အခန်း (၂၆)
Vol. 2 Ch. 26
အိုးရန်ရွှမ်းရွှမ်းနှင့်တွေ့ဆုံခြင်း
မြို့လယ်ရှိ အထပ်မြင့်ဟိုတယ်တခု၏ ထိပ်ဆုံး
ထပ် Vvip အခန်းထဲတွင် အမျိုးသမီးမှ အခန်း
၏ view point မှနေ၍ ရှူခင်းများကိုကြည့်နေ
လေသည်။
ထိုစဥ် တံခါးဖွင့်သံနှင့်အတူ အမျိုးသမီးတစ်ဦး
အခန်းထဲဝင်လာသည်။
“မနက်ဖန်ညပွဲအတွက် အဝတ်အစားနဲ့အခြား
လိုအပ်တဲ့ ကိစ္စအားလုံးအဆင်သင့်ဖြစ်ပါပြီ”
“ကောင်းပြီ အစ်မဂျူ ဒါနဲ့ အချိန်ဇယားမှာ
ဒီနေ့အတွက် မှတ်ချက်တခုခုများရှိထားလား”
အိုးရန်ရွှမ်းရွှမ်း၏ အမေးကို အစ်မဂျူက
“ညနေ ၅နာရီ မြို့တော်ဝန်နဲ့တွေ့ဆုံရမှာကလွဲပြီး
တခြားဘာမှမရှိပါဘူး…မနက်ဖန်မနက်ကတော့
New Life Dance Group နဲ့အကတိုက်ဖို့ရှိ…”
အစ်မဂျူ၏စကားကိုရွှမ်းရွှမ်းကလက်ကာပြ၍
ဖြတ်ပြောလိုက်သည်။
“ဟိုးထား…ကျမသိချင်တာ ဒီနေ့အတွက်ပဲ
မနက်ဖန်အတွက်က မနက်ဖန်မှပြောတော့”
ရွှမ်းရွှမ်း၏ပြုံးတုံ့တုံ့အမူယာကိုကြည့်၍
အစ်မဂျူက…
“ဘာတွေလုပ်ဖို့တွေးနေတာလဲ ရွှမ်းရွှမ်း”
“ဘာရယ်မဟုတ်ပါဘူး ဒီမြို့လေးကိုနည်းနည်း
လှည့်ပတ်ကြည့်ရင်ကောင်းမလားလို့”
ရွှမ်းရွှမ်း၏စကားအဆုံးတွင်အစ်မဂျူက
ထိတ်လန့်တကြားတားတော့သည်။
“မကောင်းဘူး မကောင်းဘူးနော် ဒီမြို့က
နည်းနည်းကြမ်းတယ်လို့အစ်မကြားထားတယ်
အလစ်သုတ်တဲ့သူတွေ လုယက်ပြီးပြန်ပေးဆွဲ
သမားတွေလည်းနေရာအနှံ့ဆိုပဲ မသွားပါနဲ့”
ရွှမ်းရွှမ်းတယောက် မျက်မှောက်ကြုတ်ကာ
လေးနက်သွားသည်။ပြီးနောက်
“ကိစမရှိပါဘူးအစ်မရဲ့ မြို့ထဲပဲ သွားမှာပါ
ပြီးတော့ ခနတဖြုတ်ပဲ နေ့လည်စာ စားချိန်
အမီပြန်လာခဲ့မယ်”
သူမ၏စိတ်က တခုခုလုပ်ချင်သည်နှင့်တားမရ
သည်ကို အစ်မဂျူ သိသည်ထင် ကန့်ကွက်
စကားထပ်မပြောတော့ ။ ဦးခေါင်းကိုအဆက်
မပြတ်ခါကာ အစောင့်များခေါ်သွားရန်သာ
ပြောတော့သည်။
“အို..အဲ့လိုလည်းမရပါဘူး..သူတို့ကိုခေါ်သွားရင်
မလွတ်လပ်ဘူး နောက်ပြီးတွေ့တဲ့သူတိုင်း
သတိထားမိသွားရင် လူစုလူဝေးဖြစ်သွားလိမ့်
မယ် မခေါ်တော့ဘူး”
“ကောင်းပါပြီအေ”
အစ်မဂျူလက်လျှော့လိုက်သည်။
“ဒါမယ့်အရမ်းအဝေးကြီးမသွားနဲ့ ကိုယ့်နားကို
လူစိမ်းလည်းအကပ်မခံနဲ့ ကြားလား”
ရွှမ်းရွှမ်းက အစ်မဂျူ၏ ပါးကိုညစ်၍
“အစ်မဂျူ ကျမ ကလေးမဟုတ်တော့ဘူးလေ
ဟီးဟီး အိမ်ထောင်တောင်ပြုလို့ရနေပြီ”
“ဒီကောင်မလေး..”
ရယ်သံများ အခန်းထဲတွင်ပေါ်လာတော့သည်။
နာရီဝက်ခန့်အကြာတွင် ရွှမ်းရွှမ်းတယောက်
ဟိုတယ်မှ တယောက်တည်းထွက်လာသည်။
အချိန်က…မနက် ၁၀ နာရီသာရှိသေးသည်။
မြို့က သေးငယ်သော်လည်း မြို့လယ်တွင်
အနည်းငယ်စည်ကားသည်ဟုဆိုနိုင်သည်။
မက်ခ်အမဲကို သေချာတပ်ကာဦးထုပ်ဆောင်း
လိုက်သည်။ ပြီးနောက် သူမ၏ ကိုယ်ပိုင်
သက်တော်စောင့်ဆီမှ ယူထားသည့် ကားအ
ဟောင်းကို မောင်းကာ ထွက်လာတော့သည်။
ဒီမှာ စက်မှုကျောင်းတခုရှိတယ်လို့ကြားတယ်
မြို့လယ်မှာတော့မဟုတ်လောက်ဘူး။
ဒီမြို့၏စက်မှုကျောင်းသည် မြို့တော်၏
အထင်ကရနေရာတခုဖြစ်ကာ ရှည်လျားသည့်
သက်တမ်းတခုရှိကာ မြို့၏ ပညာရှင်အများစု
ပေါက်ဖွားရာ နေရာလည်းဖြစ်သည်။
သူမက ပထမဆုံးမြို့လယ်ရှိ ပြတိုက်နှင့်
စင်တာအချို့ကိုသွားကာ လှည့်ပတ်ကြည့်သည်
အဝတ်အစားပွပွနှင့်ဦးထုတ်ဆောင်းကာ
မက်ခ်တပ်ထားသောကြောင့် သူမကိုဘယ်သူမှ
သတိမထားမိပေ။…
အချိန်တချို့ကြာပြီးနောက် ထိုနေရာမှထွက်ကာ
မြို့စွန်ရှိ စက်မှုကျောင်းရှိရာထွက်လာသည်။
လမ်းတွင် အစ်မဂျူဆီမှ ဖုန်းဝင်လာသည်။
“ဟေး..အဆင်ပြေရဲ့လား တခုခုအဆင်မပြေ
တာမျိုးရှိလား”
“အားလုံးအဆင်ပြေတယ် ခနနေ ပြန်လာမယ်
ဖုန်းမခေါ်နဲ့တော့ စက်ပိတ်ထားလိုက်မှာနော်”
သူမက အစ်မဂျူကိုစနောက်ကာဖုန်းချလိုက်
သည်။
အစ်မဂျူဆိုသည်က သူမ ဒီလောကထဲဝင်စမှ
ယခုလိုအောင်မြင်သည်ထိ အနားမှာနေ၍
အစ်မလို အမေလို စောင့်ရှောက်ပေးသူဖြစ်၍
မန်နေဂျာတစ်ဦးဆိုတာထက်ပိုပေသည်။
“ဒီအပျိုကြီးလည်း မလွယ်ပါဘူး”
မိနစ်နှစ်ဆယ်ခန့်အကြာတွင် မြို့စွန်ရှိစက်မှု
ကျောင်းဆီရောက်လာသည်။
အကြီးကြီးပဲ အဆောက်ဦးက မြို့တော်ကြီး
တွေက ကောလိပ်တွေလို မခမ်းနားပေမယ့်
သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသားပဲ။
ကျောင်း၏ခပ်လှမ်းလှမ်းနေရာတွင်ရပ်ကာ
ကျောင်းအသွင်အပြင်ကို တချက်ငေးကြည့်
မိသည်။
သူမသည် အထက်တန်းပညာရေးအဆင့်သာ
တက်ရောက်ခဲ့ရပြီး။သူမ အဖေက သူမ၏
သီချင်းဆိုပါရမီကို အကြောင်းပြုကာ စာသင်
ကျောင်းမှအထက်တန်းပြီးချိန်တွင် အနားယူ
စေ၍ အနုပညာလောကထဲဝင်စေသည်။
စက်မှုကျောင်းသည်အထက်တန်းကျောင်းတခု
သာဖြစ်သော်လည်း ကောလိပ်တခုလိုပင်
ကြီးမားကာ ကျောင်းသားဦးရေလည်းများပြား
လှသည်။
ငါသာ ကျောင်းဆက်တက်ရင် ခုချိန်ဆိုဘွဲ့ရ
တယောက်ဖြစ်နေပြီလား။
ရွှမ်းရွှမ်းတယောက် ကားတံခါးကိုဖွင့်ကာ
အောက်ဆင်းလိုက်သည်။ ယနေ့သည်စနေနေ့
ဖြစ်သောကြောင့် ကျောင်းပိတ်သည်။ အခြား
ဒေသမှ အလည်လာသူတွေအတွက် ကြည့်ရှူ့
လေ့လာရန် ကျောင်းက နေရာတခုလုပ်ပေးထား
သည်။
“ဟေ့ ဟိုမှာ မိန်းကလေးတယောက်မလား”
ထိုစဥ် လမ်းတဖက် ပလက်ဖောင်းပေါ်ရှိ
ထိုင်ခုံတန်းတွင်ထိုင်နေသည့် လူတစုမှ တစ်ဦး
သည်သူမကိုညွှန်ပြကာ လှမ်းအော်သည်။
“ ကျောင်းပိတ်ရက်မှာ ကျောင်းကိုလာတဲ့
ကျောင်းသားမရှိနိုင်ဘူး သူမက အခြားနေရာက
လာတဲ့သူဖြစ်မယ် သားကြီးတို့ အမွှေးပွလေးကို
ကံစမ်းကြမလား”
(အမွှေးပွ=အဝတ်အစားခပ်ပွပွဝတ်ဆင်သူ)
ထိုလူအုပ်က ကျောင်းသားများဖြစ်ဟန်မတူ။
ဒေသခံလူမိူက်များက တခါတရံ ကျောင်းနယ်
နိမိတ်တွင် လုယက်လေ့ရှိကြသည်။
ကျိုးယန်တယောက် မနက်ခင်းတွင်အတန်ငယ်
နောက်ကျ၍နိုးလာသည်။ စိတ်အေးလက်အေး
ဖြစ်နေသည်မို့ညက အိပ်ပျော်သည်။
ပထမက တဖက်ကမ္ဘာကို မပြန်နိုင်မည်စိုးရိမ်ရ
သော်လည်း ခုတော့ တာဝန်တခုပေါ်လာသည်။
တာဝန်သာပြီးမြောက်လျှင် ကမ္ဘာနှစ်ခုကူး
ပြောင်းကာ တဖက်ကမ္ဘာတွင် သူရင်ဆိုင်ရမည့်
ထီးနန်းလုပွဲအတွက် အကူညီတချို့ရနိုင်သည်။
အိပ်ရာမှထ၍ မျက်နှာသစ်ကိုယ်လက်သန့်
စင်ကာ မနက်စာအတွက်အပြင်ထွက်လာသည်။
သူ့တွင် ခေါက်ဆွဲခြောက်ထုပ်များရှိသော်လည်း
ယနေ့ သူစိတ်ပျော်နေသည်။
မနက်စာအတွက် ငွေရာဂဏန်းအနည်းငယ်
အကုန်ခံကာ ပျော်နေသည်စိတ်ကလေးကို
ဂုဏ်ပြုရမည်။
အိပ်ဆောင်နှင့်ကျောင်းက လမ်းတဖက်စီတွင်
ရှိကာ ကိုက် ၅၀၀ ခန့်သာကွာသည်။
ကျောင်းအကျော်တွင်တော့ မနက်စာအတွက်
စားသောက်တိုင်တခုရှိသည်။ ထိုဆိုင်၏
မနက်စာက ကျောင်းသားများအကြိုက်ဖြစ်
ကာ ကျောင်းဖွင့်ရက်ဆိုလျှင် ခပ်မြန်မြန်ပင်
ရောင်းကုန်သွားတတ်သည်။
ကျိုးယန်တယောက် ဘောင်းဘီအိတ်ထဲ
လက်ထည့်ကာ လေကလေးချွန်လည်း ကျောင်း
ရှိရာ ဘက်ကို ကားလမ်းကူးလိုက်သည်။
လမ်းပေါ်တွင် လူရှင်းနေသည်။ ကျောင်းပိတ်
ရက်တွင်အိပ်ဆောင်နေသည့်ကျောင်းသား
အများစုက အိပ်ရာစောစောမထလေ့ရှိသည်။
တချို့ကျောင်းသားများကလည်း ခပ်စောစော
တည်းကပင် မြို့လယ်ရှိနေရာများသို့လည်ပတ်
ရန်ထွက်သွားသည့်အတွက် လူရှင်းသည်။
ကောင်းကင်ကိုကြည့်လိုက်တော့ မိုးအုံ့နေသည်
မိုးရာသီကို မုန်းတယ်..။
ကျိုးယန်တယောက်နှာခေါင်းရှုံ့ကာ
လမ်းအတိုင်းလျှောက်လာရင်း တနေရာဆီကို
အကြည့်ရောက်သွားသည်။
ထိုနေရာတွင်တော့ သူ့ထက်အသက်ကြီးပုံရ
သည့် အမျိုးသား၃ဦးက မျက်နှာမက်ခ်တပ်ကာ
အဝတ်အစားခပ်ပွပွဝတ်ထားသည် လူတစ်ဦး
ကို လမ်းပိတ်ကာတခုခုပြောနေသည်။
မိန်းခလေးတယောက်လား…။
ကျိုးယန်လည်း ထိုမြင်ကွင်းကိုအနည်းငယ်
စိတ်ဝင်စားသွားသည်။
ကျောင်းအနားတဝိုက်တွင် လူမိုက်အချို့
လုယက်တတ်ကြသည်ဟု သူလည်းသတင်း
ကြားထားတာရှိသည်။ ထို့အပြင်ယနေ့ သူ
လည်းစိတ်ကြည်နေကာ သူထင်သည့်အတိုင်း
လုယက်သူများဖြစ်နေလျှင်တော့ အစွမ်းနည်း
နည်းပြကာ..သူရဲကောင်းလုပ်ရပေမည်။.
(သိုင်းပညာရှင်အထဋ်အထိပ်၏ ခွန်အားကို
သာမန်လူအပေါ်တွင်သုံးကာစမ်းသပ်ကြည့်ချင်
နေခြင်းဖြစ်သည်)
ကျိုးယန် ထိုလူစုရှိရာလျှောက်သွားသည်။
(MC က ကိုပါကြီး)
သူအနားရောက်ချိန်တွင်စကားသံအချို့ကြား
လိုက်ရသည်။
“မင်းလေးက ကျောင်းကိုအလည်လာတဲ့ရပ်ဝေး
ကဧည့်သည်လား အစ်ကိုတို့က အိမ်ရှင်ပဲ
ဧည့်ဝတ်ကျေအောင် တာဝန်ယူပါ့မယ်”
တဖက်မိန်းကလေးက ကိုယ်ဟန်ပျက်မသွား။
ခပ်တည်တည်ဖြင့် ပြန်ပြောသည်။
“ကိစ္စမရှိပါဘူး ကျမ ဘာသာ သွားလိုက်မယ်
ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါ
တယ် အစ်ကိုတို့”
သူမက ပိတ်ထားသည့်လူကိုရှောင်ကာ ဆက်
သွားရန်ပြင်သည်။
“နေပါဦးကွ”
အရှေ့တည့်တည့်တွင်ပိတ်ထားသည့်အရပ်
အရှည်ဆုံးလူက သူမလက်ကိုလှမ်းဆွဲသည်။
သူမ ဆတ်ကနဲ လက်ပြန်ရုတ်ကာ နောက်ကို
ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
“ကျမကို လမ်းဖယ်ပေးပါ”
သူမစိတ်ရှုပ်ကာ အနည်းငယ်လည်းလန့်နေ
သည်။ အစ်မဂျူပြောတာမှန်ပုံရသည်။
သူမ ကျောင်းဝင်းထဲဝင်ချင်စိတ်မရှိတော့။
ကားဆီပြန်ကာ ဟိုတယ်ဆီပဲ ပြန်ချင်စိတ်ရှိ
တော့သည်။ ထိုအတွက် ကားရှိရာဘက်ကို
လှည့်တော့ နောက်လူတယောက်က ထပ်ပိတ်
ပြန်သည်။ ထိုလူက ပထမလူထက်အရပ်ပုကာ
အသားက ညို၍ ဗလခပ်တောင့်တောင့်ဖြစ်
သည်။
“အခုလို ပုံစံက ရိုင်းတယ်မထင်ဘူးလား”
“ရိုင်းတယ် ဟုတ်လား ရှင်တို့က ကျမလမ်းကို
ပိတ်ထားပြီး ရိုင်းတယ်တဲ့လား ဟက်”
သူမစိတ်တိုသွားကာ ပြန်အော်သည်။
“အစွာလေးပဲ ဒီခပ်ပွပွအမွှေးတွေအောက်က
ခန္ဓာကိုယ်လေးကို ငါတကယ်စိတ်ဝင်စားသွား
ပြီ ဟားးးဟားးး”
အရပ်ရှည်ဆုံးလူက ကျယ်လောင်စွာရယ်၍
လက်ကိုလှမ်းဆွဲတော့သည်။
“ဟေ့…နေကြပါဦး”
ထိုစဥ်အသံတခုပေါ်လာသည်။ အကုန်လုံးက
လှည့်ကြည့်တော့ ချောမောသည့် မျက်နှာနှင့်
၁၆ ၁၇ အရွယ် ကျောင်းသားတစ်ဦးသူတို့ရှိရာ
လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
“ ကျောင်းသားလေး ဘာဝင်ရှုပ်ချင်တာလဲ
စာသာကောင်းကောင်းသင်စမ်းကွာ လစ်တော့”
ဗလတောင့်တောင့်နဲ့လူက လှမ်းပြောသည်။
သူမက ထိုလူငယ်ကို ကြည့်နေသည်။
အနည်းငယ်ပိန်ပါးသည်ဟုထင်ရကာ အသား
အရေက ကြည်လင်၍ မျက်နှာကျကလည်း
ကြည့်ကောင်းသည်။
“ ကျောင်းသားလား သေချာတာ ကျောင်းမှာဆို
သူက King တယောက်ဖြစ်နေမှာပဲ”
သူမဘာသာတွေးနေမိသည်။
“သူက ကျတော့်သူငယ်ချင်းပါ ခဗျားတို့
မနှောင့်ယှက်ပါနဲ့ ဒီနားမှာ ရုန်းရင်းဆန်ခတ်
ဖြစ်တာမကောင်းဘူးနော်”
အနှီ စကားပြောလိုက်သည့်လူကတော့
ဇာတ်လိုက်ကျော်ကြီး ကျိုးယန်ဖြစ်သည်။
ကျိုးယန်၏စကားကို အနည်းငယ်ဝသည့်လူက
“ အဲ့တော့ဘာဖြစ်လဲ မင်းတို့ကျောင်းကိုငါတို့က
ဂရုစိုက်ရမှာလား”
ဟမ့်…လူမိုက်ပေါက်စလေးတွေ..
ကျိုးယန်နှာခေါင်းကိုရှုံ့ကာ သူ့ရှိရာကိုကြည့်နေ
သည့် အမျိုးသမီးနားကပ်ကာခေါ်လိုက်သည်။
“လာပါ မနက်စာ သွားစားရအောင်”
အမှတ်တမဲ့ကြည့်လျှင် သူမနှင့်ကျိုးယန်က
ရင်းနှီးသည့်မိတ်ဆွေများအတိုင်းပင်။
သူမလည်း ကျိုးယန်၏စကားကိုခေါင်းညိတ်ပြ
ကာ သူမကားဆီ ညွှန်ပြသည်။
“ကျမမှာကားပါတယ် ဆိုင်တခုခုမှာမနက်စာ
လိုက်ကျွေးပါရစေ.”
ကျိုးယန်နှင့်သူမ အပြန်အလှန်စကားပြောနေ
ချိန်တွင် တဖက်လူမိုက်များက စိတ်မရှည်တော့
“ဟေး..ဘာအချိုးချိုးနေတာလဲ နာချင်ပြီ”
ဗလတောင့်တောင့်လူမှစ၍ ကျိုးယန်၏ပုခုံးကို
အားဖြင့် လှမ်းဆုပ်ကာ သူ့ဘက် ဆွဲခေါ်ရန်
ကြိုးစားသည်။
ဟမ့်.. ကျိုးယန်လည်းသူ၏ပုခုံးကိုဘေးသို့
အနည်းငယ်ရှောင်ကာ ထိုလူ၏ မျက်နှာကို
ရိုက်ချလိုက်သည်။
ဖြောင်း…
အား….
ဗလတောင့်တောင့်နဲ့လူလည်း လမ်းမပေါ်လွင့်
ကာ တခါတည်းသတိလစ်သွားတော့သည်။
ဟမ်…ကောင်လေးကအလာကြီးပါလား။
သူတို့လူ၏ အဖြစ်ကိုတွေ့တော့ ကျန်နှစ်ဦးက
ကျိုးယန်၏ ဘေးဘယ်ညာနှစ်ဖက်မှနေ၍
လက်သီးဖြင့် တပြိုင်တည်းထိုးသည်။
ထိုလူများက လူမိုက်ပီသသည်။ တဖက်လူ၏
အစွမ်းအစကိုသိသည့်နှင့် မည်သို့ဆက်လုပ်ရန်
ဆုံးဖြတ်ပြီးသားဖြစ်ကြသည်။
“သေလိုက်စမ်းကောင်လေး”
အရပ်ရှည်ရှည်လူ၏ လက်သီးချက်ကို
ကျိုးယန်က လက်သီးဖြင့် ပြန်ထိုးချကာ
ခပ်ဝဝလူ၏ လက်သီးချက်ကိုတော့ ကပ်၍
ရှောင်ပြလိုက်သည်။
ဂျွတ်…
အား…
အရိုးများကျိုးကြေသံက ခြောက်ခြားဖွယ်
ထွက်ပေါ်လာကာ အရပ်ရှည်ရှည်လူလည်း
သူ့ရဲ့ညာဘက်လက်ကို ဘယ်လက်ဖြင့်ကိုင်ကာ
အနောက်ဆုတ်သွားသည်။
ခပ်ဝဝလူက သူ့လက်သီးချက်ကို ကျိုးယန်
ရှောင်လိုက်သည့်အတွက် အရှိနိလွန်ကာ ဟန်
ချက်ပျက်သွားသည်။
“သွားစမ်း ဝက်ပုတ်ကြီး”
နောက်ကျောမှနေ၍ ကျောကုန်းကို ညာခြေဖြင့်
ကန်ထုတ်လိုက်သည်။
ဝုန်း…
ဝက်ကြီးတကောင်လေပေါ်ပျံနေသည့်နှယ်
လွင့်ကာ ဘေးရှိ ခြံစည်းရိုးကိုဝင်ဆောင့်သည်။
“သေပါပြီဗျ”
မိနစ်ပိုင်းအတွင်း လူမိုက်၃ ယောက်ကိုလက်သီး
နှစ်ချက် ခြေကန်ချက်တချက်တည်းဖြင့်
အမှောက်သိပ်လိုက်သည်။
အိုးရန်ရွှမ်းရွှမ်းမယုံနိုင်ဟန်ဖြင့်ကြည့်နေသည်။
ဒါ…ကျောင်းသားတဲ့လား..။
ဒီကျောင်းက တိုက်ခိုက်ရေးပညာပါသင်ပေး
တဲ့ကျောင်းဖြစ်နေတာလား…။
လူမိုက်သုံးယောက်လည်း တယောက်ကို
တယောက်ဆွဲထူကာ ကျိုးယန်ကိုစူးစိုက်ကြည်
ပြီး ကြိမ်းဝါးသည်။
“ကောင်လေး မင်းဒီကျောင်းကမဟုတ်လား
ငါတို့မင်းကိုမှတ်ထားမယ်”
အချင်းချင်းတွဲကာ ထွက်သွားကြတော့သည်။
…………………………………………………