← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

နောက်တနေ့နံနက်တွင် အဖိုးဝူတို့အဖွဲ့ ပြန်လည်

ရောက်လာကြသည်။

“အင်အားတချို့တဝက်ခွဲပြီးရွာမှာထားခဲ့တယ်

အခုမင်းသား အိမ်တော်ကိုပြန်ပြီး အနားယူ

တော့မလား”

အဖိုးဝူမှ မေးသည်..။

အဖိုးဝူနှင့်စကားပြောနေစဥ် ခန်းမထဲသို့

မင်းသမီးကိုင်ရီရီတို့အဖွဲ့ ဝင်လာကြသည်။

အစ်ကိုကျန်းပြဿနာကို သူတို့ဖြေရှင်း၍

ပြီးသွားပြီထင်သည်။

“ကျမတို့ သလင်းကျောက်တွင်းကိစ္စ ဘယ်တော့

လောက်စကြမလဲ”

မင်းသမီးမှ ကျိုးယန်ကိုမေးသည်။

“ရက်နည်းနည်းစောင့်ပါဦး အခုအိမ်တော်ကို

ပြန်ပြီး စီစဥ်စရာအချို့ စီစဥ်ပါဦးမယ်”

“ကောင်းပါပြီ ကျမရှင့်ကို လိုက်မပို့တော့ဘူး”

ကျိုးယန် ခေါင်းညိတ်ပြလိုက်သည်။

ခနအကြာ အဖိုးဝူနှင့်လက်ကျန်စစ်သည်များ

ခေါ်ဆောင်ကာ မြွေမျိုးနွယ်မှထွက်လာခဲ့သည်။

အိမ်တော်ကိုပြန်ရောက်ချိန်မှာတော့ လုံးဝ

အနားယူပစ်လိုက်ရန် စိတ်ကူးတော့သည်။

ဒဏ်ရာကလည်း သက်သာသွားသည်မို့ အဆင်ပြေသည်။

“အစ်ကိုကြီး အဆင်ပြေရဲ့လား”

စုယင်ကစိုးရိမ်စွာမေးသည်။

ဒီရက်တွေအတွင်း သူမ ကျိုးယန်ကိုစိတ်ပူနေရ

သည်မဟုတ်လား။

“အဆင်​ပြေပါတယ်”

တောက်ချင်ဆီလူလွှတ်ကာ နယ်မြေချဲ့ထွင်

ရေးနှင့်ပက်သက်သည့်ကိစ္စများအား သတင်း

ပြန်ပို့ရန်မှာလိုက်သည်။ထို့အတူ မိုင်၁၀၀၀

ပတ်လည်အကျယ်အဝေးအတွက် နယ်မြေကြီး

တခုလုံး၏ မြေပုံကို အသေးစိတ်ရေးဆွဲရန်ပါ

မှာကြားလိုက်သည်။

“မနက်ဖန်ကျရင် စုယင်ကိုပြစရာရှိတယ်”

“ပြစရာ ဟုတ်လား”

စုယင်ကသိလိုသည့်ဟန်ဖြင့်မေးသည်။

“မလောနဲ့လေ ဟက် ခုကိုယ်နားချင်ပြီမနက်ဖန်

ကျမှ တွေ့တာပေါ့”

“ကောင်းပါပြီ”

စုယင်လည်းသူ့ကိုနှုတ်ဆက်၍ ထွက်သွားသည်

အခန်းထဲဝင်ကာ စနစ်နှင့်စကားပြောရန်

ပြင်သည်။

“စနစ်…စတိုးဆိုင်မှာကုန်ကြမ်းတွေအပြင်

အခြား ဘာတွေရနိုင်သေးလဲ”

“တကိုယ်ရည်သုံးအသေးစားထုတ်ကုန်အချို့

ရနိုင်ပါတယ်”

“အသေးစားထုတ်ကုန်ဆိုတာက…”

“မုတ်ဆိတ်ရိတ်စက် စီးကရက် နေကာမျက်မှန်

အစရှိသဖြင့်ပေါ့”

သောက်ကျိုးနည်း……။

စနစ်ရဲ့စတိုးမျက်နှာပြင်ကို ကြည့်သည်။

ယမ်းစိမ်း။ကြေး။သတ္တူ။ရာဘာပင်မျိုးစေ့။

ဘိလပ်မြေ။

ဘာတွေလဲ…။

ကျိုးယန်တယောက် ခေါင်းနောက်သွားသည်။

စျေးနှုန်းတွေကလည်း..များလွန်းသည်။

ကုန်ကြမ်းတတန်ကို အင်အားမှတ် ၁၀၀၀၀

ပေးချေရမည်ဖြစ်သည်။

များလိုက်တာကွာ…။ဓားပြသာတိုက်စားပါ

တော့လားစနစ်ရ…။

“စနစ်ရှင်က ကိုယ့်ကိုကိုယ်အားကိုးမှာလား”

“ဘယ်ဖြစ်မလဲဟ”

ငိုးမစနစ် ငါ့ကိုရွဲ့မေးနေတာ ငါသိတာပေါ့။

ထားတော့….လောဆယ်ကုန်ကြမ်းမလိုဘူး။

နယ်မြေရှင်းလင်းရေးအတွက် စီစဥ်မယ်။

စနစ်၏မျက်နှာပြင်မှ ပြန်ထွက်လိုက်သည်။

ညကား…အထီးကျန်သူတွေအတွက် လွမ်းစရာ

တသီကြီးပေးနေသည့်နှယ်…။

ဟူး…..

မိန်းမလေးတယောက်တော့..ယူရင်ကောင်းမယ်

မဖြစ်သေးပါဘူး။ငါ့မှာလုပ်စရာကအများကြီး

လုံလောက်တဲ့ခွန်အားမရှိရင် ငါ့အနားကလူတွေ

အန္တရာယ်ကင်းအောင် ငါလုပ်နိုင်မယ်မထင်ဘူး

နောက်တရက်ရောက်ချေပြီ…။

မနက်စာ စားသောက်ပြီးသည်နောက် လေ့ကျင့်

ရေးကွင်းရှိရာ ဦးတည်လိုက်သည်။

ဒီနေ့ သံချပ်ကာကားများနှင့်ဆောက်လုပ်ရေး

ကားများအားနေရာချကာ စမ်းသပ်၍မောင်းနှင်

ရန်ကြိုးစားကြည့်ရမည်မဟုတ်လား…။

မနက်စောစောပင်ရှိသည်ဆိုပေမယ့်…

အိမ်တော်ဝန်းတခုလုံး လှုပ်ရှားသက်ဝင်နေပုံ

ရှိသည်။

လေ့ကျင့်ရေးကွင်းပြင်ကိုရောက်တော့ နေရာ

ကျယ်တခုရှာကာ ပထမဦးစွာ စနစ်မှသံချပ်ကာ

ကားများကိုနေရာချသည်။

ခေတ်မီကမ္ဘာတွင်တော့ သံချပ်ကာကားများက

ကျည်ဆံနှင့်ဗုံးဒဏ်ခံနိုင်ရန် အထူးဖန်တီးထား

သော စစ်ဘက်ဆိုင်ရာကားများဖြစ်သည်။

ရှေ့ခန်းတွင် နှစ်ဦးနှင့် အနောက်တွင် တစ်ဦး

လိုက်ပါကာ အမိုးတွင်လူရပ်ပေါက်တခုပါ၍

စက်သေနတ်တလက်လည်း တင်ထားသည်။

ဒါတော့ မိုက်သွားပြီစနစ်ရေ…။

စနစ်ကသူ့ကိုဘယ်တော့မှ အပေါစားမပေးခဲ့။

သံချပ်ကာကားပေါ်တက်ကာ စမ်း၍မောင်းရန်

ကြိုးစားသည်။

အရင်ကမ္ဘာတွင်ကားမောင်းတတ်သူမို့ အခက်

အခဲမရှိတော့ပေ။

ဝူးးးးး

ကျယ်ပြန့်သည့်ကွင်းပြင်က မျက်နှာပြင်ညီညာ

သည့်အတွက် မောင်းရအဆင်ပြေသည်..

အချိန်တခုအကြာ မောင်းနှင်ပြီးနောက်..

သံချပ်ကာ ကားတစီးက သလင်းကျောက်

ကုန်သွားတော့သည်…။

အဆင့် ၂ သလင်းကျောက်က ဆယ်မိနစ်ပဲ

မောင်းလို့ရတာလား..။

“စနစ်ရေ မင်းက ချစ်တီးပဲ”

သံချပ်ကာကားများကိုစမ်းသပ်ပြီးနောက်

ဆောက်လုပ်ရေးကားများကိုနေရာချသည်။

အစီးရေ ၅၀ အတွက်နေရာမလုံလောက်တော့။

ဆယ်စီးဆို အဆင်ပြေလောက်ပါပြီ…။

မြေတူးကား။မြေသယ်ကားနှင့်ကျောက်တုံး

များတင်ဆောင်ရန်…ကားကြီးတွေပါ ပါသည်။

ဆောက်လုပ်ရေးကားများကို သေချာကြည့်၍

အစီစဥ်များဆွဲရတော့သည်။

အိမ်တော်ဝန်းပတ်လည်ကို မြေညှိ၍

သံချပ်ကာနှင့် ဆောက်လုပ်ရေးကားများ

သွားလာရအဆင်ပြေရန် အရင်လုပ်ရမည်။

“ဒါ ဘာကြီးတွေလဲ အစ်ကိုကြီး”

တစ်ယောက်တည်းအတွေးများနေစဥ် စုယင်၏

အသံကိုကြားလိုက်ရသည်။

“ဒါ ညီမလေးကိုပြမယ်ဆိုတဲ့ ဟာတွေလား”

“ဟုတ်တယ် ဒါကိုသံချပ်ကာကားလို့ခေါ်တယ်

တိုက်ပွဲမြေပြင်နေရာတွေမှာ အသုံးဝင်တယ်

ဟိုးတဖက်မှာရပ်ထားတဲ့ကားကြီးတွေက

ဆောက်လုပ်ရေးကားတွေပေါ့…အိမ်ဆောက်

လမ်းပြင် လမ်းချဲ့..တောင်ဖြို မြေသယ်အကုန်

အဲ့ကားနဲ့လုပ်လို့ရတယ်”

စုယင်တယောက်အံ့သြနေရသည်။

ဒါမျိုးသူမ တခါမှ မမြင်ဖူးခဲ့။

“ညီမလေးစမ်းမောင်းကြည့်လို့ရမလား”

“မရဘူး အန္တရာယ်များတယ် ဒီကားတွေနဲ့

ပက်သက်ပြီး စစ်သည်တွေကိုသင်ပေးတဲ့အချိန်

စုယင်လည်းလာသင်ပေါ့”

“သင်ရဥိးမယ်တဲ့လား ရထားလုံးထပ်ခက်လား”

“ခက်တာပေါ့”

စုယင်စိတ်ပျက်သွားသည်။သူမက ယခုပင်

စမ်းသပ်မောင်းနှင်ချင်နေသည် မဟုတ်လား။

သံချပ်ကာကားများကိုပတ်ကြည့်သည်။

ကား၏ကိုယ်ထည်ကိုပွတ်သပ်ကာ သူမလေး

အံ့သြမဆုံးဖြစ်၍ မျက်လုံးများပြူးကျယ်

နေလေတော့သည်။

“ကိုယ်ထည်တွေက မာကြောမယ့်ပုံပဲ သူတို့ကို

ဘယ်လောက်မြန်မြန်မောင်းလို့ရလဲ”

“ရထားလုံးထက်တော့ သာတာပေါ့ အမြန်နှုန်းက အခုတော့မပြောနိုင်သေးဘူး

သလင်းကျောက်အရည်အသွေးကိုမူတည်ပြီး

အမြန်နှုန်းနဲ့ကြာချိန် ကွာဟမှုရှိနိုင်တယ်”

“သလင်းကျောက်တွေ”

စုယင်သတိရသွားသည်။

“သလင်းကျောက်တွင်းတူးဖို့ ဘယ်တော့စမလဲ

ညီမလေးလိုက်ချင်တယ်”

ကျိုးယန် ခေါင်းကိုက်သွားသည်။

ဒီကလေးမ သူ့ကိုတွယ်ကပ်လွန်းသည်။

“သလင်းကျောက်ကိစ္စ တဖက်မှာစီစဥ်စရာ

ကိစ္စတွေပြတ်ရင်စမယ် စုယင်လိုက်လို့မရ

လောက်ဘူး အန္တရာယ်များတယ်လို့ မြွေမင်းသမီး ပြောတာ စုယင်လည်းကြားတယ်

မဟုတ်လား”

“အစ်ကိုကြီးပါနေရင် အဆင်ပြေတယ်လေ”

ကျိုးယန်ပြုံးမိသွားသည်။သူကိုယ်တိုင်တောင်

ဒီလောကနဲ့အသားမကျသေး။ကိုယ့်ကိုကိုယ်

ကာကွယ်နိုင်ဖို့ခွန်အားမရှိသေး။

“ဒါတွေထားပါ အခု အဖိုးဝူနဲ့သူ့အဖွဲ့ကို

ဒီကိုလာဖို့သွားခေါ်ပေး ဒီယာဥ်တွေနဲ့ပက်သက်

ပြီး သူတို့ကိုသင်ပေးရမယ်…”

“ဟေး…ညီမလေးပါသင်မယ်နော်”

စုယင်တယောက်ပျော်ရွှင်စွာခုန်ပေါက်၍

ထွက်သွားသည်။

သူမ သံချပ်ကာကားများကိုသေချာပေါက်

မောင်းချင်နေသည်မဟုတ်လား..။

မြွေမျိုးနွယ်၏တနေရာ

အပြစ်ပေးခန်းမ…

“ကျန်းယွင် ရှင့်ကိုမျိုးနွယ်စုသစ္စာဖောက်မှုနဲ့

ဘိုးဘေးတွေရဲ့အပြစ်ပေးခန်းမ မှာသေဒဏ်

ပေးရလိမ့်မယ်”

မင်းသမီးကတင်းမာစွာဆိုသည်။

ပြီးနောက် ကျန်းယွင်ကိုဆွဲခေါ်ကာ စင်မြင့်

ပေါ်တက်သွားသည်။

မြွေမျိုးနွယ်ဘိုးဘေးရုပ်တုများရှိရာ ဦးညွှတ်၍

“ဘိုးဘေးတို့ မျိုးနွယ်ရဲ့အပြစ်သားကို ဒီနေ့

အပြစ်စီရင်ပါတော့မယ်”

မင်းသမီးက စကားအပိုမပြော..။ကျန်းယွင်ကို

ဒူးထောက်စေကာ ဦးခေါင်းကိုတခါတည်း

ခုတ်ချလိုက်တော့သည်…။

ကျန်းယွင်လည်း နောက်ဆုံးချိန်ထိ အော်သံ

တချက်ပင်ပြုမသွားတော့ပေ။

နောင်တရသွားသည်လား…မလွတ်မြောက်နိုင်

တော့သည်ကိုသိ၍လား…မပြောတတ်။

အခြေနေမှန်ကိုသူသာသိပေလိမ့်မည်…။

မြွေမျိုးနွယ်ဝင်များလည်းမျက်နှာမကောင်းကြ

မျိုးနွယ်တူချင်း သတ်ဖြတ်မှုလုပ်ရတာဟာ

ရင်နာဖို့ကောင်းလွန်းသည်။

အင်အားအကန့်အသတ်သာရှိ၍ တိုးတက်ရန်

အချိန်တခု လိုအပ်နေသည့်မျိုးနွယ်မို့ ကျန်းယွင်

သတ်ဖြတ်အပြစ်ပေးခံရသည်က မျိုးနွယ်ကို

ထိခိုက်စေသည်။

သို့သော်..အပြစ်သမားကိုလည်း ခွင့်လွှတ်ပေး

၍မရပြန်ချေ။

မျိုးနွယ်ကိုသစ္စာဖောက်သည်က အပြစ်တွေထဲ

အပြင်းထန်ဆုံးနှင့် အဆိုးဆုံးလုပ်ရပ်ဖြစ်သည်။

ဟူးးးးး

ကိုင်ရီရီ…သက်ပြင်းမောကိုချလိုက်သည်။

အသက်အရွယ်နှင့်မလိုက်…မျိုးနွယ်စုကြီးကို

ထိန်းချုပ်နေရတာ သူမအတော်ပင်ပန်းနေသည်

မှာသိသာသည်။

တိုက်ပွဲမှဒဏ်ရာကလည်း အရှင်းမပျောက်သေး

တောပုန်းဟွမ်နှင့်တိုက်ပွဲအကြောင်းကို

အနှေးနဲ့အမြန် မြို့တော်ရှိ မိသားစုကြီးများ

သိသွားနိုင်သည်။

တောပုန်းဟွမ်သည်လည်း မြို့တော်ကိုထွက်

ပြေးသွားသည်ဟု သူမထင်သည်။

ထိုအတွက်… သလင်းကျောက်တွင်းကိစ္စက

တတ်နိုင်သမျှ မြန်မြနိအဆုံးသတ်မှသာ

သူမအတွက်အဆင်ပြေမည်….။

“အစ်မကိုင်လီ…သလင်းကျောက်တွင်းကိစ္စ

အလုပ်စဖို့ မင်းသားကျိုးဆီသတင်းပို့ပေးပါဦး

ကျမတို့ ရက်၂၀ အတွင်း ဒီကျောက်တွင်းကို

အပြတ်ဖြတ်ရမယ် အချိန်သိပ်မရှိဘူး”

ကိုင်လီလီက

“မိသားစုကြီးတွေပါလာမှာစိုးနေတာလား.”

“ဟုတ်တယ်…သလင်းကျောက်တွင်းက

အဆင့်ဘယ်လောက်လဲ မပြောနိုင်ဘူး…

အဆင့်နိမ့်ဖြစ်ရင်တောင် တန်ဖိုးကမသေးတော့

တောပုန်းဟွမ် လွတ်မြောက်ပြီး မိသားစုကြီး

တွေကိုသတင်းပေးနိုင်တယ်..”

အစ်ကိုကျင်းထိတ်လန့်သွားသည်

“ဒါဆို ကျုပ်တို့ဆီရောက်လာနိုင်သေးတာပေါ့”

အစ်ကိုကျင်း၏စကားကို ကိုင်ရီရီမှ

ချက်ချင်းပြန်မဖြေ….။

ခပ်ဝေးဝေးကိုငေးကာ….

“သလင်းကျောက်တွင်းရှိတဲ့နေရာကို

တိုက်ရိုက်သွားတာမျိုးဖြစ်နိုင်တယ်…

တောပုန်းဟွမ်လည်း တည်နေရာသိထားတယ်

မဟုတ်လား…ကျမတို့ပိုင်နက်ဆိုပေမယ့်

ကာကွယ်ထားနိုင်ဖို့မလွယ်ဘူး…”

ကိုင်လီလီလည်းဥိးခေါင်းကိုညိတ်ကာ

ပြောလိုက်သည်..။

“မင်းသားကျိုးကိုသတင်းပို့လိုက်ပါ့မယ်

တပတ်အတွင်း လုပ်ငန်းစဖို့ အဓိက မှာလိုက်မယ်ညီမလေး…”

“ကောင်းပြီ အစ်မ”

All Chapters