အခန်း (၂၁)
Vol. 2 Ch. 21
“ကျမတို့ခုထိ တောပုန်းဟွမ်ကိုမမြင်ရသေးဘူး”
ကိုင်ရီရီက ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်၍
ပြောသည်။ကျိုးယန်လည်း ထိုအချက်ကို
သတိထားမိသည်။ကျောက်တွင်းနားနီးသည်
အထိ တောပုန်းဟွမ်ကိုမတွေ့သေး။
“ဒါဆို ကျောက်တွင်းနဲ့ပက်သက်ပြီး မြို့တော်က
မိသားစုကြီးတွေ မသိသေးဘူးလို့ ယူဆရမယ်”
ကျိုးယန်တယောက်စိတ်အေးသွားသည်။
သားရဲများအပြင် ရန်သူဟောင်းကိုပါ ဒီနေရာ
တွင်ရင်ဆိုင်ရလျှင် ဒုက္ခများနိုင်သည်။
ကျောက်တွင်းနားနီးလေ တောကပိုနက်လေ
ဖြစ်လာသည်။သားရဲငယ်များ၏ အသံများ
မကြားရတော့။
ကျောက်တွင်း၏ ၂မိုင်အကွာသို့ရောက်လာ
သည်။
ထိုစဥ် သူတို့အဖွဲ့ဝင်လာသည်ကိုတဖက်မှ
အာရုံခံမိသည်ထင် ကျယ်လောင်စွာ ဟိန်းသံ
ပြုသည်။
ဝေါင်း…
မြေပြင်ကတုန်ခါသွားကာ..ကျိုးယန်တို့အဖွဲ့
လည်းနားများအူသွားသည်။
“စိန်မျောက်ဝံရဲ့ အသံပဲ ဒီနေရာနဲ့သိပ်မဝေး
တော့ဘူး..ကျောက်တွင်းနားဖြစ်နေမှာစိုးတယ်”
ကိုင်ရီရီ တယောက်စိုးရိမ်သွားသည်။တကယ့်
သားရဲ ကြီးကခရီးအဆုံးနေရာတွင်အသင့်
စောင့်နေလေပြီ။ ထို့အပြင် တဖက်သားရဲက
သူ့ပိုင်နက် သူမတို့ဝင်လာသည်ကို သတိထားမိ
သွားပုံရသည်။
“၂ မိုင်အကွာကိုတောင်အာရုံခံနိုင်တယ်ဆို
တော့ အဆင့်၄ အလယ်လောက်ရှိမယ်”
အဖိုးဝူက ပြောပြသည်။အဆင့်၄ အလယ်ဆင့်
သည် လူသားကျင့်ကြံမှုအရ သိုင်းပညာရှင်
အထွဋ်အထိပ်နဲ့ညီသည်။ တခုပိုသည်က
သားရဲများ၏ ခန္ဓာကိုယ်သန်မာမှုက လူသား
ကျင့်ကြံသူထက်သာသည်။
ကျိုးယန်တို့အဖွဲ့တွင် ကိုင်ရီရီ နှင့်သူသာ
သိုင်းပညာရှင်အထွဋ်အထိပ်ဖြစ်သည်။
ကျန်သူများက သိုင်းပညာရှင် အဆင့် ၅ ၆ ၇
များဖြစ်၍ အင်အားနည်းသည်။
ဒီနေရာတွင် စိန်မျောက်ဝံကို ယှဥ်နိုင်သည်မှာ
ကိုင်ရီရီတဦးတည်းသာရှိသည်။ကျိုးယန်က
ကျင့်ကြံဆင့်မြင့်သော်လည်း ကျင့်စဥ်များ
တခုမှမတက်သူဖြစ်၍ ထိပ်တိုက်ရင်ဆိုင်လို့
မရပေ။
ကျယ်လောင်သည့်အသံကြီးနှင့်အတူ
မြေပြင်ကတုန်ခါလာကာ ကြီးမားသည့်ခန္ဓာ
ကိုယ်တခု မြင်ကွင်းထဲပေါ်လာသည်။
မီတာ ၂၀ ခန့်ကြီးမားပြီး တကိုယ်လုံးနက်မှောင်
သည့်အမွှေးမျှင်များအပြည့်ဖြင့်
စိန်မျောက်ဝံတစ်ကောင်ဖြစ်နေသည်။
ဝေါင်း…
စိန်မျောက်က ကျယ်လောင်စွာအော်ကာ
ကျိုးယန်တို့ကိုစူးစိုက်ကြည့်သည်။
စိန်မျောက်ဝံနှင့် ကျိုးယန်တို့ကြားအကွာအဝေး
က မီတာ ၁၀၀ ခန့်သာရှိတော့သည်။
“စုယင် အနောက်မှာနေ “
ကျိုးယန်က သေနတ်ကိုထုတ်ကာ စုယင်ကို
နောက်ကျောဘက်ပို့လိုက်သည်။အဖိုးဝူတို့က
လည်း ဓားများဆွဲထုတ်ကာ တိုက်ခိုက်ရန်
အသင့်ပြင်ထားကြသည်။
“ကျမ ရှေ့ကဝင်မယ် ရှင်က ရှင့်လက်နက်နဲ့
စိန်မျောက်ဝံရဲ့ အားနည်းချက်ဖြစ်တဲ့
ဦးခေါင်းနေရာကိုပစ်ပေးပါ”
ကိုင်ရီရီက ပလန်ချသည်။
ကိုင်လီလီ အစ်ကိုကျင်း အဖိုးဝူနှင့်သေနတ်
သမားစစ်သည်တော်တို့က စုယင်ကိုဝိုင်းကာ
ကျိုးယန်တို့အနောက် ခပ်လှမ်းလှမ်းတွင်
သတိအပြည့်ဖြင့်ရပ်နေကြသည်။
သိုင်းပညာရှင်အထွဋ်အထိပ်ဆင့်တိုက်ပွဲ ဖြစ်၍
ထိုအဆင့်အောက်သူများပါဝင်တိုက်ခိုက်ဖို့
အဆင်မပြေနိုင်ပေ။
စိန်မျောက်ဝံက ကျိုးယန်တို့လှူပ်ရှားမှုကို
မျက်ခြေမပြတ်စောင့်ကြည့်ရင်းမှ ဟိန်းသံ
တချက်ပြုကာ ခုန်ဝင်လာသည်။
“တိုက်တော့.”
ကိုင်ရီရီလည်းလေထဲမှာပင် စိန်မျောက်ဝံ၏
တိုက်ကွက်ကို ရှောင်ကာ လည်ပင်းနေရာကို
ဓားနဲ့ပိုင်းလိုက်သည်။
တဖက်တွင်ကျိုးယန် သေနတ်ဖြင့် စိန်မျောက်ဝံ
၏ ဦးခေါင်းကိုအဆတ်မပြတ်ပစ်သည်။
ဒိုင်း..ဒိုင်းးဒိုင်း…ဒိုင်း….ဒိုင်း…
ကျည်ဆံတချို့တဝက်က စိန်မျောက်ဝံ၏
ကိုယ်ကိုထိမှန်ကာ ပြန်ပြုတ်ကျသွားသည်။
ချီးပဲ…Hulk ကြီးကျနေတာပဲ ကျည်မတိုးဘူး။
ကိုင်ရီရီလည်း ကျိုးယန်၏သေနတ် စိန်မျောက်
ဝံ အပေါ်အလုပ်မဖြစ်တာကိုမြင်လိုက်သည်။
သူမ စိုးရိမ်စိတ်များသွားသည်။ သူမခွန်အား
တစ်ခုတည်းဖြင့် စိန်မျောက်ဝံကိုထိပ်တိုက်
ရင်ဆိုင်လို့မရပေ။
ဓားနှင့် လက်သီးချက်တို့က ထိပ်တိုက်တွေ့ကာ
ကျယ်လောင်သည့်အသံများဖြစ်ပေါ်စေသည်။
တိုက်ပွဲခြေနေကတော့အချိန်ကြာလျှင် ကိုင်ရီရီ
တယောက် အခက်တွေ့နိုင်သည်။
ကျိုးယန်လည်းသေနတ်ကိုပြန်သိမ်းကာ
ဓားဆွဲ၍ တိုက်ပွဲထဲခုန်ဝင်ရတော့သည်။..
စိန်မျောက်ဝံ၏ ဦးခေါင်းနေရာသည်အားနည်း
ချက်ဖြစ်သော်လည်း အသိဉာဏ်မြင့်မားသည့်
သားရဲမို့ သေနတ်ဖြင့်အတိအကျထိမှန်အောင်
ပစ်လို့မရပေ။..
“မင်းသား….”
“အစ်ကိုကြီး..”
အဖိုးဝူနှင့် စုယင်တို့၏အသံကထွက်ပေါ်လာ
သည်။စုယင်တယောက်မျက်ရည်အဝဲသားဖြင့်
တိုက်ပွဲကို ငေးနေသည်။
အဖိုးဝူက လိုအပ်ရင် သူဝင်ပါနိုင်ရန်အသင့်
ပြင်ထားသည်။
ကျိုးယန် ဓားဖြင့် စိန်မျောက်ဝံ၏နောက်ကျော
နေရာကိုခုတ်ချလိုက်သည်။ အထွဋ်အထိပ်
သိုင်းပညာရှင်တယောက်၏ခွန်အားက နောက်
ပြောင်စရာမဟုတ်။ သို့သော် စိန်မျောက်ဝံ၏
သန်မာမှုကို လျှော့တွက်မိသွားသည်။
ထန်း..!
“ဟ သံတုံးကြီးကို ပိုင်းလိုက်ရသလိုပဲ”
ကျိုးယန်၏လက်များထုံကျဥ်သွားကာ ဓားမှာ
လက်မှလွတ်ကျမတက်ဖြစ်သွားသည်။
“လာခဲ့စမ်း..”
ကျိုးယန်၏မျက်လုံးထဲ၌ တိုက်ပွဲကိုဆာလောင်
သည့်အရိပ်အယောင်များပေါ်လာကာ
စူးရှသွားသည်။…ဓားချက်အပေါ်ခွန်အား
အကုန်စု၍ နောက်တကြိမ်ထပ်ခုတ်ချသည်။
ထိုစဥ် ကိုင်ရီရီကလည်း ကျိုးယန်နည်းတူ
ဓားချက်တချက်ထုတ်ဖော်ကာ စိန်မျောက်ဝံကို
တိုက်ခိုက်သည်။
ဂါးးး..
ရှေ့နောက်ညှပ်၍ အတိုက်ခံရသည်မို့
စိန်မျောက်ဝံလည်း ဒေါသတကြီးဖြစ်ကာ
လက်တဖက်စီဖြင့် ကျိုးယန်နှင့်ကိုင်ရီရီတို့ကို
ပုတ်ထုတ်လိုက်သည်။
ဝုန်း….
အင့်…
ပြင်းထန်သည့်ခွန်အားကြောင့် ကျိုးယန်ကော
ကိုင်ရီရီပါ မီတာ ၃၀၀ နီးပါးလွင့်စင်ကာ
လမ်းတလျှောက် စွပ်ကြောင်းကြီးပါဖြစ်သွား
စေတော့သည်။
ဖလူး…ဝေါ့…
ကျိုးယန်တယောက်သွေးတပွက်အန်ထုတ်လိုက်
ရတော့သည်။
“မင်းသား..”
အဖိုးဝူမှ စိုးရိမ်တကြီးဖြင့်သူ့ဆီလာရန်ပြင်နေ
သည်ကိုတွေ့သည်နှင့် ကျိုးယန်လက်ပြကာ
တားလိုက်သည်။
ကိုင်ရီရီလည်း ကျိုးယန်နည်းတူ ဒဏ်ရာရသွား
ပုံရသည်။ ကျိုးယန်က စိန်မျောက်ဝံ၏ လက်
ပြန်ရိုက်ချက်ကိုထိသည်မို့ ပိုပြင်းထန်သည်။
ဝေါ့…
ဖြူနုသည့်မျက်နှာလေးက သွေးမရှိသည့်နှယ်
ဖွေးစုတ်သွားသည်။
သူမ မတ်တပ်ပင်မရပ်နိုင်တော့ပေ။
စိန်မျောက်ဝံက ကျယ်လောင်စွာတချက်အော်
သည်။ ပြီးနောက် ကျိုးယန် ဆီ ခုန်ဝင်လာ
တော့သည်။
“ဘာလို့ ငါလဲ”
ကျိုးယန်တယောက်စိတ်ဓာန်ကျသွားသည်။
သူ့ဆီခုန်ဝင်လာတာလည်း တခုတော့ကောင်း
သည်။ ကိုင်ရီရီ အန္တရာယ်ကင်းစေ၍ လွတ်
မြောက်စေသည်မဟုတ်လား။
“လာစမ်း တိရိစ္ဆာန်ကောင်ကြီး”
မြေပေါ်လဲကျနေရာမှ ထိုအနေထားဖြင့်ပင်
သေနတ်ကိုဆွဲထုတ်ကာ ချိန်လိုက်သည်။
နောက်ဆုံး နောက်ဆုံးအခွင့်ရေးပင်…
ကျည်ဆံက စိန်မျောက်ဝံ၏ မျက်လုံးကိုထိမှန်
သွားမည်ဆိုလျှင် ဒီတိုက်ပွဲက ဘက်မျှသွား
ချေမည်။
ဂါး…
ထင်ထားသည့်အတိုင်းပင် ကျိုးယန်ကိုခုန်အုပ်
တော့သည်။
ကြီးမားသည့်ကိုယ်ကြီးက ကျိုးယန်ရှိရာခုန်ဝင်
လာသည့်အခါမှာတော့ အထိတ်တလန့်အော်သံ
များထွက်လာတော့သည်။
“အမလေး..”
“အစ်ကိုကြီး..”
စိန်မျောက်ဝံ၏ မျက်လုံးတည့်တည့်နေရာကို
ချိန်ကာပစ်လိုက်သည်။ အကွာအဝေးကနီးကပ်
ကာ မီတာ ဆယ်ဂဏန်းခန့်သာရှိသည်မို့ ပစ်
မှတ်က မလွဲချော်နိုင်ပေ။
ဒိုင်း ဒိုင်း
နှစ်ချက်ဆက်ပစ်ပြီးသည်နှင့် တဖက်သို့
လိမ့်ကာ ရှောင်လိုက်သည်။ သို့သော် စိန်မျောက်
ဝံကပိုမြန်သည်။ လုံးဝလွတ်မြောက်အောင်
မရှောင်နိုင်တော့။
အားး..
အရိုးများကျိုးကြေသွားကာ တကိုယ်လုံးသွေး
များဖြင့်နီရဲသွားသည်။ စိန်မျောက်ဝံ၏ လက်သီးချက်က ပြင်းထန်သည်။