← Chapters

.သူက သက်တော်စောင့်တဲ့လား

Vol. 3 Ch. 31

.သူက သက်တော်စောင့်တဲ့လား

Vol. 3 Ch. 31

ရေချိုးအဝတ်အစားလဲ ပြီးနောက် အိပ်ဆောင်မှ

ထွက်ကာ မြို့ထဲသို့ဦးတည်လိုက်သည်။

အိုးရန်ရွှမ်းရွှမ်းတည်းခိုသည့် ဟိုတယ်က မြို့

တွင် အကောင်းဆုံးဖြစ်ကာ စျေးကြီး၍ ဝန်

ဆောင်မှုကလည်း ကြယ်၃လုံးအဆင့်ရှိသည်။

ဟုတ်ပါသည်..။

တခြားမြို့ကြီးများရှိ ဟိုတယ်များနှင့်ယှဥ်လျင်

တော့ နိမ့်ကျပေသည်။

မြို့ထဲသို့ရောက်တော့ အချိန်အနည်းငယ်

စောနေသည်ဖြစ်၍ စားသောက်ဆိုင်တခုဝင်ကာ

မနက်စာ စားလိုက်သည်။

သူမိုက်ကြေးခွဲထားသည့် ငွေက ၃၀၀၀၀ ကျော်

ရှိနေသည်။

မိုက်ကြေးခွဲ၍ လူမိုက်လုပ်ရမလားဟူ၍ပင်

အတွေးဝင်သွားသည်။

မဟုတ်သေး…။သူသာထိုသို့လုပ်လျှင် တခြား

သူတော့မသိ သေချာပေါက်ပင် လီချင်းကျူး

တယောက်အထင်သေးသွားနိုင်သည်။

မနက်စာ စားနေချိန်တွင် အိုးရန်ရွှမ်းရွှမ်းဆီမှ

ဖုန်းဝင်လာသည်။

“ဟေး…ထွက်လာပြီလား”

“ဒါပေါ့ အခုမြို့ထဲမှာ မနက်စာစားနေတာလေ

ခနနေ ခဗျားဆီရောက်မယ်”

ကျိုးယန်လည်း လိုရင်းကိုပြောကာ ဖုန်းချလိုက်

သည်။ ပြီးနောက် မနက်စာဆက်စားကာ

အချိန်တခုကြာပြီးနောက် ငွေရှင်း၍ ဟိုတယ်

သို့ထွက်လာလိုက်သည်။

ဟိုတယ်၏ ကောင်တာသို့ရောက်သည့်အခါ

အိုးရန်ရွှမ်းရွှမ်း ပြောပြထားသည့်အခန်းကို

သွားမည့်အကြောင်းအသိပေး၍ ဓာတ်လှေကား

မှတဆင့် တက်သွားလိုက်သည်။

“မင်းခေါ်ထားတဲ့လူ လာနေပြီလား”

အစ်မဂျူက အခန်း၏ ဧည့်ခန်းတွင်ပင်ထိုင်ကာ

အိုးရန်ရွှမ်းရွှမ်းနဲ့အတူ ကျိုးယန်ကိုစောင့်နေပုံ

ရသည်။ သူမဘေးတွင် သူမကိုယ်တိုင်ခန့်ထား

သည့် သက်တော်စောင့်၂ ဦးရပ်နေသည်။

“သူလာနေပြီလို့ပြောတယ် အခုဆိုဟိုတယ်ထဲ

တောင်ရောက်နေလောက်ပြီ”

အိုးရန်ရွှမ်းရွှမ်းက ပြန်ဖြေသည်။

ယနေ့တွင်သူမက မြို့တော်ဆီပြန်ရမည်ဖြစ်၍

ကျိုးယန်ကို သူမ၏ သက်တော်စောင့်ခန့်မည့်

ကိစ္စအားမေးကာ ကျိုးယန်လက်ခံပါက တပါ

တည်း ခေါ်သွားရန်ဖြစ်သည်။

သူမတခုစိတ်ပူသည်က ကျောင်းပညာရေး

ဖြစ်သည်။ ကျိုးယန်သာ ကျောင်းဆက်တက်

မည်ဆိုပါက အလုပ်ခန့်သည့်ကိစ္စက အချိန်တခု

သူမထပ်စောင့်ရပေမည်။

အစ်မဂျူနှင့်သူမ စကားပြောနေစဥ် အခန်း

တံခါး ခေါက်သံကြားလိုက်ရသည်။

“ရောက်လာပြီထင်တယ် မိုက်ကယ် တံခါးဖွင့်

ပေးလိုက်ပါဦး”

အစ်မဂျူက မိုက်ကယ်ကိုပြောလိုက်သည်။

မိုက်ကယ်က အစ်မဂျူနားရှိနေသည့် နှစ်ဦးထဲ

မှ တစ်ဦးဖြစ်သည်။

မိုက်ကယ်က တံခါးဖွင့်ပေးလိုက်သည်။

ငယ်ရွယ်သည့် လူငယ်တစ်ဦး အခန်းထဲဝင်

လာသည်။ သူ့ပုံစံက တည်တည်ငြိမ်ငြိမ်ရှိကာ

မျက်လုံးများက အခန်းကိုဝေ့ဝဲ၍ တချက်ပင်

မကြည့်…အိုးရန်ရွှမ်းရွှမ်းဆီ တည့်တည့်ဝင်

လာကာ ခုံတွင်ထိုင်ချလိုက်သည်။

ဟမ်…

အစ်မဂျူ နှာခေါင်းရှုံးသွားသည်။

ခွင့်တောင်မတောင်းဘူး ဘယ်လိုတောင်လဲ။

အိုးရန်ရွှမ်းရွှမ်းကတော့ မည်သည့်စကားမှ

မပြောပဲ ကျိုးယန်ကိုသာစိုက်ကြည့်နေသည်။

ပြီးနောက်..

“လက်မှတ်ကိစ္စ အဆင်ပြေသွားလား”

ကျိုးယန်တယောက် နှာခေါင်းထိပ်ကိုလက်ဖြင့်

အသာတို့၍ ပြန်ဖြေသည်။

“ပြေပါတယ်…ခဗျားကိုဘယ်သူမှန်းချက်ချင်း

သတိမထားမိလိုက်ဘူး”

အိုးရန်ရွှမ်းရွှမ်းက ခေါင်းညိတ်ပြသည်။

“ရပါတယ် ဒါနဲ့ရှင့်ကိုအခုခေါ်လိုက်တာက

ပထမတုန်းက ကျမပြောထားတဲ့သက်တော်

စောင့်ကိစ္စပဲ ရှင်စိတ်ဝင်စားလား”

ဘေးတွင်ရှိနေသည့် အစ်မဂျူက ကမန်းက

တန်းပင်ဝင်မေးသည်။

“သူ့ကိုသက်တော်စောင့်ခန့်ဖို့လား သူကလား

ရွှမ်းရွှမ်း မင်းနောက်နေတာလား”

“ကျမနောက်နေတာမဟုတ်ဘူးအစ်မ မယုံရင်

သူ့အစွမ်းအစကိုအစ်မ စမ်းလို့ရတယ်”

အိုးရန်ရွှမ်းရွှမ်းက မျက်ခုံးအစုံကိုပင့်ကာ

အစ်မဂျူကို စိန်ခေါ်သည့်ဟန်ဖြင့်ပြောသည်။

“ ကျောင်းသားအရွယ်ပဲရှိသေးတယ် အဆင်ပြေ

ပါ့မလား”

အစ်မဂျူလည်း ကျိုးယန်ကိုခေါင်းအစ ခြေအ

ဆုံးကြည့်သည်။ ပုံစံကတော့ အချောကလေး

ဖြစ်ကာ မသိလျှင် mama boy ဟုထင်ရမည်။

အိုးရန်ရွှမ်းရွှမ်း အကြောင်းသူမသိသည့်

ရုပ်ချောတာ တခုတည်းနဲ့တော့မဖြစ်နိုင်ပေ။

အကြောင်းတခုရှိရမည်။

အစ်မဂျူက ကျိုးယန်ကိုကြည့်၍ မေးသည်။

“ရွှမ်းရွှမ်းက မင်းကို သက်တော်စောင့်ခန့်ချင်

နေတယ် သူ့မှာမင်းကို ယုံကြည်စေနိုင်တဲ့

အကြောင်းပြချက်အချို့ရှိနေတယ်ဆိုပေမဲ့

ငါက သူ့ရဲ့အထွေထွေမန်နေဂျာ အုပ်ထိန်းသူ

တယောက်အနေနဲ့ စစ်စရာတော့လိုမယ်

အဆင်ပြေလား ကောင်လေး”

ကျိုးယန်က ​ပြုံး၍ ပြန်ဖြေသည်။

မ​ပြေစရာအကြောင်းမရှိပေ။ တာဝန်ကအရေး

ကြီးသည်မဟုတ်လား။

“ကောင်းပြီ ဒါဆို မိုက်ကယ်..”

အစ်မဂျူက လက်ခံလိုက်သည်နှင့်တပြိုင်နက်

သူ့နောက်ရှိ မိုက်ကယ်ကိုခေါ်လိုက်သည်။

မိုက်ကယ်က

“ကောင်လေး အဆင်​ပြေတာသေချာလား”

“ သေချာတာပေါ့ ဘာလဲ ခဗျားနဲ့လက်ရည်စမ်း

ပြရမှာမလား..လာလေ နှစ်ယောက်စလုံးဆို

ပိုအဆင်ပြေတယ်”

ဟမ်…အစ်မဂျူမျက်လုံးများဝိုင်းစက်သွားရ

သည်။ ကောင်လေးက လေကြီးပုံရသည်။

သတ္တိကတော့မခေပေ။

“ကောင်လေး စကားကိုအကုန်မပြောနဲ့နော်”

မိုက်ကယ်က ကျိုးယန်ကိုကြည့်၍ အထင်သေး

ဟန်ဖြင့်ဆိုသည်။

ကျိုးယန်လည်းခေါင်းအသာညိတ်ပြကာ

“ကျုပ်အတည်ပြောနေတာ လာပါအချိန်ကြာ

လွန်းလို့ တပြိုင်တည်းသာလာလိုက်”

အစ်မဂျူ၏ သက်တော်စောင့်၂ဦးကိုစိန်ခေါ်

ကာ ခပ်လှမ်းလှမ်းနေရာသို့ ရှေ့မှအရင်ထွက်

သွားကာစောင့်နေလိုက်သည်။

ဟမ့်…ကောင်းပြီလေ…။

မိုက်ယ်နှင့်အခြားသက်တော်စောင့်ကလည်း

အနောက်မှလိုက်ပါလာသည်။ ဟိုတယ်၏

အထူးအခန်းက ကျယ်ဝန်းသည်မို့ ဧည့်ခန်း

တွင်ပင် လူ၃ဦး လက်သီးချင်းယှဥ်ထိုးရန်က

ပြဿနာမရှိနိုင်ပေ။

“ကောင်လေး မင်းအရင်စမလား”

မိုက်ကယ်ကမေးသည်။

“မလိုပါဘူး ကျုပ်အရင်စလိုက်ရင် ခဗျားတို့

တချက်တောင်ပြန်ထိုးနိုင်မှာမဟုတ်ဘူး”

ကျိုးယန်၏စကားကြောင့် မိုက်ကယ်နှင့်အခြား

သက်တော်စောင့်လည်း ဒေါသထွက်သွားသည်။

“ဒါဆို လာပြီနော် သတိထားတော့ကောင်လေး”

မိုက်ကယ်၏ ညာလက်သီးက ဖြောင့်တန်းစွာ

ဖြင့် ကျိုးယန်၏ မျက်နှာတည့်တည့်ကိုဝင်လာ

သည်။ ကြည့်ရသည်မှာ မိုက်ကယ်က တပ်ထွက်

ဖြစ်သည်ထင် အတိုက်အခိုက်ကျွမ်းသည်။

မျက်နှာဆီ တိုးဝင်လာသည့် လက်သီးချက်ကို

ငုံ့ ရှောင်လိုက်သည်။ သူ့အနေဖြင့် မိုက်ကယ်ကို

ပြန်ထိုးရန်အခွင့်အရေးရသော်လည်း မထိုး

သေး။

တဖက်ကို ထိုးခွင့်တော့ပေးရမည်။ မဟုတ်လျှင်

တဖက်လူက ရှက်ရမ်းရမ်းနိုင်သည်။

မိုက်ကယ်၏ဘေးနားရှိတယောက်ကလည်း

လက်သီးချက်ကို ကျိုးယန်ရှောင်လိုက်တာကို

မြင်သည်နှင့် သူကလည်း ဝငိထိုးသည်။

နောက်ထပ်လက်သီးချက်တချက် ဒါက

မိုက်ကယ်လက်သီးချက်ထက်ပျော့ပုံရသည်။

သို့သော် သာမန်လူဆိုလျှင်တော့ ခွေကနဲကျ

သွားနိုင်သည့်ခွန်အားပြည့်လက်သီးဖြစ်သည်။

လက်သီးချက်ကို ကျိုးယန်ထပ်ရှောင်ပြလိုက်

သည်။

ရှောင်လိုက်တာလား လက်သီးချက်၂ချက်

စလုံးကိုလေ။

မိုက်ကယ်နှင့် အခြားသူလည်းကြောင်သွားကာ

တယောက်ကိုတယောက်ကြည့်ကာ သူတို့အနေ

ဖြင့် အလေးအနက်ထားရတော့မည်ဟု နား

လည်သွားကြသည်။

ဟိုင်းယား

နှစ်ဦးစလုံးခုန်ဝင်ကာ ခြေကန်ချက်တခုစီ

ကန်လိုက်သည်။

ဒီတခါတော့ ကျိုးယန်မရှောင်တော့ ခြေကန်

ချက်များကို တိုက်ရိုက်ပင် ပြန်ကန်လိုက်သည်။

ဖြောင်း…

အား…

မတူညီသည့်ခြေကန်ချက်၂ခုကို တဦးတည်းမှ

တချိန်တည်းပြန်တုံ့ပြန်ကာ ကန်ပြလိုက်ခြင်း။

မိုက်ကယ်နှင့် သက်တော်စောင့်လည်း ပေ

အနည်းငယ်လွင့်ကာ ပြုတ်ကျသွားသည်။

ကျိုးယန်က လူမိုက်များကိုပညာပေးသလို

ခွန်အားမသုံးပဲ အားအနည်းငယ်သာထည့်၍

ကန်လိုက်သည်မို့ အရိုးတော့ကျိုးမသွား။

သို့သော်ထိုအရာကပင် ကျိုးယန်၏ တိုက်ခိုက်

နိုင်စွမ်းကိုသိရန်လုံလောက်သည်။

သက်တော်စောင့်၂ ဦးလည်း မိနစ်အနည်းငယ်

ကြာ ခြေထောက်များကိုပွတ်၍ ကြမ်းပြင်တွင်

လဲနေကြသည်။

“ဒီလောက်ဆိုလုံလောက်ပြီလား”

ကျိုးယန်က အစ်မဂျူဘက်ကိုကြည့်ကာမေး

လိုက်သည်။

အစ်မဂျူတယောက် မယံနိုင်ဟန်။ထိတ်လန့်

နေဟန်ဖြင့် ပြန်ဖြေသည်။

“လုံလောက်ပြီ လုံလောက်ပါပြီ”

အိုးရန်ရွှမ်းရွှမ်းကတော့ ဖြစ်စဥ်အစအဆုံးကို

ပြုံး၍သာ ကြည့်နေသည်။ ဒီရလာဒ်ကိုသူမ

အနေဖြင့် မျှော်လင့်ပြီးသားဖြစ်သည်။

ကျိုးယန်တယောက် ထိုင်ခုံတွင် ပြန်ထိုင်ကာ

စားပွဲပေါ်ရှိရေဘူးကိုယူသောက်သည်။

“အလုပ်ကိစ္စကဘာတဲ့လဲ လစာကကော”

ကျိုးယန်၏ အမေးကိုအိုးရန်ရွှမ်းရွှမ်းက

“လစာက တလကို ၅၀၀၀၀ ပေးမယ်

တစ်နှစ်ပြည့်ပြီးတိုင်း တလစီကို ၅၀၀၀

တိုးပေးမယ် ပုံမှန်ဆို ကျမတို့က နှစ်ချုပ်နဲ့

သွားလေ့ရှိပေမယ့် ရှင်က ကျောင်းသားဖြစ်နေ

တော့ စာချုပ်နဲ့မသွားတော့ဘူး တလချင်းစီပေါ့

ကျောင်းတဖက်တက်ရင်း ကျမဆီမှာအလုပ်

လုပ်ခွင့်ပေးမယ် ဘယ်လိုလဲ”

ကြမ်းပြင်ပေါ်လဲနေသည့် မိုက်ကယ်လည်း

အံ့သြသွားသည်။ သူက ကျောင်းသားတဲ့လား။

“ ကျောင်းကိစ္စ ကျတော်နားလိုက်ပါပြီ ခွင့်ရက်

ရှည်တင်ထားပြီး အလုပ်ဝင်လိုက်မယ် ခဗျားက

မြို့တော်ဆီ ပြန်ရမယ်မဟုတ်လား”

“ဟုတ်တယ် ရှင်တခါတည်းလိုက်ခဲ့မလား”

“မလိုက်တော့ဘူး..လုပ်စရာတွေရှိတယ် လစာ

ကြိုထုတ်ပေးလို့ရမလား..”

အိုးရန်ရွှမ်းရွှမ်းတယောက်ရယ်မောလိုက်သည်။

“ရှင်က အလုပ်စဝင်တာနဲ့လစာတောင်းတာပဲ

လား”

“မတတ်နိုင်ဘူး ကျုပ်က ကျောင်းသားလေ

ခဗျားရဲ့ မြို့တော်ကိုလိုက်ဖို့ လမ်းစရိတ်လို

တယ် ပြီးတော့ ဝယ်စရာလည်းရှိနေလို့”

“ဟုတ်ပါပြီ ကျမထုတ်ပေးလိုက်မယ် ရှင်ကတိ

တော့တည်ပါစေနော် တပတ်အတွင်းမြို့တော်

ကိုလိုက်ခဲ့ရမယ် အစ်မဂျူ သူ့ကိုငွေတသိန်း

ထုတ်ပေးလိုက်ပါ ၅၀၀၀၀ ကသူ့လစာ

ကျန်တာကလမ်းစရိတ်ပေါ့”

အိုးရန်ရွှမ်းရွှမ်းက အစ်မဂျူဘက်လှည့်၍

ပြောလိုက်သည်။

အစ်မဂျူလည်း ခေါင်းညိတ်ပြသည်။

ပြီးနောက် သူမ၏ပိုက်ဆံအိတ်ထဲမှ ငွေသား

တထပ်ကိုထုတ်ကာ ပေးသည်။

“မင်းမှာဘဏ်အကောင့်တခုရှိလား မရှိလည်း

မြို့တော်ရောက်ရင် ငါလုပ်ပေးမယ် ငါတို့က

လစာကို ဘဏ်အကောင့်ထဲလွဲပေးတာ အခုက

မင်းမှာဘဏ်အကောင့်မရှိလောက်ဘူးထင်လို့

ငွေသားပေးလိုက်မယ်”

ကျိုးယန်က ငွေသားတထပ်ကိုယူကာ အိတ်ထဲ

ထည့်လိုက်သည်။ ပြီးနောက် ချက်ချင်းပင်

မတ်တပ်ရပ်ကာ နှုတ်ဆက်သည်။

“ဒါဆို ပြန်ခွင့်ပြုပါဦး”

ကြမ်းပြင်ပေါ်လဲကျနေသည့် သက်တော်စောင့်

၂ဦးဘက်ကိုကြည့်ကာ ပြုံးပြလိုက်သည်။

ပြီးနောက်အခန်းထဲမှ ထွက်သွားတော့သည်။

All Chapters