတယ်လား

သေလိုက်စမ်း..."

ဓားချက်များ ဆက်တိုက်ထိကာ တောပုန်းဟွမ်အခြေပျက်သွားသည်..။

အဆင့်တူခွန်အားတူတိုက်ပွဲက အမှားမခံ

တချက်မှားတာနှင့်အသက်ပါသွားနိုင်သည်..။

အစ်ကိုကျင်းတို့တိုက်ပွဲသည်လည်း မပြီးဆုံးသေး

သွေးတရဲရဲ ဖြင့်မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသည်..။

အဖိုးဝူတယောက်လည်း သိုင်းပညာရှင်အများစုကိုလက်စသတ်နေသည်..သူ့ခန္ဓာကိုယ်တခုလုံးဒဏ်ရာများကအပြည့်ရစရာပင်မရှိတော့..။

"ခွေးမ အလစ်တိုက်ရဲတယ်လား.."

တောပုန်းဟွမ် ဒေါသထွက်သွားကာအားကုန်သုံး၍တိုက်တော့သည်...။

"သေစမ်း..သေစမ်း..သေလိုက်စမ်းခွေးမ...

ငါ့သားတခုခုဖြစ်လို့ကတော့ နင်တို့တမျိုးလုံးကိုမီးမြိုက်ပစ်မယ်..."

ကျိုးယန်တယောက် မြေပေါ်လဲနေသည်သခင်လေးဟွမ်ကိုသေနတ်ဖြင့်ချိန်ကာ လက်စသတ်လိုက်သည်။

ဒိုင်း.....

"သားးးး"

တောပုန်းဟွမ်စိတ်ရိုင်းဝင်သွားလေပြီ..

သားဇောဖြင့် မဲမဲမြင်ရာဓားဖြင့်ခုတ်သည်။

"မင်းသမီးအနောက်ကိုဆုတ်တော့.."

ကျိုးယန်တယောက် မင်းသမီးကိုစိတ်ပူသွားသည်။ တဖက်က မီးကုန်ကြမ်းတော့မည်မဟုတ်လား။

အနီးရှိရန်သူများကို သေနတ်ဖြင့်ပစ်ကာမင်းသမီးရှိရာခုန်ဝင်သွားသည်...။

"သေလိုက်စမ်း..."

ဓားချက်တခုကျလာသည်...။

ချီးပဲ ခွန်အားကကြောက်ဖို့ကောင်းလိုက်တာ။

ကျိုးယန်လည်း လက်ထဲမှဓားဆီခွန်အားအကုန်ပို့ကာခုခံလိုက်သည်..။

ဝုန်း..

ဆယ်မီတာခန့်လွင့်စင်သွားသည်။

"မင်းသား..ကျုပ်လာပြီ..."

အဖိုးဝူ၏ စိုးရိမ်တကြီးအော်သံကို ကြားလိုက်ရသည်...။

နာလိုက်တာ....ဒါတောင်ဓားချက်ကတည့်တည့်ထိသည်မဟုတ် ဓားချက်မှာပါသည့်ခွန်အား

ရိုက်ခတ်ရုံဖြင့် လွင့်သွားရသည်။

............................,.........................................

All Chapters