အခန်း (၁၉)
Vol. 2 Ch. 19
မြို့တော်စီမံကိန်းကို သလင်းကျောက်တွင်း
ကိစ္စပြီးနောက်မှသာ စတင်မည်ဟု ကျိုးယန်
တွေးသည်။
စီမံကိန်းကိစ္စကို မင်းသမီးနှင့်တိုင်ပင်ရဦးမည်
မဟုတ်လား။
လေ့ကျင့်ရေးကွင်းပြင်သို့သွားက..စစ်သည်
တော်အချို့ စုစည်းကာ သံချပ်ကာကား၃စီး
နှင့်အတူ မြွေမျိုးနွယ်ဆီ ထွက်လာခဲ့သည်။
လမ်းများက မပြုပြင်ရသေးသည်မို့..အမြန်
နှုန်းကထင်သလောက်တော့မရှိသေးပေ။
သံချပ်ကားများသည် လမ်းကြမ်းတွင်လည်း
မောင်းနှင်နိုင်ရန် စနစ်မှစီစဥ်ပေးထားသည်မို့
သာတော်တော့သည်။
၃နာရီသာသာခန့်တွင် မြွေမျိုးနွယ်ဆီရောက်
လာသည်။သူနှင့်အတူ အဖိုးဝူနှင့်စုယင်ပါ
ပါလာသည်။ထိုကောင်မလေးက ထားခဲ့သော်
လည်းမရပေ။
“စုယင် လမ်းခရီးက အန္တရာယ်များတယ်
အစ်ကိုနားမှာနေပါ”
“ဟုတ်ကဲ့”
စုယင်က လိမ္မာစွာခေါင်းညိတ်သည်။ကျိုးယန်
ဘယ်သွားသွား သူမလိုက်ချင်သည်။အိမ်တော်
တွင် နေရသည်က ပျင်းစရာကောင်းသည်ဟု
သူမထင်သည်။
မြွေမျိုးနွယ်ဆီရောက်တော့ မင်းသမီးတို့အဖွဲ့က
ခရီးထွက်ရန်အသင့်ဖြစ်နေသည်။
ကျိုးယန်…စုယင်..ကိုင်ရီရီတို့ ညီအစ်မကတစီး
စီးကာ အဖိုးဝူ အစ်ကိုကျင်းနှင့် မြွေမျိုးနွယ်
အကြီးအကဲနှစ်ဦးက တစီးစီးသည်။
ကျန်တစီးကိုတော့ ကျိုးယန်၏စစ်သည်များက
မောင်းနှင်၍ မြွေမျိုးနွယ်စစ်သည်များက
မြင်းများဖြင့်သာ လိုက်ပါကြမည်ဖြစ်သည်။
“ဒါကလက်နက်အသစ်လား”
ကိုင်ရီရီ၏အမေးကို ကျိုးယန်က…
“လက်နက်အဖြစ်လည်းသုံးလို့ရတယ်..အမိုး
ပေါ်မှာ သေနတ်ရှိတယ် သတိထားမိလား..
အဲ့သေနတ်က ကျတော်မူလပြထားတဲ့သေနတ်
ကို အဆင့်မြှင့်ထားတာ ကျည်အတောင့်ရေ
၅၀ ဆန့်တယ် ပြင်အားကလည်းအနည်းဆုံး
၅ဆ နီးပါးကွာတယ်”
ကျိုးယန်က စက်သေနတ်ကို ညွှန်ပြကာ
ပြောသည်။
ကျိုးယန်ပြောသည်ကို ကိုင်ရီရီနားမလည်
သော်လည်း လက်နက်၏ကြောက်ဖို့ကောင်းပုံ
ကိုတော့…သူမနားလည်ထားသည်။..
ကားပေါ်တွင်ထိုင်ကာ ကားအတွင်းခန်းအနှံ့
သူမစပ်စုနေသည်။ထိုင်ခုံများမှာ သက်တောင့်
သက်သာရှိ၍ လူ၄ဦးထိုင်ရန်လုံလောက်တာ
ထက်ပိုသည့်အကျယ်အဝန်းလည်းရှိသည်။
“ဒါက ရထားလုံးထက်တောင်မြန်မယ့်ပုံပဲ
သူက ဘယ်အဆင့်သလင်းကျောက်ကို
သုံးရင်ပိုကောင်းလဲ”
“ထိပ်တန်းအဆင့်ကိုသုံးရင်တော့ အကောင်း
ဆုံးပေါ့..အဆင့်နိမ့်ဆိုလည်းအဆင်ပြေတယ်”
နေ့လည်ပိုင်းတွင် မြွေမျိုးနွယ်စုဆီမှ
ထွက်လာကြသည်။လမ်းတွင် ရောက်တက်ရာ
ရာပြောဆိုကြသည်။
သလင်းကျောက်တွင်းက မိုင်၂၀၀ ခန့်ဝေးသည်
“မြို့တော်စီမံကိန်းက တကယ်ကောင်းတယ်
အဲ့အတွက် ရှင့်မှာအရင်းအနှီးရှိရဲ့လား”
“လူအင်အားနဲ့ ငွေကြေးပိုင်းဆိုရင်တော့
အသင့်ဖြစ်နေပါပြီ…လမ်းပန်းဆက်သွယ်ရေး
စတင်ပြီးရင် အဆောက်ဦးနဲ့အကွက်ချတာ
စလို့ရပြီ”
ကိုင်ရီရီက သိလိုဟန်ဖြင့်မေးသည်။
“ဘာလို့ လမ်းဖောက်ဖို့အားသန်နေတာလဲ
ကျမနားမလည်တော့ဘူး…တောတွင်းဆို
ပေမယ့် အနည်းအကျဥ်းတော့ သွားလာလို့ရ
သေးတယ်မဟုတ်လား”
“ဒေသတခုဖွဲ့ဖြိုးအောင်လုပ်တဲ့နေရာမှာ
အချက်၃ ချက်ကိုဦးစားပေးရတယ်
လမ်းပန်းဆက်သွယ်ရေး။သတင်းအချက်အလက်နဲ့ အခြေခံအဆောက်အအုံတဲ့…အဲ့၃ချက်က
မရှိမဖြစ်ပဲ….လမ်းပန်းဆက်သွယ်ရေး
မကောင်းရင်..ဘယ်သူကနေချင်ပါ့မလဲ…
ဒီအနောက်ဘက်ဒေသ ဆိုတာ နဂိုတည်းက
ဓားပြတွေ သားရဲကြီးတွေပြည့်နေတဲ့ နေရာ
မဟုတ်လား…လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ပြီး လုံခြုံမှုရှိနေရင် ဒေသတခုက
အချိန်တခုအကြာမှာ တိုးတက်လာမှာပဲ”
ကျိုးယန်ကဆက်ပြောသည်။
“သတင်းအချက်အလက်နေရာမှာ လူဦးရေ
ဘယ်လောက်များများရှိမလဲ ဘယ်လိုစီးပွား
ရေးတွေလုပ်ဆောင်မလဲ အနီးနားမှာဘယ်လို
မြို့တော်တွေရှိပြီး…ကုန်စည်ဖလှယ်တာ
ကျင့်ကြံသူတွေအတွက်လိုအပ်တဲ့ အရင်းအမြစ်
မျှဝေတာတွေ လိုအပ်တယ်…ကျုပ်သိထားရ
သလောက် ပကတိရှင်သန်သူတွေတောင်
အကွာအဝေးတခုကိုသတင်းပို့ဖို့ ခက်ခဲတယ်
မဟုတ်လား”
ကျိုးယန်၏စကားကို ကိုင်လီလီကထောက်ခံ
သည်။…ပကတိရှင်သန်ခြင်းအဆင့်ထိ
ကျင့်ကြံသူတွေက စားသောက်ရန်လိုအပ်နေ
သေးသည်။တကိုယ်ရေသန့်ရှင်းမှုကအစ
လိုအပ်ချက်များရှိနေသည်။ထိုအဆင့်၏
အထက် ရောက်မှသာ…စားသောက်စရာမလို
အပ်တော့ပေ။
“ဆက်သွယ်ရေးကတော့ တကယ်အရေးကြီး
တယ်လို့ကျမလည်းမြင်တယ်..အချိန်မီသတင်း
ပို့နိုင်ဆက်သွယ်နိုင်ရင် မလိုအပ်တဲ့အန္တရာယ်
တွေအတွက်ကာကွယ်ဖို့လည်း အဆင်ပြေတယ်
ဒေသအတွင်းချိတ်ဆက်ရမှာလည်း ဆက်သွယ်
ရေးက လိုအပ်တယ်”
ကိုင်လီလီအနေဖြင့် မျိုးနွယ်အတွက်…
သတင်းအချက်အလက်စုဆောင်းခြင်း..
အခြားအင်အားစုများနှင့်ချိတ်ဆက်ခြင်းများ
ပြုလုပ်ရသည့်အတွက် အဆင့်မြင့်ဆက်သွယ်
ရေးကိရိယာများ သူမလိုချင်သည်။
“နန်းမြို့တော်မှာ ဘယ်လိုဖြစ်နေပြီလဲမသိဘူး
နော်မင်းသား ရှုပ်ယှက်ခတ်နေမှာပဲ”
ကိုင်ရီရီမှ အလေးအနက်ပြောလာသည်။
“ကျုပ်ရှိနေစဥ် အာဏာလုပွဲအတွက် ဖခမည်း
တော်မသက်မှတ်ခင်ကတောင် ခြေရှုပ်နေကြ
တာခုဆို နန်းတော်ထဲထိ ရှုပ်ထွေးနေမှာကျုပ်
မြင်ယောင်ပါတယ်..”
ကျိုးယန်လည်းသက်ပြင်းမောကိုသာ
ချလိုက်ရသည်။ဧကရာဇ်အနေဖြင့် လက်ရှိ
နိုင်ငံရေးကို ကိုင်တွယ်ရန်အာဏာအလုံ
အလောက်ရှိမည်ဟု သူမထင်တော့ချေ။
ကျိုးယန်တို့စိတ်ပူနေသည့် တောပုန်းဟွမ်က
မြို့တော်ဆီ ထွက်ပြေးသွားသော်လည်း
နောက်ခံမိသားစုကြီးမရှိသည့်အတွက် ဒဏ်ရာ
ကုကာ ပုန်းကွယ်နေသည်မှလွဲ၍ အခြားမလုပ်
နိုင်တော့ပေ။
ထိုအရာကိုတော့ ကျိုးယန်တို့မသိကြသေး။
“လာမယ့်ရက်တွေမှာ အနောက်ဘက်မြို့တော်
ကိုသွားဖို့စိတ်ကူးထားတယ်.တောပုန်းဟွမ်
ခြေနေကိုစုံစမ်းရင်းနဲ့ပေါ့”
“ကောင်းသားပဲ ကျမလည်းလိုက်မယ်”
“ကျမကောပဲအစ်ကိုကြီး”
ကိုင်ရီရီနှင့်စုယင်က သူမတို့ပါလိုက်ပါကြရန်
ပြောကြတော့သည်။
“ခုခရီးမှာ တောပုန်းဟွမ်နဲ့မဆုံမှ သွားမှာပါ
ကျုပ်ကမလိုအပ်ပဲ လူအမြင်မခံချင်ဘူး”
အမှန်လည်း ကျိုးယန်ကလုံလောက်သည့်
အင်အားမရှိလျှင် အစွယ်ထုတ်မပြတတ်သူ
ဖြစ်သည်။
မြို့တော်သို့သွားသည်က နောက်ပိုင်းတွင်
မျက်စိဒေါက်ထောက် ကြည့်ခံရနိုင်သည်။
တနာရီခန့်မောင်းနှင်ပြီးနောက် နောက်တွင်ကျန်
ရစ်ခဲ့သည့် မြွေမျိုးနွယ်စစ်သည်များစောင့်ကာ
အနားယူကြရန်ပြင်သည်။
စနစ်၏စတိုးကိုတချက်ဝင်ကြည့်သည်။
“စနစ်ရေ တကိုယ်ရေသုံးအတွက် ဘာတွေ
ရှိလဲ”
ကျိုးယန်၏စိတ်ကူးကို စနစ်မှသတိထားသည်။
“အစားအသောက်ရှာချင်တာလား မရှိဘူး”
ဟမ့်…ငါတောင်ဘာမှမပြောရသေးဘူး..။
ကျိုးယန်လည်း စတိုးကိုအနည်းငယ်လေ့လာ
ကြည့်နေသည်။
ဆက်သွယ်ရေးအတွက် ဟန်းဖုန်းလိုဟာမျိုး
ရှိရင်ကောင်းမယ်။
စတိုး၏ မျက်နှာပြင်ကိုအောက်ဆုံးထိ ဆွဲချ
သော်လည်း ဟန်းဖုန်းကိုရှာမတွေ့။
“စတိုးရဲ့နောက်တဆင့်မှာ ပါလာပါလိမ့်မယ်..”
စနစ်မှ ပြောသည်။
“နောက်တဆင့်လား တာဝန်တွေလုပ်ရဦးမယ့်
သဘောပေါ့”
ကျိုးယန်လည်းဘာမှဆက်မပြောတော့။
နေကာမျက်မှန် တလက်ဝယ်ကာ ထွက်လိုက်ရ
တော့သည်။
နေကာမျက်မှန်ကိုပင် ရမှတ် ၅၀၀ ပေးရသည်။
“အာ့ဘာကြီးလဲ”
စုယင်က ကျိုးယန်၏လက်ထဲတွင် ကိုင်ထား
သည့် နေကာမျက်မှန်ကိုကြည့်ကာ…မေးသည်။
“မျက်မှန်လေ…မျက်လုံးအကာကွယ်တခုပေါ့”
ကျိုးယန်ကနေကာမျက်မှန်ကိုနမူနာ တပ်ပြ
လိုက်သည်။
“ဝိုး….ကြည့်လို့ကောင်းတယ် ညီမလေးတို့ကို
တလက်စီပေးလေ”
ကျိုးယန်နေကာမျက်မှန်ကို ကြည့်ကာ ကိုင်ရီရီ
တို့ညီအစ်မပါ စိတ်ဝင်စာနေပုံရသည်။
မျက်မှန်တိုသည်က ကမ္ဘာမြေတွင်တော့
ဖက်ရှင်တမျိုးဖြစ်ကာ မျက်စိမကောင်းသူတွေ
တပ်ဆင်ရသည့် မျက်မှန်အမျိုးအစားမဟုတ်
သည့်အတွက်တပ်တင်လိုက်လျှင် ကြည့်၍
ကောင်းသည်ဟု ထင်မြင်စေသည်။
ကျိုးယန်လည်းစနစ်၏စတိုးကိုအမြန်ဖွင့်ကာ
အမျိုးသမီးများတပ်သည့် မျက်မှန် ၃လက်
ဝယ်ရတော့သည်။
သူမတို့ကိုပေးသည့် မျက်မှန်များက အဝိုင်းပုံစံ
ဖြစ်ကာ သေးသွယ်လှပသည့်မျက်နှာလေးများ
ပေါ်တပ်တင်လိုက်ချိန်မှာတော့ ပို၍ပင်ကြည့်၍
ကောင်းသွားစေသည်။..
“ဒါက မျက်လုံးရဲ့မြင်ကွင်းကိုပြောင်းသွား
စေတာပဲ ကြည့်ရတာပိုရှင်းသွားတယ်”
စုယင်က မျက်မှန်ကိုတပ်လိုက်ချွတ်လိုက်
လုပ်ကာ စမ်းနေသည်။
ကိုင်ရီရီတို့ ညီအစ်မကတော့ တပ်ထားကာ
ပတ်ဝန်းကျင်ကို လေ့လာနေသည်။
ကိုင်ရီရီ၏ လှပသည့်မျက်နှာဖူးဖူးလေးပေါ်
မျက်မှန်ဝိုင်းလေးတပ်ဆင်ထားပုံမှာ
အလွန်လှပကာချစ်စရာကောင်းနေသည်။
ကျိုးယန်တယောက် မသိလိုက်ပါဘဲ
ငေးမောမိသွားသည်။…
သူ့အရင်ဘဝတွင် လေးလုံးများကိုသဘောကျ
သည့်ဆိုက်ကို တခုသူ့မှာရှိထားသည်။
အဖိုးဝူက ကားပေါ်တွင်ပင်ထိုင်ကာ ကျိုးယန်
တို့အဖွဲ့ကိုတချက်တချက် လှည့်ကြည့်တတ်
သည်။ကျိုးယန်တယောက် ကိုင်ရီရီကို ငေးနေ
သည်ကိုတွေ့တော့ ပြုံးတုံ့တုံ့အမူရာဖြင့်
ခေါင်းယမ်းလိုက်မိသည်..။
မင်းသားငယ်သည် ဒီလောက၏သတ်မှတ်မှု
အရဆို အိမ်ထောင်ပြုရန်အချိန်ကျပေပြီ..။
သူသိထားသလောက် ကျိုးယန်သည် အမှိုက်
တခုလို နုံအကာ ဘာသိဘာသာနေတတ်သော်
လည်း မိန်းမကိစ္စတွင်တော့ကင်းရှင်းသည်။
ယခု သူသဘောသူ တွေ့ပြီဟုအဖိုးဝူထင်သည်။
စစ်သည်များက တောနက်ထဲတိုးကာ…
ရိက္ခာအတွက်အမဲလိုက်ကြသည်။
အိမ်တော်တွင်နေစဥ်ကလည်း ကျိုးယန်က
အိမ်တော်ရိက္ခာအတွက် စစ်သည်များကို
အလှည့်ကျနေ့စဥ်အမဲလိုက်စေသည်။
နာရီဝက်အကြာတွင် စစ်သည်များက
ယုန်အချို့နှင့်..ဖွတ်သားရဲအနည်းငယ်
သယ်ဆောင်ကာပြန်လာကြသည်…။
စားသောက်ရေးအတွက် ကျိုးယန်ဝင်ပါစရာပင်
မလိုအပ်ပေ။
စစ်သည်များသာ အသားများကိုအလျင်အမြန်
ကင်လိုက်ကြသည်။…
ကျိုးယန်တို့ စားသောက်ပြီးချိန်တွင်..မြွေမျိုး
နွယ်၏စစ်သည်များရောက်လာကြသည်..။
“ရှင်တို့ဒီမှာ ခနတဖြုတ်နားလို့ရတယ် ကျမတို့
အရင်သွားနှင့်ပြီး ကျောက်တွင်းမရောက်ခင်
ဆယ်မိုင်အလိုလောက်မှာ စောင့်နေမယ်”
မင်းသမီးကဘသူ့လူများကိုအမိန့်ပေးသည်။
“ကောင်းပါပြီမင်းသမီး”
မြွေမျိုးနွယ်စစ်သည်များက အနားယူရန်
ပြင်ဆင်ကြသည်..။
“ကျမတို့ သွားကြတော့မလား”
“သွားကြတာပေါ့…”
ကျိုးယန်တို့တဖွဲ့ကိုယ်စီကားပေါ်တက်ကာ
ထွက်သွားကြသည်.။
“တောပုန်းဟွမ်တို့ရှိမနေဖို့မျှော်လင့်တယ်..ဒါနဲ့
ကျောက်တွင်းပတ်လည်က အန္တရာယ်များ
တယ်မဟုတ်လား..”
ကျိုးယန်၏အမေးကို ကိုင်ရီရီက
“ခန့်မှန်းခြေ ကျောက်တွင်းရဲ့ ငါးမိုင်ပတ်လည်
က သားရဲပိုင်နက်ပဲ..အာ့ကြောင့် ကျမလူတွေ
ကို အကွာဝေးတချို့ခြားပြီး စောင့်ဖို့ကျမ
ဆုံးဖြတ်လိုက်တာ”
ကိုင်ရီရီ၏စိတ်ကူးကမှန်ပေသည်။
သံချပ်ကာကားများရှိသော်လည်း သူတို့အနေ
ဖြင့် ဇွတ်တိုးလို့တော့မရနိုင်ပေ။
“ကေျာက်တွင်းရဲ့အဆင့်ကိုတော့ ကျမတို့
သေချာမသိထားဘူး ကျောက်တွင်းကိုတွေ့တဲ့
စစ်သည်တွေကလည်း သားရဲကြီးတွေနဲ့
ဆုံမှာစိုးလို့…တွင်းကိုတောင်သေချာမစစ်ဆေး
ခဲ့ကြရဘူးလေ”
ကျိုးယန်အထင် ကျောက်တွင်းက အဆင့်နိမ့်
ဆိုလျှင်တောင် သန်းချီရနိုင်သည်ဟု
သူထင်သည်။ထိုအရေအတွက်က မြွေမျိုးနွယ်
စုအတွက် လုံလောက်သည့်အထောက်အပံ့
တခုဖြစ်စေသည်။
“ရှင်က ကျောက်တွင်းရဲ့ဝေစုကို မယူဘူး
ဆိုတော့…စီမံကိန်းအတွက် ကျမဘာကူညီ
ပေးရမလဲ”
ကိုင်ရီရီလည်းစီမံကိန်းကိုစိတ်ဝင်စားသည်။
“ပြင်ပလူတွေကို ဆွဲဆောင်ဖို့ ကျုပ်ဘယ်လို
စီစဥ်ရမလဲ မသိသေးဘူး ဘယ်သူက..
မြို့တော်ကိုစွန့်ပြီး ဒီဒေသကိုလာပါ့မလဲဆိုတဲ့
အချက်တခုကိုစိုးရိမ်နေတယ်..ကျုပ်အထင်
အင်အားစုငယ်တွေနဲ့ကျုပ်တို့ပဲ ခွဲဝေပြီး
နေကြရမယ့်ပုံပဲ”
ကျိုးယန်၏စကားအဆုံး ကိုင်လီလီက
“မြို့တော်ထက် ချီစွမ်းအင်သိပ်သည်းနိုင်အောင်
ကျမတို့လုပ်နိုင်ရင်..ပြင်ပလူကလာမှာပါပဲ”
“ဟင့်အင်း ကျုပ်တို့ဒေသကလူတွေ ပဲ
အခြေကျအောင်နေတော့မယ် ကျုပ်ဆုံးဖြတ်
လိုက်ပြီ အပြင်လူတွေဝင်လာရင် စောင့်ကြည့်
ရမဲ့အလုပ်တခုပိုလာနိုင်တယ်”
လက်ရှိ ကျိုးယန်၏မဟာမိတ်ဖြစ်တဲ့ မြွေမျိုး
နွယ်နှင့် အင်အားစုငယ်များကိုသာ မြို့သစ်တွင်
နေစေမည်။