← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

အကျိုးနည်း…ငါကယ်ခဲ့တာအိုးရန်ရွှမ်းရှမ်းဟ

ကြီးမားသည့်ဘောလုံးကွင်းကြီးကို ကြည့်ကာ

တိုးတက်လာသည့် လူနေမှုပုံစံရဲ့ပြယုဂ်ကို

ကျိုးယန်တယောက်သတိထားမိသွားသည်။

လူသားများသည် သက်တမ်းအားဖြင့် တို

တောင်းသော်လည်း ခေတ်တခုစီ ဒါမှမဟုတ်

မျိုးဆက်တခုစီသည် ပို၍ကောင်းမွန်ထူးခြား

သည့် နည်းပညာများဖော်ထုတ်လာကြကာ လူ့

အသိုင်းဝိုင်းကို တိုးတက်လာစေသည်။

Ai စနစ်နဲ့အိမ်သုံးစက်ရုပ်တွေ အာကာသ

အခြေစိုက်စခန်းတွေနဲ့ အခြားဂြိုလ်ကမ္ဘာတွေ

အပေါ် အခြေချမှုတွေက လွန်ခဲ့သည့်ရာစုနှစ်

များက လူတွေကသာသိမည်ဆိုလျှင်ယုံမှား

သံသယရှိကြလိမ့်မည်။

ပွဲအတွက် ကြေငြာဆိုင်းဘုဒ်များနေရာအနှံ့

ရှိနေသည်။ ဘောလုံးကွင်းကြီးသည်လည်း

နဂိုထက်ပိုစည်ကားနေသယောင်ထင်ရသည်။

မြို့တော်အခြေစိုက် တခုတည်းသော အားက

စားကွင်းဖြစ်ကာ လူဦးရေ ၃၅၀၉၀ ဆန့်သည်။

ကျိုးယန်တယောက်ဟိုဒီကြည့်ရင်း ကြီးမား

သည့် ဆိုင်းဘုဒ်တခုကိုအကြည့်ရောက်သွားရ

သည်။

ဟမ်….ဒါက….

ဟုတ်ပေသည် ကြေငြာပေါ်တွင်ရှိနေသည့်

အနုပညာရှငိအဆိုတော်အမျိုးသမီးက သူ

ကယ်ခဲ့သည့် မိန်းခလေးဖြစ်နေသည်။

သောက်ကျိုးနည်း ငါကယ်ခဲ့တာ အိုးရန်ရွှမ်းရွှမ်း ဖြစ်နေတာပဲ။ငါက သူ့ကိုလက်

မှတ်ပြန်ရောင်းဖို့ကြိုးစားလိုက်သေးတယ်။

ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ။

အရှက်တော့ကွဲပါပြီ။

ကျိုးယန်တယောက် ဦးခေါင်းကိုခပ်ပြင်းပြင်း

ခါကာ ကိုယ့်ကိုကိုယ် အထင်သေးမိသွားသည်။

အဆိုတော်ကိုမှ မှောင်ခိုလက်မှတ်ရောင်းဖို့

ဆွယ်မိတာတဲ့လား..။ဟား…။

ဖုန်းကိုထုတ်ကာ ရှောင်ဝေ့ဆီဆက်လိုက်သည်။

ဖုန်းခေါ် ခေါ်ချင်းပင်တဖက်က ဖုန်းကိုင်သည်။

“ဟေး လူတော်လေး ဘာကိစ္စလဲ”

ရှောင်ဝေ့၏အမေးကို ကျိုးယန်က

“ငါ ရှိုးပွဲလုပ်မယ့် ဘောလုံးကွင်းနားရောက်နေ

တယ် မင်းအခုဘယ်မှာလဲ မြို့ထဲမှာလား”

“မင်း..မြို့ထဲရောက်နေတာလား…ငါလည်းအခု

မြို့ထဲမှာပဲ..ခနစောင့်ငါလာခဲ့မယ်”

“ဟုတ်ပြီ ငါဘောလုံးကွင်းနားကပန်းခြံမှာ

စောင့်နေမယ်”

ကျိုးယန်တယောက်ဖုန်းချကာ ပန်းခြံဝင်၍

ရှောင်ဝေ့ကိုစောင့်နေသည်။

နာရီဝက်ခန့်အကြာတွင် ခပ်သုတ်သုတ်ဖြင့်

ရှောင်ဝေ့ရောက်လာသည်။

“မင်းစောင့်နေတာ ကြာပြီလား”

“မကြာသေးဘူး…ဒါနဲ့လက်မှတ်တွေယူလာခဲ့

လား ရှောင်ဝေ့”

“အေးပါလာတယ်လေ ဒီမှာ”

ရှောင်ဝေ့က သူ့အိတ်ကပ်ထဲမှာလက်မှတ်၅

စောင်ကိုထုတ်ပြသည်။

“ပွဲက လုံခြုံရေးတွေနေရာတိုင်းမှာရှိမယ်လို့

ငါကြားတယ် ပွဲစမှ မရောင်းနဲ့တော့ အခုပဲ

ငါအွန်လိုင်းပေါ်တင်ပြီး ချိတ်ပေးမယ်..”

ရှောင်ဝေ့လက်ထဲက လက်မှတ်များကိုဆွဲယူ

ကာပြောလိုက်သည်။

ရှောင်ဝေ့ကနားမလည်ဟန်ဖြင့်…

“ပွဲစမှရောင်းရင် ပိုရမယ်မဟုတ်လား”

“အဲ့အယူဆဟောင်းကိုစွန့်လိုက်တော့ ငါအခုပဲ

ရောင်းပြမယ် စောင့်ကြည့်နေ ဒါနဲ့မင်းဖုန်းထဲ

မှာ sunshine shop app ရှိတယ်မလား ငါနခ

သုံးမယ် ဖုန်းပေး”

ရှောင်ဝေ့က လက်မှတ်များရောင်းမထွက်မည်

ကိုစိုးရိမ်နေပုံရသည်။

“အဆင်ပြေ ပါ့မလားဟ “

ပါးစပ်က ကန့်ကွက်နေသော်လည်းဖုန်းကိုထုတ်

ကာပေးလိုက်သည်။

ကျိုးယန်ဘာစကားမှမပြောတော့ပဲ လက်မှတ်

များကိုစုကာ ကိုင်၍ ဓာတ်ပုံရိုက်သည်။ ပြီး

နောက် app တွင် ပိုစ့်တခုကိုပုံနှင့်တွဲတင်ကာ

Status အတိုတခုပါရေးလိုက်သည်။

**အိုးရန်ရွှမ်းရွှမ်းရဲ့ ပွဲလက်မှတ် ၅ စောင်

ရနိုင်သည်…စျေးပိုပေးသူ ဦးစားပေးမည်

လက်မှတ်ကို လူတွေ့ရောင်းမည်

တည်နေရာက……”

ရှောင်ဝေ့က ကျိုးယန်လုပ်နေသည်ကို အသေ

အချာကြည့်ကာ ခေါင်းယမ်းသည်။

“အွန်လိုင်းပေါ်က လူတွေငါတို့ကိုယုံပါ့မလား”

“လက်မှတ်ကအတုအစစ် သူတို့ကိုယ်တိုင်

စစ်ကြည့်လို့ရတယ်လေ”

ပိုစ့်တင်ပြီး…မိနစ်နှစ်ဆယ်ခန့်အကြာတွင်

ကွန်းမန့်တခု ပေါ်လာသည်။

“လက်မှတ်က အစစ်ဆိုတာ သေချာလား

သေချာရင် တစောင်ကို ၁၀၀၀၀ ပေးမယ်

လူတွေ့စစ်ချင်တယ်”

ရှောင်ဝေ့ ထိုမက်ဆေ့ကိုယူကြည့်သည်။

ပြီးနောက်ကျိုးယန်ကို

“၁၀၀၀၀ ကနည်းတယ် အနည်ဆုံး ၂၀၀၀၀ရမှ

ငါတို့ရောင်းမယ်”

ကျိုးယန်ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ဝေ့နှင့်ကျိုးယန်တို့ ပန်းခြံထဲတွင်ထိုင်ကာ

ရောက်တက်ရာရာပြောဆိုနေကြသည်။

“၁၅၀၀၀ ၅စောင်လုံးယူမယ်”

“ဟ….အိုးရန်က ဘယ်သူမို့လို့လဲ.. စျေးကွက်

ပေါက်စျေးအရ အနည်းဆုံး ၂၀၀၀၀ တန်

တာသေချာတယ်”

ကွန်းမန့်များက အပြန်အလှန်သဘောကော

စျေးမေးကာ စူးစမ်းသည့်ကွန်းမန့်များပါ

ပါလာသည်။

“25000 အကုန်လုံး ယူမယ် လျှော့ပေးမလား”

ထိုစဥ် ကွန်းမန့်တခု ဝင်လာသည်။ မန့်ထားသူ

က မြို့လယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်တခု၏

သားဖြစ်သည်။

ရှောင်ဝေ့ ပျော်သွားသည်။

“မြန်မြန် လက်ခံလိုက် လက်မှတ်ကို လာပို့ပေးမယ်ပါ ပြောလိုက်ကွာ ဟိုရောက်မှ

သူကိုယ်တိုင်စစ်ပြီးယူပစေ”

ရှောင်ဝေ့က အတင်းတိုက်တွန်းတော့သည်။

“၂၅၀၀၀ တော်ပြီလား သေချာလား”

“ သေချာတယ် ဒီထက်ပိုစျေးရရင်တောင် ခုလို

၅ စောင်လုံးယူဖို့မဖြစ်နိုင်ဘူး တွက်ကြည့်ရင်

ဒီစျေးက အဆင်ပြေတယ်”

ရှောင်ဝေ့ပြောသည်က မှန်သည်။ ဒီထက်ပို၍

စျေးရနိုင်သော်လည်း ဝယ်သူက ၅စောင်လုံး

ဖြတ်ရန်မသေချာတော့။

“မင်းပဲ သွားပို့ပြီးငွေယူလာခဲ့ တစောင်၂၅၀၀၀

၅ စောင်ဆို ၁၂၅၀၀၀ သူ့ဘက်က လျှော့ခိုင်းရင်

၁၂၀၀၀၀ နဲ့ လက်ခံလိုက် ငါမင်းနဲ့မလိုက်တော့

ဘူး ရတယ်မလား”

“ရတယ် ငါပို့လိုက်မယ် မင်းအဆောင်မှာ

စောင့်နေ…ငွေယူပြီးပြန်လာခဲ့မယ်”

ရှောင်ဝေ့ကညဝမ်းသာအားရပြောကာပန်းခြံ

ထဲမှ အမြန်ထွက်သွားသည်။

ကျိုးယန်တယောက် အိပ်ဆောင်ကိုပြန်ရန်

ထွက်လာလိုက်သည်။

ထိုစဥ် ပန်းခြံရှေ့ ကားလမ်းမကြီးပေါ်တွင်

ကားအကောင်းစားကြီးတစီးက တဖက်ယာဥ်

ကြောကို ဝင်ကာ လမ်းတဖက်မှမောင်းလာ

သည့် ကုန်ကားကို ဝင်ဆောင့်သည်။

ဒုန်း……

ကျယ်လောင်သည့်အသံတခုထွက်ပေါ်လာ

ကာ လူများဝိုင်းအုံလာကြသည်။

“ယာဥ်တိုက်မှုဖြစ်တာဟ ဒီနေရာက ခနခန

ယာဥ်တိုက်မှုဖြစ်တယ် နေရာမကောင်းဘူး”

“ကုန်ကားသမားကတော့ဘာမှမဖြစ်လောက်

ဘူးထင်တယ်”

“အကောင်းစားကားကြီးစီးပြီး ကားမမောင်း

တတ်ဘူးလားမသိပါဘူး”

ကျိုးယန် တယောက် လူအုပ်၏စကားကို

မကြားဟန်ဆောင်ကာ တိုက်သွားသည့်ကားကို

ကြည့်နေသည်။ ကားတံခါးတချပ်ပွင့်ကာ

လူတစ်ဦး ပြုတ်ကျလာသည်။..

ထိုလူက အသက်၆၀ ခန့်အရွယ်ရှိကာ

တကိုယ်လုံးသွေးများဖြင့်ရဲကာ မြေပေါ်အ

ရောက်တွင် သတိရတချက်မရတချက်ပုံစံ

ဖြစ်နေသည်။…

ကုန်ကားသမားကတော့မည်သည့် ထိခိုက်ဒဏ်

ရာမှရသန်မတူပေ။…

“အားလုံးတွေ့ကြတယ်နော် ကျတော့်အမှားမ

ဟုတ်ဘူး ဒီလူက ကျတော့်လမ်းကြောင်းထဲ

ခေါင်းတိုးလာတာ”

ကုန်ကားသမားက သူ့အပြစ်မရှိဟန် လူအုပ်ကို

ပြောဆိုကာ ကားပေါ်တက်၍ ပြန်မောင်းထွက်

သွားသည်။

သူ့အပြစ်မရှိသော်လည်း..စာနာစိတ်မရှိသည့်

လက္ခဏာဖြစ်သည်။

လူနာကိုတချက်တောင်ကြည့်မသွားဘူး…

ဘယ်လိုတောင်စိတ်ဓာတ်မကောင်းလိုက်လဲ။

ကျိုးယန်လည်း လမ်းလယ်ပေါ်တွင်လဲကျနေ

သည့်…လူရှိရာသွားလိုက်သည်။ အချို့က

လူနာတင်ကားခေါ်ရန် ဖုန်းဆက်နေကြသည်။

လူနာက မသေသေး သွေးထွက်လွန်ကာ သတိ

ရတချက်မရတချက် ဖြစ်နေသည်။သူ့ပုံစံက

ရင်ညွန့်နှင့် ပုခုံးညှပ်ရိုးအများစု ကျိုးသွားဟန်

ဖြစ်ကာ ထိုအရိုးများက အတွင်းကလီစာကို

ပြန်မစိုက်နေတာကပင် ကံကောင်းသည်။

ကျိုးယန်လူနာအနားကပ်ကာ စစ်လိုက်သည်။

ဘာပဲပြောပြောအသက်တချောင်းက ကယ်

ကောင်းပါတယ်လေ။ လူနာတင်ကားအလာကို

စောင့်နေရင် ဒီလူကြီးသေသွားနိုင်တယ်။

ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီဓာတ်က သွေးထွက်

လွန်တာကို တားနိုင်ကောင်းတယ်။

“ခနဘေးဖယ်ပေးကြပါ”

ကျိုးယန်လူအုပ်ကို ဘေးဖယ်စေကာ ထိုလူ၏

လက်ကောက်ဝတ်စမ်းကြည့်သည်။

တော်ပါသေး အခြေနေမဆိုးသေးဘူး…

ချီဓာတ်ပို့ကြည့်မယ်…။

လူနာ၏လက်ကိုကိုင်ကာ ခန္ဓာကိုယ်ကို ချီဓာတ်

များဖြေးဖြေးစီ ပို့လွှတ်ကြည့်သည်။

ဟမ်….ချီလမ်းကြောင်းရှိနေပြီးသားလား။

ကျိုးယန်အံ့သြ သွားသည်။ ကျင့်ကြံသူတစ်ဦး

သာဆိုရင်…ဒီလောက်ထိခိုက်မှုက ခုလိုခြေနေ

ဖြစ်စေမှာမဟုတ်ဘူး..။ ကြည့်ရတာ..အဆင့်နိမ့်

ကျင့်ကြံသူဖြစ်မယ်။ ဘယ်အဆင့်ဖြစ်မလဲ

ချီစုဆောင်းခြင်းလား…။

ကျိုးယန်၏ ချီပို့လွှတ်မှုကြောင့် ဖြူဖျော့နေ

သည့် လူကြီး၏မျက်နှာက သွေးရောင်လွှမ်းကာ

မျက်လုံးများပွင့်လာသည်။

“ထူးဆန်းတယ်ဟေ့ သတိလစ်နေတဲ့သူကို

လက်ကလေးကိုင်ထားရုံနဲ့ သတိဝင်စေတယ်

ဘယ်လို လူငယ်လေးလဲ”

“ဒါ မှော်ဆရာဝန်ဖြစ်မယ်”

လူအုပ်က ကျိုးယန်၏ကြည့်၍ ပွစိထိုးပြောဆို

ကြတော့သည်။

“ခဗျားသက်သာလား အဆင်ပြေရင် အသက်ရှူ

ပုံစံ ဖြေးဖြေးလှည့်ပတ်လိုက်”

ကျိုးယန်က ထိုလူကိုမေးကာ အသက်ရှူပုံစံ

လည်ပတ်စေသည်။ အသက်ရှူပုံစံကာ ကျင့်ကြံ

သူတွေ၏ အခြေခံကျင့်စဥ်တခုဖြစ်ကာ

ချီစုဆောင်းရာတွင်သုံးသည့်အပြင် ပြင်းထန်

သည့် ဒဏ်ရာများကို သက်သာစေရန်လည်း

ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကိုထိန်းချုပ်စေ

ခြင်းတစ်မျိုးဖြစ်သည်။

ဆယ်မိနစ်ခန့်အကြာတွင် လူနာတင်ကားရောက်

လာကာ လူနာကို ခေါ်​ဆေင်ရန်ပြင်သည်။

လူနာတင်လှည်းပေါ်မှနေ၍ ထိုလူကြီးက

ကျိုးယန်ကို ​ပြုံးကာခေါင်းအသာဆတ်ပြသည်။

စကားတော့မပြောနိုင်သေးပေ။

ကျိုးယန်လည်း ခေါင်းပြန်ညိတ်ပြကာလူအုပ်ထဲ

မှ တိုးထွက်လိုက်တော့သည်။

ဒီလောက်ဆို ဆေးရုံရောက်ရင် အဆင်ပြေသွား

မှာပါလေ…။

အိပ်ဆောင်ကိုပြန်ရောက်တော့ ညနေစောင်း

ဖြစ်နေလေပြီ။ ဝယ်ထားသည့် ခေါက်ဆွဲဗူး

ကိုပဲ ညစာအဖြစ်စားကာ ရှောင်ဝေ့ကိုစောင့်ရင်း

စနစ်ဆီမှ အလကားရထားသည့် ချီကျင့်စဥ်

ကို လည်ပတ်နေလိုက်သည်။

ကမ္ဘာမြေရဲ့ ချီစွမ်းအားက ပါးလွှာလိုက်တာ

ဒီကလူတွေ ဘယ်လိုများကျင့်ကြံ ကြပါလိမ့်။

ကျိုးယန်တွင် တိုက်ခိုက်ရေးကျင့်စဥ်များမရှိပါ

စနစ်မှလည်း ကျင့်ကြံဆင့်သာတိုးမြင့်ပေး၍

ကျင့်စဥ်များမပေးပေ။

ငါသိတဲ့ စနစ်ပိုင်ရှင်တွေဆို ဘက်စုံတော်လိုက်

ကြတာ ဆေးပညာလား ပန်းပဲလား အစီအရင်

တည်ဆောက်တာလား အကုန်ရတယ်။ ငါ့ကျ

ဘာတခုမှမတက်ဘူး…။ စနစ်ကလည်း အခြေ

ခံလောက်တောင်မပေးဘူး…။

ကျိုးယန်တယောက် ထိုသို့တွေးမိတိုင်းစိတ်

ပျက်သလိုခံစားရသည်။ တာဝန်များက အမြဲ

တမ်းဖုံးကွယ်ထားကာ ပြီးမြောက်မှသာ

ဆုလာဘ်ရတတ်သေးသည်။

“စနစ်ရှင်အတွက် ကျင့်စဥ်တွေကို အလယ်ဆင့်

စတိုးမှာ ဝယ်လို့ရတယ်လေ”

“အလယ်ဆင့်စတိုး ဟုတ်လား အဲ့ဒါကငါအခု

ဖွင့်လို့ရပြီလား…”

ကျိုးယန်၏အမေးကိုစနစ်မှ..

“မရသေးဘူး ကမ္ဘာမြေပေါ်က အထူးတာဝန်

ကို စနစ်ရှင်အောင်မြင်ပြီးမှ ပွင့်လိမ့်မယ်”

ကျိုးယန်တယောက်ဒေါသထွက်သွားသည်။

“တာဝန်ရဲ့ဆုလာဘ် အနေနဲ့ ကျင့်စဥ်အကြမ်း

စားတခုခုတော့ထည့်ပေးသင့်တယ်မဟုတ်လား”

“စနစ်က ထည့်ပေးရင်တောင် စနစ်ရှင်က

ကျင့်နိုင်လို့လား”

“မင်း……”

ကျိုးယန်တယောက်ဘာစကားမှခွန်းတုံ့မပြန်

နိုင်တော့ပေ။

စနစ်ပြောသည်ကမှန်သည်။ ကျင့်စဥ်များရှိ

နေရင်တောင် အဆင့်မြင့်ကျင့်စဥ်များဖြစ်နေ

လျှင် သူ့အနေဖြင့်စနစ်၏အကူညီမရပါက

နားလည်မည်မဟုတ်ပေ။

ည၇ နာရီကျော်တွင် ရှောင်ဝေ့ပြန်ရောက်လာ

သည်။

“မင်းပြောတဲ့အတိုင်းကွက်တိပဲ ၁၂၀၀၀၀ နဲ့

ငါရောင်းပေးလိုက်တယ် ငါတို့အတွက် ၂၀

ရာခိုင်နှုန်းဖြစ်တဲ့ ၂၄၀၀၀ ဒီမှာ မင်းအတွက်

၁၂၀၀၀ ယူလိုက်”

ရောက်ရောက်ချင်းပင်ရှောင်ဝေ့က ကျိုးယန်၏

ဝေစုကိုထုတ်ပေးသည်။

ငွေ ၁၂၀၀၀ကို အိတ်ထဲထည့်လိုက်သည်။

“မနက်ဖန်ပွဲ သွားကြည့်မှာလား…”

ကျိုးယန်၏အမေးကို ရှောင်ဝေ့က

“မသွားတော့ဘူးလေ လကိမှတ်မှမရှိပဲ မင်းက

ကော ဘာအစီစဥ်ရှိလဲ”

“ငါလား…”

ကျိုးယန်တယောက် ရေရေရာရာအစီစဥ်

တော့မရှိပေ။ လီချင်းကျူးကိုချိန်းကာ နေ့လည်

စာဝယ်ကျွေးရင်ကောင်းမလား။…

ကျိုးယန်အတွေးများနေသည်ကိုကြည့်၍

ရှောင်ဝေ့က

“ငါဒီရက်ပိုင်းဟိုဒီသွားရတာပင်ပန်းနေပြီ

နားတော့မယ်….မင်းမှာလုပ်စရာမရှိရင်

ချင်းကျူးလေးကိုချိန်းကွာ”

ရှောင်ဝေ့က စနောက်ကာ ပြောလိုက်ခြင်းဖြစ်

သော်လည်း ကျိုးယန်ကတော့အမှန်တကယ်

ချိန်းရန်တွေးနေသည်။…

All Chapters