← Chapters

ဒီကောင်ကလူမဟုတ်ဘူး

Vol. 3 Ch. 30

ဒီကောင်ကလူမဟုတ်ဘူး

Vol. 3 Ch. 30

ကျိုးယန်က သူ့ကိုဝိုင်းပတ်သည့်လူအုပ်ကို

ကြည့်လိုက်သည်။ စုစုပေါင်း အတိအကျ၇ဦး

ဖြစ်ကာ လူမိုက်များဖြစ်သည်။

ငါသာ အရင်အခြေနေနဲ့ဆို သူတို့ထဲက တဦးကို

တောင် ပြန်ချနိုင်မယ်မထင်ဘူး။

အခုကတော့…..ဟမ့်။

ကျိုးယန်ကိုပထမဆုံး ရန်စကားလာပြောသည့်

လူမိုက်က လက်သီးဖြင့်လှမ်းထိုးသည်။

လက်သီးချက်က နှေးကွေးစွာဖြင့် သူ့ဆီဝင်

လာသည်ကို ကြည့်ကာ ကပ်၍ ရှောင်လိုက်

သည်။

နှေးလွန်းတယ်။

ကျိုးယန်ရှောင်လိုက်သည်ကိုတွေ့ကာ လူမိုက်

လည်း ဒေါသထွက်သွားသည်။ ဘယ်ညာလက်

သီးချက်များဆက်တိုက်ဝင်လာသည်။

ကျိုးယန်ကတော့ အသာအယာပင်ဆက်တိုက်

ရှောင်တိမ်းပြနေသည်။ သူ့ကိုတချက်မှပင်

မထိပေ။

“ဟေ့ကောင်တွေရပ်ကြည့်မနေနဲ့ဟ ဝိုင်းဆော်

ကွာ ရှုပ်တယ်”

သူ့လက်သီးချက်များကို ကျိုးယန်က အဆက်

မပြတ်ရှောင်ပြနေသည်ကို ကြည့်ကာလူမိုက်

လည်း လန့်သွားပုံရသည်။ သူ့လူများကို ဝိုင်း

ဆော်ရန် နိုးဆော်တော့သည်။

ချကွာ…

လူ၇ဦးဆီမှ လက်သီးချက်များ…။

ပထမတစ်ဦး၏ လက်သီးချက်ကို ဘယ်လက်

ဖြင့်ပင် ပြန်ယှဥ်ထိုးကာ ညာဘက်ရှိ ဒုတိယ

လူရဲ့လက်ကိုတော့ ကျန်လက်တဖက်ဖြင့်လှမ်း

ဆွဲ၍ လှန်ချိုးလိုက်သည်။

ဂျွတ်!

အား…

ငယ်သံပါအောင်အော်လိုက်သည့်အသံတခု

ထွက်ပေါ်လာသည်။ ကျိုးယန်ကသူ၏ ခွန်အား

ကိုထိန်းချုပ်ထား၍သာ မဟုတ်လျှင် တချက်စီ

ထိုးရုံဖြင့် သေစေနိုင်သည်။

လက်သီးချက်များကိုရှောင်ကာ နီးရာလူများကို

ဖမ်းဆုပ်၍ လက်တန်သည်လက် ခြေတန်သည်

ခြေ များ ချိုးပစ်တော့သည်။

သက်ညှာပေးလို့မရဘူး..။

အား…

အမလေးဗျ…..

ပထမဆုံးလက်သီးချင်း ယှဥ်ထိုးခံရသည့်လူ

လည်း အနောက်သို့ ယိုင်ထွက်သွားကာ သူ့

လက်ကို ပြန်ဆုပ်ကိုင်၍ အော်ဟစ်နေရသည်။

ဟမ့်…ပျော့လိုက်ကြတာကွာ…။

ကျိုးယန်တယောက် အရိုးကျိုးသွားသော်လည်း

လဲမကျသေးသည့် လူမိုက်များကို လက်သီးဖြင့်

ပင် ထပ်မံထိုးနှက်သည်။

ချီးပဲ…မထင်ထားဘူး ကောင်လေးက

သန်မာလွန်းနေတယ်…။

ဒီကောင်လူမဟုတ်ဘူး မကောင်းဆိုးဝါး

သေချာတယ် မကောင်းဆိုးဝါးတကောင်ပဲ။

အကုန်လုံးချောက်ခြားသွားကြကာ မြေပေါ်

လှဲအိပ်၍ အနားယူရတော့သည်။

လက်သီးထိုးပွဲက ၅မိနစ်ပင်မကြာလိုက်။

ပိန်ပါးကာ အားနည်းသည့်ငယ်ရှိသည် ကျောင်း

သားလေးက လူမိုက်၇ဦးကို အမှောက်သိပ်ခြင်း

ဒါက ကြီးကျယ်ခမ်းနားသည့် သတင်းတပုဒ်

ဖြစ်သွားနိုင်သည်။

“ ဟေ့လူတွေ ထကြဦး မေ့ချင်ယောင်ဆောင်

မနေကြနဲ့ ခဗျားတို့မသေဘူးဆိုတာသိတယ်”

ဟင့်အင်းမထဘူး။ ထစရာလား ထပ်အထိုးခံရ

မှာပေါ့။

အကုန်လုံးက ကျိုးယန်စကားကိုဂရုမစိုက်

မြေပေါ်တွင်လူးလိမ့်ကာ အော်ဟစ်နေသည်။

သောက်ကျိုးနည်း သရုပ်ဆောင်ကောင်တွေ။

ဒါလား လူမိုက်။

ထိုစဥ် ကျယ်လောင်သည့် အသံတခုကထွက်

ပေါ်လာသည်။

“ကျိုးယန် မင်းကို လုံးဝမထင်ထားဘူးကွာ

မင်းကမှ တကယ့်ဖိုက်တာပဲ…”

အသံပိုင်ရှင်ကတော့ ရှောင်ဝေ့ဖြစ်သည်။

ဘယ်ကနေဘယ်ပုံရောက်လာသည်မသိ

ကျိုးယန်အနားရောက်လာကာ ပုခုံးကိုဆုပ်ကိုင်

၍ စကားများတရစပ်ပြောတော့သည်။

“မင်းလိုသူငယ်ချင်းရှိတာ ကောင်းတယ်

ငါသာ အနိုင်ကျင့်ခံရရင် မင်းကူညီနော်

အိုကွာ…မင်းကိုအမီပြုပြီး ငါလူမိုက်လုပ်ရင်

ကောင်းမလား..လောင်းကစားရုံတွေကို မိုက်

ကြေးခွဲမယ် ဆတ်ကြေးကောက်မယ် ဟားဟား

ပိုက်ဆံတွေအများကြီး ရပြီကွ”

ကျိုးယန်တယောက်မျက်လုံးလှန်လိုက်ရသည်။

တော်လိုက်တော့ သောက်ကျိုးနည်း မဟာ့မဟာ

အကြံစည်ကြီးပဲ။

“ငါတတ်ထားတဲ့ပညာက အဲ့လိုအောက်တန်း

စားအလုပ်တွေလုပ်ဖို့မဟုတ်ဘူး”

ကျိုးယန်က လူးလိမ့်နေသေးသည့် လူမိုက်များ

ကိုကြည့်လိုက်သည်။

“ခဗျားတို့မထသေးဘူးလား ကျုပ်အခုပဲထ

လာအောင်ကူညီရမလား”

ကျိုးယန်ပြောလိုက်သည်နှင့် လူးလိမ့်နေသည့်

လူမိုက်များက မျက်နှာရှုံ့မဲ့ကာ ထလာကြသည်

“ခဗျားတို့မှ ပိုက်ဆံဘယ်လောက်ပါလဲ ကျုပ်ရဲ့

စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုအတွက် လျော်

ကြေးပေးရမယ် ပါသမျှပေးခဲ့ပေတော့”

ရှောင်ဝေ့…”ခုနကသူပြောတာကျတမျိုး”

မင်းဘိုးအေကို ထိတ်လန့်မှုလား။ အထိုးခံရတာ

ကငါတို့ပါကွ။ ငါတို့လန့်ဖို့လည်းထားပါဦး။

ကျိုးယန်၏ မိုက်ကြေးခွဲမှုကို သိသော်လည်း

အစွမ်းအစကို သိသွားကြပြီမို့ အထွန့်မတက်ကြ

ပါလာသည့်ငွေများကိုသာ အလိုက်တသိထုတ်

ပေးရတော့သည်။ မဟုတ်လျှင် ထိုလူမဟုတ်

သည့်ကောင်က ဘာထပ်လုပ်မည်ကို သူတို့မ

ပြောနိုင်ပေ။

“ဒီ မှာ ပါတာအကုန်ပါပဲ ကျုပ်တို့ကိုသွားခွင့်ပြု

ပါ သခင်လေး”

လေသံများပြောင်းသွားသည်။ မပြောင်းလို့လဲ

မရ ကျိုးယန်၏လက်သီးကပြင်းသည်လေ။

လူမိုက်တဦးကမ်းပေးသည့် ငွေကိုယူကာ

ရှောင်ဝေ့ဆီပစ်ပေးလိုက်သည်။

“ဒါကို ယူထားလိုက်”

ကျိုးယန်ဆီငွေပေးပြီးသည်နှင့် လူမိုက်များက

တယောက်ကိုတယောက် တွဲကာ ထွက်သွား

ကြတော့သည်။

လူမိုက်ကို မိုက်ကြေးပြန်ခွဲရသည့် ခံစားချက်။

လုံးဝ အသစ်အဆန်းတခုပင်။

“မင်း ဘယ်တုန်းက ကိုယ်ခံပညာသင်လိုက်

တာလည်း ငါလည်းမသိရပါလား”

ရှောင်ဝေ့၏စကားကို ကျိုးယန်က

“မင်းက ငါ့အဖေမို့လို့လား အကုန်သိရအောင်”

ရှောင်ဝေ့က ရယ်ကျဲကျဲ ဖြင့်

“အဖေတော့မဟုတ်ပေမယ့် အခုကစပြီးငါက

မင်းလက်ထောက်ပဲ…လိုအပ်တာရှိရင်အားမနာ

တမ်းပြောလိုက် ဘောစ့်”

ကျိုးယန်… “........”

နောက်တနေ့တွင် ကျိုးယန်တယောက် အိပ်ရာ

မှစောစောထကာ အသက်ရှူခြင်းဆိုင်ရာ

ကျင့်စဥ်ကိုလည်ပတ်နေသည်။

စနစ်တခုလုံးရှိပါလျက်နဲ့ ဒီလိုအခြေခံကျင့်စဥ်

လေးကိုပဲ သုံးနေရတယ်။

ရှက်ဖို့ကောင်းလိုက်တာ တခြားစနစ်ရှင်တွေ

သိရင် ဘယ်လောက်တောင်ကဲ့ရဲ့ကြမလဲ။

အတန်ကြာ လှည့်ပတ်ပြီးနောက်ထလိုက်သည်။

ဒီနေ့က အိုးရန်ရွှမ်းရွှမ်းနှင့် ချိန်းဆိုထားသည်

မဟုတ်လား။

မနေ့က ရထားသည့် ငွေများကို ရှောင်ဝေ့

တယောက်သူ့ကိုအကုန်ပေးသည်။ တဝက်ပြန်

ခွဲပေးသော်လည်း မယူပေ။ လိုအပ်လျှင်

တောင်းမည်ဟု သာပြောသည်။

ကျိုးယန်တယောက် ရေချိုးရန်ပြင်နေသည်ကို

ကြည့်၍ ရှောင်ဝေ့ကအိပ်ရာထဲမှလှမ်းမေးသည်

“စောစောနိုးလို့ပါလား ဘယ်သွားစရာရှိလို့လဲ

အတန်းမတက်ဘူးလား”

ရှောင်ဝေ့၏အမေးကို ကျိုးယန်မှ

“မြို့ထဲသွားစရာရှိတယ် မင်းဘာမှာဦးမလဲ”

“မှာစရာကတော့ စားစရာပဲ ဒါနဲ့ အတန်းခွင့်

တင်ပေးဖို့ ငါပဲ ကူညီထားလိုက်ပါမယ် အပြန်

ကျ ဘီယာလေးဘာလေးဆွဲခဲ့ပေါ့”

ရှောင်ဝေ့ကအလိုက်တသိခွင့်တိုင်ပေးရန်

ပြောလာသည်။

“အေး..ငါပြန်လာလို့ အခြေနေရရင်ဝယ်ခဲမယ်

ဒါနဲ့…လီချင်းကျူးမေးရင် ငါသူ့ကိုပြောထားတဲ့

အလုပ်ကိစ္စသွားတယ်လို့သာပြောလိုက်”

“မင်းတို့ခြေနေကဘာလဲ တွဲနေကြပြီလား”

ရှောင်ဝေ့က အံ့အားသွားဟန်ဖြင့်မေးသည်။

“အဲ့အဆင့်တော့မရောက်သေးပါဘူးကွာ ငါနဲ့

လီချင်းကျူး အနေထားကလည်းမင်းသိတဲ့

အတိုင်း ခက်ခဲတယ် ငါငွေရှာဖို့ကြိုးစားရဦး

မယ်”

ကျိုးယန်၏စကားကို ရှောင်ဝေ့ကလည်း

ထောက်ခံသည်။

“ဟုတ်တယ် လီချင်းကျူးက စာတော်တယ်

တကယ့်ကို မိန်းမကောင်းလေးပါ မင်းနဲ့ဆို

ငါကသဘောတူပြီးသား အရမ်းလည်းမကြန့်

ကြာနဲ့ဦး သူများနောက်ပါသွားဦးမယ်”

ရှောင်ဝေ့၏စကားကို ကျိုးယန်မည်သို့မှမတုံ့

ပြန်တော့။ လီချင်းကျူးအနေဖြင့် သူတပါး

နောက်ပါသွားမှာတဲ့လား..။ ဇာတ်လမ်းတွေထဲ

ကလို သူမ မိဘတွေကဖိအားပေးလာလျှင်

ဖြစ်နိုင်သော်လည်း ယခုသူ့အနေထားအရ

ဖြစ်လာလျှင်လည်း စိုးရိမ်စရာမရှိပေ။

All Chapters