← Chapters

ဘယ်သူ့လက်သီးကပိုပြင်းမယ်ထင်လဲ

Vol. 2 Ch. 29

ဘယ်သူ့လက်သီးကပိုပြင်းမယ်ထင်လဲ

Vol. 2 Ch. 29

အတန်ကြာတွေးပြီးနောက် လီချင်းကျူးကိုခေါ်

ကာ နေ့လည်စာဝယ်ကျွေးရန် ဆုံးဖြန်လိုက်

သည်။

အိုးရန်ရွှမ်းရွှမ်းကိစ္စအတွက်လည်း သူကြံဆရ

ဦးမည်။ စနစ်က ရတနာနှင့်ပက်သက်၍ အခြား

အသုံးဝင်သည့် အချက်အလက်တခုမှ မပေးခဲ့။

လက်ထဲမှ ဖုန်းအဟောင်းလေးကိုထုတ်ကာ

လီချင်းကျူး အကောင့်ကိုရှာလိုက်သည်။ ဒီ

ဖုန်းအဟောင်းလေးသည် သူ့ဆီတွင်ရှိသည်မှာ

အချိန်အတော်ကြာပြီဖြစ်ကာ ဂေဟာအကြီးအ

ကဲမှ အဆက်သွယ်လုပ်သည့်အခါသုံးရန် သူ့ကို

ဝယ်ပေးထားခြင်းဖြစ်သည်။

ဖုန်းက ဟန်းကာ အချိန်အတန်ကြာသည်အထိ

App ထဲဝင်မရပေ။ ချီးပဲ ငါဖုန်းအသစ်တလုံး

အမြန်လိုအပ်နေပြီ။

အချိန်တခုကြာမှ app ထဲဝင်လို့ရသွားသည်။

လီချင်းကျူးကိုစာလှမ်းပို့လိုက်သည်။

ပြီးနောက် ဖုန်းကိုပိတ်ကာ အိပ်ရာပေါ်လှဲချ

လိုက်ကာအတွေးများနေတော့သည်။

တင်!!

မက်ဆေ့သံတခုပေါ်လာသည်။ ဖုန်းကိုဖွင့်ကြည့်

တော့ လီချင်းကျူးထံမှစာပြန်ထားသည်ကိုတွေ့

လိုက်ရသည်။

သူမက မနက်ဖန်နေ့လည်တွင် အချိန်အနည်း

ငယ်ရမည်ဟု စာပြန်ထားသည်။ သူ့ကိုလာခေါ်

ရန်လည်းမှာထားသည်။

ကျိုးယန်ပြုံးမိသွားသည်။ တွေ့ဖို့လက်ခံမည်ဟု

တွက်ထားသော်လည်း လာကြိုခိုင်းမည်ဟုတော့

သူမထင်ထားမိပေ။

နောက်တနေ့တွင် နေမြင့်သည်အထိ သူအိပ်ပစ်

လိုက်သည်။ အိပ်ရာမှနိုးသည့်အခါ ရေချိုးကာ

အနည်းငယ်တောက်ပြောင်သည့်အဝတ်ကို

ဝတ်၍ ထွက်လာလိုက်သည်။

လီချင်းကျူး စာသင်ပေးနေသည့် အိမ်နား

ရောက်တော့ လမ်းထောင့်တနေရာတွင်ရပ်ကာ

စောင့်နေလိုက်သည်။ အချိန်တခုကြာပြီး​နေက်

လီချင်းကျူးတယောက်ထွက်လာသည်။ သူ့ကို

တွေ့သည်အခါ ပြုံးပြ၍နှုတ်ဆက်သည်။

“စောင့်နေရတာကြာပြီလား”

“ခုနကပဲ ရောက်တာ နင်အခုအချိန်ရပြီလား”

“အေး ဒါနဲ့ ငါ့ကိုဘာအတွက်ချိန်းတာလဲ”

လီချင်းကျူး၏ အမေးကို ကျိုးယန်ကပြုံး၍

“နေ့လည်စာ ဝယ်ကျွေးဖို့လေ သွားကြရအောင်

ငါဘာမှမစားရသေးဘူးဟ”

“နေ့လည်စာလား…..ကောင်းပြီလေ”

လီချင်းကျူးလည်း ခေါင်းညိတ်ကာ စက်ဘီးကို

သူ့ဘက်လက်လွဲပေးသည်။

“နင်တွန်းလိုက်”

နှစ်ယောက်အတူလျှောက်ရင် စတိုးဆိုင်ကြီး

တခုရှေ့ကိုရောက်တော့ ကျိုးယန်က ဆိုင်ဘက်

ဦးတည်လိုက်သည်။

လီချင်းကျူးလည်း ကျိုးယန်ဘာလုပ်ချင်သည်

ကိုမသိ၍ အနောက်မှသာ လိုက်ပါလာသည်။

“နင်ဘာဝယ်စရာရှိလို့လဲ”

လီချင်းကျူး၏ အမေးကို ကျိုးယန်ကပြန်မဖြေ

အရှေ့မှသာ ဦးဆောင်၍ ဝင်သွားသည်။

စတိုးဆိုင်ကြီးထဲရောက်တော့ အဝတ်အစားနဲ့

ဖိနပ်များရှိရာ တိုက်ရိုက်သွားလိုက်သည်။

ပြီးနောက် လီချင်းကျူးဘက်လှည့်၍

“နင့်အတွက်လက်ဆောင်တခု ဝယ်ပေးချင်လို့

ဖိနပ်တရံလောက်ဖြစ်ဖြစ်ပေါ့”

လီချင်းကျူး နားမလည်ဟန်ဖြင့် မျက်လုံးများ

ဝိုင်းစက်သွားကာ ကျိုးယန်ကိုကြည့်နေသည်။

“နေ့လည်စာကျွေးဖို့ဆို ဖိနပ်ကဘာအတွက်လဲ

ငါ့မှာဖိနပ်ရှိပါတယ်ဟ”

ကျိုးယန်က လီချင်းကျူး၏ခြေထောက်ကိုငုံ့

ကြည့်လိုက်သည်။ သွယ်လျသည့်ခြေတံလေး

များနှင့် ဖြူဖွေးကာ သန့်စင်နေသည့် ခြေ

ထောက်များအောက်၌ ဖိနပ်အပါးလေးတရံရှိ

ကာ အရောင်အဆင်းပင်မရှိတော့။

ဂါဝန်အရှည်က ခြေသလုံးတဝက်ကျော်ထိဖုံး

ထားကာ ဖိနပ်အပါးသာရှိသည့် ခြေထောက်

အစုံကို အတိုင်းသားတွေ့နိုင်သည်။

“နင့်ဖိနပ်က အတော်ဟောင်းနေပြီ ယူပါ

ငါ့မှာပိုက်ဆံ နည်းနည်းပါတယ် နင့်အတွက်ငါ့ရဲ့

လက်ဆောင်လို့သဘောထားပေါ့”

ကျိုးယန်က အမျိုးသမီးဖိနပ်များကိုတရံပြီး

တရံ ယူကာ ကြည့်နေသည်။

လီချင်းကျူးလည်း ကျိုးယန်၏ပြတ်သားသည့်

အကြည့်ကိုသတိထားမိ၍ထင် မငြင်းပယ်တော့

ချေ။…..

“ကောင်းပြီ”

ဖိနပ်များက အရောင်စုံကာ လှပသည်။

ထိုအထဲကမှ တလက်မဒေါက်အနိမ့်လေးတပ်

ထားသည့် ဖိနပ်တရံကို ကျိုးယန်သဘောကျ

သွားသည်။

“ဒါလေးကိုဘယ်လိုထင်လဲ”

ကျိုးယန်က ဖိနပ်တဖက်ကိုမြှောက်ကာ

လီချင်းကျူးကိုမေးသည်။ဖိနပ်ကကျောက်စိမ်း

အရောင်ဖြစ်ကာ အပေါ်တွင် ကျောက်အဖြူ

လေးများအလှတပ်ဆင်ထား၍ ကြည့်ရသည်မှာ

အမြင်ရိုးသော်လည်း တင့်တယ်နေသည်။

လီချင်းကျူး လည်းဖိနပ်ကိုယူကာကြည့်သည်။

ပြီးနောက် ခေါင်းညိတ်ပြကာ..

“ဖိနပ်ကိုငါသဘောကျပါတယ် ဒါပေမယ့်

ဆိုဒ်က သေးနေတယ် ဝန်ထမ်းကိုမေးကြည့်

လိုက်မယ် ငါ့ခြေထောက်နဲ့တော်တဲ့ဆိုဒ်ရမယ်

ဆိုရင် ယူလိုက်မယ်လေ”

စကားပြောနေရင်း ဖိနပ်အောက်ခြေကိုကြည့်

လိုက်တော့ စျေးက ၈၅၀၀ ဖြစ်နေသည်။

“အိုး..စျေးကြီးလိုက်တာ ငါမယူတော့ဘူး”

ကျိုးယန် ကမန်းကတန်းလက်တားကာ

“ရတယ် ယူ ငါတတ်နိုင်တယ် ဒီဖိနပ်ကနင်နဲ့ဆို

သေချာပေါက်လိုက်ဖက်တယ် ယူလိုက်”

လီချင်းကျူးလည်း ကျိုးယန်ကိုတချက်ကြည့်

သည်။ ကျိုးယန်တယောက်ပိုက်ဆံများ ဘယ်

နေရာက ရထားပါလိမ့်ဟု သူမတွေးနေသည်။

“မနေ့က ငါပြောတယ်လေ အလုပ်တခုရှိတယ်

ဆိုတာ”

လီချင်းကျူးလက်ခံလိုက်သည်။ ဝန်ထမ်းကို

ခေါ်ကာ ဖိနပ်ဆိုဒ်ကြီးတခုမေးကြည့်သည့်အခါ

ရှိသည်ဟုဆို၍ ထိုဖိနပ်ကိုပဲ ယူလိုက်တော့သည်

ဖိနပ်ဝယ်ပေးပြီးသည့်အခါ နှစ်ယောက်သား

စတိုးဆိုင်မှ ပြန်ထွက်လာသည်။

စတိုးဆိုင် အပေါက်ဝသို့ရောက်သည့်အခါ

ဖုန်းမှမက်ဆေ့အသံတခုပေါ်လာသည်။

မက်ဆေ့ကိုကြည့်လိုက်တော့ အိုးရန်ရွှမ်းရွှမ်း

ဆီကဖြစ်နေသည်။

ဟမ်….ဘာအတွက်နဲ့စာပို့တာလဲ…။

ကျိုးယန်လည်းနားမလည်ဟန်ဖြင့်စာကိုဖတ်

ကြည့်တော့ သူမကိုမနက်ဖန်မနက် ဆယ်နာရီ

အချိန်တွင် သူမတည်းသည့် ဟိုတယ်တွင်

လာရောက်တွေ့ဆုံကာ အလုပ်အကြောင်းပြော

မည်ဟု စာပို့ထားသည်။

အလုပ်အကြောင်းလား….သူမကငါ့ကိုအလုပ်

ခန့်မှာလား။ သူသာ အိုးရန်ရွှမ်းရွှမ်း၏ သက်

တော်စောင့်ဖြစ်မည်ဆိုလျှင် သူမသွားလေရာ

လိုက်ပါရတော့မည်။ ကျောင်းပညာရေးကကော

.ငါကျောင်းနားရမှာပေါ့…။

ဒုတိယနှစ်ဝက်ကာလ ကိုခွင့်ယူရင်ကောင်းမည်

လားဟု တွေးနေသည်။ ကျိုးယန်သည်တဖက်

လောကမှာ ကျင့်ကြံဆင့်ကို ပြန်ရပြီဖြစ်၍

စာမေးပွဲကသူ့ကိုအခက်ခဲ မရှိစေတော့ပေ။

စာများကိုတခေါက်ဖတ်ရုံဖြင့် ဦးနှောက်ထဲစွဲ

နေတော့မည်ဖြစ်သည်။

ကျိုးယန်တယောက် အတွေးများနေစဥ်

လီချင်းကူးကမေးလာသည်။

“ဘာဖြစ်လို့လဲ ကျိုးယန် ဘယ်သူ့ဆီကစာလဲ”

သူမ မေးပုံက အနည်းငယ်ပိုင်စိုးပိုင်နင်းဖြစ်

ဟန်တူသွားသည်ကို သတိထားမိသည့်နှင့်ချက်

ချင်း သူမရှက်သွားကာမျက်နှာလေးရဲ၍ တ

ဖက်သို့မျက်နှာလွှဲသွားသည်။

ကျိုးယန်ကတော့ထိုအမူအရာကိုသတိမထားမိ။

သူသိလျှင်လည်း ပြုံး၍ ကျေနပ်နေမည် ငနဲ

လေးသာဖြစ်သည်။

“ဘာမှမဟုတ်ပါဘူး.. အလုပ်ကိစ္စပါ မနက်ဖန်

သွားတွေ့ဖို့ရှိတယ် အဆင်ပြေရင် ငါခရီးတွေ

ဘာတွေထွက်ရလိမ့်မယ်”

“ခရီးလား…ငါလည်းတခါတခါ ကမ်းခြေလို

နေရာမျိုးသွားချင်တယ် ကျောင်းနဲ့အိမ်နဲ့စာ

သင်တဲ့နေရာနဲ့ တခါတခါ စိတ်ဖိစီးရတယ်”

လီချင်းကျူးလည်း သူမတွင်ခရီးတခုသွားချင်

စိတ်ရှိသည့်အကြောင်း ညည်းညူကာပြောပြ

နေသည်။

သူမလေးက ပင်ပင်ပန်းပန်းရုန်းကန်နေရသော

ကြောင့် စိတ်ထွက်ပေါက်တခုလိုအပ်နေသည်။

“အင်း…တနေ့ကျ နင်မရောက်ဖူးတဲ့နေရာတွေ

ငါသေချာပေါက်ခေါ်သွားမယ်”

ကျိုးယန်၏စကားအဆုံးတွင် သူမပျော်ရွှင်သွား

သည်။ ပြီးနောက်ချက်ချင်းပင် မျက်နှာလေးရဲ

သွားပြန်သည်။ အိုး…ငါနဲ့သူကဘာဆိုင်သေး

တာမှတ်လို့…။

ဒီတခါတွင်တော့ ကျိုးယန်သတိထားမိသွားကာ

ပြုံးမိသွားသည်။ သူမက ရှက်နေသည့်အချိန်

တွင် ပိုလှပေသည်။

ထိုနေ့က ကျိုးယန် ငွေ ၁၀၀၀၀ ခန့်ကုန်သွား

သည်။ လီချင်းကျူးနှင့်အတူ နေ့လည်စာစား

ကာ အချိန်ကုန်လိုက်သည်။ သူတို့နှစ်ဦးစလုံး

က ရုပ်ရည်ချောမောကာငယ်ကွယ်သည့်

လူငယ်လေးများဖြစ်ကြသည်မို့ အများကအတွဲ

တခုဟုထင်ကာ ပြုံး၍ ကြည့်သွားကြသည်။

နေ့လည်စာ စားပြီချိန်တွင် လီချင်းကျူးကို

သူမ၏လမ်းထိပ်ထိလိုက်ပို့ရန်ပြင်သည်။

လမ်းတွင် ကျိုးယန်ကစကားစသည်။

“ချင်းကျူး သိုင်းပညာဆိုတာကြားဖူးလား”

လီချင်းကျူးက ဇဝေဇဝါပုံစံလေးဖြင့်

“တိုက်ကွမ်ဒိုတို့ ကရာတေး တို့လို့ဟာလား”

“မဟုတ်ဘူး ငါတို့လူငယ်အများစုကြိုက်ကြတဲ့

သိုင်းပညာတွေလေ လေပေါ်ပျံတာ လက်ထဲက

ဓားတွေအများကြီးနဲ့ တိုက်ခိုက်တာတွေပေါ့”

လီချင်းကျူးက ပါးစပ်ကလေးကိုအုပ်ကာ

ရယ်သည်။

“အာ့တွေကမဖြစ်နိုင်ပါဘူးဟယ် သိပ္ပံနည်းကျ

ပဲ ဖြစ်ဖြစ် လူတယောက်က ဘာအကူညီမှမပါ

ပဲ လေပေါ်ပျံနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

လီချင်းကျူးက ကျိုးယန်၏စကားကိုလက်မခံ။

သူမအထင် ထိုပညာရပ်များရှိနေသည်ဟုလည်း

မထင်ထားပေ။

“နင်ပြောသလိုလုပ်နိုင်တဲ့ပညာရပ်ရှိရင် ငါလဲ

သင်ချင်တယ်သိလား အမြင့်ကြီးကိုပျံပြီး

တောင်တွေ ပင်လယ်တွေကို ကြည့်မယ် ခစ်ခစ်”

ကျိုးယန်တယောက် လီချင်းကျူးကိုငေးကာ

ဆက်မပြောတော့။ အခွင့်အရေးရရင် သူမကို

ကျင့်ကြံသူဖြစ်အောင်သူကူညီရမည်။အနည်း

ဆုံးတော့ သူမ အသက်ရှည်ရှည်နေကာ မအို

မင်းသည့်အလှတရားကိုထိန်းထားနိုင်ပေမည်။

ထိုသို့နှင့် လီချင်းကျူး၏ လမ်းထိပ်သို့ရောက်

လာသည်ဖြစ်၍ နှုတ်ဆက်ကာ ထွက်လာလိုက်

သည်။

အိပ်ဆောင်အဆောက်အဦးရှေ့ရောက်သည့်

အခါမှာတော့ ထိုရှေ့တွင်လူတအုပ်က သူ့ကို

အသင့်စောင့်နေလေသည်။..

“ဟိုမှာ သူပဲ ကျတော်တို့ကို ရိုက်လွှတ်လိုက်တာ”

ထိုလူအုပ်ထဲမှ တယောက်က သူ့ဘက်ကို

လက်ညှိုးထိုးပြကာပြောသည်။ ထိုလူက

သူ ပညာပေးလိုက်သည့် ၃ဦးထဲက တဦးဖြစ်

နေသည်။

ထိုစဥ် အဖွဲ့ထဲမှ လူတစ်ဦးက သူ့ဆီလျှောက်

လာကာ ပြောသည်။

“ ကျောင်းသားလေး မင်းက ငါ့လူကိုရိုက်လွှတ်

လိုက်တယ် ဆို အရမ်းကို သတ္တိတွေကောင်းနေ

ပါလားကွ”

ဟမ့်..ကျိုးယန်နှာခေါင်းတချက်ရှုံ့ကာထိုလူကို

ပြန်စိုက်ကြည့်လိုက်သည်။

“ဘာလဲ လူခေါ်လာပြီးထပ်အရိုက်ခံချင်တာလား

ခဗျားတို့ သတ္တိလည်းမဆိုးပါဘူး ဟဟ”

ထိုလူမျက်နှာပျက်သွားသည်။

“ကောင်လေး မင်းငါ့အကြောင်းသိလား ငါက

ဒီနယ်မြေရဲ့အပိုင်လူမိုက်ပဲ မင်းငါ့လူကိုထိတဲ့

အတွက် မင်းကိုဆုံးမပေးဖို့လိုနေပြီ”

“ဆုံးမဖို့လား လာလေ ဘယ်သူ့လက်သီးက

ပိုပြင်းမယ်ထင်လဲ ကြည့်ကြတာပေါ့”

“ဒီကောင်လေးက အခေါင်းတွေ့မှ ငိုမယ့်ပုံပဲ”

အနောက်တွင်ရပ်ကြည့်နေသည် လူ၆ဦး ၇ဦးခန့်

ကလည်း အရှေ့ကိုတက်လာကာ ကျိုးယန်ကို

ဝိုင်းလိုက်သည်။

………………………………………………

All Chapters