← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ကွင်းပြင်၌ လူစုံရောက်လာကြသည်။

ဒါတွေဘယ်တုန်းကရောက်လာတာလဲ..။

အကုန်လုံးရှော့ရနေကြသည်။ယာဥ်ပုံစံတွေက

သူတို့တခါမှမမြင်ဖူးသည့်ပုံစံဖဖြစ်သည်။

လေးထောင့်သံတုံးကြီးကို ဘီးတပ်ထားသည်

နှယ်။ကြည့်ကဆိုး၍ အရွယ်အစားကလည်း

ကြီးမားသည်။

စစ်သည်တော်များက သံချပ်ကာကားနှင့်

ဆောက်လုပ်ရေးယာဥ်ကြီးများကို ဝိုင်း၍ကြည့်

ကာ တယောက်တပေါက်ပြောဆိုကြတော့သည်

“ဒီသံတုံးတွေနဲ့ မင်းသားကဘာလုပ်မလို့လဲ”

“သံတုံးမဟုတ်လောက်ဘူး ဟ ဘီးတွေပါနေ

တာတွေ့လား ရထားလုံးလို သွားလို့ရတယ်”

“ရထားလုံးလောက်မြန်ပါ့မလား”

“ငါတော့မထင်ဘူး ဒီလောက်လေးတဲ့သံတုံး

ကြီးတွေက မြန်ပါ့မလား”

တီးတိုးပြောဆိုသံများကို မသိဟန်ဆောင်ကာ

အဖိုးဝူနှင့်တပ်မှူးချင်ကိုခေါ်လိုက်သည်။

“အားလုံးပဲ ဒါတွေကို စက်တပ်ယာဥ်လို့

အလွယ်ခေါ်တာပေါ့ ရထားလုံးလို ခရီးသွား

လာရာမှာသုံးလို့ရသလို တိုက်ပွဲအတွက်လည်း

သူကအသုံးဝင်တယ် အမိုးပေါ်က သေနတ်ကို

အားလုံးသတိထားမိကြမှာပါ…”

ကျိုးယန်က စက်သေနတ်ကိုညွှန်ပြသည်…။

“ဟေ့ အဲ့ဒါငါတို့ကိုင်နေတဲ့သေနတ်နဲ့တူတယ်မလား”

“တူသလိုလိုတော့ရှိသား သူကအရွယ်အစား

ပိုကြီးနေသလိုပဲ”

ကျိုးယန်က သံချပ်ကာကားတစီးပေါ်တက်ကာ

နမူနာမောင်းပြသည်။

“ဒီဟာကိုမောင်းနှင်ဖို့ သလင်းကျောက်လိုတယ်

အခု ကားတွေထဲမှာ ယာယီအသုံးပြုဖို့

သလင်းကျောက်အချို့ထည့်ထားပြီးသားပဲ”

သံချပ်ကာကားကိုမောင်းထွက်လိုက်ချိန်

အကုန်လုံးက အလန့်တကြားဖြစ်သွားသည်။

“မြန်တယ် ဒါရထားလုံးထက်တောင်မြန်နိုင်တယ်”

“ဟုတ်တယ်”

အဖိုးဝူနှင့်တပ်မှူးချင်လည်း တစီးစီတက်ကာ

စမ်း၍မောင်းကြည့်ဖို့ကြိုးစားကြသည်။

“ကျမလည်းမောင်းမယ်လေ”

စုယင်တယောက်အားကျမခံ နီးရာကားပေါ်

အပြေးအလွှားတက်သွားသည်။

“အာ ဒီကောင်မလေးကတော့”

ကျိုးယန်အလန့်တကြားဖြင့် သူ့ကားပေါ်မှ

ဆင်းကာ စုယင်တို့ဆီအမြန်သွားလိုက်ရသည်။

“ခနလေး…မောင်းနှင်အသုံးပြုရမယ့်လမ်းညွှန်

အချို့ ကျုပ်ပေးဦးမယ်…အဖိုးနဲ့တပ်မှူးချင်တို့

စစ်သည်တွေကို ပြန်သင်ပေးလိုက်ပါ”

စနစ်မှ မှတ်စုထုတ်ပေးထားသည့်စာအုပ်၃အုပ်

ကို ဝေပေးလိုက်သည်။

ရောင်စုံပုံများသာမက အသေးစိတ်ရှင်းလင်း

ချက်ပါသည်မို့ အဆင်ပြေသည်။

ကျင့်ကြံသူတွေအနေဖြင့်ခက်ခဲသည့်..

ကျင့်စဥ်တွေကိုတောင်ကျင့်လာကြသည်မဟုတ်လား….။

ကျိုးယန်လည်း စာအုပ်များဝေငှပြီးနောက်

စုယင်၏ကားပေါ်တက်ကာ ယာဥ်မောင်းဘေး

ဘက်ခြမ်းတွင် ဝင်ထိုင်သည်။

“ဒါက လက်ကိုင် သေချာကိုင်ထားနော်

ခြေထောက်အောက်မှာနင်းစရာ ၃ခုပါတယ်

ပထမတခုက ရပ်တန့်ချင်ရင်သုံးတယ်..

ဒုတိယ တခုက အမြန်သွားချင်ရင် သုံးတယ်

တတိယတခုကတော့ အမြန်နှုန်းအတင်အချ

လုပ်တဲ့နေရာမှာ သုံးရမှာ”

ကျိုးယန်၏စကားအဆုံး စုယင်ကမကျေနပ်

ဟန်ဖြင့်…

“စာအုပ်ထဲမှာပါပြီးသားမဟုတ်လား

ညီမလေးသိပါတယ်”

ငါတော့…လန့်တယ်…။

စုယင်တယောက် ကားစက်နိုးကာ..

ဘယ်ဘက်ခြေက ဘရိတ်နှင့် ကလပ် ကိုတွဲ

နင်းထားကာ ဂီယာထိုးသည်..။

တစ် နှစ်…ရပြီ။

စာအုပ်ပါအတိုင်းတဆင့်ပြီးတဆင့်လုပ်ကာ

လီဗာကိုနင်းချတော့သည်။

စုယင်က ကျင့်ကြံသူမဟုတ်ပေမယ့် ဉာဏ်ကောင်းကာအတတ်မြန်သည်။

စထွက်သည်ဆိုကတည်းက အရှိန်ကိုတင်ကာ

မောင်းတော့သည်…။

“ဖြေးဖြေး ဖြေးဖြေး စုယင် အန္တရာယ်များတယ်”

ကျိုးယန်တယောက် ဘေးတွင်ထိုင်ကာ

ဇောချွေးပျံနေရသည်….။

ဒီကောင်မလေး တကယ်ကို လူကြမ်းစိတ်ကြမ်း

ပုံစံလို့မထင်ရဘူး။

အဖိုးဝူနှင့်တပ်မှူးချင်တို့ကတော့ နှေးကွေးစွာ

မောင်းနေကြသည်..။

စုယင်တစ်ယောက်သာ အကြမ်းပတမ်းမောင်း

၍ ကွင်းပြင်ကိုပတ်နေသည်။

“တော်ပြီ ရပ်တော့ အစ်ကိုဆင်းမယ်စုယင်”

စုယင်ကိုအသည်းအသန်ရပ်စေကာ ဆင်းရန်

ပြင်ရတော့သည်။

ကြာလျှင် စားထားသမျှ အန်ထွက်တော့မည်။

စစ်သည်တော်များကလည်း အားကျနေသည့်

မျက်လုံးရွဲ ကြီးများဖြင့် စုယင်တို့ကိုခပ်လှမ်း

လှမ်းမှငေးနေကြသည်..။

ကားပေါ်မှ ဆင်းကာ ဆောက်လုပ်ရေးကားများ

အသုံးပြုမည့်နည်းလမ်းများ အကြမ်းဖျင်း

ပြောပြကာ နမူနာမောင်းပြသည်။ပြီးနောက်

မှတ်စုစာအုပ်များဝေပေး၍ လေ့ကျင့်စေသည်

“အဖိုးဝူ ဒီယာဥ်တွေသုံးဖို့သလင်းကျောက်

ခပ်များများမြို့တက်ပြီးလဲပေးပါဦး

ပြီးရင် အဖိုးဝူတို့ပဲ ခွဲဝေထားလိုက်ပေါ့..

ကားတွေကိုအချိန်မရွေး မောင်းလို့ရအောင်

သလင်းကျောက်အသင့်ထည့်ပြီးသားဖြစ်

အောင်လုပ်ထားပေးပါ ဒီမှာရွှေစ ၅သိန်း”

စနစ်မှပေးထားသည့်ရွှေစများက ၂သိန်းခန့်

သာကျန်တော့သည်။…

ဒါတောင်စားစရိတ်အတွက် အသုံးမပါ၍သာ

တော်သည်။

အနောက်ဘက်ဒေသကိုပို့ရာတွင် ဘုရင်ကျိုးက

ရွှေစ ၂သိန်းကျော်နှင့်ဆေးဝါးများထည့်ပေး

သည်မှာလည်းကုန်လုနီးပါးဖြစ်နေပြီ။

“စိတ်ချပါ မင်းသား…”

အဖိုးဝူမှရွှေစကိုယူကာ သေချာသိမ်းသည်။

“ဒီကားတွေကိုကျွမ်းကျွမ်းကျင်ကျင်မောင်း

တတ်သွားရင် တောက်ချင်တို့ရွာနဲ့ မြွေမျိုးနွယ်

ရှိတဲ့နေရာထိ လမ်းဖောက်ဖို့ အစပြုတော့အဖိုး

လမ်းမတဖက်စီကို တစ်ဧကပတ်လည်

မြေကွက်တွေနဲ့ လမ်းမနဲ့…မြေကွက်ကြားမှာ

မြောင်းအသေးလေးထားတဲ့ပုံစံ ထည့်မယ်”

ကျိုးယန်မှဆက်ပြောသည်။

“ကျုပ် အခုပဲ ပုံကြမ်းသွားဆွဲတော့မယ် ပြီးရင်

ကျူးရုံဆီ ပေးထားမယ် မနက်ဖန်ကစ

အမောင်းသင်ရင်း…အလုပ်စလုပ်လို့ရပြီ

သံချပ်ကာကားတွေကိုတော့အပြင်ဘက်

မမောင်းကြဖို့သတိရပါ”

“ကောင်းပါပြီမင်းသား”

ကျိုးယန်လည်းလေ့ကျင့်ရေးကွင်းမှထွက်ကာ

ခန်းမထဲ ပြန်သည်။

ပုံကြမ်းဆွဲရန် အာရုံစိုက်ရတော့သည်။

ခန်းမထဲရောက်သည့်နှင့် အစေခံတယောက်အား ကျူးရုံကိုအခေါ်

လွှတ်လိုက်သည်။

တခဏအကြာ ခန်းမထဲ ကျူးရုံဝင်လာသည်။

“မင်းသား ခေါ်တယ်ဆိုလို့ပါ ဘာများဆောင်

ရွက်ပေးရမလဲ”

“ဒီကိုလာဦးကျူးရုံ ငါတို့ပုံကြမ်းတခုဆွဲဖို့

စကြရအောင်”

“ပုံကြမ်း ဟုတ်လား..”

ကျူးရုံလည်းပုံကြမ်းဟူကြားသည်နှင့်

မျက်လုံးများအရောင်တောက်ကာ ခုံတွင်

ဝင်ထိုင်တော့သည်။

“လူနေ အိမ်ရာတချို့ဆောက်ချင်တာ..

တူညီတဲ့အဆောက်အုံတွေကိုမှ လမ်းကျယ်တွေ

အပါ ထည့်မယ် အိမ်ရာကိုလည်း တဧက

ပတ်လည်မြေကွက်ပေါ်မှာ တထပ်အိမ်ပုံစံ

အခန်း ၂ခန်းပါ မီးဖိုခန်း သက်သက် လိုချင်

တယ် “

ကျူးရုံက ပုံကြမ်းဆွဲ ကြည့်သည်..။

“အိမ်တွေကို လမ်းရဲ့တဖက်စီမှာ မျက်နှာချင်း

ဆိုင်ဆောက်ရင်ကောင်းမယ်…”

“ဒါပေါ့…ဘေးဘယ်ညာ နှစ်ဖက်ဆောက်မယ်

ပြီးတော့ အိမ်နဲ့လမ်းမကြားမှာ မြောင်းကျယ်

တခုတူးပြီး အိမ်ရာဝန်းတခုလုံးရေစီးရေလာ

ကောင်းအောင်ပါလုပ်ရမယ်…ရေမြောင်းကို

အိမ်ရာရဲ့နောက်ကျောမှာ ကန်ကြီးတကန်တူး

ဖော်ပြီး ကန်ထဲတိုက်ရိုက်စီးခိုင်းမယ်”

ကျိုးယန်၏စကားအဆုံးကျူးရုံက..

“ရေမြောင်းတွေအတွက် အိမ်ရာကို ချောင်းနဲ့အနီးကပ်မှာ အကွက်ချမလို့လား”

ထိုစဥ် သံချပ်ကာကားများ ပတ်မောင်းနေသည့်

စုယင်တစ်ယောက်ခန်းမထဲဝင်လာသည်။

ပြီးနောက် ပုံကြမ်းဆွဲသည့်နေရာတွင်ဝင်ထိုင်

၍ စပ်စုတော့သည်..။

“ရေအသုံးပြုဖို့အတွက် ချောင်းတခုခုနဲ့နီးရင်

ပိုကောင်းတာပေါ့ ငါတို့အိမ်ရာကို သာမန်လူ

တွေလည်းနေချင်နေမယ်လေ…”

ကျူးရုံလည်းအလေးအနက်ထားကာ

မြေကွက်များပုံစံ စဆွဲတော့သည်…

ဧက တရာကို နမူနာလျာထားကာ

တဧကစီကို အကွက်တခုချ၍ ပုံဖော်သည်။

လမ်းမအကျယ်ကို ၅မီတာထိ ထားသည်။

မြောင်းများအတွက်တဖက်ကို တစ်မီတာခန့်တူးစေ၍ စုစုပေါင်းလမ်းနှင့်

မြောင်းအကျယ်ပါ အပါဆိုလျှင် ၇မီတာရှိသွားတော့သည်..။

“ဧကတရာကို အကွက်ချတာ စုစုပေါင်း

အိမ်အလုံးရေ ၅၀ ထွက်တယ်မင်းသား”

ကျိုးယန်လည်းကျူးရုံ၏ ပုံကြမ်းကို ဆွဲကာ

ယူကြည့်သည်…။

“ဒါအဆင်ပြေတယ် ဧကတရာကိုအိမ်အလုံးရေ

၅၀ ဧကတထောင်ဆို အိမ်အလုံးရေ ၅၀၀

ဒီပုံကြမ်းကိုအချောသတ်တော့…ပြီးတော့

အဖိုးဝူဆီ သွားပြီးဆောက်လုပ်ရေးကားနဲ့ပက်

သက်တဲ့သင်ယူစရာတွေကို မင်းရဲ့.အကူအချို့

ပါခေါ်ပြီးသွားလေ့လာချေ…ငါခရီးတခုဒီရက်ပိုင်းထွက်စရာရှိတယ် ခရီးထွက်တာနဲ့ ကျန်ခဲ့တဲ့

လူတွေက အခု လမ်းဖောက်တဲ့လုပ်ငန်းနဲ့

အိမ်ရာစီမံကိန်းကိုစလို့ရပြီ”

ကျူးရုံလည်း ကျိုးယန်ကိုနှုတ်ဆက်ကာထွက်သွားသည်။

“ခရီးဆိုတာက သလင်းကျောက်တွင်းကိစ္စကို

ပြောတာလား”

ဘေး၌တချိန်လုံးအသံတိတ်နေသည့် စုယင်မှ

မေးသည်။

“ဟုတ်တယ် မင်းသမီးတို့ဖက်က အဆင်ပြေပြီ

ဆိုတာနဲ့ ခရီးထွက်တော့မယ်”

စုယင်ကခေါင်းညိတ်ပြကာ ဆက်မပြောတော့။

သူမ မလိုက်ရသည့်ခရီးကို စိတ်ညစ်ခံကာ

ထပ်မမေးချင်ပုံရသည်။

“မင်းသမီးဘက်က လူတစုရောက်လာပါတယ်

မင်းသား ခန်းမဆီပေးဝင်လိုက်ရမလား”

အစောင့်တဦးမှ ကျိုးယန်ကိုလာပြောသည်။

“အေး လွှတ်လိုက်”

ခနအကြာမှာတော့ ကိုင်လီလီနှင့်အတူ

မြွေမျိုးနွယ်မှလူအချို့ ခန်းမထဲဝင်လာကြသည်

“မဂ်လာပါ မင်းသားကျိုး”

ကျိုးယန်ကအသိမှတ်ပြုဟန်ဖြင့်ခေါင်းညိတ်

ပြလိုက်သည်။

…………………………………………

All Chapters