← Chapters

.ရတနာလမ်းစ

Vol. 3 Ch. 33

.ရတနာလမ်းစ

Vol. 3 Ch. 33

အိုးရန်ရွှမ်းရွှမ်းတယောက်အနည်းငယ် ထိတ်

လန့်သွားကာ အပြင်ကို ကြည့်လိုက်သည်။

သေချာသည်က ထိုလူများကိုသူမ မသိပေ။

သူမ၏ အမည်ကိုတပ်၍ ခေါ်ထုတ်သည်မို့

ပြဿနာက သူမကြောင့်ဖြစ်မည်။ သူမအနေ

ဖြင့် မည်သည့်အင်အားစုကိုမှ မစော်ကားထား

သလို ထိခိုက်အောင်လည်းမလုပ်ထားပေ။

သူမ စိတ်ကိုထိန်းကာ ကားပေါ်မှဆင်းလိုက်

သည်။ သူမကားပေါ်တွင်ဆက်နေလို့ရသော်

လည်း တဖက်လူက သူမပါလာသည်ကို အတိ

အကျသိနေပုံရကာ သူမသာ ကားပေါ်မှထွက်

မလာပါက ပြဿနာတစုံတရာဖြစ်နိုင်သည်ဟု

သူမခံစားရသည်။

“အိုးရန်ရွှမ်းရွှမ်းဆိုတာ ကျမပဲ ဒါနဲ့ ကျမရှင့်ကို

လုံးဝမသိဘူး ဘာကိစ္စလဲ”

သူမက ထိုလူကို လုံးဝမကြောက်ဟန်ဖြင့်

ပြန်စိုက်ကြည့်ကာမေးလိုက်သည်။

“ငါတို့က မင်းအမေ မင်းဆီပေးသွားတဲ့ရတနာ

တခုကို လာပြန်ယူတာ အဲ့ရတနာက သေချာ

ပေါက်မင်းဆီမှာရှိနေတယ် ငါတို့ကိုထုတ်ပေး

လိုက်တော့ ကောင်မလေး”

ရတနာ…ဟုတ်လား။ဘာရတနာလဲ။

သူမအမေပေးခဲ့သည့် ရတနာဟူ၍ သူမဆီ

တခုမှမရှိပေ။ သူမ၏ အမေဆိုသူက သူမ

၅ နှစ်သမီးအရွယ်တွင်သေဆုံးသွားကာ ထိုအ

ချိနိမှစ၍ ယခုအသက်အရွယ်ထိ သူမအဖေက

သာထိန်းကျောင်းလာခဲ့ခြင်းဖြစ်သည်။

“ဘာရတနာလဲ ကျမဆီမှာ ရှင်တို့ ပြောတဲ့အရာ

မရှိဘူး…လမ်းဖယ်ပေးပါ ကျမတို့အရေးကြီး

သွားစရာရှိတယ်”

အိုးရန်ရွှမ်းရွှမ်း၏စကားကိုကြားသော် ထိုလူက

ဒေါသထွက်သွားသည့်ဟန်ဖြင့်

“ကောင်မလေး အသားမနာချင်စမ်းနဲ့ အခုထုတ်

ပေးတော့ မဟုတ်ရင် မင်းကိုခေါ်သွားရလိမ့်

မယ်”

ကျိုးယန်လည်း ကားပေါ်မှဆင်းကာ အခြေနေ

စောင့်ကြည့်နေသည်။ တဖက်က လူများသလို

ကျင့်ကြံနိုင်သူတွေလည်း ဖြစ်ပုံရသည်။ ဤအ

ရာက အိုးရန်ရွှမ်းရွှမ်း၏ သက်တော်စောင့်များ

ကိုင်တွယ်နိုင်သည့် အတိုင်းအတာမဟုတ်ပေ။

ကျိုးယန်က ထိုလူတွေ၏ ကျင့်ကြံမှုကို မြင်နိုင်

သည်။ ကမ္ဘာမြေ၏ ကျင့်ကြံမှုအတိုင်းအတာအ

ရ ခေါင်းဆောင်းနှင့်တူသည့်လူက အခြေခံအ

ဆင့်အထွဋ်အထိပ်ဖြစ်ကာ ကျန်လူများက

အဆင့်မြင့်နှင့် အလယ်ဆင့်များဖြစ်ကြသည်။

ထိုလူစု၏အင်အားအရဆိုလျှင် သာမန်သက်

တော်စောင့်အယောက်တရာလောက်အား ချော

ချောမွေ့မွေ့ပင် ဖြေရှင်းနိုင်သည်။

အိုးရန်ရွှမ်းရွှမ်း အနောက်ကိုခြေလှမ်းအနည်း

ငယ်ဆုတ်လိုက်သည်။ သူမက ပြဿနာကို

အမြန်ဖြေရှင်းလို၍ အောက်ဆင်းလာသော်

လည်း ပြဿနာကစလာသည်။ အစ်မဂျူသည်

လည်း အိုးရန်ရွှမ်းရွှမ်း၏ ဘေးနာရပ်ကာ

ထိတ်လန့်နေသော်လည်း ကာကွယ်ရန်ရှိနေ

သည်။

“အေးအေးဆေးဆေး ပြောမရဘူးပဲ ဟေ့ကောင်

တွေ သူမကိုခေါ်သွားစမ်းကွာ”

ခေါင်းဆောင်လုပ်သည့်လူက သူ့လူများကို

လှမ်းပြောကာ အိုးရန်ရွှမ်းရွှမ်းကို ဆွဲခေါ်စေ

သည်။ သတိမပြတ်ထားလျက်အသင့်ရှိနေပုံရ

သည့် မိုက်ကယ်တို့ အဖွဲ့လည်း လှုပ်ရှားလာ

သည်။

“ဘယ်ကောင်က ငါတို့သခင်မလေးကိုခေါ်ရဲလဲ”

“ကိုယ်လူတို့ ချကြစမ်းကွာ”

မိုက်ကယ်နှင့်အခြားသူများက စတင်တိုက်ခိုက်

ကြတော့သည်။

ခွပ်…ဖြောင်း..အ

တဖက်ခေါင်းဆောင်ကတော့ လက်ရှိအခြေ

အနေသည် သူ့အတွက်အေးဆေးပင်ဖြစ်နေပုံရ

ကာ သူ့လူများတိုက်ခိုက်နေချိန် အိုးရန်ရွှမ်းရွှမ်း

ကိုဆွဲခေါ်ရန် အနားကပ်လာသည်။

“ကောင်မလေး စကားအကောင်းပြောတာကို

လက်မခံဘူး အခုလိုက်ခဲ့တော့”

ကြီးမားသည့်လက်တဖက်က အိုးရန်ရွှမ်းရွှမ်း

ကိုလှမ်းဆွဲသည်။ အစ်မဂျူလည်းထိတ်လန့်

သွားကာ အိုးရန်ရွှမ်းရွှမ်း၏ ခန္ဓာကိုယ်ကို

အနောက်သို့ချက်ခြင်းဆွဲခေါ်သည်။ သို့သော်

သာမန်လူ၏ အမြန်နှုန်းက ကျင့်ကြံသူတဦး၏

အမြန်နှုန်းကို မယှဥ်နိုင်ပေ။

ရှေ့သို့ဆန့်ထွက်လာသည့် လက်တဖက်ကို

ကျိုးယန်တယောက် ညာလက်ဖြင့်အသာရိုက်

ထုတ်လိုက်သည်။

ဟမ်….ကျင့်ကြံသူလား…။

ကျိုးယန်၏ ခွန်အားကို သတိထားမိသွားဟန်တူ

သည်။ ချက်ချင်းပင် ကျိုးယန်ဘက်လှည့်ကာ

ကြည့်သည်။ ပြီးနောက် ကျိုးယန်၏ ငယ်ရွယ်

သည့်ပုံစံကို ကြည့်ကာ အထင်သေးသွားသည်။

“ကောင်လေး ဒါမင်းဝင်ပါလို့ကတဲ့နေရာတခု

မဟုတ်ဘူးနော်”

“ဟမ့်…ငါကသူမရဲ့သက်တော်စောင့်ပဲ ဒီတိုင်း

ရပ်ကြည့်နေမယ်လို့ထင်နေလား”

ကျိုးယန်က အစ်မဂျူနှင့် အိုးရန်ရွှမ်းရွှမ်းတို့

နှစ်ယောက်စလုံးကို သူ့နောက်ကျောဘက်သို့

ပို့လိုက်သည်။ထိုသည်ကိုမြင်သည်နှင့် တဖက်

လူက…

“ကောင်းတယ် ကောင်လေး မင်းတော့နာပြီ”

ချီစွမ်းအင်များပါသင်သည့် လက်သီးချက်တခု

ကျိုးယန်ဆီရောက်လာသည်။ ထိုလက်သီးချက်

က ကျိုးယန်အတွက်တော့ ၃နှစ်သားအရွယ်

ကလေးတယောက်၏ လက်သီးချက်များလို

နှေးကွေးကာ အားပျော့နေသည်။

လက်သီးချက်ကို ရှောင်ကာ ထိုလူ၏ မေးရိုးကို

ရိုးရိုးလက်သီးချက်တခုပစ်လွှတ်လိုက်သည်။

ဖောင်း…

ကျိုးယန်၏ ခွန်အားကို တဖက်လူအနေဖြင့်

မည်သို့ထိန်းနိုင်မည်နည်း။ မျက်နှာတခုလုံးသွေး

ချင်းချင်းရဲသွားကာ လွင့်ထွက်သွားသည်။

တဖက်တွင် အိုးရန်ရွှမ်းရွှမ်း၏ သက်တော်

စောင့်များကတော့ မြေပေါ်မှောက်နေကြလေပြီ

သူတို့၏ ခေါင်းဆောင်က လူငယ်လေး၏လက်

သီးချက်ကြောင့် လွင့်ထွက်သွားသည်ကိုတွေ့

လျှင် အကုန်လုံးဒေါသထွက်သွားကာ ကျိုးယန်

ကိုဝိုင်းလာကြသည်။

“မလောက်လေးမလောက်စားကောင်က ငါတို့

ခေါင်းဆောင်ကိုထိုးရဲတယ်ဟုတ်လား”

လူ၉ ယောက်၏လက်သီးချက်များ….

ကျိုးယန်အတွက် ကလေးကစားသလိုပင်..

လူအုပ်ထဲ ပြေးဝင်ကာ ဘယ်ညာလက်သီးချက်

များထုတ်လွှတ်ကာ ပညာပြတော့သည်။

သောက်ရမ်းခံစားလို့ကောင်းတယ် ဟားးဟား။

အား…

သေပါပြီဟ

ကျယ်လောင်သည့် အော်သံများနှင့်အတူ

လူ၉ ယောက်စလုံးကို ၅မိနစ်အတွင်း မြေပေါ်

ပေးအိပ်လိုက်သည်။

လွင့်ထွက်သွားသည့် ခေါင်းဆောင်က ဦးခေါင်း

ကိုခါရမ်းကာ ဟန်ချက်ထိန်း၍ ကျိုးယန်ရှိရာ

ဘက်ကြည့်လိုက်တော့ သူ့လူများက မြေပေါ်

အနားယူနေလေ ပြီ။..

ဒီကောင်..ကျင့်ကြံသူပဲ ငါ့ထက်အဆင့်မြင်ပုံရ

တယ်။ နောက်ပြန်ဆုတ်မှဖြစ်မယ်။

ခေါင်းဆောင်လည်း ကျိုးယန်၏အစွမ်းအစကို

သိသွားလေပြီ။ သူ့အနေဖြင့်တောင် သူ့လူ၉

ယောက်ကို အမှောက်သိပ်ရန်မလွယ်ပေ။

ကျိုးယန်က ၅မိနစ်အတွင်းလုပ်ပြသွားသည်။

သူ့လူများကိုအတင်းဆွဲခေါ်ထစေကာ ကျိုးယန်

ကိုစူးစူးဝါးဝါးစိုက်ကြည့်၍ ထွက်သွားတော့

သည်။ ကျိုးယန်ကတော့ ထိုလူတွေအနောက်

လိုက်မသွားတော့။ နောက်တကြိမ်ထပ်လာလျှင်

လည်း ထပ်၍ ဆုံးမပေးနိုင်သည်။

ထိုလူများ ပြန်ထွက်သွားပြီးနောက် ကျိုးယန်က

သတိလစ်နေသည့် သက်တော်စောင့်များကို

ချီဓာတ်အနည်းငယ်သွင်းပေးကာ နိုးထစေ

သည်။

“အစ်မဂျူ အစ်မလူတွေ ထိခိုက်ထားတယ်

ပြန်ပြီးအနားယူခိုင်းလိုက်ပါ အိုးရန်ရွှမ်းရွှမ်းကို

ကျတော်ပဲတာဝန်ယူပြီး မွေးနေ့ပွဲကိုပို့ပေးပါ့

မယ်”

အစ်မဂျူလည်း သူမ၏လူများကိုတချက်ကြည့်

သည်။ ပြီးနောက်အိုးရန်ရွှမ်းရွှမ်းကိုလှည့်ကြည့်

ပြန်သည်။ သူမ၏လူများထိခိုက်ထားသော်

လည်း အိုးန်ရွှမ်းရွှမ်းကိုစိတ်မချနိုင်သေးပေ။

သူမ၏စိတ်ကိုသိသည်ထင် အိုးရန်ရွှမ်းရွှမ်းက

“အစ်မ ဒီလူတွေနဲ့ ပြန်လိုက်ပါ ကျိုးယန်ရှိရင်

စိတ်ချရပါတယ် သူ့ခွန်အားကိုအစ်မလည်းသိ

သားပဲ ကျမကိုစိတ်မပူပါနဲ့”

အစ်မဂျူတယောက်အတန်ကြာတွေဝေပြီးမှ

ခေါင်းညိတ်ကာ သဘောတူသည်။ပြီးနောက်

ကျိုးယန်ဘက်လှည့်ကာ မှာသည်။

“ကောင်လေး စိတ်ချမယ်နော် အဲ့လူတွေနောက်

တခါထပ်ရောက်လာနိုင်တယ် မွေးနေ့ပွဲက

အပြန်သတိထားပါ”

“စိတ်ချပါ ကျတော်ရှိနေရင် ဘာမှမဖြစ်စေရပါ

ဘူးအစ်မ”

ကျိုးယန်ကတိပေးလိုက်သည်။ တကယ်လည်း

သူရှိနေလျှင် မည်သည့်ပြဿနာမှမရှိနိုင်ပေ။

အစ်မဂျူက သူ့လူများကိုခေါ်ကာ နောက်ပြန်

လှည့်ထွက်သွားသည်။ ကျိုးယန်လည်း အိုးရန်

ရွှမ်းရွှမ်းဘေးတွင် ဝင်ထိုင်ကာ မွေးနေ့ပွဲသို့

ဆက်ထွက်လာလိုက်သည်။

လမ်းတွင် ကျိုးယန်က စပ်စုကြည့်သည်။

ရတနာတခုဟု သူကြားလိုက်သည်။ ထိုအရာက

သူလိုချင်သည့်အရာဖြစ်ကောင်းဖြစ်နေနိုင်

သည်မဟုတ်လား။

“အစ်မရွှမ်းရွှမ်း သူတို့ပြောတဲ့ရတနာက

တကယ်ပဲ အစ်မဆီမှာရှိနေတာလား ပြီးတော့

အဲ့ဒါက ဘယ်လိုမျိုးလဲ”

ကျိုးယန်၏စကားကို အိုးရန်ရွှမ်းရွှမ်းက

“ပေါက်တက်ကရဟယ် ငါ့မှာဘာရတနာမှမရှိ

ပါဘူး ပြီးတော့ဘအမေက ငါငယ်ငယ်တည်း

ကဆုံးသွားတာ သူဆုံးသွားတာတောင်ငါမမြင်

လိုက်ရပါဘူး အဖေပြန်ပြောလို့သိရတယ်

ဘယ်လိုလုပ်ရတနာရှိမှာလဲ”

သူမစကားသာမှန်လျှင် ထိုသူများ လူမှားတာ

ဖြစ်နိုင်သည်။ သို့မဟုတ် အိုးရန်ရွှမ်းရွှမ်းက

များ…..။ ဒါတော့မဖြစ်နိုင်..သူမပုံစံကလိမ်နေ

သည့်ဟန်မတူချေ။ ဖြစ်နိုင်သည်က သူမသတိ

မထားမိတဲ့အရာတခုခု သူမဆီမှာရှိနေတာမျိုး

ဖြစ်နိုင်သည်။

ကျိုးယန်တယောက် လက်မလျှော့သေး။

“လက်ဆင့်ကမ်းရတနာတွေက အရမ်းထူးခြား

တာမျိုးမဟုတ်တာတွေရှိတတ်တယ် ဥပမာ

အပြင်အားဖြင့်ကြည့်ရင် သာမန်ပစ္စည်းတခု

ဖြစ်နေတတ်တာမျိုးပေါ့”

ကျိုးယန်၏စကားကြောင့် အိုးရန်ရွှမ်းရွှမ်း

တယောက် စဥ်းသားသွားသည်။

“သာမန်ပစ္စည်းတခုဟုတ်လား”

“ဟုတ်တယ် အစ်မရဲ့အမေကပေးတာဆိုတော့

လည်ဆွဲလို လက်စွပ်လိုဟာမျိုး…တခုခု”

အိုးရန်ရွှမ်းရွှမ်းသတိရသွားသည်။

“လည်ဆွဲ လည်ဆွဲ ဟုတ်တယ် အဖေက ကျမကို အမေ့ရဲ့လက်​ဆေင်ဆိုပြီး ငယ်ငယ်က

လည်ဆွဲတခုပေးဖူးတယ် ဒါပေမယ့် အဖေပြန်

သိမ်းထားတာကြာပြီ ရှိတောင်ရှိပါတော့မလား

မသိဘူး”

ကျိုးယန်ဝမ်းသာသွားသည်။ လမ်းစတော့

ပေါ်လာလေပြီ။ အနည်းဆုံး ထိုအရာက သူလို

အပ်နေသည့် ရတနာ ဟုတ်မဟုတ်စစ်ဆေးရင်

သိရပေမည်။ သို့သော် အိုးရန်ရွှမ်းရွှမ်းက ထို

အရာ၏အကြောင်းကို အသေချာမသိသူဖြစ်၍

အလောတကြီးထပ်မေးလျှင် သံသယဝင်နိုင်

သည်။ အချိန်တခုယူကာ ဖြေးဖြေးချင်းစုံစမ်း

ရမည်။

သူမနှင့်စကားအနည်းပြောဆိုရင်း မွေးနေ့ပွဲရှိ

ရာသို့ရောက်လာသည့်။ ကြီးမားသည့် မြေကွက်

တခုပေါ်တွင် စံအိမ်ကြီးတခုရှိကာ မီးရောင်စုံ

ဖြင့် အလှဆင်ထားသည်မှာ ကြည့်လို့ကောင်း

သည်။

ငါလည်း ဟိုဘက်လောက ကိုပြန်ရောက်ရင်

ငါ့အိမ်တော်ကိုအလှဆင်ရမယ်။

ခြံဝန်းထဲသို့ လူများကားများဝင်ထွက်နေကြကာ

ခြံဝန်း၏အဝင်တွင် လုံခြုံရေး အချို့ရပ်တန့်၍

ဝင်လာသူများကို သေချာစစ်ဆေးနေသည်။

အိုးရန်ရွှမ်းရွှမ်းလည်း ကျိုးယန်ကိုခေါ်ကာ

အဝင်ဝနေရာသို့သွားလိုက်သည်။ သူမကို

အတော်များများ သတိထားမိပုံရသည်။ ချက်

ချင်းပင် အာရုံများက သူမဆီရောက်လာသည်။

အိုးရန်ရွှမ်းရွှမ်းက လုံခြုံရေးကို

“ကျမက အိုးရန်ရွှမ်းရွှမ်းပါ ဒီမှာဖျော်ဖြေပေးဖို့

ဖိတ်ကြားခံထားရပါတယ်”

သူမ၏စကားကိုကြားလျှင် ထိုသူက

သေချာကြည့်၍ အတည်ပြုသည်။ သူမက

နာမည်အတော်အသင့်ရထားသည့် အနုပညာ

ရှင်တယောက်မို့ လိမ်၍မရပေ။

“သူမက အိုးရန်ရွှမ်းရွှမ်း အမှန်ပဲ ပေးဝင်လိုက်

ဒါနဲ့ သူက ဘယ်သူလဲ”

ထိုလူက ကျိုးယန်ကိုကြည့်ကာ မေးသည်။

ကျိုးယန်၏ ပုံစံက ငယ်ရွယ်သည်မို့ သက်တော်

စောင့်လို့မထင်ပေ။ အဖော်ပါလည့် အသိဟုသာ

ထင်မှတ်နေသည်။

အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ဘက်တချက်လှည့်

ကြည့်ကာ ထိုလူကိုပြန်ဖြေသည်။

“သူက ကျမရဲ့ကိုယ်ရေးကိုယ်တာ သက်တော်

စောင့်ပါ”

သူမ၏စကားကိုကြားလျှင် ထိုသူအနည်းငယ်

အံ့သြသွားပုံရသည်။ ထိုမျှငယ်ရွယ်သည့်

ကောင်လေးက သက်တော်စောင့်တဲ့လား။

ဒီအဆိုတော်မလေးက အချိုကြိုက်ပုံရသည်။

တဖက်လူ၏ အကြည့်ကိုသတိထားမိသော်

ကျိုးယန်က ခပ်တည်တည်ဖြင့် ပြန်စိုက်ကြည့်

လိုက်ကာ မေးသည်။ စိတ်ထဲတွင်တော့ လုံခြုံ

ရေးသည် ကျင့်ကြံသူတယောက်ဖြစ်သည်ကို

သတိထားမိကာ သူကြားထားသည်များမှန်ကန်

သည်ဟူ သိသွားရသည်။

“အထဲဝင်လို့ရပြီလား.”

ကျိုးယန်၏အမေးကိုထိုလူက

“ရပြီ ကောင်လေး ဝင်တော့”

All Chapters