အခန်း (၁၇)
Vol. 2 Ch. 17
“မင်းသမီးက သလင်းကျောက်တွင်းကိစ္စကို
အမြန်ဆုံးအကောင်အထည် ဖော်ချင်နေတယ်”
ကိုင်လီလီမှ ပြောသည်။
“တောပုန်းဟွမ်နဲ့ပက်သက်ပြီး သတင်းတခုခု
ရကြပြီလား”
ကျိုးယန်၏အမေးကို ကိုင်လီလီမှ
“မရသေးဘူး ကျမတို့အထင် မြို့တော်ကို
ပြေးသွားတာဖြစ်မယ် “
ကျိုးယန်လည်းထိုအချက်ကိုတွေးမိသည်။
“ဖြစ်နိုင်တယ် အခုခဗျားတို့မင်းသမီး
သလင်းကျောက်တွင်းကိစ္စ လောနေတာက
မြို့တော်ကမိသားစုတွေ ပါဝင်လာမှာကို စိုးရိမ်
လို့မဟုတ်လား”
“မှန်ပါတယ်”
သူ့အထင်တော့ မိသားစုကြီးများအနေဖြင့်
တိုက်ရိုက်ပါဝင်ပက်သက်ဖို့တော့ ရှိမည်မထင်။
အများဆုံး ကျွမ်းကျင်သူ အနည်းငယ်လွှတ်၍
ကံစမ်းမည့်သဘောရှိသည်။
တဖက်တွင် သလင်းကျောက်တွင်းကိစ္စက
အန္တရာယ်တောထဲ ရှိနေသည့်အပြင် ကျောက်
တွင်းနဲ့ပက်သက်၍ ခိုင်လုံတဲ့သတင်းအချက်
အလက်လည်း သူတို့မရထားကြပေ။
“အဲ့ကိစ္စနဲ့ပက်သက်ရင်တော့ အရမ်းကြီးစိုးရိမ်
နေစရာမရှိလောက်ပါဘူး တောပုန်းဟွမ်အနေနဲ့
မိသားစုကြီးတခုခုဆီ ခိုလှုံပြီး…ကျောက်တွင်း
နဲ့ပက်သက်တာကို ဖော်ထုတ်မယ်ဆိုရင်တောင်
မိသားစုကြီးဖက်က အင်ပြည့်အားပြည့်သုံးမယ်
လို့မထင်ဘူး”
“ဘာလို့လဲ”
ကိုင်လီလီက နားမလည်ဖြင့်မေးသည်။
“ပထမအချက် ကျောက်တွင်းက အန္တရာယ်
များတဲ့နေရာမှာရှိနေတယ်..
ဒုတိယအချက် ကျောက်တွင်းနဲ့ပက်သက်ပြီး
တိကျတဲ့သတင်းအချက်အလက် မရှိဘူး
နောက်ဆုံးအချက်က တောပုန်းဟွမ်ကိုသူတို့
အပြည့်အဝယုံကြည်ပြီး အင်အားစုတွေ
စေလွှတ်ပေးဖို့ဆိုတာ ခုလိုတော်ဝင်သားတော်နဲ့
သမီးတော် ထီးနန်းတိုက်ပွဲစနေချိန်မှာ
သူတို့အကြောင်းမဲ့ မရင်းနှီးဘူး ဆိုတော့..
သူတို့ဘက်က လူလွှတ်ရင်တောင် အဲ့ဒါက
ကျုပ်တို့ကိုင်တွယ်နိုင်တဲ့အနေထားမှာပဲ
ရှိနေနိုင်တယ်”
ကိုင်လီလီလည်း ခေါင်းတဆတ်ဆတ်ညိတ်၍
ကျိုးယန်၏ ရှင်းပြချက်ကိုလက်ခံသွားသည်
ကျိုးယန်မှ ဆက်ပြောသည်.။
“ဒါပေမယ့် ကျောက်တွင်းတူးတဲ့ ကိစ္စကို
လောစရာမလိုပေမယ့် နောက်ကျလို့လည်း
မရပြန်ဘူး”
ကျိုးယန်က သူ့ရှေ့ရှိ အိမ်ရာစီမံကိန်းပုံကြမ်းကို
ယူကာ ကိုင်လီလီကိုပြလိုက်သည်။
“ဒါ ကျုပ်စိတ်ကူးထားတဲ့အစီစဥ်တွေထဲက
အစိတ်အပိုင်းအချို့ပဲ ကြည့်ကြည့်ပါ”
ကိုင်လီလီလည်း ပုံကြမ်းကို ယူကြည့်သည်။
“ဒါက လူနေအိမ်စီမံကိန်းလား ဘယ်မှာဆောက်
ဖို့စီစဥ်ထားတာလဲ”
“ဒီအနောက်ဘက်ဒေသမှာပဲပေါ့”
ကိုင်လီလီအနည်းငယ်နားမလည်သလို
ဖြစ်သွားရသည်။
“ခုလက်ရှိအခြေနေက အနောက်ဘက်ဒေသ
တခုလုံး မငြိမ်းချမ်းဘူးလေ ပြီးတော့ မင်းသား
မှာ ဒီအစီစဥ်နဲ့ပက်သက်ပြီး ထိန်းချုပ်ထားနိုင်
တဲ့ အင်အားစုတည်ဆောက်ပြီးပြီမို့လား”
“အဲ့အတွက် ကျုပ်ဆောင်ရွက်နေပါပြီ…
နယ်မြေအချို့ လက်အောက်ခံအဖြစ်သိမ်းသွင်း
ပြီး အင်အားတခု တည်ဆောက်ဖို့ စိတ်ကူရှိ
ထားတယ် ပြီးတော့ အဲ့ဒီအင်အားစုကို အခု
ကျုပ်ပြတဲ့ နေရာတွေမှာ ပြန်ပြီးနေရာချထားဖို့
တွေးထားတယ်”
“မင်းသားက အနောက်ဘက်ဒေသတခုလုံးကို
စုစည်းပြီး မြို့ကြီးအသွင်ပြောင်းချင်နေတာပဲ”
ကျိုးယန် ခေါင်းညိတ်ပြလိုက်သည်။
“မှန်တယ် ကျုပ်ရဲ့အစ်ကိုတော်အစ်မတော်တွေ
အားလုံးကလည်း ဆိုင်ရာ ဒေသတွေကိုတည်ပြီး
အင်အားစုဆောင်းနေကြတယ် သူတို့ရဲ့စိတ်ကူး
နောက်ဆုံးတည်နေရာက နန်းမြို့တော်ပဲ..”
ကိုင်လီလီ တယောက်သက်ပြင်းချမိသည်။
“တိုက်ပွဲတွေအများကြီးကို မင်းသားကျော်ဖြတ်
ရဖို့ရှိတယ်လို့ ကျမတော့မြင်တယ်..မင်းသားက
စကားပြောနေရင်း ကျိုးယန်၏မျက်နှာရိပ်ကို
ဆတ်ကနဲ ကြည့်ကာ ဆက်ပြောသည်။
“မြို့တော်အပါအဝင် အခြားလူတွေရဲ့အမြင်မှာ
အသုံးမကျတဲ့မင်းသားငယ်တစ်ပါးပဲလို့ သူတို့
သိထားကြတာမဟုတ်လား”
“အဲ့လိုသိထားလေ ပိုကောင်းလေပဲ ခုတောင်
တောပုန်းဟွမ်ကတဆင့် မိသားစုဘယ်လောက်
များများ ကျုပ်တို့လက်နက်တွေအကြောင်း
သိထားနှင့်ပြီလဲ မသိနိုင်ဘူး…”
“ဒါနဲ့ တိုက်ပွဲတုန်းက မင်းသားယူလာတဲ့
အမြှောက်လက်နက်တွေကို ထုတ်မသုံးခဲ့ဘူး
မဟုတ်လား”
“ဟုတ်တယ်…အသုံးပြုဖို့ မလိုအပ်ဘူးထင်လို့
မသုံးခဲ့တာ မိုင်းနဲ့လက်နက်ကြီးဆို အဲ့တိုက်ပွဲက
ဒီထက်ပိုမြန်တယ် ဒါမယ့် ကျွမ်းကျင်သူတွေကို
အပြတ်ရှင်းမယ်ဆိုရင် လက်နက်ကြီးသုံးတာ
ထက် တယောက်ချင်းရင်ဆိုင်တာက ပိုကောင်း
မယ်လို့ ကျုပ်မြင်မိလို့ မသုံးခိုင်းခဲ့တာပါ
ကံဆိုးတာက တောပုန်းဟွမ်ကလွတ်သွားမယ်
လို့ မထင်ထားမိဘူး”
ထိုကိစ္စနှင့်ပက်သက်၍ ကိုင်လီလီလည်း
စိတ်ပူနေရသည်။
နောင်တွင် တောပုန်းဟွမ်က မည်သို့ဒုက္ခပေး
လာမည်ကို မသိနိုင် သတိကြီးကြီးထားရတော့
မည်ဟု သူမထင်သည်။
“တောရိုင်းလိုဖြစ်နေတဲ့နေရာကို အရင်ဆုံး
ရှင်းလင်းဖို့အားစိုက်ထုတ်ရမယ်ထင်တယ်
ကျမတို့အကူညီလိုလား..”
“လိုတယ်….”
သူ့စစ်သည်အင်အားဖြင့် နယ်မြေလည်းချဲ့ရ
ဆောက်လုပ်ရေးလည်းလုပ်ရဆို အင်အားက
မလုံလောက်တော့ ရှိသည့်အစေခံအရေတွက်
ဆိုတာကလည်း ထောင်ဂဏန်းသာသာဖြစ်
သည်မဟုတ်လား။
“ခဗျားတို့ဘက်က လူတရာခန့် ပို့ပေးပါ..
သူတို့ကိုနည်းပါအချို့ သင်ပေးစရာရှိတယ်
ယုံကြည်ရတဲ့လူဆိုအကောင်းဆုံးပဲ…”
ကိုင်လီလီမှ မင်းသားအနေဖြင့် ထိုလူများကို
ဘာအတွက်အသုံးပြုမည်ကိုမမေးပေ။
သူမက မင်းသားကိုယုံကြည်သည်။
“ကောင်းပြီ ၃ရက်အတွင်းသေချာစီစစ်ပြီးတော့
ဒီကိုလွှတ်လိုက်မယ်…ကျမတို့မင်းသမီးလည်း
သူ့ရဲ့ ဒဏ်ရာကုဖို့ အချိန်တပတ်ခန့်ထပ်ရတာ
ပေါ့…”
“ဟုတ်ပြီ အဲ့တိုင်းလုပ်ကြတာပေါ့”
တပတ်အကြာမှ သလင်းကျောက်တွင်းကိစ္စ
အကောင်အထည်ဖော်ရန် သဘောတူပြီးနောက်
ကိုင်လီလီ တို့ပြန်လည် ထွက်ခွာသွားကြသည်။
နယ်မြေချဲ့ထွင်တာက ငါထင်ထားသလောက်
လွယ်ပါ့မလား။
သူ့အနေနှင့်တော့ လက်ရှိနယ်မြေချဲ့ထွင်မှုက
မလုံလောက်ဟုထင်သည်။
သူကိုယ်တိုင်အချိန်တခုာယူ၍ အင်အားစုငယ်
များကိုလက်အောက်ခံသိမ်းသွင်းရမည်မှာ
အသေအချာပင်ဖြစ်သည်။
မြွေမျိုးနွယ်ခန်းမတွင်….
“မင်းသားကျိုးကဘာပြန်မှာလိုက်လဲအစ်မ”
ကိုင်ရီရီ၏အမေးကို ကိုင်လီလီက
“မင်းသားက အစ်မတို့ဆီက လူအနည်းငယ်
တောင်းထားတယ် သူက အိမ်ရာအချို့တည်
ဆောက်ပြီး မြို့အသေးလေးတခု တည်ချင်
နေပုံရတယ်…”
“မြို့တည်ဖို့လား.အနောက်ဘက်ဒေသမှာလေ”
ကိုင်ရီရီလည်းနားမလည်ဖြစ်သွားသည်။
အနောက်ဘက်ဒေသဆိုသည်က ကြမ်းတမ်း၍
တိုက်ပွဲများ အင်အားစုငယ်အချင်းချင်း
သတ်ဖြတ်မှုများဖြင့် ပြည့်နေတတ်သည့်
တောရိုင်းတနေရာပင်မဟုတ်လော။
“သူက နယ်မြေချဲ့ထွင်ရေးတွေလုပ်နေပြီလား”
“လုပ်နေလောက်ပြီ…အစ်မကိုတော့အကုန်လုံး
မပြောပြလိုက်ဘူး နည်းပညာအချို့သင်ယူဖို့
ယုံကြည်ရတဲ့လူပဲ တောင်းလိုက်တယ်…
သလင်းကျောက်တွင်းကိစ္စကိုလည်း အရမ်းကြီး
စိုးရိမ်စိတ်မထားဖို့နဲ့ တပတ်အတွင်းစီစဥ်မယ်
လို့ ပြောတယ်”
ကိုင်ရီရီ သေချာတွေးကြည့်တော့ တပတ်ဆို
သည့်အချိန်က အဆင်ပြေသည်။
သူမဒဏ်ရာကလည်း အရှင်းမပြတ်သေး။
မိသားစုကြီးများ ပါဝင်ပက်သက်လာမည်ကို
စိုးရိမ်၍သာ သူမအမြန်လိုနေခြင်းဖြစ်သည်။
မင်းသား၏တွက်ချက်မှု ဖြစ်နိုင်ချေများသည်။