← Chapters

ချူမိသားစုအင်အား

Vol. 3 Ch. 32

ချူမိသားစုအင်အား

Vol. 3 Ch. 32

ကျိုးယန်တယောက် ဒုတိယနှစ်ဝက်ကာလကို

ခွင့်ရက်ရှည်ယူရန် ဆုံးဖြတ်လိုက်သည်။ သို့

သော် လီချင်းကျူးကို မည်သို့ပြောပြရမည် သူ

မတွေးတတ်သေးပေ။

သူမက နှစ်ကုန်စာမေးပွဲတွင် အမှတ်များများရ

အောင် ဖြေစေချင်နေသည်။ ကျောင်းမှ ခွင့်ရက်ရှည်ယူမည်ဆိုတာကို သိပါက သူမတား

နိုင်ချေရှိသည်။ သို့သော် အသိမပေးပဲ ထွက်

သွားတာထက်စာလျင် အသိပေးလိုက်တာက ပို

အဆင်ပြေမည်။

အိပ်ဆောင်ကိုပြန်ရောက်တော့ ရှောင်ဝေ့ကိုရှာ

ကာ ခွင့်ရက်ရှည်ယူမယ့်အကြောင်း​ပြောလိုက်

သည်။ ထိုအပြင် ခွင့်စာကိုလည်းကိုယ်တိုင်ရေး

ကာ ကျောင်းအုပ်ဆီကိုယ်တိုင်ပို့လိုက်သည်။

လီချင်းကျူးတယောက်ကတော့ ကျိုးယန်တွက်

ဆထားသည့်အတိုင်းပင်။ ကျိုးယန်တယောက်

ခွင့်ရက်ရှည်ယူကာ ခရီးသွားမည်ကိုသိရတော့

သူမလေးက မျက်နှာမကောင်းတော့ပေ။

“နင်အခုလို ကျောင်းမတက်ပဲနေရင် စာမေးပွဲကို

ဘယ်လိုဖြေမလဲ”

လီချင်းကျူးတယောက် ကျိုးယန်၏စာမေးပွဲ

ရလာဒ်မကောင်းမည်ကို အမှန်တကယ်ပင် စိတ်

ပူနေပုံရသည်။ သူမ မသိတာက ကျိုးယန်က

ကျင့်ကြံသူတယောက်ဖြစ်နေ၍ သာမန်လူတို့၏

စာပေများက လေ့လာရန်လွယ်ကူသည်။

“အများဆုံး ၂လ ပါပဲ သေချာပေါက်စာမေးပွဲ

လာဖြေမှာပါ”

ကျိုးယန်တယောက် လီချင်းကျူးကိုအထပ်

ထပ်အခါခါ ဖြောင်းဖျပြီးနောက် အဆင်ပြေသွားသည်။ သူတို့နှစ်ယောက်က ထုတ်မပြောကြသည့်တိုင် ခံစားမှုအချင်းချင်းနားလည်ကာ

လက်ခံထားကြပြီဖြစ်သည်။

နောက်တနေ့ရောက်တော့ အိုးရန်ရွှမ်းရွှမ်းရှိရာ

မြို့တော်သို့ရောက်လာသည်။ အိုးရန်ရွှမ်းရွှမ်း

က သူမ၏အခြားသက်တော်စောင့်များနည်းတူ

သူမပိုင်ဆိုင်သည့် အိမ်ကြီးထဲတွင်နေစေသည်။

“ကောင်လေး မြို့ကိုရောက်ခါစဆိုတော့ ရင်းနီး

သွားအောင် တရက်အချိန်ယူပြီး ပတ်ကြည့်

လိုက်ပါလား”

အစ်မဂျူက ပြောသည်။ နောင်တွင် ကျိုးယန်

အနေဖြင့် အိုးရန်ရွှမ်းရွှမ်းသွားရာ လိုက်ပါရ

တော့မည်ဖြစ်သည်။ အစ်မဂျူ၏ စကားကို

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။

ဒီမြို့တော်သည် လူဦးရေ အနည်းဆုံး ၅သန်းခန့်

ရှိမည်ဟုထင်ရကာ ထိုထက်ပင်ပိုနိုင်သည်။

စည်ကားသော လူများ လမ်းများ ခေတ်မီ၍

ကြည့်ကောင်းသည့်အထပ်မြင့် အဆောက်ဦး

များတို့ဖြင့် ၂၁ ရာစု၏ လူသားတို့ရဲ့ အောင်

မြင်မှုကို မြင်သာစေသည်။

ကျိုးယန်တယောက် နေ့လည်စာ စားရန်

ဆိုင်တခုကိုရှာလိုက်သည်။ ဆိုင်ထဲတွင် လူက

သိပ်မရှိပေ။ လူရှင်းသည့် ထောင့်တနေရာကို

သွားကာ စားစရာအချို့မှာကာ ထိုင်နေသည်။

ထိုစဥ် ကျိုးယန်ထိုင်နေသည့် စားသောက်ဆိုင်

ရှေ့သို့ ကားအကောင်းစားကြီးများ တစီးပြီး

တစီးထိုးရပ်လာကြသည်။

ဘာလဲဟ…။ကားအကောင်းစားတွေနဲ့ နေ့လည်

စာလာစားတာလား။

ကျိုးယန်လည်း ထိုမြင်ကွင်းကိုစိတ်ဝင်တစား

ကြည့်နေသည်။ စုစုပေါင်း ကား၅စီးဖြစ်ကာ

နက်မှောင်တောက်ပနေသည့် ပုံစံတူ နောက်ဆုံး

ပေါ် ကားများဖြစ်သည်။

ကျိုးယန်ကြည့်နေစဥ်မှာပင် ကားတံခါးများပွင့်

ကာ တူညီဝတ်စုံဝတ်ဆင်ထားသည် လူများ

တပြိုင်တည်းထွက်လာသည်။ ပြီးနောက်

အသက် ၃၀ အရွယ်လူလတ်ပိုင်းအရွယ်တစ်ဦး

နှင့် အသက်၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး

အတူတွဲကာဆင်းလာသည်။

ထိုအမျိုးသားက ပတ်ဝန်းကျင်ကိုတချက်ကြည့်

သည်။ ပြီးနောက် ဆိုင်ထဲသို့ကြည့်ကာလျှောက်

ဝင်လာသည်။ ထိုအမျိုးသားအထဲဝင်လိုက်

သည်နှင့် တူညီဝတ်စုံဝတ်ဆင်ထားသည့် လူစု

က ဦးညွတ်ပြကာ ဆိုင်ရှေ့တွင် သတိအပြည့်

ဖြင့်စောင့်နေသည်။

မာဖီးယားဂိုဏ်းလား…။ကျင့်ကြံရေးလောကရဲ့

သခင်လေးတွေပုံစံပဲ။ ကျိုးယန် ထိုလူကို

တချက်ကြည့်ကာ နှုတ်ခမ်းထောင့်များတွန့်

ကွေးသွားသည်။ ဟိတ်ဟန်ကြီးတဲ့သူများကို

ကျိုးယန်သဘောမကျချေ။ အထူးသဖြင့်

မိသားစုနောက်ခံကိုမီတာ ထောင်လွှားကြသည့်

လီဟူယောင် လို လူကုံထံသခင်လေးများကိုပင်

ဖြစ်သည်။

ဒါလည်း သူတို့ကံဇာတာပါပဲလေ။ ကျိုးယန်

ဖြေတွေးကာ ဘေးနားရှိ အမျိုးသမီးကို သေ

ချာထပ်ကြည့်လိုက်မိသည်။ အသက်၂၀ ကျော်

အရွယ်ဟု မထင်ထားရလောက်အောင် နုဖတ်

ကာ မျက်နှာလေးက မိတ်ကပ်များခြယ်သ

ထားခြင်းမရှိပဲ ပကတိအလှတရားကိုမြင်ရနိုင်

သည်။

ကျိုးယန် သက်ပြင်းချကာပြောသည်။

နတ်သမီးပဲ မဟုတ်ဘူး နတ်ဘုရားမပဲ..သဘာဝ

ဆန်တဲ့အလှတရားနဲ့နတ်ဘုရားမဆိုပိုမှန်မယ်။

ကျိုးယန်ထိုအမျိုးသမီးကို ကြည့်နေစဥ်

ဘေးရှိ အမျိုးသားက အနားကပ်၍ တခုခု

ပြောလိုက်ပုံရသည်။ အမျိုးသမီးက သဘော

မတူဟန်ဖြင့် ချက်ချင်းခေါင်းခါပြကာ ဆိုင်အ

တွင်းသို့ လျှောက်ဝင်သွားသည်။

ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်များတွန့်ကွေး

သွားကာ ထွက်ခွာသွားသည့် အမျိုးသမီး၏

ဂါဝန်ရှည်အောက်က ကျစ်လစ်တောင့်တင်း

သည့် နောက်ပိုင်းအလှကို စူးစိုက်ကြည့်လျက်

လိုက်ပါလာသည်။

ကျိုးယန် ထိုမြင်ကွင်းဆက်ကြည့်နေရန် စိတ်မ

ပါတော့ပေ။ အကြည့်လွဲ၍ ဝန်ထမ်းလာချပေး

သည့် စားစရာများကိုသာအာရုံစိုက်လိုက်သည်။

အမျိုးသမီးက သူ့ဘေးကပ်ရပ်စားပွဲတွင်

ဝင်ထိုင်သည်။ သူ့နောက်မှ ပါလာသည့်လူ

လည်း အမျိုးသမီး၏ ရှေ့တည့်တည့်တွင်ဝင်

ထိုင်လိုက်ပြန်သည်။

“ညီမချူ အစ်ကိုဘာမှာပေးရမလဲ”

“အဆင်ပြေတာပဲမှာလိုက်ပါ ညီမစားချင်စိတ်

မရှိသေးဘူး..အဖိုးရဲ့အခြေနေကိုစိတ်ပူနေ

တယ်”

“အဖိုးချူက သက်သာနေပါပြီ ဒဏ်ရာနည်း

နည်းပြင်းထန်တယ်ဆိုပေမယ့် ကိုယ်သိရသ

လောက် ခွဲစိတ်တာတွေအကုန်အဆင်ပြေပါ

တယ် အရမ်းမစိုးရိမ်ပါနဲ့”

ထိုအမျိုးသမီးက မည်သည့်စကားမှမပြော။

မှာထားသည့် စားစရာများကိုသာတို့ကနန်း

ဆိတ်ကနန်းစားနေသည်။

အတန်ကြာပြီးနောက် ကျိုးယန်တယောက်ဆိုင်

ထဲမှ ထွက်လာကာ ပြန်လာတော့သည်။

ထိုရက်များတွင် ကျိုးယန်တယောက် နေ့အချိန်

၌ အိုးရန်ရွှမ်းရွှမ်း၏အိမ်တွင် တနေကုန်နေကာ

ညအချိန်တွင် လီချင်းကျူးနှင့် စကားပြောပြီး

ကျင့်ကြံရန်အချိန်ပေးထားလိုက်သည်။

အချိန် ၂ပတ် ကျော်ကြာသွားခဲ့ပြီ။

စနစ်ဆီမှ မည်သည့်တာဝန်မှထပ်မလာသလို

ကမ္ဘာကူးပြောင်းရတနာနှင့် ပက်သက်၍ မည်

သည့်အချက်အလက်မှ ထပ်မပေးပေ။

တရက်တွင် အစ်မဂျူနဲ့ အိုးရန်ရွှမ်းရွှမ်းတို့

ပွဲတခုအကြောင်းဆွေးနွေးနေကြသည်။

“ချူမိသားစု ခေါင်းဆောင်ရဲ့ ၆၅နှစ်ပြည့်မွေး

နေ့အတွက် မင်းမှာ အချိန်တခုရှိနေတယ်

မသွားလို့မဖြစ်ဘူး ပြီးတော့ အဲ့ပွဲအတွက်

ချူမိသားစုခေါင်းဆောင်က အစ်မဆီသေချာ

အကြောင်းကြားထားတော့ တခြားကေစ့်တွေ

အကုန်ဖြတ်ပစ်မှရမယ်”

အစ်မဂျူ၏စကားကို အိုးရန်ရွှမ်းရွှမ်းက

ခေါင်းညိတ်ပြကာ..

“အဲ့ပွဲက ဘယ်လောက်အရေးကြီးလဲ ကျမသိပါ

တယ် သီချင်း၃ပုဒ်ဖျော်ဖြေ ဖို့အတွက်တောင်

ငွေ သန်းနဲ့ချီ ပေးထားတာဆိုတော့ သူတို့ရဲ့

အင်အားကို သိနိုင်တာပဲ”

ကျိုးယန်ကတော့ ချူမိသားစု ဆိုသည့်နေရာ

တွင် အတွေးများနေသည်။ ပြီးခဲ့သည့်ရက်ပိုင်း

က စားသောက်ဆိုင်တွင်ကြုံခဲ့သည့် အမျိုးသား

နှင့်အမျိုးသမီးက ချူမိသားစုနှင့်ဆက်စပ်နိုင်

သည်။

သူတို့က အင်အားမည်မျှကြီးနေသနည်း။ အချို့

လူကုံထံမိသားစုကြီးများတွင် ကျင့်ကြံသူအချို့

ရှိတတ်သည်ဟု ကျိုးယန်ကြားဖူးသည်။

ကမ္ဘာမြေ၌ ချီဓာတ်နည်းပါးမှုကြောင့် ကျင့်ကြံ

ရာတွင် အခက်ခဲရှိကာ အလွန်ပါရမီပါသူများ

တောင် အထွဋ်အထိပ်ရောက်ရန်မသေချာပေ။

အိုးရန်ရွှမ်းရွှမ်းက လကုန်တွင် ကျင်းပမည့် မွေးနေ့ပွဲတွင်ဖျော်ဖြေပေးရန် သဘောတူ

လိုက်သည်။ သူမတို့လို့ အနုပညာရှင်များအနေ

ဖြင့် လူကုံထဲ မိသားစုကြီးများ၏ သဘောထား

ကို ဂရုစိုက်ရသည်။ နောက်ခံအင်အားသည်

သူမတို့လောကတွင်လည်း အရေးပါသည်မ

ဟုတ်လား။

လကုန်ရန် တပတ်ခန့်သာလိုတော့သည်။ ကျိုး

ယန်ယောက် ထိုပွဲကိုစိတ်ဝင်စားသွားရသည်။

သူကြားသိထားသည့်အတိုင်း ကျင့်ကြံသူများ

ရှိမရှိသိချင်သည်။

အိုးရန်ရွှမ်းရွှမ်းတယောက် ဘေးတွင်ထိုင်ကာ

အတွေးများနေသည့် ကျိုးယန်ကိုကြည့်ကာ

မေးလိုက်သည်။

“မင်းအဲ့ပွဲကို ဘယ်လိုမြင်လဲ ချူမိသားစုနဲ့

ရင်းနီးအောင်ကြိုးစားသင့်လား”

အိုးရန်ရွှမ်းရွှမ်းက အထူးတဆန်းဖြင့် ကျိုးယန်

၏ သဘောထားကိုမေးနေသည်။

ဟမ်…..။ကျိုးယန်မှင်သက်သွားသွားရသည်။

သူက သက်တော်စောင့်လေးသာဖြစ်ပြီး အိုးရန်

ရွှမ်းရွှမ်းထက် အရေးမပါသည့်လူတစ်ဦးဖြစ်

သည်။

“ကျတော်မပြောတတ်ဘူး အထူးသဖြင့်ချူတွေ

ရဲ့နောက်ခံအင်အားကိုမသိဘူးလေ”

ကျိုးယန်က ရှောင်လွှဲ၍ ဖြေလိုက်သည်။

နာရီအနည်းငယ်ဖျော်ဖြေဖို့ သန်းချီအကုန်ကျခံ

နိုင်သည့် အင်အားစုမှာသေချာပေါက် သာမန်

မဟုတ်နိုင်ပေ။ သို့သော် အိုးရန်ရွှမ်းရွှမ်း၏

ဆုံးဖြတ်ချက်များသည် သူနှင့်မဆိုင်ချေ။

သူ့အလုပ်က သက်တော်စောင့်ဖြစ်ကာ သူလို

ချင်သည့် ရတနာကိုစုံစမ်းရန်သာရှိသည်။

အိုးရန်ရွှမ်းရွှမ်းက ခေါင်းညိတ်ပြကာဆက်

မမေးတော့။ အချိန်အနည်းငယ်ကြာ တအိမ်ထဲ

အတူနေပြီးနောက် ကျိုးယန်သည်အနေတည်၍

စကားပြောနည်းသူဖြစ်သည်ကို သူမ သတိထား

မိသွားသည်။ အလုပ်ချိန်မှလွဲ၍ ကျိုးယန်က

သူမအနားမကပ်ချေ။

မွေးနေ့ပွဲရက်သို့ရောက်လာသည်။

အထူးအလှပြင်ဆရာများနှင့် ပြင်ဆင်ကာ

အိုးရန်ရွှမ်းရွှမ်းတယောက် အစ်မဂျူ ကျိုးယန်

နှင့် သက်တော်စောင့်အနည်းငယ်ကို ခေါ်ကာ

ချူမိသားစုရှိရာ အိမ်တော်သို့ထွက်လာသည်။

အိမ်တော်က မြို၏အစွန်ဆုံးနေရာတွင်ရှိကာ

အိမ်ရာဝင်းကြီးတခုဖြစ်ပြီး ထိတ်ထိတ်ကြဲလူ

ချမ်းသာများနေထိုင်ကြသည့်နေရာဖြစ်သည်။

အိုးရန်ရွှမ်းရွှမ်းလို အနေထားဖြင့်ပင်အနားမသီ

နိုင်သေးပေ။

ကားက မိန်းလမ်းပေါ်ကြီးမှတဆင့် မြို့စွန်သို့

ထွက်ရာလမ်းသို့ ချိုးကွေ့လိုက်သည်။

လူနေအိမ်ကျဲပါး၍ ကားအသွားအလာလည်း

အနည်းငယ်ပြတ်သည်။ ထိုနေရာကိုကျော်ပြီးမှ

သာ သူတို့သွားလိုသည့်နေရာကိုရောက်မည်

ဖြစ်သည်။

အိုးရန်ရွှမ်းရွှမ်းက ကားပေါ်တွင် သီချင်းလေး

ညည်းကာလိုက်ပါလာသည်။ ဝန်ခံရလျင်သူမ

သီချင်းဆိုသံက တကယ်ကောင်းမွန်သည်။

ထိုစဥ် လမ်းမကြီး၏ အလယ်တွင် ဗန်ကားတ

စီးပတ်ရပ်ထားကာ လူ၁၀ ယောက်ခန့်က

တန်းစီ၍ ရပ်နေသည်။

ကျိုးယန်လည်း ကားပေါ်မှနေ၍ လှမ်းကြည့်

လိုက်သည်။ ဟမ့်….ဘာအထာလဲ ဓားပြတိုက်

ဖို့လား။

အိုးရန်ရွှမ်းရွှမ်းတို့၏ ကား၃စီးက ရှေ့ဆင့်

နောက်ဆင့်ဖြင့် ရပ်လိုက်ရသည်။ သက်တော်

စောင့်တဦးမှ ခေါင်းထွက်ကာ လှမ်းအော်သည်။

“ဟေ့ကောင်တွေ လမ်းဖယ်စမ်း”

ထိုလူများက မည်သည့်စကားမှပြန်မပြောပဲ

အိုးရန်ရွှမ်းရွှမ်းရှိရာ ကားနားသို့ရောက်လာ

သည်။

ပြီးနောက်…ထိုအထဲမှ ခေါင်းဆောင်ဖြစ်ဟန်

တူသည့် လူက လှမ်းပြောသည်။

“ဒီထဲမှာ အိုးရန်ရွှမ်းရွှမ်းဆိုတဲ့ တယောက်ပါ

လား ပါရင် ခနထွက်လာခဲ့ပါ”

All Chapters