အခန်း (၂၄)
Vol. 2 Ch. 24
နင့်ဘက်မှာ ငါအမြဲရှိနေမှာပါ…..
ကျိုးယန်တယောက်ငွေ ၁၀၀၀ ကိုအိတ်ကပ်ထဲ
ထည့်ကာ စားစရာအချို့ဝယ်ရန် အပြင်ကို
ထွက်လာလိုက်သည်။
အချိန်ကညနေစောင်းဖြစ်နေသော်လည်း နီယွန်
လမ်းမီးအချို့ ထွန်းထားပြီးသားဖြစ်ကာ
လမ်းပေါ်တွင်လည်း လူအနည်းငယ်ရှင်းနေ
သည်ကိုတွေ့ရသည်။
ကျိုးယန်နေသည့်မြို့က ပြည်နယ်ကြီး၏
အစွန် ဝေးလံခေါင်သီသောအရပ်ဖြစ်၍ မြို့နေ
လူဦးရေကလည်း….တသိန်းဝန်းကျင်သာရှိ
သည်။
ဤပမာဏက နိုင်ငံထဲရှိ အခြားသောမြို့နယ်
များနှင့်ယှဥ်ပါက သေးငယ်နည်းပါးသည်ဟု
ဆိုနိုင်သည်မဟုတ်လား…။
မေလနှောင်းပိုင်းက မိုးနံ့ကိုသယ်ဆောင်ကာစ
လတခုဖြစ်သည်။ ဂျွန်လဆန်းတွင်တော့ မိုးရွာ
တော့မည်ဖြစ်၍ စိုစွတ်တဲ့ ရာသီဥတုကို
ကျိုးယန်တယောက်စိတ်ညစ်ညူးစွာ ဖြတ်သန်း
ရတော့မည်ဖြစ်သည်။…
နီးရာ စတိုးတခုထဲဝင်ကာ ခေါက်ဆွဲနဲ့ အသင့်
စား ထမင်းဗူးအချို့ဝယ်လိုက်သည်။ထမင်းဗူး
က ယနေ့ညစာအတွက်ဖြစ်ကာ…ခေါက်ဆွဲထုပ်
များကတော့ နောက်ရက်တွေအတွက်ဖြစ်သည်။
“အားလုံးဘယ်လောက်ကျလဲ”
Cashier အမျိုးသမီးလေးက ပြန်ဖြေသည်။
“စုစုပေါင်း ၇၆၀ ကျသင့်ပါတယ် ၅၀၀နဲ့
အထက် ဝယ်ယူသူတိုင်း ၂၀ ရာခိုင်နှုန်း
လျှော့စျေးကိုခံစားခွင့်ရှိပါတယ်”
အမျိုးသမီးလေးက ကျသင့်ငွေထဲမှ ၂၀
ရာနှုန်းကိုနုတ်ကာ ကျန်ငွေကိုပြန်အမ်းသည်။
ကျိုးယန်လက်ထဲတွင် ၃၇၂ သာကျန်သည်။
ငါဘာထပ်ဝယ်ရမလဲ….စတိုးဆိုင်ရှိပစ္စည်းများကို တချက်ဝေ့ကြည့်ကာ ရှာသည်။…
ထိုစဥ် လူရိပ်တခုက ကျိုးယန်ရှိရာ စတိုးဆိုင်
တွင်းသို့ဝင်လာသည်။
လီချင်းကျူး…..
ကျိုးယန်က..ထိုလူရိပ်ကိုတွေ့သွားသည်။
“ေဟ့ မင်း ဘာလာဝယ်တာလဲ”
ကျိုးယန်၏နှုတ်ဆက်သံကိုကြား၍ထင်
လီချင်းကျူးတယောက် အသာမော့ကြည့်သည်
သူမ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုသာမကာ
အနည်းငယ်ဝမ်းနည်းနေသည်ကိုလည်း
ကျိုးယန်သတိထားမိလိုက်သည်။
“ညီမလေးအတွက် ကျောပိုးအိတ်နဲ့ဖိနပ်အချို့
လာကြည့်တာပါ နင်ကကော..”
လီချင်းကျူးက ကျောပိုးအိတ်ရှိရာကိုသွား၍
ကျိုးယန်ကို မေးသည်။
“ထုံးစံအတိုင်း..ညစာအတွက်ပေါ့”
စျေးဝယ်ပြီးသွားသော်လည်း ကျိုးယန်ချက်
ချင်းထွက်မသွားသေး။ လီချင်းကျူးနောက်
လိုက်ကာ သူမနှင့်အတူ ကျောပိုးအိတ်လေးများ
ကူရွေးပေးရန် ပြင်သည်။
“2500 တဲ့ စျေးကြီးလိုက်တာ ကျောပိုးအိတ်
တလုံးက အဲ့လောက်တောင် စျေးကြီးဖို့လိုလို့
လား”
လီချင်းကျူး မျက်မှောက်လေးများကြုတ်ကာ
တီးတိုးရေရွတ်နေသည်။
တခြားကျောပိုးအိတ်များကိုထပ်ကြည့်သည်။
စျေးနှုန်းက လျော့မသွား ပို၍ပင်တိုးလာသေး
သည်။…
ဟူး…..လီချင်းကျူး သက်ပြင်းချသည်။
သူမ ဒီကျောပိုးအိတ်ကိုသာ ရွေးချယ်ရတော့
မည်ဖြစ်သည်။ ဤစတိုးဆိုင်းက စျေးအသက်
သာဆုံးဖြစ်ကာ အရည်အသွေးလည်း စိတ်ချရ
သည်ဟု နာမည်ကြီးသည်။ အခြားဆိုင်ကို သူမ
ထပ်သွားလျှင်လည်း..ဒီထက်ပိုသည့် စျေးနှုန်း
များကိုသာ ထပ်ကြုံရနိုင်သည်။
ကျောပိုးအိတ်ကို နေရာစုံ သေချာစစ်သည်။
ကျောပိုးအိတ်၏ အပြင်ဘက်နေရာများ အပြင်
ဇစ်များကိုလည်း အပိတ်အဖွင့်လုပ်နေသည်။
ကျိုးယန်တယောက် ထိုမြင်ကွင်းကို အစအဆုံး
တိတ်တဆိတ်သာ ငေးကြည့်နေသည်။ အနှီ
ကောင်မလေးသည် မိသားစုအပေါ်သံယောဇဥ်
ကြီးလွန်းကာ အမကြီးအမိရာ ပီသလှပေသည်။
စိတ်ခံစားချက်များအမျိုးမျိုးဖြစ်နေသည့်
မျက်နှာဖူးဖူးလေးက မည်သည့်မိတ်ကပ်မှ
ချယ်သစရာမလိုအောင် သစ်လွင်လှပနေသည်
ညီညာဖြောင့်စင်းသည့်နှာတံလေးများက
မျက်နှာအကျနှင့်လိုက်ဖက်စွာ ရှိနေသည်။
အဟမ်း….
ကျိုးယန်၏ငေးမောနေမှုကို သတိထားမိသည့်
လီချင်းကျူးက အရှက်ပြေ ချောင်းဟန့်ကာ
သတိပေးသည်။
အမ်….အင်း…
“ငါ ဒါပဲယူလိုက်တော့မယ်”
လီချင်းကျူးက ငွေရှင်းရန် ကောင်တာကို
သွားလိုက်သည်။
ထုံးစံအတိုင်း သူမလည်း လျှော့စျေးရသည်
ကြားတော့ လီချင်းကျူးတယောက် ပျော်သွား
သည်။ ၂၅၀၀ ၏ ၂၀ ရာခိုင်နှုန်းက ၅၀၀
တောင်ပြန်ရနိုင်သည်မဟုတ်လား…။
“သွားကြမယ် ကျိုးယန်”
ဆိုင်ရှေ့ရောက်တော့ လီချင်းကျူးကအသင့်
ရပ်ထားသည့် စက်ဘီးကိုတွန်းသည်။
“နင်က စက်ဘီးနဲ့လာတာလား”
“ငါ စာသင်နေတဲ့အိမ်က ရပ်ကွက်တခုခြားနေ
တယ်လေ…လမ်းလျှောက်ဖို့အဆင်မပြေဘူး
အဲ့ဒါနဲ့ အဖေ့စုငွေထဲက နည်းနည်းယူပြီး ပြီးခဲ့
တဲ့လကပဲ စက်ဘီးတစီးဝယ်လိုက်တာ”
သူမက စကားလည်းပြောရင်း စက်ဘီးကို
လည်း တွန်းကာ သွားနေသည်။
“နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး အချင်းချင်းတွေပဲ”
ကျိုးယန်က အနည်းငယ်တွန့်ဆုတ်သည့်ပုံစံ
ဖြင့်
“ငါနင့်ကို လိုက်ပို့ပေးလို့ရမလား..”
လီချင်းကျူး..ကျိုးယန်ကိုကြည့်သည်။
ကျိုးယန်၏မျက်နှာတွင် မည်သည့်မရိုးသားမှု
ကိုမှ မတွေ့ရပေ။
“အင်း…လမ်းပဲလျှောက်တာပေါ့”
သူမလည်းတယောက်တည်းပြန်သည်ထက်
အဖော်ပါသည်က အပျင်းပြေသည်မို့လက်ခံ
လိုက်သည်။ နောက်ပြီး ကျိုးယန်နှင့်ဆို သူမ
အလိုလို ယုံကြည်စိတ်ချရသည်ဟုလည်း ခံစား
ရသည်။
“ပေးပေး…စက်ဘီးကိုငါတွန်းလိုက်မယ်”
ကျိုးယန်လည်းလျှပ်တပြတ် စက်ဘီးလက်ကိုင်
ကိုဆွဲယူတော့ လီချင်းကျူး၏ သွယ်လျသည့်
လက်ဖမိုးပေါ် ထိမိသွားသည်။
အာ….
လီချင်းကျူးတယောက် လန့်ကာ လက်ရုတ်
လိုက်ရသည်။ တော်သေးသည်။ လီချင်းကျူး
တယောက် သူမလက်အဖယ်နှင့် ကျိုးယန်၏
လက်က စက်ဘီးလက်ကိုင်ကို ဖမ်းမိချိန် တ
ထပ်တည်း ဖြစ်သွားသည်မို့ စက်ဘီးက ဘေးသို့
လဲကျမသွားတော့ပေ…။
အထိအတွေ့နူးညံ့သည်။ ပြီးတော့ ချောမွေ့ကာ
ဖယောင်းလက်ကလေးများဟုတောင် ကျိုးယန်
ထင်မိသွားသည်။
မိနစ်အနည်းငယ်ခန့် နှစ်ယောက်သား မည်သည့်
စကားမှ မပြောဖြစ်ကြ။ တိတ်တဆိတ်သာ
လမ်းလျှောက်နေကြသည်။
အဟမ်း…
“နင် စာပြတဲ့အလုပ်က အဆင်ပြေရဲ့လား”
ကျိုးယန်၏မေးခွန်းကြောင့် လီချင်းကျူး
တယောက်ရှက်နေရာမှ အသိဝင်လာသည်။
“ပြေ ပြေပါတယ်…နည်းနည်းဝေးပေမယ့်
စာသင်ခရတာလည်း မဆိုးပါဘူး..”
“ငါ လာမယ့်နှစ်ကုန်စာမေးပွဲကို အကောင်းဆုံး
ဖြစ်အောင်ကြိုးစားမယ်လို့ တွေးထားတယ်”
ကျိုးယန်၏စကားကို လီချင်းကျူးက
“ဒါပေါ့ နင်ကတော်ပြီးသားပါ ဒါနဲ့ နင်ဂေဟာ
အကြီးအကဲဆီ မပြန်ဖြစ်တာကြာပြီနော်”
ကျိုးယန်ကို ချစ်ခင်သည့် အကြီးအကဲထံ
မပြန်ဖြစ်တာ အတော်ကြာပါပြီ။ အထူးသဖြင့်
ကျိုးယန်ပြန်သည့်အခါတိုင်း အသက်အရွယ်
ရကာ အိုမင်းနေသည့် အဖိုးအိုကြီးက ငွေစများ
အတင်းဓမ္မ ထည့်ပေးနေသည်ကို မယူချင်တော့
“ဟုတ်တယ် နှစ်ကုန်စာမေးပွဲ ပြီးရင်တော့
ပြန်ဖြစ်မယ်ထင်တယ်”
ကျိုးယန်တက်နေသည့် ကျောင်းက ပြည်နယ်
တွင် တနှစ်တာ၏ ၉ လကို စာသင်ပေးသည့်
အတတ်ပညာနှင့် အသိပညာ ရောထွေးသင်
ကြားသည့် စက်မှုကျောင်းတခုဖြစ်သည်။
နှစ်တနှစ်၏ ဧပြီလတွင် အများစုက ကျောင်း
ပိတ်ထားသော်လည်း.. ကျိုးယန်၏ကျောင်းက
နှစ်ဝက် စာမေးပွဲ ကာလဖြစ်ကာ နှစ်ကုန်
စာမေးပွဲကိုတော့ ဂျူလိုင်လနှောင်းပိုင်းတွင်
စတင်လေ့ရှိသည်။
ကျန်သည့် သြဂတ်စ် နဲ့စက်တင်ဘာလများကို
စက်မှုပညာရပ်အတွက် စာမေးပွဲများ လက်တွေ့
သင်ကြားရေးစနစ်များဖြင့် ပြီးဆုံးစေသည်။
ထိုနောက်မှ ဒီဇင်ဘာ အကုန်ထိ ကျောင်းပိတ်
ရက်ရှည်ကာလဖြစ်၍ နှစ်တနှစ်၏ ပထမဆုံး
လတွင် စာသင်နှစ်တခုပြန်စလေသည်။
“လာမယ့်နှစ်မှာ ငါတို့စက်မှုပညာရပ်တခုခုကို
ရွေးချယ်ရတော့မယ် နင်ဘာရွေးမှာလဲ”
လီချင်းကျူးက ရုတ်တရက်မေးသည်။
“ငါလား…မပြောတတ်သေးဘူး..ဘာမှမရွေး
တာလည်းဖြစ်နိုင်တယ်..”
လီချင်းကျူးတယောက် အသံတိမ်ဝင်သွားကာ
“ငါကတော့ မရွေးတော့ဘူးဟာ နောက်နှစ်ဆို
အဖေက ပင်စင်ယူရပြီ…စက်မှုပညာအတွက်
နောက်ထပ်နှစ်နှစ် အချိန်ထပ်မပေးနိုင်တော့ဘူး
အပြင်ထွက်ပြီး ငွေရှာရတော့မယ်”
ကျိုးယန်လည်းတိတ်ဆိတ်သွားသည်။
ကျိုးယန်ကမိဘမဲ့ ထောက်ပံ့ကြေးယူသည့်
ကျောင်းသားဖြစ်သော်လည်း တကိုယ်စာ
အသုံးစရိတ်ရှာရသူမို့ ထင်သလောက်မခက်ခဲ။
ကျောင်းမှ ကျောင်းစရိတ်နှင့် အဆောင်စရိတ်
ကျခံပေးကာ…စားစရိတ်တွက်လည်း မိဘမဲ့
ဂေဟာဘက်က တလကို ငွေအနည်းငယ်ပေး
သည်။..
“နင်မတက်ရင် ငါလည်းထပ်မတက်တော့ဘူး”
ကျိုးယန်က လီချင်းကျူးကိုပြောလိုက်သည်။
သူ့အနေဖြင့် ယခုထိ သူ့အခြေနေကိုအတိအပ
မသိရသေး။…မူလကမ္ဘာမြေကို ပြန်ရောက်
လာသော်လည်း သူ့စိတ်ထဲတွင် တဖက်ကမ္ဘာကို
ပြန်သွား၍ ရနိုင်သည်ဟုထင်နေသေးသည်။
ထိုအတွက် အကယ်၍များ တဖက်လောက ကို
ပြန်ရသည်ရှိသော် ကိစ္စများရှုပ်ထွေးနိုင်သည်။
ငါက မသေပဲ ကမ္ဘာတွေကူးနေတာလား..။
အဲ့ဒါက ဖြစ်ကောဖြစ်နိုင်လား…။
“မဟုတ်သေးပါဘူး နင်က ယောက်ကျားလေး
တယောက်လေ အတတ်ပညာတခုကတော့
သေချာပေါက်လိုမှာပေါ့ဟ”
ကျိုးယန်၏စကားကို သူမလက်မခံပေ။ သူမ
ဆက်မတက်သည်ကိုကြား၍ ကျိုးယန်လည်း
သူမသဘောအတိုင်း ရှိနေသည်ကိုသိလိုက်ရ
ကာ သူမအနည်းငယ်ပျော်သွားသည်။
တဖက်တွင်လည်း ပျော်ရွှင်မှုအပြင် ကျိုးယန်
၏အနာဂတ်အတွက်စိတ်ပူနေသေးသည်။
ကျိုးယန် သူမကို ခပ်တည်တည်ဖြင့်သာ
စိုက်ကြည့်လိုက်သည်။ ဒီအလှလေးသည် သူ့
စိတ်ထဲ ရှိနေသည်မှာကြာပြီ ဖြစ်သည်။
တဖက်ကမ္ဘာကို ကူးပြောင်းသွားကာစဖြစ်၍
အတန်ကြာမေ့နေသော်လည်း သူ့စိတ်ထဲသူမကို
လုံးဝ မေ့ပျောက်ထားသည်တော့မဟုတ်ပေ။
“ငါသန်ဘက်ခါ အလုပ်ကိစတခု လုပ်စရာရှိ
တယ် နောက်တနေ့ကျောင်းရောက်ရင် နင့်ကို
နေ့လည်စာပြန်ဝယ်ကျွေးမယ်”
လီချင်းကျူး တယောက်ခေါင်းညိတ်ပြသည်။
လမ်းမီးများကအပြည့်အဝ ထွန်းလင်းနေပြီ။
လမ်းမီးရောင်ဖြင့်…လီချင်းကျူး၏မျက်နှာ
လေးက နဂိုထက်ပင်ပိုလှနေသည်ဟု သူခံစား
နေရသည်။
“နင် နောက်ထပ်စာသင်ဖို့ရှိသေးလား.”
“ည၈ နာရီ ကနေ ၁၁ နာရီထိ ငါတို့အိမ်နားက
ကောင်မလေးတယောက်ကို စာပြရမယ်”
သူမလေးက တနေ့တာအစီစဥ်များအပြည့်
မအားလပ်ပေ။…
“ကျိုးယန်…ငါတို့လမ်းထိပ်ရောက်ပြီ ပြန်တော့
လေ”
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လီချင်းကျူး
နေသည့် လမ်းထိပ်ကိုတောင်ရောက်နေလေပြီ။
“အင်း..”
အချိန်က ခနလေးဟုထင်ရသည်။ ကျိုးယန်
မျက်နှာအနည်းငယ်မကောင်းဖြစ်သွားသည်ကို
ကြည့်ပြီး..လီချင်းကျူး..မျက်နှာပျက်သွားရ
သည်။
သူမတို့နှစ်ဦးက တစ်ဦး၏ခံစားချက်ကို တစ်ဦး
နားလည်နိုင်သူများဖြစ်သည်။
လီချင်းကျူး..ကျိုးယန်လက်ထဲမှ စက်ဘီးကို
လွှဲယူလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့်
“ဒီနောက်ဆုံးစာသင်နှစ်ရဲ့ နှစ်ကုန်စာမေးပွဲကို
ရလာဘ်ကောင်းအောင်ကြိုးစားပါ တခုခုဆို
ငါနင့်ဘေးမှာ အမြဲရှိနေမှာပါ ကျိုးယန်”
သူမ ပြောပြီးအလျင်အမြန်ပြေးထွက်သွားသည်
ကျိုးယန် တယောက် နှုတ်ခမ်းထောင့်တွန့်ကာ
ပြုံးမိသွားသည်။ အချို့ခံစားချက်များက..
ထုတ်ပြောစရာပင်မလိုအပ် နားလည်ထားရုံဖြင့်
အဆင်ပြေသည်မဟုတ်လား….။