အခန်း (၁၈)
Vol. 2 Ch. 18
ရက်အနည်းငယ်ကြာပြီးနောက်မှ တောက်ချင်
တယောက် ကျိုးယန်ဆီရောက်လာသည်။
နယ်မြေချဲ့ထွင်သည့်ကိစ္စနှင့်ပက်သက်၍
သတင်းကိုယ်တိုင်လာပို့ခြင်းဖြစ်သည်။
“အင်အားစုငယ် ၁၃ စု ကျေးလက်ရွာငယ် ၅ရွာ
စုစုပေါင်းနယ်မြေဧရိယာ ကီလို ၅၀၀ ကျော်
ရှင်းလင်းပြီးပါပြီ ဒါက လက်အောက်ခံတွေ
ပေးလိုက်တဲ့ လက်ဆောင်တွေပါ”
တောက်ချင်မှ အချက်အလက်များပါသည့်
စာရွက်စာတမ်းအချို့နှင့် လူအင်အားအရေ
အရင်းအမြစ်များနှင့် ရွှေစများ ကိုကျိုးယန်ဆီ
ပေးလေသည်။….
“လက်အောက်ခံတွေက ဘယ်လောက်ယုံကြည်
ရမယ်လို့ ခဗျားထင်လဲ သူတို့ကို လုပ်ဆောင်မှု
အချို့ မပြသပဲနဲ့လေ”
ကျိုးယန်၏အမေးကိုတောက်ချင်က
“မင်းသားရဲ့ ဓားပြကျေးရွာနဲ့ပက်သက်တဲ့
တိုက်ပွဲသတင်း ပြီးတော့ တောပုန်းဟွမ်
ထွက်ပြေးရတဲ့သတင်းတွေကြားပြီးနောက်
သူတို့ထဲက အများစုက လိုလိုလားလားနဲ့ကို
မင်းသားဆီခိုလှုံချင်ကြတာပါ…”
“အာ့ကောင်းတယ် “
“ဒီဒေသကြီးမှာ အရင်းအမြစ်ကနည်းပါးပြီး
အင်အားစုတွေ ပြန့်ကျဲနေတာကို တစုံတဦးက
စုစည်းပြီး အင်အားစုကြီးတခုအဖြစ် တည်
ဆောက်နိုင်တဲ့အင်အား မင်းသားဆီမှာပဲ
ရှိပါလိမ့်မယ်…”
တောက်ချင်ရဲ့စကားကို ကျိုးယန်လည်းအတန်
ငယ်သဘောတူသည်။
လက်ရှိနယ်မြေချဲ့ထွင်မှုမှာ အင်အားစု
၇သောင်းနီးပါး သူရလိုက်သည်…။
ဒါက မိသားစုကြီးများကို မယှဥ်နိုင်သေး
သော်လည်း မြို့တော်ကိုတော့ထိုးဖောက်ရန်
လုံလောက်သည်။
“၃ရက်အတွင်း ဒီကိုလာစုစည်းဖို့ ခေါင်းဆောင်
တွေကိုသတင်းပို့လိုက်ပါ…ကျုပ်သူတို့နဲ့ဆွေး
နွေးစရာရှိတယ် နောက်ပြီး ဒီမှာရက်နည်းနည်း
နေသွားလိုက်ဦး ခဗျားသင်ယူရမယ့်အရာတွေ
ရှိနေတယ်…အဖိုးဝူနဲ့ပူးပေါင်းထားပေါ့”
“ကောင်းပါပြီ မင်းသား…”
နောက်ရက်များတွင် တောက်ချင်က
သံချပ်ကာကားများအသုံးပြုပုံများကို
စိတ်ဝင်တစားသင်ယူသည်။သူ့အနေဖြင့်
ဆောက်လုပ်ရေးကားများနဲ့ပက်သက်သည်ကို
တော့ မသင်ယူတော့ပေ။ထိုအရာက သူ့အပိုင်း
မဟုတ်။
၂ရက်မြောက်နေ့တွင် မြွေမျိုးနွယ်မှ လူတစ်ရာ
ခန့် အိမ်တော်ဆီရောက်လာကြသည်။
အကုန်လုံးက ငယ်ရွယ်ကာ ကျင့်ကြံသူများ
ဖြစ်ကြသည်။
ကျိုးယန်လည်း ထိုသူများ၏ မင်းသမီး၏
လူများဖြစ်သည့်အတွက် ယုံကြည်သည်။
အဖိုးဝူကိုပင် မှာကြားကာ ဆောက်လုပ်ရေး
ကားများမောင်းနှင်အသုံးပြုပုံကို သင်ယူစေ
သည်။
နောက်တရက်တွင် တောက်ချင်၏စွမ်းဆောင်
မှုဖြင့် လက်အောက်ခံထားကြသည့် ကျေးရွာ
ခေါင်းဆောင်များ အိမ်တော်ဆီရောက်လာကြ
သည်။
ထိုသူများကို ဧည့်ခန်းမတွင်နေရာချကာ
တွေ့ဆုံရန်စီစဥ်တော့သည်။
“အားလုံးပဲ ကျုပ်ကိုကျုပ် မိတ်ဆက်ရရင်
ကျုပ်ကတော့ ကျိုးပြည်ထောင်စုရဲ့မင်းသား၈
တဖြစ်လည်း ကျိုးယန်ပါ”
ကျိုးယန် မိတ်ဆက်စကားပြောပြီးသည့်နောက်
ခေါင်းဆောင်များကလည်း အပြန်အလှန်
နှုတ်ဆက်စကားဆိုကြသည်။
“ဒီအဖိုးကြီးကတော့ သစ်တထောင်ကျေးရွာရဲ့
ကျေးရွာအကြီးအကဲ ဖြစ်တဲ့ ထျန်ရှီးပါ”
“ကျုပ်က ဆေးနယ်မြေရဲ့ ဆေးပညာရှင်
ကုန်းစွန်းပါ”
“ကျမက လရိပ်ကျေးရွာရဲ့ခေါင်းဆောင်
ပိုင်လီ ပါ”
“ကျုပ်က တော့….”
လူ၂၀ ကျော်မှ နှုတ်ဆက်စကားဆိုကြသည်။
“ကောင်းပြီ ကျုပ်အခုစုဝေးဖို့ခေါ်ရတာက
ခဗျားတို့သိတဲ့အတိုင်း ပြည်ထောင်စုရဲ့
အခြေနေက မတည်ငြိမ်ဘူး ဧကရာဇ်ကလည်း
ကျုပ်တို့ညီအစ်ကိုတွေနဲ့ပက်သက်ပြီး စီစဥ်
ထားတဲ့ကိစ္စကို အားလုံးသိကြပြီးသားဖြစ်မယ်
လို့ ကျုပ်ထင်တယ် ဆိုတော့…လက်ရှိ
မတည်ငြိမ်တဲ့ အနောက်ဘက်ဒေသက…
ပြည်ထောင်စုရဲ့ အာဏာလုပွဲကြီးအောက်မှာ
ဒီထက်ပို ရှုပ်ထွေးသွားမှာကို ကျုပ်စိုးရိမ်တယ်”
အဖိုးအိုထျန်ရှီးက ဝင်ပြောသည်။
“မင်းသားက အာဏာလုပွဲမှာမပါဝင်ဘူးလို့
ကျုပ်တို့ကြားထားတာမဟုတ်လား အခုက”
“ဟုတ်တယ် ခဗျားတို့ကြားထားတဲ့သတင်းက
အမှန်ပဲ ဒါပေမယ့် ကျုပ်အနေနဲ့မပါဝင်ရင်
တောင် ကျုပ်အစ်ကိုတော်နဲ့အစ်မတော်တွေက
ကျုပ်ကို လွှတ်ပေးမယ်တဲ့လား..”
အကုန်လုံးက ခေါင်းညိတ်ကာလက်ခံကြသည်။
“ဆိုတော့….မပါလည်းဆွဲသွင်းခံရမယ့်အတူတူ
ယတိပြတ်ပါဝင်မယ်လို့ ကျုပ်တွေးလိုက်တယ်
အဲ့အတွက် အင်အားစုတခုကျုပ်လိုတယ်..
ကျုပ်ရဲ့စိတ်ကူးအရ လက်ရှိအနောက်ဘက်
ဒေသက နောင်တချိန် ကျိုးပြည်ထောင်စုရဲ့
မြို့တော်ကြီးဖြစ်လာလိမ့်မယ်”
ပိုင်လီမှ ဝင်မေးသည်။
“မင်းသားက မိသားစုကြီးတွေနဲ့ နောက်ခံ
ပြည်ထောင်တွေကို ကိုင်တွယ်ဖို့နည်းလမ်းများ
ရှိထားပြီလား..”
“အခုတော့မရှိသေးဘူး..ဒါကလည်းနောင်မရှိ
ဘူးလို့ဆိုလိုတာမဟုတ်ဘူး အခုဆို တောပုမ်း
ဟွမ်တို့အဖွဲ့ကို ကျုပ်သိမ်းယူထားပြီ..ခဗျားတို့
အင်အားနဲ့ ပေါင်းပြီး နယ်မြေတွေထက်တိုးချဲ့ဖို့
စဥ်းစားထားတယ် ကျုပ်အစီစဥ်ကို နားထောင်
ကြည့်ဖို့ စိတ်ဝင်စားလား”
တခနကြာသည်အထိအားလုံး တိတ်ဆိတ်ကာ
ကိုယ်စီအတွေးများနေကြသည်။
ပြီးနောက်အချိန်တခုကြာပြီးမှာတော့…..
ကုန်းစွန်းက..
“ကျုပ်တို့ကျေးရွာဆိုတာ အင်အားစုငယ်လေး
တွေပါ… ကျုပ်တို့အနာဂတ်တိုးတက်ဖို့အတွက်
မင်းသားကဘယ်လိုမျိုး ထောက်ပံ့ပေးမလဲ”
“ထောက်ပံ့ရမှာပေါ့….ကျုပ်ဆီမှာရှိတဲ့
နည်းပညာအသစ်တွေကို မျှဝေပြီး…
အရင်းအမြစ်နဲ့ကုန်စည်ဖလှယ်တာတွေလုပ်လို့
ရတယ် ပြီးတော့…တွဲဖက်စစ်ရေးလေ့ကျင့်မှု
တွေလုပ်ပြီး နယ်မြေတခု အတိအကျအားဖြင့်
မြိုတော်တခု တည်ဆောက်မယ်…လက်ရှိ
ကျုပ်နဲ့ပူးပေါင်းထားတဲ့ အင်အားစုတွေအကုန်
အဲ့မြို့တော်မှာ စုစည်းပြီး အင်အားစုကြီးအဖြစ်
ပြောင်းလဲမယ်”
ကျေးရွာခေါင်ဆေင်တဦးကနားမလည်၍လား
မသိ ဝင်မေးသည်။
“ကျုပ်တို့လက်ရှိနေရာကို စွန့်ရမှာလား..”
“မလိုဘူး ကျုပ်တို့ရဲ့နယ်မြေအားလုံးကိုပေါင်း
စပ်ပြီး မြို့တော်တခုလုပ်မှာ အဲ့မြို့တော်မှာ
ခဗျားတို့အခြေ ချလို့ရတယ်…”
ကျိုးယန်က မြို့တော်တည်ဆောက်ရေး
ပုံကြမ်းများထုတ်ပြ ပြန်သည်။
“အရင်ဆုံးလမ်းဖောက်တာကစမယ်….
မြို့တော်ရဲ့အကျယ်အဝန်းကို ကီလိုမီတာ
၁၀၀၀ ပတ်လည်လျာထားတယ် အဲ့ထဲမှာ
အင်အားစုတခုစီအတွက် မတူညီတဲ့အိမ်ရာတွေ
ဆောက်ပေးမယ် ခဗျားတို့ဘက်က ပူးပေါင်းဖို့ပဲ
လိုတယ်”
အကုန်လုံးက ကျိုးယန်ပေးသည့်ပုံကြမ်းကို
စိတ်ဝင်တစားကြည့်ကြသည်။
“ဒီဟာကိုဆောက်ဖို့ မင်းသား ရွှေစအတော်များ
များသုံးစွဲရလိမ့်မယ်ထင်တယ်”
“အာ့နဲ့ပက်သက်ပြီးတော့ကျုပ်လည်း ဘာမှ
မတတ်နိုင်ဘူးလေ…လိုအပ်တဲ့ကုန်ကြမ်းတွေ
ရှာဖွေဖို့လိုအပ်တယ်မလား အများစုက
ဝယ်ရမယ်”
ကျိုးယန်စိတ်ကူးတွင်တော့…ဆောက်လုပ်ရေး
အတွက်လိုအပ်သည့် ကုန်ကြမ်းများကို
နယ်မြေဖြန့်ကျက်ကာ ရှာဖွေမည်။
မြို့တော်ဆီသွားဝယ်သည်က လူသတိထားမိ
စေသည့်အပြင် နောက်ဆက်တွဲလည်းရှိနိင်သည်
“ဒီလို အိမ်ရာအသေးလေးတွေစုပြီး ပင်မ
မြို့တော်တခုတည်ဆောက်တာကောင်းပါတယ်”
ပိုင်လီကလည်း…
“မင်းသားရဲ့အကာကွယ်နဲ့အစီစဥ်တွေက
ရေရှည်ကို မြင်ဖို့ခက်ပေမယ့်…မင်းသားပြော
ထားတဲ့အတိုင်း ထီးနန်းလုပွဲမှာ အနောက်ဘက်
ဒေသအနေနဲ့ မဖြစ်မနေ ပါဝင်ရမှာပဲ..”
ပိုင်လီ၏စကားကိုကျိုးယန်ကထောက်ခံ
ဟန်ဖြင့်..
“ဟုတ်တယ်…နောက်နှစ်အနည်းငယ်မှာ
ကျုပ်အထက် ဘယ်အစ်ကိုတော်အစ်မတော်
တွေကများ ဒီဒေသကို ခြေချမလဲ ကြိုမပြော
နိုင်ဘူး..”
ကျိုးယန်က အားလုံး၏ မျက်နှာရိပ်ကို
တချက်ကြည့်သည်။ပြီးနောက်…
“ခဗျားတို့ရဲ့ လက်ရှိအင်အားအရ..သူတို့
အတွက် ခြံစောင့်သာသာပဲရှိတယ်ဆိုတာ
ခဗျားတို့သိမှာပါ ဒါကြောင့် အခုတည်းက
ခဗျားတို့စည်းစည်းလုံးလုံးရှိသင့်တယ်”
ကျိုးယန်ပြောသည်က မမှားပေ။
ကျေးရွာငယ်များဆိုသည်က အင်အားစု
၅၀၀၀ ပတ်လည် သာသာ လူအစုလေးသာဖြစ်
ပြီး မိသားစုကြီးများနှင့် တော်ဝင်ထီးနန်းလုဖက်
များအတွက် တကယ်ကို ခြံစောင့်သာသာ
အဆင့်ပဲ ဖြစ်သည်။
“ကောင်းပြီ ကျုပ်တို့သဘောတူယ် မင်းသားနဲ့
အတူ ဒီဒေသ စုစည်းမှုမှာ ပါဝင်မယ်”
ထျန်ရှီးမှ ဦးစွာ ပါဝင်လာသည်။
ပြီးနောက် ပိုင်လီ
“ကျမကောပဲ အချင်းချင်းတိုက်ခိုက်နေရတာ
ကျမတို့ကို မတိုးတက်စေဘူးဆိုတာ ကျမ
သတိထားမိတာကြာပြီ..လက်ရှိမင်းသားရဲ့
အင်အားအရ ပြီးတော့ မင်းသားရဲ့မဟာမိတ်
ဖြစ်တဲ့ မြွေမျိုးနွယ်ရဲ့အကူညီနဲ့ဆို ခုအစီစဥ်က
အတိုင်းအတာတခုထိ အောင်မြင်မယ်လို့
ကျမယုံပါတယ်”
ဟမ့် သူက ငါ့အင်အားထက် မြွေမျိုးနွယ်ကို
ပိုယုံနေတာကိုး…။
တခြားခေါင်းဆောင်များကလည်း အပြိုင်
သဘောတူကြသည်။သူတို့လည်း အချင်းချင်း
မတိုက်ခိုက်ချင်ကြတော့။
“ကောင်းပြီ စုပေါင်းလက်မှတ်ထိုးတာလေး
လုပ်လိုက်ကြရအောင် ကျုပ်က ခဗျားတို့ကို
အာဏာနဲ့ဖိအားပေးထိန်းချုပ်တာမဟုတ်ဘူး
ဆိုတဲ့အကြောင်းတော့ သိထားပေးပါ..
ခဗျားတို့နဲ့အတူ ကျိုးပြည်ထောင်ရဲ့အနာဂတ်
အပြောင်းအလဲအချို့ ဖန်တီးဖို့ ကျုပ်ဆုံးဖြတ်
ထားတယ်”
ကျိုးယန်လည်း ခေါင်းဆောင်များနှင့်အတူ
စာချုပ်တွင်လက်မှတ်ထိုးကာ…အတည်ပြု
သတ်မှက်လိုက်သည်။
မြို့တော်စီမံကိန်းအတွက်တော့ ကျေးရွာများမှ
လူအင်အားအလုံအလောက် ထောက်ပံ့မည်
ဖြစ်သည်။
နည်းပညာနှင့် ငွေအင်အားကို ကျိုးယန်မှ
ကျသင့်ပေမည်။…
ရွှေစလေးတွေ….ရွှေစလေးတွေ…
အားးးးး…ဘာလို့ငါပဲလဲ.ကွာ….။
ဒင်!
ဖုံးကွယ်တာဝန်တခု ပြီးမြောက်ပါပြီ..
အင်အားစုငယ်များကိုထိန်းချုပ်သည့်လုပ်ငန်း
ပထမအဆင့်အောင်မြင်သည့်အတွက်
ဂုဏ်ယူပါတယ်..
ဆုလာဘ်အနေဖြင့်…
ရွှေစ ၁၀ သန်း
အဆင့်မြင့် သလင်းကျောက် ၅၀၀၀
ရာဘာပင်ပေါက် ဧကတထောင်…
အင်အားစုရမှတ် ၇၀၀၀၀ရ ရှိပါသည်။
ရာဘာပင်ပေါက်တဲ့လား အာ့ပါပေးတာလား
ကျိုးယန် နားမလည်နိုင်ဖြစ်သွားသည်။
ရာဘာကုန်ကြမ်းသည် လိုအပ်ချက်အတွက်
အဆင်ပြေသော်လည် စနစ်မှထုတ်ပေးမည်ဟု
ကျိုးယန်မထင်ထားပေ။
ဒါပေမယ့်အပင်ပေါက်ဆိုတော့
ရာဘာအနေနဲ့အသုံးပြုကဖို့အချိန်တခု ကြာဦး
မယ့်သဘောရှိတယ်။
ကျိုးယန်လည်းအိမ်ရာတည်ဆောက်ရေးပုံ
ကြမ်းများကိုစုကာ မြို့တော်စီမံကိန်းအဖြစ်
ပြောင်းမည်ဟု စိတ်ကူးသည်။
ထိုစိတ်ကူးအတိုင်း ခေါင်းဆောင်များကို
သူ့အနေဖြင့်ထုတ်ပြလိုက်ခြင်းဖြစ်သည်။
အင်အားစုရမှတ်များကို စနစ်ရဲ့စတိုးတွင်
အသုံးပြုရမည်။