← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ကမ္ဘာမြေသို့ပြန်ရောက်ခြင်း….

“ကျိုးယန်….မင်းနှစ်ဝက်စာမေးပွဲမှာ

ဘယ်လိုဖြစ်ရတာလဲ…”

ဆရာမဦးအသံက စူးရှစွာ ဖြင့် ကျိုးယန်၏

နားထဲ ဝင်လာသည်။ကျိုးယန်ကတော့..

ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့သြနေသည်

ဒါ ငါနေတဲ့ ကမ္ဘာမြေပေါ့…ပြန်ရောက်လာတာ

လား..။

“ဟေ့ ငါပြောနေတာကြားလား မင်းအခုငါ့ကို

အကြောင်းပြချက်ပေးစမ်း”

ဆရာမက ကျိုးယန်၏အမူအရာကိုကြည့်၍

ဒေါသထွက်သွားသည်…။

ကျိုးယန်တယောက် အသိဝင်သွားသည်။

သူက မူလကမ္ဘာမြေကို ပြန်ရောက်လာသည်။

ထို့ကြောင့် မူလအတိုင်းပြန်လည်ရှင်သန်ရမည်

ဟုဆုံးဖြတ်လိုက်သည်။…

“နောက်တခေါက်ကျ ခုလိုမဖြစ်စေရပါဘူး

ဆရာမ”

ကျိုးယန်၏ အသနားခံသော မျက်လုံးများကို

ကြည့်ကာ ဆရာမလည်း စိတ်ပျော့သွားသည်။

“ဆရာမတို့က မင်းကိုအများကြီးမျှော်လင့်

ထားခဲ့ကြတာ…မင်းက တော်တယ် ယဥ်ကျေး

ပြီး ရိုးသားတယ် လူကြီးသူမကိုရိုသေတယ်

ပြစ်ချက်မရှိတဲ့ ကျောင်းသားကောင်းလေးပါ

မင်းမှာ ဘာအခက်ခဲတွေရှိနေလဲ”

ဆရာမက လေးနက်သည့်လေသံဖြင့်မေးသည်။

တခန်းလုံး၏အကြည့်ကလည်း ကျိုးယန်ဆီ

ေရာက်နေကာ အခန်း၏ဘယ်ဘက်ထောင့်ရှိ

ခုံတွင်ထိုင်နေသည့် မိန်းမငယ်လေးမှာတော့

ကျိုးယန်ကို သနားသည့်မျက်ဝန်းလေးများဖြင့်

ကြည့်နေသည်။

သူမက လီချင်းကျူး…။

တခန်းလုံးက ကျိုးယန်နှင့်သူမကိုတိတ်တဆိတ်

သဘောတူထားကြသည်။…အနေအေးပြီး

စာတော်ကာ ရုပ်ရည်ချောမောသည့်အလှလေး

လီချင်းကျူးကလည်း ကျိုးယန်ကလွဲပြီး

အခြားယောက်ကျားလေးများနှင့် ရင်းရင်းနီးနီး

ဆက်ဆံလေ့မရှိပေ။

“အဆင်ပြေ ပါတယ် ဆရာမ”

ကျိုးယန်မဖြေချင်သည်ကိုကြား၍ ဆရာမ

လည်းအတင်းဖိအားမပေးတော့ပေ။

အဖြေလွှာစာရွက်များကိုသာ အခန်းထဲရှိ

ကျောင်းသားများကို ဝေငှလိုက်တော့သည်။

နေ့လည် ထမင်းစားချိန်ရောက်လာသည်။

ကျိုးယန်တယောက် ဝမ်းဗိုက်မှ အသံမြည်

လာသည်။ သူဗိုက်ဆာနေလေပြီ။

အိတ်ကပ်ထဲကိုနှိပ်ကြည့် ငွေတပြားမှမရှိပေ။

ဟင်း….။

ဒီနေ့လည်း နေ့လည်စာနဲ့ညစာ ပေါင်းစား

ရတော့မယ်ထင်တယ်။

ကျိုးယန်စိတ်လေသွားသည်။ ကျိုးယန်၏

မိဘများက ကျိုးယန်ငယ်ရွယ်စဥ်ကတည်းက

ကျိုးယန်ကို မိဘမဲ့ကျောင်းဆီပို့သွားကြသည်

ဟု မိဘမဲ့ကျောင်းမှအကြီးအကဲများက

ကျိုးယန်ကိုပြောသည်။

ကျိုးယန်ကတော့ သူ့မိဘများအနေဖြင့်ထိုမျှ

ရက်စက်လိမ့်မည်ဟု သူမထင်ပေ။..

နောက်ကွယ်၌ အရှုပ်အထွေးတခုရှိနေကာ

သူ့မိဘများသည်လည်းတနေရာတွင် အသက်

ရှင်နေကြမည်ဟု သူယုံသည်။..

ကျိုးယန်တယောက် ထိုင်ခုံတွင်ပြန်ထိုင်ချကာ

စားပွဲပေါ်မှောက်အိပ်လိုက်သည်။

ဗိုက်ဆာတာကို မေ့ထားနိုင်အောင်လုပ်ရမည်။

“ကျိုးယန် ငါနဲ့ကန်တင်းကိုသွားရအောင်”

ထိုစဥ် သာယာဖွယ်ကောင်းသည့်အသံလေးက

ကျိုးယန်နားထဲဝင်လာသည်။

ထိုအသံပိုင်ရှင်က တခြားသူမဟုတ်။

လီချင်းကျူးပင်ဖြစ်သည်။

“ရပါတယ် ငါမလိုက်တော့ဘူး”

ကျိုးယန်ငြင်းလိုက်သည်။ သူသိထားသည်က

လီချင်းကျူးသည်လည်း ပြေလည်သည့်

မိသားစုထဲကမဟုတ်ပေ။ သူမ အဖေက အစိုးရ

ဝန်ထမ်းတဦးဖြစ်ကာ အမေလုပ်သူကတော့

အိမ်ရှင်မတဦးသာဖြစ်သည်။

သူမတွင် ညီမနှစ်ဦးထပ်ရှိကာ သူမသည်အကြီး

ဆုံးသမီးဖြစ်သည်။ လီချင်းကျူးက လိမ္မာ

သည့် သမီးတစ်ဦးဖြစ်သည်။ သူမကျောင်းစ

ရိတ်ကို သူမဘာသာရှာဖွေသည်။

ကျောင်းဆင်းချိန်တွင် အလယ်တန်းစာပြ

ဆရာမလုပ်ကာ ညဦးပိုင်းတွင် ကော်ဖီဆိုင်

တခု၌ အချိန်ပိုင်းလုပ်သည်။

သူမနောက်ဆုံးအိမ်ကို ပြန်ရောက်ချိန်က

ည၁၁ နာရီ။

တနေ့တာကို ပင်ပန်းစွာရုန်းကန်နေရသူလေး

ဖြစ်၍ ထမင်းတနပ်စားချင်ရုံလောက်ဖြင့်

သူမကို ကျိုးယန် ဒုက္ခမပေးချင်ပေ။

“လာပါ ထမင်းတနပ်တော့ညငါကျွေးနိုင်ပါ

တယ် ဟ”

လီချင်းကျူးက ကျိုးယန်၏ အကျီလက်စကို

ဆွဲကာထစေသည်။

ပတ်ဝန်းကျင်အမြင်မသင့်သည်မို့ ကျိုးယန်

အလိုက်သင့်ထကာ ရပ်လိုက်သည်။

“ဟုတ်ပါပြီ…ထမင်းနပ်အကြွေးမှတ်ထားပေါ့”

ကျိုးယန်၏စကားကို လီချင်းကျူးက

ဘယ်လိုမှသဘောမထား..။သူမခေါ်သည်ကို

ကျိုးယန်တယောက် လိုက်ပါလာသည်ကို

ကြည့်၍ မျက်နှာလေးက ပြုံးနေလေသည်။

ကန်တင်းသို့သွားရာလမ်းတွင် တခြားသူများက

ကျိုးယန်တို့နှစ်ဦးကို ကြည့်ကာ တီးတိုးပြောဆို

နေကြသည်။

“နှစ်ယောက်လုံးက စာတော်ကြတယ်နော်”

“ရုပ်လေးတွေက ခပ်ချောချောလေးတွေပါ

စာလည်းတော်ကြသေးတယ်”

ဟမ့်….စာတော်တာကဘာအထင်ကြီးစရာရှိလဲ

ကျောင်းသားတဦးမှ မကျေနပ်ဟန်ဖြင့်

“အနူ အနူချင်းတွဲမိနေတာပါကွာ အာရုံစိုက်စရာ

မလိုပါဘူး”

“အဲ့အနူ ချောချောလေးကိုမင်းလိုက်ကြောင်

တာမရခဲ့ဘူး မဟုတ်လားကွ ဟားးးဟား”

အဖော်ပါလာသည့် ကျောင်းသားကအရွှန်း

ေဖာက်သည်။

“ငါက ဒီမြိူ့တော်ဝန်ရဲ့ သားကွ အချိန်တန်ရင်

အဲ့ကောင်မက ငါ့ကိုဖျော်ဖြေပေးရမှာပဲ”

တီးတိုးပြောနေကြသည်ဆိုပေမယ့် ကျိုးယန်က

ရှင်းလင်းစွာကြားနေသည်။

ကျိုးယန်လည်း သူ့ကိုယ်သူမယူံကြည်နိုင်

ဖြစ်နေသည်။ သာမန်လူအနေဖြင့် ထိုအကွာ

အဝေးက စကားသံကိုကြားရန်မဖြစ်နိုင်ပေ။

အဆိုပါ မောက်မာသည့်ကျောင်းသားကို

ကျိုးယန်စူးစိုက်ကြည့်လိုက်သည်။ ထိုကျောင်း

သားအမည် လီဟုန်ယောင်ဖြစ်ကာ မြို့တော်ဝန်

လီမင် ၏ တစ်ဦးတည်းသော သားဖြစ်သည်။

ကျိုးယန်၏ အကြည့်က စူးစိုက်စွာဖြင့်

လီဟုန်ယောင်ဆီရောက်လာသည်။

အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ်များက

အပြည့်ဖြစ်ကာ အေးစက်နေသည်။

ဟင်….လီဟုန်ယောင် ကျောရိုးတလျှောက်

အေးစိမ့်သွားကာ ခန္ဓာကိုယ်က တွန့်သွားသည်။

ကျိုးယန်၏အကြည့်ကိုသတိမထားမိသည့်

ဘေးနားရှိ အဖော်က မေးသည်။

“မင်း ဘာဖြစ်နေတာလဲ”

လီဟုန်ယောင်လည်း..ဦးခေါင်းကိုခါကာ

ခပိတိုးတိုးပြန်မေးလိုက်သည်။

“ခုနက ငါတို့ပြောနေတာတွေကို အဲ့ကောင်ကြား

နိုင်မယ်ထင်လား”

“ဘယ်လိုလုပ်ကြားမှာလဲ အဝေးကြီးကို

မင်း ဘာဖြစ်နေတာလဲ”

ကျိုးယန်လည်း လီဟုန်ယောင်ကိုအာရုံထဲ

မထားတော့ ကန်တင်းရှိရာကိုသာ ဦးတည်

လိုက်သည်။

ကျောင်းကအပြန် ညနေစောင်းတော့

ကျိုးယန်လည်း အဆောင်ကိုပြန်လာသည်။

မူလဘဝကိုပြန်ရောက်လာသော်လည်း

ကျိုးယန်မပျော်ပေ။ တခုခုလွဲနေသည်ဟု

ခံစားနေရဆဲ ဖြစ်သည်။….

အိပ်ဆောင်ရှိ ကုတင်ပေါ်တက်ကာ လှဲချလိုက်

သည်။ နေ့လည်က ကန်တင်းတွင် လီချင်းကျူး

တယောက် ငွေအနည်းငယ်ပိုကုန်သွားသည်။

သူမက မျက်နှာတချက်မပျက်သော်လည်း

သူမ၏ အခြေနေကိုသိနေသည့် ကျိုးယန်

ကတော့ စိတ်ထဲမကောင်းပေ။..

ချက်ချင်းထကာ အဝတ်အစားအိတ်ထဲ

ငွေစများရှိလိုရှိငြား ရှာဖွေကြည့်သည်။..

ဟူး…..တကျပ်မှကိုမရှိတာဟေး…။

အကြီးအကဲဆီလည်း ငါမတောင်းချင်ဘူး။

ဘယ်လိုလုပ်ရပါ့မလဲ….။

အိပ်ရာပေါ်ပြန်လှဲချကာ အတွေးများနေသည်။

ကျောင်းသားတယောက်ဖြစ်နေသည်မို့ သူ့အ

တွက်ငွေရှာရန်က အချိန်ပိုင်းအလုပ် လုပ်ရန်

သာရှိသည်။

မနက်ဖန်ကျ မြို့ထဲသွားပြီး အချိန်ပိုင်းအလုပ်

ရလိုရငြား ရှာကြည့်ဦးမှပါပဲ။

“ဟေး လူတော်လေးကျိုး အိပ်နေပြီလားဟ”

အသံကျယ်ကျယ်တခုက အိပ်ခန်းဆီရောက်

လာကာ တခါးပွင့်လာသည်။ ဝင်လာသည်က

ကျိုးယန်၏ အခန်းဖော် ရှောင်ဝေ့ ဖြစ်သည်။

“မအိပ်သေးပါဘူး ဘာလို့လဲ “

“ငါ့မှာအလုပ်တခုရှိတယ် ငွေမြိုးမြိုးမြက်မြက်

ရမှာကွာ စိတ်ဝင်စားလား”

ကျိုးယန်တယောက်ခေါင်းထောင်သွားသည်။

“ ငွေ ဟုတ်လား ဘာလုပ်ရမှာလဲ”

ကျိုးယန်၏အမေးကို ရှောင်ဝေ့က ရယ်ကျဲကျဲ

ပုံစံဖြင့် သူ့လက်ထဲရှိ အရာကိုမြှောက်ပြသည်။

“ဒန်တန့် တန် ဒါဘာလဲတွေ့လား”

ကျိုးယန်ထိုကောင်မြှောက်ပြသည့်အရာကို

အနီးကပ်ကြည့်သည်။

“ရှိုးပွဲလက်မှတ်လား အာ့နဲ့ဘာလုပ်ရမှာလဲ”

ကျိုးယန်၏စကားအဆုံးတွင်ရှောင်ဝေ့က

စိတ်မရှည်ဟန်ဖြင့်

“ သေချာကြည့် ဒါ အိုးရန်ရွှမ်းရဲ့ ရှိုးပွဲလက်မှတ်

သူမ ဘယ်လောက်ကျော်ကြားတယ်ဆိုတာ

မင်းသိတယ်မဟုတ်လား…အခု သူမက

ငါတို့ မြို့မှာနောက်နှစ်ရက်ဆို ရှိုးပွဲတခုလုပ်မှာ

ဒါ အဲ့ပွဲရဲ့ standard လက်မှတ်တွေပဲ…

မင်းအခု အွန်လိုင်းပေါ်တက်ကြည့်လိုက်

လက်မှတ်ကုန်ပြီးနော် လုံးဝ ဝယ်မရတော့ဘူး

ငါတို့က ဒီလက်မှတ်တွေကိုသာ ပွဲထဲမှာ

မှောင်ခိုးစျေးနဲ့ရောင်းမယ်ဆိုရင်…..ဟားဟား”

ရှောင်ဝေ့လည်းသူ့စိတ်ကူးနှင့်သူ သဘောကျ

နေသည်။ တွက်ရေးကတော့ စက်သူဌေးပင်။

ကျိုးယန်တယောက် သေချာတွေးကြည့်တော့

အဆင်ပြေသည်။ သူ့အနေဖြင့် လက်မှတ်

ရောင်းရငွေမှ ရာခိုင်နှုန်းအချို့ ပြန်ရကာ

အနည်းဆုံးငွေသား ၅၀၀၀ မှ ၁၀၀၀၀ ကြားထိ

ရနိုင်သည်မဟုတ်လား…။

“ဒီလက်မှတ်တွေ မင်းဘယ်က ရတာလဲ

ပြီးတော့ ရောင်းရငွေရဲ့ ဘယ်လောက်ပါစင့်ကို

ငါတို့က ရမှာတဲ့လဲ”

ကျိုးယန်၏ အမေးကို ရှောင်ဝေ့က

“ဘယ်ကရလာလဲဆိုတာတော့ မင်းမသိချင်နဲ့

ရောင်းရငွေရဲ့ ၂၀ ရာခိုင်နှုန်း ရမယ်

အာ့ကို မင်းနဲ့ငါတယောက်ဆယ်ရာခိုင်နှုန်းစီ

ခွဲယူတာပေါ့ အဆင်ပြေလား မင်းငွေလိုနေတာ

ငါသတိထားမိလို့ပါသူငယ်ချင်း အမှန်က

ငါ့ဘာသာရောင်းလို့ရတာမင်းသိပါတယ်”

ရှောင်ဝေ့က ဆွယ်တရားဟောတော့သည်။

“ဟုတ်ပါပြီ ငါသဘောတူတယ် အခုမင်းမှာ

ငွေဘယ်လောက်ပါလဲ နည်းနည်းချေးခဲ့”

“သောက်ကျိုးနည်း ငွေရပေါက်လဲပေးရသေး

ငွေလည်းချေးရသေး ငါ့ကံကတော့ကွာ ရော့

ရော့ ဒီမှာ ငွေ ၁၀၀၀ ငါ့မှာရှိတာအကုန်ပဲ”

ရှောင်ဝေ့က တဗျစ်တောက်တောက်ပြောနေ

သော်လည်း ငွေတော့ထုတ်ပေးရှာသည်

“ ကျေးဇူးပဲ ရှောင်ဝေ့”

ရှောင်ဝေ့ လည်းနှာခေါင်းရှုံးပြကာ အခန်းထဲမှ

ပြန်ထွက်သွားတော့သည်။

“သန်ဘက်ခါ ညနေဆုံမယ်ဟေ့”

ကျိုးယန်လည်း အိပ်ရာပေါ်ပြန်အိပ်ချကာ

ဖုန်းအစုတ်လေးကိုထုတ်ကြည့်သည်။

25/May/2030

5:30PM…

All Chapters