← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

မှောင်ခိုလက်မှတ်ရောင်းနည်း

လူမိုက်၃ ယောက်ထွက်သွားပြီချိန်မှာတော့

ကျိုးယန်လည်း အမျိုးသမီးရှိရာ လှည့်၍

ပြုံးပြကာ ထွက်သွားရန်ပြင်လိုက်သည်။

“နေပါဦး ခုနက ရှင်မနက်စာ စားမယ်လို့

ပြောလိုက်သလားလို့ ကျမ ဝယ်ကျွေးပါ့မယ်”

ကျိုးယန်ခြေလှမ်းများတုံ့ကာရပ်သွားသည်။

ပြီးနောက် မနက်စာရောင်းသည့်ဆိုင်ဘက်သို့

သူမကိုကျော်၍ လှမ်းကြည့်သည်။

မနက်စာက ရပါဦးမလား..။

ကျိုးယန်တယောက်အတွေးများနေစဥ် အမျိုး

သမီးက ထပ်ပြောပြန်သည်။

“လာပါ ဒီနားကဆိုင်တွေမှာမနက်စာ မရှိ

လောက်တော့ဘူး ကျမလည်းနေ့လည်စာစား

ချိန်နီးနေပြီဆိုတော့ မြို့ထဲပဲ သွားကြရအောင်

ကားနဲ့ဆိုတော့ အချိန်သိပ်မကြာတော့ပါဘူး”

သူမစကားကိုကျိုးယန်လက်ခံလိုက်သည်။

အချိန်က နေ့လည် ၁၁ နာရီကျော်ကာ

နေ့လည်စာ စားချိန်ပင်ရောက်နေသည်မို့

ကျောင်းနားရှိဆိုင်များတွင်မနက်စာမရနိုင်တော့

“ကောင်းပြီ ကျတော်လိုက်ခဲ့မယ်”

သူမက ဦးဆောင်ကာကားဆီလျှောက်သွား

လိုက်သည်။ပြီးနောက် ကျိုးယန်ကိုခေါ်ကာ

မြို့လယ်သို့ထွက်လာလိုက်သည်။

လမ်းတွင်သူမက စကားစပြောလာသည်။

“ရှင်က ကျောင်းသားလား ဒီစက်မှုကျောင်း

မှာတက်နေတာလား..”

သူမရဲ့အမေးကို ကျိုးယန်က

“ဟုတ်တယ် အထက်တန်းနောက်ဆုံးနှစ်ပါ

နောက်နှစ်ဆို အတတ်ပညာသင်အတွက်

ပထမနှစ်စတက်ရမယ်”

“အတတ်မွေးဝမ်းကြောင်းပညာကို စာသင်နှစ်

တခုတည်းမှာ တွဲသင်တာမဟုတ်ဘူးလား”

“မဟုတ်ဘူး..အထက်တန်းနောက်ဆုံးကို

အောင်မှ တက်လို့ရတာ တခြားနေရာသွားစရာ

မလိုဘူးလေ ပြီးတော့ နှစ်နှစ်တက်ပြီးတာနဲ့

ကောလိပ်လိုပဲ အသုံးချလက်မှတ်ပေးတယ်

များသောအားဖြင့် လျှပ်စစ် လမ်းတံတားနဲ့

ဆောက်လုပ်ရေးပညာရပ် ဒါမှမဟုတ် ကျေး

လက်ဒေသ ဖွဲ့ဖြိုးရေးနဲ့ဆိုင်တဲ့ စိုက်ပျိုးရေး

အတတ်ပညာ ဒါတွေလောက်ပါပဲ”

ကျိုးယန်၏စကားအဆုံးသူမကဦးခေါင်းကို

ညိတ်ကာ ဆိုသည်။

“ဒါပေါ့..မြို့ကြီးတွေဆီက ကောလိပ်တွေလို

နည်းပညာတွေ ဥပဒေရေးရာ စီးပွားရေးရာ

ပညာရပ်တွေတော့ဘယ်ပါပါ့မလဲ”

“ခဗျားက ဒီဒေသကမဝုတ်လောက်ဘူး

ဘယ်ကလာတာလဲ”

“ကျမလား ဒီကိုအလည်အပတ်ရောက်နေတာ

မြို့ကိုရောက်တော့ စေ့စေ့ပေါက်ပေါက်လည်

ပတ်စရာလည်းသိပ်မတွေ့တော့ နာမည်ကြီးတဲ့

စက်မှုကျောင်းကိုလာကြည့်ရင်း ခုလိုတွေဖြစ်

ကုန်တာပဲ ဒီမြို့က တကယ်ကြမ်းတာပဲ”

သူမရဲ့စကားကို ကျိုးယန်ကထောက်ခံသည်။

“ဟုတ်တယ်…မြို့ကသေးငယ်ပြီး အစိုးရရဲတွေ

အုပ်ချုပ်မှုက လျော့ရဲတယ် မြို့ကြီးတွေလို

မဟုတ်ဘူး ခဗျားတယောက်တည်း လျှောက်

မသွားသင့်ဘူး”

“မသွားတော့ပါဘူး သန်ဘက်ခါကျ ပြန်တော့

မှာလေ”

ကျိုးယန်ခေါင်းညိတ်ပြလိုက်ကာစကားဆက်

မပြောတော့ ပြင်ပမြင်ကွင်းများကိုသာအာရုံ

စိုက်ထားလိုက်တော့သည်။

နာရီဝက်ခန့်အကြာတွင် မြို့လယ်သို့ရောက်

လာသည်။ သူမက အနည်းငယ်လူရှင်းသည့်

စားသောက်တခုကို ဦးဆောင်ကာဝင်သွားသည်

ထိုဆိုင်က မြို့တွင် အတော်အသင့်အမည်ကြီး

သည့်ဆိုင်ဖြစ်ကာ စားပွဲများကိုအခန်းငယ်ပုံစံ

ကန့်သတ်ထားသည့် အထူးအခန်းလည်းရှိသော

ကြောင့် အရာရှိနှင့် လူကုံထံများသာအလာ

များကြသည်။

သူက ဒီတိုင်မှာငါ့ကို မနက်စာဝယ်ကျွေးမှာတဲ့

လား။ မဟုတ်သေးဘူး အခုကနေ့လည်စာ

အချိန်ဖြစ်သွားပြီ။

ဒီဆိုင်က သောက်ရမ်းစျေးကြီးတာဟ…။

သူမက ဘယ်သူလဲ…။

ကျိုးယန်လည်း တယောက်တည်းဟိုဒီတွေးရင်း

သူမအနောက်မှလိုက်ဝင်သွားသည်။

ကောင်တာကိုသွားကာ သူမက တခုခုပြော

လိုက်သည်။

“ကျမကို အထူးခန်းတခုပြင်ပေးပါ”

“ကြွပါ”

ကောင်တာရှိမိန်းကလေးက ကျိုးယန်နှင့်သူမ

တို့ကိုကြည့်ကာ တခုခုတွေးမိသွားပုံရသည်။

အနည်းငယ်ပြုံး၍ ရှေ့မှခေါ်ဆောင်သွားသည်။

အခန်းငယ်တခုဆီကိုရောက်တော့ ကျိုးယန်တို့

ဝင်လိုက်သည်။

စားသောက်စရာအတွက် အဆင်ပြေရာအချို့

မှာလိုက်သည်။

“ရှင် အဆင်ပြေရဲ့လား ရှင်ဘာကြိုက်တက်မှန်း

မသိတော့ ကျမလည်းအဆင်ပြေမယ်ထင်တာ

မှာလိုက်မိတယ်”

“ရပါတယ် ကျတော်ကဂျေးမများတတ်ပါဘူး”

စားစရာရောက်လာသည့်အခါ သူမက

မျက်မှာပေါ်ရှိ မက်ခ်ကိုချွတ်ကာ ဥိးထုပ်ကို

ဘေးရှိ စားပွဲစွန်းပေါ်တင်လိုက်သည်။

ကျိုးယန်တယောက်ကြောင်အသွားသည်။

အလှမယ်လား..ဟ။ ချောချက်ပဲ…သူမအလှက

သေချာပေါက်လီချင်းကျူးကိုမီတယ်..။

ပြီးတော့ သူမကို ငါတွေ့ဖူးသလိုလိုပဲ…။

ကျိုးယန်လည်းဦးခေါင်းကိုယမ်းကာ အတွေး

များဖယ်စေပြီးနောက် မှာထားသည့်အစား

အစာများကိုသာ စစားတော့သည်။

တခနအကြာညသူမကပင်စကားစလာသည်။

“ဒါပြီးရင် ရှင့်ကို ကျမ ပြန်ပို့ပေးရမလား”

“ဟင့်အင်း ကျတော်မပြန်သေးဘူး မြို့လယ်က

ဘောလုံးကွင်းကြီးဆီသွားရဦးမယ် အဲ့မှာ

မနက်ဖန်ညကျ ရှိုးပွဲရှိတယ်လေ သြော်ဒါနဲ့

ခဗျားကော ရှိုးပွဲသွားမကြည့်ဘူးလား”

ကျိုးယန်၏စကားကို သူမက ​အပြုံးဖြင့်

“ဟုတ်လား ကျမလည်းလမ်းမှာဆိုင်းဘုဒ်အချို့

ထောင်ထားတာ တွေ့တယ်..ဘောလုံးကွင်းကြီး

တခုလုံးကို​တောင်ပွဲလုပ်တာဆိုတော့ လူများမဲ့

ပုံပဲ ရှင့်မှာလက်မှတ်ရှိလို့လား”

“ဟင့်အင်း မရှိဘူး ဒီတိုင်းခနသွားမှာ

ခဗျား အဲ့ပွဲကိုစိတ်ဝင်စားရင် ကျတော်အသိ

တယောက်နဲ့ချိတ်ပေးမယ်…ရိုးရိုးလက်မှတ်

အချို့ရနိုင်တယ်”

သူမ အနည်းငယ်အံ့အားသွားသည်။

“လက်မှတ်က ရောင်းလို့ကုန်ပြီမဟုတ်လား

ဘွတ်ကင်တွေအပြည့် ဖြစ်နေလို့ မနေ့တည်းက

လက်မှတ်ကုန်သွားတယ်လို့ ကြားတယ်”

သူမစကားကို ကျိုးယန်က ထောက်ခံဟန်ဖြင့်

“ဟုတ်တယ် ဘယ်မှာမှမရတော့ဘူး အခုက

ကျတော့်သူငယ်ချင်းတီမှာ သူရှာထားတာ

ရိုးရိုးတန်းလက်မှတ်ပါပဲ ပြန်ရောင်းပေးဖို့

ကျတော်ကူညီပေးမယ်လေ”

အနှီကောင်မလေးက ချမ်းသာပုံရသည်။

သူမကိုသာ လက်မှတ်ရောင်းလိုက်လျှင်

ငွေများများရနိုင်သည်။

“နေပါစေ ကျမ မယူတော့ဘူး”

သူမက ယဥ်ကျေးစွာဖြင့် ငြင်းဆိုသည်။

ကျိုးယန်တယောက်စိတ်ပျက်သွားသည်။

“ရှင်ပြောတဲ့လက်မှတ်တွေက မှောင်ခိုစျေး

ကွက်မှာဆို ပေါက်စျေးကမနည်းဘူး..ဒါနဲ့

ရှင်က မှောင်ခိုလက်မှတ်ရောင်းချင်နေတာလား”

ကျိုးယန်ဝန်ခံလိုက်ရတော့သည်။

“ကျတော်ရောင်းတာတော့မဟုတ်ပါဘူး..

ကျတော့်သူငယ်ချင်းရောင်းတာ အမြတ်နည်း

နည်းတော့ရတာပေါ့ ကျတော်လည်းအဲ့လို

တခါမှမလုပ်ဖူးဘူး…အာ့ကြောင့် ခနနေ

ပွဲနေရာကိုသွားပြီး အခြေနေကြိုကြည့်မလား

လို့စိတ်ကူးထားတာ”

သူမ ဦးခေါင်းကိုခါယမ်းကာသက်ပြင်းချသည်။

“အဲ့ပွဲက လုံခြုံရေးအပြည့်ရှိတယ် ကွင်းတွင်း

ကွင်းပြင် အစောင့်အရှောက်ကအပြည့်ပဲ

ရှင့်အတွက်အန္တရာယ်များလိမ့်မယ်”

“ဟုတ်လား ကျတော်ပြောပြီးပါကော တခါမှ

မရောင်းဖူးဘူးလို့ မှောင်ခိုလက်မှတ်ရောင်းနည်း

အွန်လိုင်းကလပ်အချို့ တက်ရမလားပဲ”

ကျိုးယန်လည်း ခပ်ဖွဖွရယ်ကာ ဖြစ်စဥ်ကို

လျှောချလိုက်သည်။…

“ရှင်ရောင်းချင်သပဆို ကျမ မတားပါဘူး

ဂရုတော့စိုက်ပေါ့ ကွင်းရဲ့ ​နောက်ဆုံးဝင်ပေါက်

က လုံခြုံရေးနည်းတတ်တယ်…အဲ့မှာဆိုရှင်နဲ့

ရှင့်သူငယ်ချင်းအတွက်အဆင်ပြေလိမ့်မယ်”

ကျိုးယန်လောင်းညိတ်ပြလိုက်သည်။

“ဒါနဲ့ ရှင့်အကောင့်အပ်လို့ရမလား..ရှင်က

အတိုက်အခိုက်ကောင်းတော့ သက်တော်စောင့်

အလုပ်လေးဘာလေးစိတ်ဝင်စားရင် ပြောပေါ့

ကျမ ချိတ်ပေးလို့ရတယ်”

ကျိုးယန်ထိုကိစ္စကိုတော့စိတ်ဝင်စားသည်။

လတ်တလောတွင် အိုးရန်ရွှမ်းရွှမ်းနှင့် ဆက်စပ်

သည့်တာဝန်ကို လုပ်ရန် သူအလုပ်တခုရှာကာ

စုံစမ်းရမည်။ ရတနာက သူမဆီမှာရှိနေတာလား

ဒါမှမဟုတ် သူမကတဆင့် ရှာရမှာလား..

သူမသိသေး..။သေချာသည်က ငွေလိုသည်။

သက်တော်စောင့်အလုပ်က အချိန်ပိုင်းအလုပ်

ထက်ငွေပိုရသည်။ အန္တရာယ်များပေမယ့်ပေါ့။

ကျိုးယန်နှင့် သူမ အပြန်အလှန် အကောင့်အပ်

ကာ စားသောက်ဆိုင်မှ ထွက်လာသည်။

ပြီးနောက် ကျိုးယန်ကို သူမက ဘောလုံးကွင်း

ရှိရာ ပို့ပေးကာ ထွက်ခွာသွားသည်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ”

အိုးရန်ရွှမ်းရွှမ်းတယောက်မျက်နှာတွင်ပြုံးနေ

သည်။ အစပိုင်းတွင်စိတ်အနှောင့်အယှက်ဖြစ်

စရာကိစ္စများကြုံခဲ့သော်လည်း ကျိုးယန်က

စိတ်ဝင်စားဖို့ကောင်းသည့်လူငယ်လေးတစ်ဦး

ဖြစ်သည်။

“ငါ့ပွဲ လက်မှတ်ငါ့ဆီပြန်ရောင်းတာတဲ့လား

ဟင်းးဟင်းး”

ရွှမ်းရွှမ်းလည်း ကားကိုမောင်းကာဟိုတယ်ဆီ

ပြန်လာလိုက်သည်။ ဟိုတယ်ကိုရောက်တော့

အစ်မဂျူက အခန်းထဲတွင် သူမကိုစိုးရိမ်နေ

သည့်မျက်နှာဖြင့် စောင့်နေသည်။

သူမအခန်းထဲဝင်လာသည်ကို တွေ့သည့်နှင့်

စိတ်တိုနေသည့်ပုံစံ ဖြင့်…ဆူပူတော့သည်။

“ဟေ့ ကောင်မလေး အခုနေ့လည်စာစားချိန်ကို

ကျော်နေပြီဘယ်တွေသွားနေတာလဲ ဖုန်းဆက်

တာလည်းမကိုင်ဘူး..အစ်မစိတ်ပူနေမှာကို

ရှင်လေးမသိဘူးလား”

ရွှမ်းရွှမ်း ကျယ်လောင်စွာရယ်မောကာ

အစ်မဂျူ၏ခါးကိုဖက်လိုက်သည်။ပြီးနောက်

“ဘာမှမဖြစ်ပါဘူး ဒီမှာကြည့် အကောင်းတိုင်းပဲ

တွေ့လား…နေ့လည်စာလည်းစားခဲ့ပြီးပါပြီ”

ရွှမ်းရွှမ်း၏ သက်တောင့်သက်သာလေသံကို

ကြားသည်နှင့် အစ်မဂျူစိတ်လျော့သွားသည်။

“မနက်ဖန်ပွဲအတွက် အစ်မကစိတ်ပူလို့ပါ

ပြီးတော့ ညနေကိုမြို့တော်ဝန်ဆီသွားရဥိးမယ်

တခုခုဖြစ်သွားရင် အစ်မပဲ ရင်ကျိုးရမှာလေ”

“သိပါပြီ အစ်မဂျူရဲ့ သြော် တခုမေးမလို့

ကျမ သက်တော်စောင့်တယောက် ခေါ်ချင်

တယ်ရမလား”

အစ်မဂျူ နားမလည်နိုင်ဖြစ်သွားသည်။

ရွှမ်းရွှမ်းမှာ သက်တော်စောင့်များရှိသော်လည်း

အနားကပ် ရှိနေသူဆို၍ သူမသာရှိကာ

ရွှမ်းရွှမ်း၏လေသံအရ အနီးကပ်သက်တော်

စောင့်တဦးလိုချင်နေပုံရသည်။

“ ဒီခရီးက ပြန်ပြီး မြို့ကိုပြန်ရောက်ရင်

အစ်မ စီစဥ်ပေးမယ်လေ အသက်ငယ်ငယ်လား

အသက်ကြီးကြီးလား ပြီးတော့ ယောက်ကျား

လေးလား မိန်းခလေးလား”

“နိုး..နိုး..အစ်မဂျူစီစဥ်စရာမလိုဘူး ကျမမှာ

အသိရှိတယ် ကျမပဲ စီစဥ်လိုက်မယ် အစ်မ

လက်ခံတယ်ဆိုရပြီ”

အစ်မဂျူက အနည်းငယ်စိုးရိမ်ဟန်ဖြင့်

“ဘယ်အသိလဲ ဘယ်သူလဲ စိတ်ချရပါ့မလား

မတော် တခုခုဆို ဘယ်လိုလုပ်မလဲ မင်းက

တိုင်းသိပြည်သိအနုပညာရှင်နော်ရွှမ်းရွှမ်း”

“သိပါတယ် မနက်ဖန်ပွဲ ပြီးနောက်ရက်ကျ

ကျမ ခေါ်လိုက်မယ် အစ်မ အကဲခတ်ကြည့်ပေါ့”

ရွှမ်းရွှမ်းစကားကိုသူမလက်ခံလိုက်သည်။

သူမအကဲခတ်ကြည့်၍ အဆင်မပြေလျှင်

သူမကန့်ကွက်ရပေမည်။

All Chapters