အခန်း (၂၀)
Vol. 2 Ch. 20
နောက်ထပ်တနာရီကျော်အကြာမှာတော့
သလင်းကျောက်တွင်းရှိရာ ဆယ်မိုင်အကွာသို့
ရောက်လာကြသည်။
“ဒီ မှာပဲ ကျမလူတွေကိုစောင့်ရင်း ပတ်ဝန်းကျင်
ကိုလေ့လာကြတာပေါ့”
ကျိုးယန်လည်း အခြေနေကိုသိရှိရန် ပတ်ဝန်း
ကျင်ကိုအာရုံစူးစိုက်ထားလိုက်သည်.။
တချက်တချက် ကျယ်လောင်စွာပေါ်လာသည့်
ဟိန်းဟောက်သံများမှလွဲ၍ သားရဲများ၏
အသွင်အပြင်တခုတလေကိုတောင် ကျိုးယန်
မတွေ့ရသေးပေ။…
ကားပေါ်မှဆင်းကာ အဖိုးဝူဆီသွားလိုက်သည်။
“အဖိုးဝူ ဒီနေရာက သားရဲတောင်ကြောနဲ့နီးနေ
ပြီလား”
ကျိုးယန်၏အမေးကိုအဖိုးဝူက
“နီးနိုင်တယ် ကျုပ်အထင် သားရဲတောင်ကြောရဲ့
အနောက်ဘက်များဖြစ်နေမလားပဲ”
ကိုင်ရီရီလည်း တွေးတွေးဆဆဟန်ဖြင့်
ဝင်ပြောသည်။
“အဆင့်နိမ့်သားရဲတွေက ပုံမှန်ဆို အုပ်စုလိုက်
နေတတ်ကြပြီး နေ့ခင်းပိုင်းတွေမှာ တွေ့ရခဲ
တယ်…ကျမတို့စိတ်ပူရမှာက ကျောက်တွင်းနဲ့
အနီးဆုံးမှာ အဆင့် ၄သားရဲ ရှိနေမှာကိုပဲ”
ေသနတ်များက သားရဲများ၏ ခန္ဓာကိုယ်အား
ထိုးဖောက်နိုင်ဖို့မသေချာပေ။
လက်ထဲရှိသေနတ်ကိုသေချာစစ်ကာ လိုအပ်
သည့်ကျည်များအပြည့်ဖြည့်လိုက်သည်။
“စုယင်….မင်းအစ်ကို့နားမှာပဲကပ်နေနော်”
ကျိုးယန်တယောက်စုယင်ကိုပဲ စိတ်ပူနေရ
သည်။သူမက ကျင့်ကြံသူတယောက်မဟုတ်
သည့်အတွက် ဒီခရီးက အန္တရာယ်များသည်။
နောက်ထပ်နာရီဝက်ခန့်အကြာတွင်
မြွေမျိုးနွယ်မှ စစ်သည်များရောက်လာသည်။
လူဦးရေစုစုပေါင်းမှာ ၃၀ ခန့်ဖြစ်သည်။
သံချပ်ကာကား၃ စီးဖြင့် ရှေ့မှဦးဆောင်ကာ
သလင်းကျောက်တွင်းရှိရာသို့ တိုးဝင်ကြတော့
သည်။…
ပတ်ဝန်းကျင်တခုလုံးက တိတ်ဆိတ်ကာ
ချောက်ခြားဖွယ်အပြည့်ဖြစ်သည်..။
ရုပ်ရှင်တွေထဲကလို မြူတွေဆိုင်းကာ မြင်ကွင်း
ကိုဖုံးထားတာမျိုးမဟုတ်သော်လည်း ခံစားရ
သည်က မသက်မသာဖြစ်စေသည့်ခံစားချက်
မျိုးဖြစ်နေသည်။
အကုန်လုံးက သတိမပြတ်ထားကာ တဖြေးဖြေး
ရှေ့သို့တိုးကြသည်။တဖက်တွင် တောပုန်းဟွမ်
တို့အဖွဲ့ ရှိနေမည်ကိုလည်းသတိထားရသည်။
၂မိုင်ခန့်အရောက်မှာတော့ လေထဲ သွေးညှီနံ့က
စတင်ပြန့်လာသည်။
သားရဲဟိန်းသံကလည်း ပို၍ဆူညံလာသည်။
ဝေါင်း….
“ဒါ အသွင်ပြောင်းကျားသစ်ပဲ သူကအဆင့်၃
မှာရှိတယ်…ဒီထက်တောင်ပိုနိုင်တယ်..”
ကိုင်ရီရီက ရှင်းပြသည်။
သူမက သားရဲမျိုးနွယ်မို့..အသံကြားရုံတင်
မည်သည့်သားရဲ ဖြစ်သည်ကိုခွဲနိုင်သည်။
“ပုံမှန် အဆင့် ၃ သားရဲဖြစ်တဲ့အသွင်ပြောင်း
ကျားသစ်ရှိတဲ့နေရာမှာ…အဆင့်နိမ့်သားရဲ
တွေမနေရဲဘူး အသွင်ပြောင်းကျားသစ်ရဲ့လက္ခ
ဏာက ကြမ်းတမ်းပြီး ဒေါသကြီးတယ်သူ့ရဲ့
အမြန်နှုန်းကလည်း လူသားသိုင်းပညာရှင်
အလယ်ဆင့်ကို ယှဥ်နိုင်တယ်”
ထိုစဥ် သားရဲတအုပ်က ကျိုးယန်တို့ဆီ
အရှိန်ဟုန်ဖြင့်ပြေးဝင်လာသည်။
“သွေးနှောတောဝက်ရိုင်းတွေပဲ သတိထားကြ”
စစ်သည်တွေကလည်း ပြေးဝင်လာသည့်
တောဝက်ရိုင်းများကို သေနတ်ဖြင့်ပစ်ချကာ
မြွေမျိုးနွယ်စစ်သည်တွေကတော့ ဓား လှံများ
ဖြင့် ဆီး၍ ခုတ်ပိုင်းကြသည်။
“အဆင့် ၁ သားရဲတွေ…သူတို့ကအနည်းဆုံး
အကောင်ရေ ၅၀ ကနေ ၅၀၀ လောက်ထိစုပြီး
သူတို့ရဲ့ရန်သူကို အရှိန်နဲ့ဝင်တိုးကြတာ”
ကျိုးယန် အဖိုးဝူနှင့်စစ်သည်တော်တို့က
သံချပ်ကာ ကားပေါ်ရှိ စက်သေနတ်ဖြင့်နီးရာ
တောဝက်ရိုင်းများကိုချိန်ကာ ပသ်ကြသည်။
ကိုင်ရီရီလည်း ကားပေါ်မှခုန်ဆင်း၍
သားရဲများကို ဓားဖြင့်ခုတ်ကာ
တိုက်ပွဲထဲ ပါဝင်တော့သည်။သူမကမိန်းကလေး
ဆိုပေမယ့် အကြောက်အလန့်တော့မရှိပေ။
တောဝက်ရိုင်းအကောင်တစ်ရာကျော်က
အဆက်မပြတ် တိုးဝင်နေဆဲပင်။
ထိခိုက်ဒဏ်ရာရမှာကိုပင် မကြောက်ကြ…။
သံချပ်ကာ ကားကိုယ်ထည်ကို ပစ်တိုက်သည်။
ဝုန်း….ဝုန်း
ဒိုင်းးးဒိုင်းးးဒိုင်းးးး
ဒက်….ဒက်….ဒက်
သေနတ်သံများကျယ်လောင်စွာထွက်ပေါ်နေ
သည်။
အဆက်မပြန်ပစ်ခတ်နေသော်လည်း
တောဝက်ရိုင်းများက ဆက်တိုးဝင်နေဆဲပင်။
“တောင့်ထားကြ အကောင်ရေမကျန်တော့ဘူး”
ကျိုးယန်လည်း တောဝက်ရိုင်းများကိုကြည့်၍
စစ်သည်များကို သတိပေးနေသည်။
ဝူးးအူးးးးး
ထိုစဥ် ဝံပုလွေအူသံတခုပေါ်လာသည်။
ချီးပဲ…နောက်ထပ်ဝံပုလွေတွေလား…။
ကျိုးယန်တယောက် စိတ်ပျက်သွားသည်။
တောဝက်ရိုင်းများကိုပင် ရှင်းလို့မပြီးသေး..
ဝံပုလွေများက တိုက်ပွဲမှ သွေးနံ့များကိုသတိ
ထားမိသွားကြလေသည်။..
“ဖောက်ထွက်တော့ ဒီနေရာမှာကြာနေလို့မရ
တော့ဘူး ဝံပုလွေတွေဆင်းလာပြီ”
ဝံပုလွေများက အဆင့်၂ ဖြစ်ကာ ဝံပုလွေဘုရင်
သည် အဆင့် ၃ အထွဋ်အထိပ်ဖြစ်သည်။
သေနတ်ဖြင့်ဆက်တိုက်ပစ်၍ သားရဲအုပ်ကို
ဖောက်ထွက်ကြသည်။နောက်တော့ပြန်ဆုတ်၍
မရတော့။
စုယင်လည်းနားနှစ်ဖက်ကိုအုပ်ကာ ကားပေါ်၌
တကိုယ်လုံးတုန်ယင်ကာ ထိုင်နေသည်။
သံချပ်ကာကား ကိုယ်ထည်ဖြင့် တိုက်ထွက်ကာ
လမ်းဖောက်ကြရသည်။
တဖြေးဖြေးတောဝက်ရိုင်းများကိုဖောက်ထွက်
လာနိုင်ကာ ရှေ့ဆို ၄မိုင်ခန့် ခရီးတွင်သွားတော့
သည်။..
သေနတ်ကိုင်ထားသည့် စစ်သည်များက
အထိခိုက်မရှိသော်လည်း မြွေမျိုးနွယ်စစ်သည်
များ၏တဝက်ကတော့ ဒဏ်ရာရကုန်သည်။
မြင်းအချို့အဝက်သည်လည်း လန့်ဖျပ်ကာ
ထွက်ပြေးကြသည်မို့ တဝက်ခန့်သာကျန်သည်။
ဒဏ်ရာရသူများကို ဦးစားပေးကာ
သံချပ်ကာ ကားပေါ်တွင်နေစေသည်..။
ကျန်သူများက ကျန်ရှိနေသည့်မြင်းများဖြင့်
ခရီးဆက်သည်။
သံချပ်ကာ ကားသည် လူ၄ဦးစာသာထိုင်ခုံ
ထည့်ထားသည့်အပြင် အနောက်၌ နောက်ထပ်
လူနှစ်ဦးမှ ၄ ဦးထိ လိုက်ပါနိုင်သေးသည်။
မြေပြန့်တနေရာကို ရောက်သည့်အခါ အားလုံး
အနားယူရန် ပြင်ကြတော့သည်။
“ခနနားမယ် သွေးထွက်နေတဲ့ဒဏ်ရာတွေကို
သွေးတိတ်အောင်လုပ်ကြ…ရှေ့ခရီးတဝက်
ကျန်နေသေးတယ် အားလုံးဂရုစိုက်ရမယ်”
ကိုင်ရီရီက သူမ၏ဓားတွင်ပေနေသည့် သွေးကို
သုတ်ကာပြောသည်။
မြွေမျိုးနွယ်စစ်သည်တဝက် ဒဏ်ရာရကုန်
သည်မို့ သူတို့ကို သံချပ်ကာ ကားများနှင့်အတူ
ဤနေရာတွင် ထားခဲ့ရပေမည်။
ရှေ့တွင် သားရဲအုပ်မရှိတော့သလို လမ်းကလည်း
ပို၍ ရှုပ်ထွေးကြမ်းတမ်းလာသည့်အတွက်
သံချပ်ကာ ကားများသွားလာရန်အဆင်မပြေနိုင်။
“စုယင် မင်းအဆင်ပြေရဲ့လား”
“ဟုတ်ကဲ့ အဆင်ပြေပါတယ်”
စုယင်ကတော့ထိတ်လန့်မှုမပြေသေး။သူမပုံစံ
က တကိုယ်လုံးလည်းအနည်းငယ်တုန်ယင်
နေသည်။
“ဝံပုလွေအုပ်ကိုရှောင်နိုင်တာကောင်းတယ်
ရှေ့မှာတော့ ဒီလိုအုပ်လိုက်သားရဲတွေ မရှိ
လောက်တော့ဘူး..သားရဲ ကြီးတွေပဲ ကျန်
လောက်မယ်”
ကိုင်ရီရီက ကျိုးယန်ကိုရှင်းပြသည်။
သူမ မျိုးနွယ်၏သတင်းပေးထားချက်အရ
ကျောက်တွင်းနဲ့နီးလေ…သားရဲငယ်များရှားပါး
သွားကာ သားရဲကြီးများသာရှိတော့သည်ဟု
သူမသိထားသည်မဟုတ်လား။
နောက်ထပ်နာရီအနည်းငယ်ထပ်နားရသည်။
နှစ်ဖက်စစ်သည်များလိုအပ်တာပြင်ဆင်ပြီး
နောက် ရှေ့ဆက်ရန်ပြင်သည်။
နောက်ဆုံးတွင် အဖိုးဝူနှင့်သေနတ်သမားများ
နေရာယူကာ… ရှေ့တွင်တော့ ကျိုးယန် ကိုင်ရီရီတို့ညီအစ်မနှင့်အစ်ကိုကျင်းစုယင်တို့ကနေရာယူထားသည်။
ဒဏ်ရာရ စစ်သည်များကိုစောင့်ရှောက်ရန်
ကျန်သည့် စစ်သည်တဝက်က ကျန်ခဲ့ရသည်။
စုယင်ကိုလည်း ကိုင်ရီရီနှင့်ကျိုးယန်က
ဘေးတဖက်စီနေကာ အကာအကွယ်ပုံစံဖြင့်
လိုက်ပါစေသည်..။
“ကျမ မလိုက်ပဲနေခဲ့ရမှာ အခုတော့ အစ်ကိုကြီး
လည်းအလုပ်ပိုနေရပြီ”
စုယင်က ဝမ်းနည်းစွာဆိုသည်။သူမသာ မလိုက်
ပါခဲ့လျှင် ကျိုးယန်လည်း သူမအတွက်နဲ့
အာရုံများနေမည်မဟုတ်ပေ။
“မဟုတ်တာပဲ အဆင်ပြေပါတယ်စုယင်ရဲ့”
ကိုင်ရီရီလည်းနားလည်ဟန်ဖြင့် ခေါင်းညိတ်ပြ
သည်။ သူမလည်း စုယင်ကိုအပြစ်မမြင်ပေ။
တောဝက်ရိုင်းများတိုးဝင်လာချိန်တွင်
သံချပ်ကာ ကားပေါ်ရှိ စက်သေနတ်များဖြင့်
ပစ်ခတ်ခဲ့သော်လည်း သားရဲအုပ်ကို
စက်သေနတ်များက အပြည့်အဝမထိန်းချုပ်
နိုင်ခဲ့ပေ။
သေနတ်၏ ပစ်ကွင်းအရ နီးကပ်နေသည့်
ရန်သူအများအပြားကို ပစ်ချရန်ခက်ခဲသည်။