အခန်း (၂၂)
Vol. 2 Ch. 22
ကျည်ဆံက စိန်မျောက်ဝံ၏ ဘယ်ဘက်မျက်
လုံးရှိရာတည့်တည့်မတ်မတ် ထိမှန်သွားသည်
ဂါး…..
စိန်မျောက်ဝံ၏ နာကျင်စွာအော်ဟစ်သည့်
အသံက ဟိန်းထွက်လာတော့သည်။
သူ့ရဲ့ရင်ဘတ်ကိုလက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ
ရိုက်ပုတ်ကာ မြေပြင်ပေါ် ပြိုလဲကျနေသည့်
ကျိုးယန်ကို ဒေါသတကြီးကြည့်သည်။
ပြီးနောက်…နောက်တကြိမ် ခုန်ဝင်လာကာ
လက်သီးနှစ်ဖက်ကိုစုကာ ထုချတော့သည်။
ဝုန်း….
ကိုင်ရီရီတယောက်မကြည့်ရက်တော့။
ဒီလက်သီးချက်က သေချာပေါက်ကျိုးယန်၏
အသက်ကိုနှုတ်ယူကာ အသားပြားဖြစ်သွား
စေနိုင်သည်အထိ ပြင်းထန်သည်။
အုန်း…….
ပြင်းထန်သည့် အသံကျယ်ကြီးထွက်လာပြီး
သည့်နောက် အများထင်သလို ကျိုးယန်
တယောက် မြေပြင်ပေါ် ပြားကပ်မနေ..။
အညိုရောင်အဝတ်အစားဖြင့် သန်မာသည့်
လူလတ်ပိုင်းတဦးက စိန်မျောက်ဝံ၏ ထုချက်
ကို လက်သီးဖြင့် ပြန်ထိုးလွှတ်လိုက်သည်။
ဂါးးးး…….
မျက်လုံးတဖက် ဒဏ်ရာရထားသည့်
စိန်မျောက်ဝံလည်း မီတာ ၁၀၀ ခန့်အကွာထိ
လွင့်ထွက်သွားသည်။
ဟမ်….ဘယ်လိုလူကစိန်မျောက်ဝံထက်ပို
အားကြီးနေတာလဲ…။
အဖိုးဝူ မယုံနိုင်ဟန်ဖြင့် အဆိုပါလူစိမ်းကို
ကြည့်နေမိသည်။
“ပကတိရှင်သန်ခြင်းအဆင့်လား….”
ကိုင်ရီရီလည်း သူမ၏မျက်လုံးကိုဖွင့်ကာ
ပတ်ဝန်းကျင်ကိုမယုံနိုင်သည့်မျက်ဝန်းများဖြင့်
ဝေ့ဝဲ ကြည့်နေသည်။
သူက ဘယ်သူလဲ…မင်းသားကျိုးနဲ့ဘာတော်လဲ
အကုန်လုံး၏ ငေးကြောင်ကြည့်နေမှုအောက်
ထိုလူစိမ်းက စိန်မျောက်ဝံဆီ ပြေးဝင်သွားကာ
ရင်ညွန့်တည့်တည့်ရှိရာ လက်သီးတချက်ထိုး
ချလိုက်သည်။
ဝူးးး…..
မြေပြင်တွင် တွင်းကြီးတခုပေါ်လာကာ
သန်မာသည်ဟု နာမည်ကြီးသည့် စိန်မျောက်ဝံ
ကတော့ တွင်းထဲတွင် အသက်မရှိတော့ပေ။
ထိုလူစိမ်း…စိန်မျောက်ဝံကို ခပ်စူးစူး
တချက်စိုက်ကြည့်ကာ ကျိုးယန်ဆီလျှောက်
သွားလိုက်သည်။
ပြီးနောက်… လေထဲတွင်ပင် ပျောက်ကွယ်သွား
တော့သည်။
ဒါ ပကတိရှင်သန်ခြင်း အဆင့် သေချာသည်။
စိန်မျောက်ဝံက သန်မာသည်ဆိုသော်လည်း
ပကတိရှင်သန်ခြင်းအလယ်ဆင့်ရှိသူကိုတော့
မယှဥ်နိုင်ပေ။
အကုန်လုံးသတိပြန်ဝင်လာချိန်တွင် ကျိုးယန်က
မြေပြင် ခပ်လှမ်းလှမ်းနေရာတွင်သတိလစ်ကာ
လဲလျောင်းနေသည်။
ခန္ဓာကိုယ်တခုလုံး အရိုးအများစုကျိုးကာ
သွေးကြောအများစုလည်း ပျက်စီသွားသည်။
ချီးပဲ သက်တော်စောင့်ရှိတာကို ငါမေ့နေတယ်
“စနစ် စောစောကလွှတ်တာမဟုတ်ဘူးကွာ”
ကျိုးယန်က မချိတင်ကဲဟန်ဖြင့်စနစ်ကို
အပြစ်တင်သည်။ပြင်ပတွင်သတိမေ့နေသော်
လည်း စနစ်၏နေရာတွင်တော့ ကျိုးယန်၏
စိတ်ဝိဉာဥ်က အကောင်းတိုင်းရှိနေသေးသည်။
“စနစ်ရှင်က သေရေးရှင်ရေးအခြေနေတခု
တွေ့ကြုံဖို့လိုအပ်တယ်လို့ စနစ်မှယူဆတဲ့
အတွက် ခုလိုလုပ်လိုက်တာပါ”
“ကောင်းရော ငါတကယ်သေသွားနိုင်တယ်ဟ”
ကျိုးယန်၏ ဒေါသတကြီးပေါက်ကွဲနေမှုကို
စနစ်မှ တန်ပြန်မပြောဆိုတော့။
ပထမဆုံးစုယင်က ကျိုးယန်ရှိရာပြေးသွား
ကာ ပွေ့ထူလိုက်သည်။
“အစ်ကိုကြီး… အစ်ကိုကြီး အဖိုး မင်းသမီး
ကြည့်ပါဦး..အစ်ကိုကြီးသေပြီလားမသိဘူး”
စုယင်တယောက်မျက်ရည်များပြည့်ကာ
နီးရာ အော်ခေါ်တော့သည်။
စုယင်၏အသံကို ကြား၍ ကိုင်ရီရီနဲ့အဖိုးဝူ
တို့လည်း သတိဝင်လာကာ ကျိုးယန်ဆီ
ပြေးလာကြသည်။
“မင်းသား…”
“တောင့်ခံထားပါဦး..”
ကိုင်ရီရီက သူမသိုလှောင်လက်စွပ်ထဲရှိ
ဆေးလုံးများထုတ်ယူကာ တိုက်တော့သည်။
သူမ၏လက်များက တုန်ယင်နေသည်မို့
ဆေးလုံးက ကျိုးယန်၏ပါးစပ်ထဲသို့မဝင်ပေ။
ဘေးတွင်ကြည့်နေသည့် ကိုင်လီလီက သူ့ညီမ
၏လက်ထဲက ဆေးလုံးကိုယူကာ ကျိုးယန်၏
ပါးစပ်ထဲ ထိုးထည့်သည်။
အဖိုးဝူလည်း လက်ကောက်ဝတ်ကိုစမ်းကာ
စိတ်ဓာတ်ကျသွားတော့သည်။
“ သွေးကြောတွေပျက်စီးသွားတယ် အရိုး
အများစုကျိုးပြီး…ဒီတိုင်းဆိုမင်းသားပြန်
ကောင်းလာဖို့နှစ်ဝက်လောက်ထိကြာနိုင်တယ်”
“အဟင့်….အဟင့်”
စုယင်တယောက်ကျယ်လောင်စွာ ငိုသည်။
ကိုင်ရီရီတို့လည်း တယောက်မျက်နှာ
တယောက်ကြည့်ကာ ဘာဆက်လုပ်ရမလဲ
တွေးကြတော့သည်။
“ ရှေ့ဆို ကျောက်တွင်းပဲ အခုမင်းသားက
ဒဏ်ရာပြင်းထန်တော့ ခေါ်သွားလို့မရတော့ဘူး
ကျမတို့ နောက်ပြန်ဆုတ်ကြမလား”
ကိုင်ရီရီ၏စကားကိုအဖိုးဝူက သဘောမတူ
ဟန်ဖြင့်..
“ မလိုပါဘူး မင်းတို့ဆက်သွားပြီးကျောက်တွင်း
ကိုတူးလိုက်ကြပေါ့ မင်းသားက ကျောက်တွင်း
ကရတဲ့ အကျိုးအမြတ်ကို မယူဘူးလို့
ပြောထားတယ်မဟုတ်လား..ကျုပ်က စုယင်နဲ့
အတူ မင်းသားကိုခေါ်ပြီး အိမ်တော်ဆီ ပြန်
တော့မယ်…”
ကိုင်ရီရီ အတွေးများသွားသည်။ခုချိန်မှာတော့
သူမတကိုယ်ကောင်းမဆန်ချင်။ ကျောက်တွင်း
တခုက သူမမြွေမျိုးနွယ်စုကို ထောက်ပံ့နိုင်
သည်ဆိုပေမယ့် မိတ်ဆွေကပိုအရေးပါသည်။
ကျိုးယန်မပါပဲ ဆက်မသွားချင်တော့။
ကိုင်ရီရီ၏စိတ်ကိုသိသည့် ကိုင်လီလီကဝင်၍
“အဲ့တိုင်းပဲလုပ်လိုက်ပါ ကျမနဲ့ အစ်ကိုကျင်း
တို့က ကျောက်တွင်းကိုဆက်သွားပြီး တူးလိုက်
ပါမယ် ရှေ့မှာ အန္တရာယ်လည်းမရှိတော့ဘူးဆို
တော့ အဆင်ပြေသွားပါပြီ…”
အစ်ကိုကျင်းကလည်းဝင်ပြောသည်။
“မင်းသမီး စိတ်မလုံဘူးလို့ခံစားနေရရင်
သူတို့နဲ့ ပြန်လိုက်သွားပြီး မင်းသားတို့ကို
သူတို့အိမ်တော်ထိ လိုက်ပို့လိုက်ပါ”
ကိုင်ရီရီလည်းဆုံးဖြတ်ချက်ချလိုက်သည်။
သူမ ကျိုးယန်တို့နှင့်အတူ ပြန်လိုက်သွားမည်။
ကျောက်တွင်းတူးသည့်ကိစကိုတော့ အစ်ကို
ကျင်းနှင့် သူ့အစ်မတို့က ဆောင်ရွက်ပေလိမ့်
မည် ဖြစ်သည်။
“ဒါဆို ခုပဲ ပြန်ကြမယ် မင်းသားဒဏ်ရာက
အချိန်ဆွဲလို့မကောင်းဘူး…”
အဖိုးဝူမှ တိုက်တွန်းသည်။ မင်းသားကိုသူ
တကယ်စိတ်ပူနေသည်။ ကျိုးယန်၏ခြေနေက
ကြိုးတန်းပေါ်ရောက်နေသည်။အချိန်မရွေး
သေဆုံးသွားနိုင်ချေရှိသည်မို့ အိမ်တော်ဆီ
ပြန်ခေါ်ကာ သေချာကုသရတော့မည်။
အဖိုးဝူက ကျိုးယန်ကိုသယ်ကာ စုယင်
ကိုင်ရီရီနှင့် သေနတ်သမားစစ်သည်အချို့နှင့်
အတူ သံချပ်ကာကားများရှိရာ ပြန်ဆုတ်လာ
ကြသည်။
ထိုနေရာကိုရောက်ပြီးနောက် သံချပ်ကာကား
နှင့်အတူ အိမ်တော်ဆီအမြန် ပြန်ကြတေ့ာသည်
အပြန်တွင်…စုယင်က တစီးမောင်းကာ
အဖိုးဝူ ကိုင်ရီရီကိုခေါ်ကာ တစီးမောင်းသည်
စစ်သည်များနှင့်မြွေမျိုးနွယ်ဝင်အချို့ကိုလည်း
ပြန်လည်ခေါ်ဆောင်လာကြသည်။
မင်းသား၏ကျန်းမာရေးအတွက် ခရီးဖင့်မှာ
စိုးတာကြောင့် မူလအိမ်တော်ဆီမပြန်ပဲ
မြွေမျိုးနွယ်ဆီဝင်ကာ ကုသစေသည်။
အချိန်က
တရက် နှစ်ရက် ငါးရက် တစ်ပတ်….
ကျိုးယန်တယောက် သတိမရသေး…။
ကျယ်လောင်သည့်ပေါက်ကွဲသံကိုကြားပြီး
ကျိုးယန်တယောက်သတိဝင်လာသည်။
ဒါဘယ်နေရာလဲ….ပတ်ဝန်းကျင်ကိုကြည့်
လိုက်တော့..စစ်မြေပြင်တနေရာ…။
ကြီးမားသည့် မိစ္ဆာကြီးများနှင့်…လူသားတို့၏
တိုက်ပွဲ တနေရာဖြစ်သည်။
မိစ္ဆာကြီးများ၏ခန္ဓာကိုယ်က ပေပေါင်းရာချီ
ကြီးမားကာ ကျယ်လောင်သည့်အော်သံများကို
အဆက်မပြန်ထုတ်လွှင့်နေသည်။
လေပေါ်တွင်လည်း လူသားကျွမ်းကျင်သူများ
အပြည့်ရှိကာ ပြင်းထန်သည့်တိုက်ပွဲကို
ဆင်နွဲ နေကြသည်။
ဘာလဲ ငါထပ်ဝင်စားပြန်ုပီလား…
စနစ်ရေ….စနစ်…ရှင်းပြ ပါဦးဟ…
ကျိုးယန်တယောက် ကျယ်လောင်စွာအော်ခေါ်
နေလည်း စနစ်ကမတုံ့ပြန်လာ ပကတိတိတ်
ဆိတ်ငြိမ်သက်နေသည်။
ချီးပဲကွာ…..။
ကျိုးယန်တယောက်အလူးအလဲထကာ
တိုက်ပွဲ၏ဝေးရာဆီပြေးသည်။ ကျင့်ကြံဆင့်
လည်း တစက်မှမရှိတော့ဘူး သောက်ရေးထဲ
ကံကလည်း တိုက်ပွဲအလယ်မှာမှ ပြန်ဝင်စား
ရတယ်လို့ကွာ။
တိုက်ပွဲထဲရှိစစ်သည်များက ကျိုးယန်ကို
အထူးတဆန်းဟန်ဖြင့်ကြည့်နေကြသည်။
ကျိုးယန်၏ပုံစံက ကြီးမားသည့်လှံကိုဆွဲကာ
မိစ္ဆာကြီးများဆီ ပြေးဝင်နေသည့်ပုံဖြစ်သည်။
(သူ့ဟာသူကြောက်ပြီးပြေးတာ အပြေးကောင်း)
တခနအကြာပြေးပြီးနောက် ပတ်ဝန်းကျင်ကို
ထပ်ကြည့်တော့ တိုက်ပွဲနေရာမှာတင်ရှိသေး
သည်ကိုတွေ့လိုက်ရသည်။
သောက်ကျိုးတော့နည်းပြီထင်ပါရဲ့ကွာ..။
ထိုစဥ် မိစ္ဆာကြီးတကောင် ကျိုးယန်ဆီပြေးဝင်
လာတော့သည်။
နင့်မေကလွှား….ငါ့ဆီမလာနဲ့လေ..။
ကျိုးယန်လည်းအထိတ်တလန့်ဖြင့် လက်ကို
ဝေ့ယမ်းတော့ သူ့လက်ထဲ လှံတချောင်းရှိနေ
သည်ကိုတွေ့လိုက်ရသည်…။
ငါက လှံကိုဘယ်ချိန်တည်းက ကိုင်ထားလို့လဲ။
လက်ဝေ့ယမ်းသည်နှင့် လှံချက်ထုတ်ဖော်ပြီး
သားဖြစ်ကာ မိစ္ဆာလည်း ကျိုးယန်၏လှံချက်
ထိ၍ လွင့်စင်သွားသည်။
ဟ….တခုခုတော့လွဲနေပြီ။
“အဲ့ဒီလူသားကို သတ်စမ်း…”
စူးရှသည့်အသံလေးတခုပေါ်လာသည်။
ကျိုးယန်လည်းအသံကြားရ ကြည့်လိုက်တော့
ကြီးမားသည့် ဓားပြားကိုကိုင်ဆောင်ထား၍
ကျိုးယန်ကို ဒေါသတကြီးကြည့်နေသည့်
အမျိုးသမီးငယ်လေးကိုတွေ့လိုက်ရသည်။
စုယင်လား….မဟုတ်သေးပါဘူး…
စုယင်နဲ့တူတာနေမှာပါ…။
ကျိုးယန်လည်း ဦးခေါင်းကိုခပ်ပြင်းပြင်းခါ၍
မြင်ကွင်းကိုထပ်ကြည့်သည်။
ဟင်….ဘာတွေဖြစ်သွားပြန်ပြီလဲ…
ဒီတခါမြင်ကွင်းက နန်းတော်ကြီးတခု၏
အလယ်တွင်ဖြစ်သည်။
သူ့ရှေ့တွင် လူများက ဒူးတဖက်ထောက်ကာ
အရိုအသေပေးနေကြသည်။
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
ဟေ…..နောက်တဘဝလား…။
ကျိုးယန်၏ ဘေးတွင် သူတခါမှမမြင်ဖူးသည့်
အမျိုးသမီး အချို့ရှိနေသည်။ သူမတို့မှ
ကျိုးယန်ကို ပြုံး၍ ကြည့်နေသည်။
“မင်းကြီး… ပြည်ထောင်စုရဲ့ ေတာင်ဘက်ဒေ
သတခုလုံး ငြိမ်းချမ်းသွားပါပြီ”
လူတစ်ဥိးမှ ကျယ်လောင်သည့်အသံဖြင့်
ဟိတ်ဟန်အပြည့် ဂုဏ်ယူဝင့်ကြွားနေပုံဆောင်
ကာ လျှောက်တင်သည်။
“အင်း….”
ကျိုးယန်တယောက် ရှုပ်ထွေးနေသည်။
မိနစ်ပိုင်းအတွင်း နှစ်ဘဝ ပြောင်းသွားသည်။
“မင်းကြီး ရေနွေးလေးသောက်တော်မူပါဦး”
ကျိုးယန်၏ညာဘက်ဘေးရှိအမျိုးသမီး
တဦးမှ ကျိုးယန်ကို လက်ဖက်ရည်တွက်
ငှဲ့ပေးသည်။
ကျိုးယန်လည်း တုန်လှုပ်နေသည့်စိတ်ကို
တည်ငြိမ်စေရန်…လကိဖက်ရည်ခွက်ကိုယူကာ
မော့ချရန်ပြင်သည်။
ဖန်ခွက်ငယ်လေးထဲရှိ လက်ဖက်ရည်မှာ
ကြည်လင်နေကာ ကျိုးယန်၏မျက်နှာကို
ပြန်မြင်လိုက်ရသည်….။
ဒါ…ငါ့ရုပ်မှ မဟုတ်တာ……။