အခန်း (၂၅)
Vol. 2 Ch. 25
အိုးရန်ရွှမ်းရွှမ်း
လီချင်းကျူးကိုပို့ပြီးသည်နှင့် ကျိုးယန်လည်း
အိပ်ဆောင်ကိုပြန်လာလိုက်သည်။ အိပ်ဆောင်
က ကျောင်းဝန်းအပြင်ဘက်တွင်ရှိကာ..ညပိုင်း
အဝင်နောက်ဆုံးအချိန်ကို ည၁၁ နာရီဟု
သတ်မှတ်ထားသည်။
ကျိုးယန် အဆောင်ကိုပြန်ရောက်တော့..ည၈နာရီ ရှိပြီ။
ဝယ်လာသည့် ထမင်းဗူးကိုဖွင့်ကာ ညစာစား
သည်။ ပြီးနောက် အပိုဝယ်ထားသည့်ခေါက်ဆွဲ
ထုပ်များအား သိမ်းလိုက်တော့သည်။
“ဟိုကောင် ရှောင်ဝေ့ ခုထိပြန်မလာသေးဘူး
ဘယ်မှာသွားအိပ်မလဲမသိ..”
ကျိုးယန်လည်းရှောင်ဝေ့အကြောင်းတွေးမိကာ
သန်ဘက်ခါည ရှိုးပွဲ လက်မှတ်ရောင်းရမည့်
အကြောင်း အာရုံပြောင်းသွားသည်။
“standard လက်မှတ်က အနိမ့်ဆုံးပဲ ဒါတောင်
၂၀၀၀ တန်နေတယ် အခု မှောင်ခိုစျေးကွက်
ပေါက်စျေးအရဆို တစောင် ၂၀၀၀၀ပဲ ၅စောင်
ဆိုရင် တစ်သိန်းရပြီ မနည်းဘူးဟ”
ရှောင်ဝေ့နှင့် ဆယ်ရာခိုင်နှုန်းဆီခွဲရင်တောင်
အနည်းဆုံး ၁၀၀၀၀ ရနိုင်ဦးမည်။ ငွေ၁၀၀၀၀
က မများသော်လည်း မနည်းလှပေ။ သူ့လိုလူ
တယောက်အတွက် တလစာ အသုံးစရိတ်နီးပါး
ဖြစ်သည်။
“ဟိုဘက်မှာ ငါသေသွားလို့များ ပြန်ရောက်
လာတာလား…”
ကျိုးယန်တယောက်တည်းအတွေးများနေသည်
သူ့အထင် ဝိဉာဥ်ကူးပြောင်းတာက သေသူများ
သာကူးပြောင်းကြသည်မဟုတ်လား။
“ဒါပေမယ့် ငါမသေပဲ ဟိုဘက်ကိုရောက်သွား
သေးတယ်မဟုတ်လား”
ဆက်စပ်တွေးရင်း တခုခုကိုသတိရသွားသည်။
“ဒါဆို ငါက ကူးပြောင်းလို့ရနေတာပေါ့
စနစ်ရေ…စနစ် စနစ်ရှိလား…ထွက်ခဲ့ပါဦးဟ”
ကျိုးယန် စနစ်ကို ခေါ်ကြည့်သည်။ ဟိုဘက်
ကမ္ဘာတွင် သူမသေပါက စနစ်ရှိရမည်။စနစ်က
သူ့ကို ကမ္ဘာနှစ်ခုကူးစေရန် ကူညီနေသည်ဟု
ကျိုးယန် ယတိပြတ်တွက်ဆလိုက်သည်။
“စနစ်ရေ…”
ဆယ်မိနစ်ခန့် ဆက်တိုက်အော်ခေါ်ပြီးသည့်
နောက်တွင်တော့ စနစ်၏ အသံက ထွက်ပေါ်
လာတော့သည်။
“အသာခေါ်ပါဟ ငါရှိပါတယ်”
“မင်းရှိတယ်ဟုတ်လား ဒါဆို ငါတွေးတာအမှန်
ဖြစ်နေတာပေါ့”
စနစ်မှ ပြန်ပြောသည်။
“ဟုတ်တယ်…အမှန်ပဲ မင်းမသေသေးဘူး
တာဝန်တခုကြောင့် မူလကမ္ဘာကို ပြန်ပို့ပေးထား
တာ..”
ကျိုးယန် နားမလည်နိုင်ဖြစ်သွားရသည်။
“ဘာတာဝန်လဲ…ပြီးတော့ တာဝန်ပြီးမြောက်ရင်
ငါကဘာရမှာလဲ”
ကျိုးယန်၏အမေးကိုစနစ်မှ သေချာရှင်းပြ
သည်။
“စနစ်ရှင်အတွက် ကျင့်ကြံရေးကမ္ဘာကအချိန်ကို
ရက်သတ္တပတ် တခုမှာ ရပ်ထားပေးတယ် ပြီး
တော့ ဒီမူလကမ္ဘာမှာ စနစ်ရှင်တာဝန်တခုလုပ်
ဆောင်ပြီး ကမ္ဘာနှစ်ခုကို အလွယ်တကူကူးသန်း
လို့ရတဲ့ အရာတွေကို တာဝန်ရဲ့ဆုလာဘ်အဖြစ်
ပြန်ရလိမ့်မယ်”
“ဟိုဘက်မှာ အချိန်ရပ်ထားတယ်ပေါ့ ကြမ်း
လိုက်တာကွာ ဒါနဲ့ တာဝန်ကဘာလဲ”
“ခုနက ပြောပြတဲ့ကမ္ဘာကူးပြောင်းရေးရတနာ
ကို စနစ်ရှင်က ရှာဖွေရမယ်”
“တာဝန်ရဲ့ဆုလာဘ်က အဲ့ဒါဆို အခုကျ
တာဝန်က ရတနာကိုရှာရမှာတဲ့ မနောက်နဲ့ကွာ”
“ဟမ့် စနစ်ရှင်က ရတနာကိုတွေ့ရင်တောင်
သုံးတတ်ဦးမှ….. ထားပါ တာဝန်အတိအကျ
ထုတ်ပြန်လိုက်ချိန်က စပြီး…စနစ်ရှင်ရဲ့
ကျင့်ကြံရေးကမ္ဘာက စွမ်းအားကို ယာယီ
သုံးစွဲခွင့်ပြုမယ်”
ကျင့်ကြံရေးကမ္ဘာကစွမ်းအား…။
ကျိုးယန်ဝမ်းသာသွားသည်။ တဖက်လောကမှ
စွမ်းအားကိုသာ ယူသုံးခွင့်ရမည်ဆိုလျှင် အချို့
ပြဿနာများဖြေရှင်းရာတွင် အတင်ပြေမည်။
စနစ်၏တာဝန်က မည်သည့်အရာကို
လုပ်ဆောင်ရမည်မှန်းသူမသိသေးပေ။ခက်ခဲ
မှာတော့သေချာသည်။
“ဟုတ်ပြီ တာဝန်ချပေးတော့ စနစ်”
ဒင်!!!
စနစ်မှ စနစ်ရှင်အတွက်ကြားဖြတ်အထူးအထူး
တာဝန်တခု ရှိပါသည်။
စနစ်ရှင်အနေဖြင့် ကျင့်ကြံခြင်းကမ္ဘာကိုပြန်
သွားလိုပါက ကမ္ဘာကူးပြောင်းရေးရတနာကို
တနှစ်အတွင်းရှာဖွေရမည်။
တာဝန်ကျရှုံးပါက စနစ်ရှင်သေဆုံးရမည်။
ထိုစဥ် ကျိုးယန်တယောက် တကိုယ်လုံး
ပေါ့ပါးသွားသလိုခံစားရကာ လူကလည်းပို၍
သန်မာလာသည်ဟု ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ရှိ ချွေးထွက်ပေါက်များမှတဆင့်
အညစ်အကြေးများက စိမ့်ထွက်လာသည်။
ချီးပဲ…..နံလိုက်တာ…ရေချိုးမှပါ..။
ဆယ့်ငါးမိနစ်ခန့်အကြာ စွမ်းအားများလက်ခံ
ပြီးနောက် ကျိုးယန်မနေနိုင်တော့။ အဝတ်
အစားများချွတ်ကာ ရေချိုးရန်ပြေးတော့သည်။
တော်သေးသည်က ညအချိန်ဖြစ်၍ ရေချိုးခန်း
အဆောင်တွင် ကျောင်းသားများမရှိကြတော့။
တဦးတည်း စိတ်ကြိုက်အချိန်ယူကာ ချိုးခွင့်ရ
တော့သည်။
နေလို့ကောင်းလိုက်တာ….။
စိတ်ကျေနပ်စွာ ရေချိုးပြီးနောက် အခန်းဆီပြန်
လာကာ အဝတ်အစားလဲလိုက်သည်။…
ပြီးနောက် စနစ်ကိုခေါ်လိုက်တော့သည်။
“စနစ်….ငါ့တာဝန်နဲ့ပက်သက်ပြီး အချက်အချို့
ပြောပြပေးလို့ရမလား..ဥပမာ ရတနာကဘယ်
လိုပုံစံ ရှိတယ် ဘယ်နေရာမှာရှိတယ်စသဖြင့်
ပြောလို့ရနိုင်တာ တခုခုပေါ့”
ကျိုးယန်၏စကားအဆုံး၌ စနစ်က
“ပြောပြလို့မရဘူး တခုတော့ရှိတယ် စနစ်ရှင်က
ရတနာနဲ့ပက်သက်ပြီး လူတယောက်ဆီမှာစုံစမ်း
လို့ရတယ် ရတနာက သူနဲ့ပက်သက်မှုတခုခုရှိ
နေလိမ့်မယ်”
“လူတစ်ယောက် ဟုတ်လား ဘယ်သူများလဲ”
ကျိုးယန်စဥ်းစားကြည့်သည်။ ဒီကမ္ဘာတွင်
ကျိုးယန်နှင့်ရင်းနီးသူဟူ၍ မိဘမှဂေဟာက
အကြီးအကဲ လီချင်းကျူး ရှောင်ဝေ့တို့သာရှိ
သည်။ ကျန်သူများက ထင်သလောက်မရင်းနီး။
“ ရှောင်ဝေ့လား မဟုတ်သေးဘူး အကြီးအကဲ
မဖြစ်နိုင်ဘူး…ဒါဆို…လီချင်းကျူးပဲ
ဟုတ်တယ် သူမက ရှန်းရှစာစဥ် တွေထဲကလို
အစွမ်းကြီးတဲ့အဆင့်မြင့် ကျင့်ကြံသူရဲ့မျိုးနွယ်
ဝင် တယောက်ဖြစ်ပြီး သူမကနေတဆင့် ဟို
ဘက်ကမ္ဘာကို ကူးပြောင်းရတာမျိုးဖြစ်နိုင်တယ်”
ချီး…ငိုးမစနစ်ရှင် စာစဥ်တွေဖတ်တာလျှော့…
“ တွေးလိုက်တာတွေအကုန်တလွဲချည်းပဲ
ဘယ်က အဆင့်မြင့်ကျင့်ကြံသူရဲ့မျိုးဆက်လဲ”
စနစ်ကထေ့ငေါ့ကာပြောတော့သည်။
“မသိဘူးလေ ငါလည်းခန့်မှန်းကြည့်တာပေါ့
ဒါဆို ဘယ်သူလဲ ပြောပြလေ”
“ဟမ့်..”
စနစ်ဆီမှ နှာမှုတ်သံထွက်လာသည်။ပြီးမှ
မကျေမနပ်ဟန်ဖြင့်…
“နည်းနည်းချဲ့ထွင်ပြီးမတွေးတတ်ဘူး.ငတုံး
စနစ်ရှင် တာဝန်အတွက် လမ်းစပိုင်ရှင်က
တခြားသူမဟုတ်ဘူး အိုးရန်ရွှမ်းရွှမ်းပဲ”
ဟေ…
ကျိုးယန်တယောက်လုံးဝ ရှော့ရသွားသည်။
သူလုံးဝမထင်ထားပေ။ အိုးရန်ရွှမ်းရွှမ်းကို
သူမမြင်ဖူးပေ။ နာမည်ကြီးအဆိုတော်မို့ သူမရဲ့
သီချင်းနဲ့ သူမမကြောင်းကို အနည်းငယ်သိထား
အပြင်မှာလုံးဝမမြင်ဖူးခဲ့။
အိုးရန်ရွှမ်းရွှမ်းနဲ့ရတနာ ဘယ်လိုမှဆက်စပ်မရ
သူမက ကျင့်ကြံသူရဲ့မျိုးဆက်လား….။
စနစ် “.........¿........”
ကောင်းပြီ…။လမ်းစက သူမဆိုတော့လည်း
သူမပဲပေါ့။…ငါတစ်နှစ်အတွင်းရတနာကိုရှာနိုင်
မှဖြစ်မယ်..။ မဟုတ်ရင် ငါတကယ်သေရလိမ့်
မယ်။…
“စနစ် ဒီကမ္ဘာမှာကော ကျင့်ကြံသူတွေ
ရှိနိုင်လား”
“ရှိတယ် အဆင့်မြင့်ကျင့်ကြံသူတွေလည်း
အနည်းငယ်ရှိထားတယ် အာ့ကြောင့်စနစ်ရှင်က
သတိထားရမယ်”
မူလသူနေသည့်ကမ္ဘာတွင် ကျင့်ကြံသူများရှိနေ
မည်ဟု သူမထင်ထားပေ။ တကယ်ကြီးလား။
“ဒါဆို ဒီကမ္ဘာရဲ့ ကျင့်ကြံအဆင့်တွေနဲ့
ကျင့်ကြံသူတွေအကြောင်းပြောပေးပါဦး”
“ဒီကမ္ဘာမှာ ကျင့်ကြံသူတွေအနေနဲ့ ကျင့်ကြံဆင့်
၅ ဆင့်ရှိထားတယ် အဆင့်ကြီးပေါ့..အာ့တွေက
ချီစုဆောင်းခြင်းအဆင့်
တည်ဆောက်ရေးအဆင့်
ရွှေအမြူတေအဆင့်
စိတ်ဝိဉာဥ်အဆင့် နဲ့
မူလ ပညာရှင်အဆင့် တို့ပဲ
တဆင့်စီတိုင်းမှာ အဆင့်သေး ၉ဆင့်ထပ်ခွဲ
ထားသေးတယ်”
“ဒါဆို ငါ့ရဲ့လက်ရှိကျင့်ကြံမှုအဆင့်က ဒီမှာဆို
အဆင့်ဘယ်လောက်လဲ”
“စိတ်ဝိဉာဥ်အဆင့် အထွဋ်အထိပ်ဖြစ်မယ်
အဲ့ထက်အနည်းငယ်အားနည်းမယ် “
စိတ်ဝိဉာဥ်အဆင့် မဆိုးပါဘူး။ကိုယ့်ကိုကိုယ်
ကာကွယ်ရန်လုံလောက်သည်။ ကျင့်ကြံသူ
တစ်ဦး ဖြစ်နေသည်မို့..နောင်တချိန် ကျင့်ကြံ
သူများနှင့် ဆုံနိုင်ချေရှိသည်။
သာမန်လူမှ ကျင့်ကြံသူများအဖြစ်ပြောင်းလျှင်
ခန္ဓာကိုယ်နှင့်အသားအရေ ပြောင်းလဲသည်ဟု
သူသိထားသည်။ မှန်မမှန်သိရန် ခန္ဓာကိုယ်ကို
စစ်ကြည့်သည်။
ဝိုး…အသားတွေဖြူလာတယ် ပြီးတော့ နူးညံ့
နေတာကြီးက မိန်းခလေးအသားအရေလိုပဲ..။
ကျိုးယန်တယောက် ထိုနေ့ညတွင်တော့
သူ့ရဲ့ အပြောင်းအလဲနှင့် သူတကယ်မသေပဲ
တာဝန်တခုအတွက် ယာယီကူးပြောင်းရုံဖြစ်
သည်ဟု သိပြီးနောက်စိတ်အေးသွားကာ စိတ်ချ
လက်ချအိပ်တော့သည်။