အခန်း (၃၄)
Vol. 3 Ch. 34
ကြီးမားကျယ်ပြန့်သည့် ခြံဝန်းကြီး၏ အရှေ့
မျက်နှာစာအများစု အကောင်းစားမြက်ခင်းများ
ဖြင့်ခင်းကျင်းထားကာ စားပွဲများ စားသောက်စ
ရားများဖြင့် တည်ခံထားသည်ကိုတွေ့ရသည်။
အလယ်တွင် လျှောက်လမ်းပုံစံလူသွားလမ်းတ
ခုရှိကာ လျှောက်လမ်း၏အဆုံးမှာတော့ စတိတ်
စင်တခုဆောက်ထားသည်။ ထိုအရာသည်က
အိုးရန်ရွှမ်းရွှမ်း ဖျော်ဖြေရန် ဆောက်ထားပုံရ
သည်။ သီချင်းအနည်းငယ် ဖျော်ဖြေရန်အတွက်
ဆိုသော်လည်း ဆောက်ထားသည့်စတိတ်စင်ပုံစံ
က အဆင့်မီသည်။ တကယ့်ကို လူချမ်းသာမိ
သားစု အသိုင်းအဝိုင်းပီသပါပေသည်။
ကျိုးယန်နှင့်အိုးရန်ရွှမ်းရွှမ်းက သူတို့အတွက်
သက်မှတ်ထားသည့် စားပွဲရှိရာသွားလိုက်သည်
“သီ ချင်းအတွက် တီးဝိုင်းနဲ့တိုက်စရာမလိုဘူး
လား”
ကျိုးယန်က နားမလည်ဟန်ဖြင့်မေးသည်။
“မလိုအပ်ဘူး အစ်မဂျူက ကျမဖျော်ဖြေမယ့်
သီချင်းအရေအတွက် သီချင်းအမည်တွေကို
စီစဥ်ပြီး အိမ်တော်ဆီပို့ထားပြီးပြီ အဲ့အတွက်
စင်ပေါ်အဆင်သင့် တက်ဆိုရုံပဲ တီးဝိုင်းသမား
တွေလည်း အဆင်ပြေတယ်”
ကျိုးယန် ခေါင်းညိတ်ကာဆက်မပြောတော့။
မျက်လုံးများကတော့ ခြံဝန်းအနှံ့ဝေ့ကြည့်ကာ
လေ့လာနေသည်။ စိတ်အာရုံဖြင့် ထောက်လှမ်း
၍ ရနိုင်သော်လည်း အိမ်တော်တွင် မည်သည့်
အဆင့် ကျင့်ကြံသူရှိနိုင်မည်ကို မသိထား၍
သတိလက်လွတ်မပြုမူတော့ပေ။
ထိုစဥ် လှပကာသိမ်မွေ့သည့် အမျိုးသမီးတစ်ဦ
သည် စတိတ်စင်ပေါ်သို့တက်လာသည်။ ခန
အကြာ ထိုနောက်မှ ကျိုးယန်တခါမြင်ဖူးထား
သည့် လူငယ်နှင့် အသက်အနည်းငယ်ကြီးသည့်
လူကြီးတဦးစင်ပေါ်တက်လာလေသည်။
ငါ အဲ့လူကိုတနေရာရာမှာ တွေ့ဖူးတာပဲ။ ဟုတ်
တယ် ပန်းခြံရှေ့က ကားအက်ဆီးဒင့်ဖြစ်လို့
ငါကယ်ပေးလိုက်တဲ့ အဖိုးကြီးပဲ။ သူက ချူမိ
သားစုထဲကလား။ ပုံစံကြည့်ရတာ ဒီပွဲကသူ့ပွဲ
ဖြစ်မယ်ထင်တယ်။
ကျိုးယန်က ထိုလူကို သိသလို သိမ်မွေ့သည့်အ
လှလေးအပြင် လူငယ်ကိုလည်းသေချာမှတ်မိ
နေသည်။ သူထင်ထားသည့်အတိုင်း ထိုအမျိုး
သမီးက ချူမိသားစုမှဖြစ်နေလေသညိ။ ဒါဆို
ဟိုလူကကော ချူမိသားစုကပဲလား။
ထိုစဥ် အဖိုးကြီးမှ မိုက်ကို ကိုင်၍ မိတ်ဆက်စ
ကားစပြောသည်။
“ဒီက လူအိုကြီးရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို
တက်ရောက်လာပေးတဲ့အတွက် မိတ်ဆွေများ
ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက လူအိုကြီးအ
နေနဲ့ ထိခိုက်မှု အနည်းငယ်ရှိထားတာကြောင့်
တယောက်စီ အသေချာလိုက်မနှုတ်ဆက်နိုင်
တာကို နားလည်ပေးကြပါ”
အဖိုးအိုက မိတ်ဆက်စကားပြောပြီးသည်နှင့်
စားပွဲဝိုင်းများမှလူများကလည်း အားတက်သ
ရောပြန်လည်ပြောကြားတော့သည်။
“အို…နားလည်ပါတယ် ခမည်းခမက်ချူရဲ့
ကျုပ်တို့ကို အလေးအနက်ထားဖိတ်ကြားတဲ့
အတွက် ကျေးဇူးတောင်တင်ရဦးမှာ ဟားးး”
ကျယ်လောင်သည့် ရယ်မောသံကြီးဖြင့် စကား
ပြောလိုက်သူက မြို့တော်၏ ထိပ်တန်းမိသားစု
၅ စုထဲမှ ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်းဖြစ်
သည်။
“အဲ့ဒါ ဝမ်မိသားစု ခေါင်းဆောင်ဟောင်းပဲ
ဝမ်မိသားစုအင်အားကလည်း ချူမိသားစုထက်
မသာပေမယ့် သေချာပေါက်အားမနည်းဘူး
နောက်ပြီး စုမိသားစု ရီမိသားစုနှင့် ဖန်းမိသားစု
ဆိုပြီးနောက်ထပ်မိသားစု ၃စုထပ်ရှိသေးတယ်
အကုန်လုံးရဲ့ အင်အားက မတိမ်းမယိမ်းပဲ ဒါမဲ့
အခုမွေးနေ့ပွဲကိုတော့ ဝမ်မိသားစုကလူတွေပဲ
တက်ရောက်လာတယ် တခုခုတော့ တခုခုပဲ”
အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်၏အနားကိုကပ်၍
ခပ်တိုးတိုးရှင်းပြသည်။ သူမ၏ မွေးရနံ့အချို့
ကျိုးယန်၏ မျက်နှာကိုလာရိုက်ခတ်ကာ ကြက်
သီးအနည်းငယ် ထသွားသည်။ ချီးပဲ..။
အတွေ့အကြုံမရှိမှန်းသိသာနေလိုက်တာ။
ဝမ်လင်း၏ စကားကိုကြားကာ ချူမိသားစု
ခေါင်းဆောင်၏ မျက်မှာပျက်သွားသည်။
သို့သော် လူအများ၏ အရှေ့တွင်ဖြစ်၍ အလျင်
အမြန်ပင် ပြန်ထိန်းလိုက်သည်။ ထိုအရာကို
ကျိုးယန်က သတိထားမိသွားသည်။ မရိုးရှင်း
ဘူး…သေချာပေါက် မရိုးရှင်းဘူး။
မိသားစုနှစ်စုရဲ့ ပေါင်းစည်းမှုကို တဖက်ဖက်က
သဘောမတူချင်ပုံရတယ်။ ငါ့အထင် ဟိုအလှ
လေးနဲ့ ဟိုလူပဲ ဖြစ်မယ်။ မတန်မရာကွာ။
ကျိုးယန်က လူငယ်နှင့်အလှလေးကို ယှဥ်ကာ
နှမြောနေသည်။
“စနစ်ရှင် မင်းနဲ့ဘာဆိုင်လို့လဲ”
ကျိုးယန်..ရယ်ကျဲကျဲလုပ်နေသည်။
အသီးသီးမိတ်ဆက်စကား ပြောပြီးနောက်
မွေးနေ့လက်ဆောင်များ အပြိုင်အဆိုင်ပေးအပ်
ကြသည်။
“ဒါက နှစ်တရာ ဂျင်စင်းပင်ပါ ခမည်းခမက်ချူ
အသက်ရှည်ဆေး ဖော်ရမှာအဓိကပါဝင်ပစ္စည်း
တခုပဲ ကျုပ်ရဲ့လက်ဆောင်ကို ဘယ်လိုသဘော
ရလဲ”
ဝမ်မိသားစုခေါင်းဆောင်ဟောင်းက မေးသည်။
နှစ်တရာတည်းလား…။ဟမ့်…ငါဓားပြရွာက
သိမ်းလာတဲ့ ဂျင်စင်းတောင် နှစ် ၁၀၀၀ ရှိတယ်
အပေါစားလေးတွေ။
ကျိုးယန်က ထိုဂျင်စင်းပင်ကိုကြည့်ကာ အထင်
သေးသွားသည်။ အထူးသဖြင့် နှစ်တရာသက်
တမိးသာရှိသည့် အပင်ကိုဂုဏ်ယူစွာပေးနေပုံရှိ
သည့် ဝမ်မိသားစုခေါင်းဆောင်းဟောင်းကို သူ
ကြည့်မရခြင်းဖြစ်သည်။
မြေးအဖိုးနှစ်ယောက်လုံး ပါရမီပါတယ်။ တွေ့
တာနဲ့ မျက်ခွက်ရိုက်ချင်စိတ်ပေါက်တဲ့နေရာပဲ။
ချူမိသားစုခေါင်းဆောင်က ပြုံးကာ ဂျင်စင်း
ပင်ကို လက်ခံလိုက်သည်။
“ဒါက အဆင့်မြင့် ကြယ်ဆေးပင်ပါ”
“ ချူမိသားစုခေါင်းဆောင်အတွက် လုံရွန်
ဘဏ်လုပ်ငန်းစုက အဆင့်နိမ့်ဝိဉာဥ်သစ်သီးနဲ့
အဆင့်မြင့် ရတနာဓားတလက်ပေးအပ်ပါတယ်”
ထိုစဥ် အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်အနားထပ်
ကပ်လာပြန်သည်။ ပြီးနောက်လေသံတီးတိုးဖြင့်
“ငါတို့လည်းပေးရမယ် ထင်တယ် ခက်တာက
ငါ့မှာ ဘာမှမပါလာဘူး”
သူမပုံစံက စိုးရိမ်နေပုံရသည်။ အမှန်ကလက်
ဆောင်ပစ္စည်းကိုစီစဥ်ထားသော်လည်း အစ်မ
ဂျူနှင့်ပြန်ပါသွားကာ သူမကလည်းတောင်းယူ
ထားရန်မေ့လျော့သွားခဲ့သည်။
ကျိုးယန်ခေါင်းအသာညိတ်ပြကာ စိတ်မပူစေ
ရန် ပြောလိုက်သည်။
သူ့ဆီလည်း မည်သည့်ရတနာမှမရှိပေ။သို့သော်
စနစ်၏ စတိုးတွင် ရတနာအနည်းငယ်တော့
ရနိုင်လောက်ပေသည်။ သူ့တွင်အင်အားစုရ
မှတ်ရှိသောကြောင့် ဝယ်ယူနိုင်ပေသည်။
“စနစ်ရေ စတိုးထဲမှာ လက်ဆောင်အတွက်
ဘာတွေ သင့်တော်လဲ”
ကျိုးယန်၏ အမေးကိုစနစ်မှ
“မြေအဆင့် ကျင့်စဥ်တချို့ရှိမယ် ပြီးတော့
ဆေးလုံးအနည်းငယ်နဲ့ လက်နက်တချို့တလေ
ပေါ့”
စနစ်မှ ပျင်းရိစွာပြန်ဖြေသည်။
ကျိုးယန် စဥ်းစားကြည့်သည်။ ကျင့်စဥ်များ
သာပေးလိုက်လျှင် မည်သို့ပြဿနာရှိလာမည်
နည်း။ ထို့အပြင် လက်နက်များ ဆေးလုံးများ
အရာအားလုံးသည် ကမ္ဘာမြေတွင် အဆင့်လွန်
ရတနာများဖြစ်နေသည်။
ထားလိုက်ပါ တခုတလေပေးတာလောက်က
ဘာမှမဖြစ်နိုင်လောက်ပါဘူး။ ဖြစ်တော့လည်း
ငါရှင်းနိုင်တာပဲ။
စတိုးဆီမှ ခန္ဓာကိုယ်အားဖြည့်ဆေးလုံးအနည်း
ငယ်နှင့် လူသားအဆင့် ရတနာဓားတလက်
ထပ်မံဝယ်ယူလိုက်သည်။
စနစ်စတိုး၏ အဆင့်အရ ထိုထက်မြင့်သည်
များကို ကျိုးယန်မဝယ်နိုင်သေးသလို ပေးအပ်
လိုက်လျင်လည်း မတော်လောဘများကြောင့်
ချူမိသားစုအနေဖြင့် ပြဿနာတက်နိုင်သည်။
အလှည့်ကျ လက်ဆောင်များအသီးသီး ပေး
အပ်ပြီးနောက် အိုးရန်ရွှမ်းရွှမ်းအလှည့်ကျ
ရောက်လာသည်။ သူမက စိုးရိမ်နေသည့်ပုံစံ
ဖြင့် ကျိုးယန်ဆီကြည့်ကာ ကျိုးယန်၏အစီစဥ်
ကို စောင့်မျှော်နေပုံရသည်။
အိုးရန်ရွှမ်းရွှမ်းနှင့်ကျိုးယန်တို့ ထိုင်သည့်စားပွဲ
က မိသားစုများနှင့် လူကုံထံများ၏ စားပွဲပြီး
နောက် တတိယအဆင့်တွင်ပင်ရှိကာ vip စာရင်း
ဝင်ရုံသာရှိ၍ နေရာကလည်းအနည်းငယ် မျက်
ကွယ်ဆန်သည်။
ကျိုးယန်က အိုးရန်ရွှမ်းရွှမ်းကို ပြုံးပြလိုက်
သည်။ ပြီးနောက် မတ်တပ်ထရပ်ကာ..
“ကျုပ်က ဒီပွဲမှာ ဖျော်ဖြေပေးမယ့် အိုးရန်ရွှမ်း
ရွှမ်းရဲ့ သက်တော်စောင့်ပါ ချူမိသားစုခေါင်း
ဆောင်အတွက် မွေးနေ့လက်ဆောင်အဖြစ်
ဆေးလုံးအချို့ပေးအပ်ပါတယ်”
ချူမိသားစုအဖိုးကြီး၏ အကြည့်များက ကျိုး
ယန်ဆီ အကြည့်ရောက်လာသည်။ အဖိုးကြီး၏
ပုံစံက ယခုမှပင် သူတို့ရှိရာပထမဆုံးအကြည့်
ရောက်လာပုံရသည်။
ဘာလဲကွ…ဖျော်ဖြေမယ့်အနုပညာရှင်ကို
တချက်ကလေးမှ ဂရုမစိုက်ပဲ ဘာလို့ဖိတ်သေး
လဲ။ ကျိုးယန်သိထားသည်က အနုပညာရှင်
များသည် သွားလေရာ လူဝိုင်းကာ ပစားခံလူ
တန်းစားများဖြစ်သည်။ အိုးရန်ရွှမ်းရွှမ်း၏
အဆင့်အရ နှုတ်ဆက်စကားတော့ လာပြော
သင့်ပေသည်။
ချူအဖိုးကြီးက ကျိုးယန်ကို မှတ်မိသွားပုံရ
သည်။ မျက်နှာကလည်း ပြုံးသွားကာ ရယ်ရယ်
မောမောဖြင့် ကျိုးယန်၏စကားကိုပြန်လည်
တုံ့ပြန်လာသည်။
“ကောင်လေး ဒီအဖိုးကြီးအတွက်မွေးနေ့လက်
ဆောင်အထူးတလည် မလိုပါဘူးကွ မင်းလာ
မယ်မှန်းသိရင် ငါကိုယ်တိုင်ထွက်ကြိုမှာပေါ့”
ကိုယ်တိုင်ထွက်ကြိုမယ်… .
ကောင်လေးက သက်တော်စောင့်မဟုတ်ဘူး
လား။ အိုးရန်ရွှမ်းရွှမ်းက အနုပညာရှင်ဆိုပေမဲ့
မိသားစုကြီးတွေနဲ့ ယှဥ်ရင် ခြေသုတ်ခုံအဆင့်ပဲ
လေ။
ချူအဖိုးကြီး၏စကားကိုကြားပြီးနောက် မွေး
နေ့ပွဲရှိ လူများအထူးအဆန်းဖြစ်ကုန်ကြသည်။
ကျိုးယန်က အသာပြုံး၍
“အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ လူမှုရေးနဲ့လူမှု
အစဥ်အလာလိုအပ်တယ်မလား..ခုပေးတဲ့လက်
ဆောင်လေးက အသေးအမွှားလေးမို့ လက်ခံ
ပေးပါ”
“ဟားးးးကောင်းပါပြီ”
ချူအဖိုးကြီးမှ ကျယ်လောင်စွာရယ်ကာ စတိတ်
စင်ပေါ်မှ ဆင်း၍ ကျိုးယန်၏ လက်ဆောင်ကို
သူကိုယ်တိုင်ဆင်းယူသည်။
“ကောင်လေး ငါ့အသက်ကိုမင်းကယ်ခဲ့ပေးတာ
ကျေးဇူးတင်ပါတယ်ကွာ မဟုတ်ရင် ငါ့ခန္ဓာ
ကိုယ် ကျန်းမာမှုအရ နေရာမှာတွင်သေသွားနိုင်
တယ် မင်းကြောင့် ခုလိုမတ်တပ်ရပ်နေနိုင်တာပဲ
ချူအဖိုးကြီးက လေးလေးနက်နက်ကို ကျေးဇူး
တင်နေပုံရသည်။ ကျိုးယန်ကလည်း ထိုသို့လူ
များကို အမှန်သဘောကျသည်။ ကျေးဇူးတရား
ကို သိသူများကသာ လူပီသသည်ဟု သူသက်
မှတ်ထားသည်မဟုတ်လား။
“ဆေးလုံးလေးအချို့ကိုများ ရေးကြီးခွင်ကျယ်
လုပ်နေတယ် နှစ်တရာဂျင်စင်းက အဲ့ဆေးလုံး
ထက်အဆပေါင်းများစွာ အဖိုးတန်တယ်”
စတိတ်စင်ပေါ်တွင် ထိုင်နေသည့် လူငယ်ဆီမှ
စကားသံအချို့ထွက်လာသည်။ သူ့အမြင်တွင်
သူ့အဖိုးပေးသည့် နှစ်တရာ ဂျင်စင်းကသာ တန်
ဖိုးကြီးသည်။ ကျိုးယန်၏ ဆေးလုံးက သာမန်
ပင်ဖြစ်သည်ကို ချူအဖိုးကြီးက အမူပိုနေသည်
ဟုထင်နေပုံရသည်။
ချူအဖိုးကြီး၏ မျက်နှာပျက်သွားသည်။
တင်းမာစွာဖြင့် ထိုလူငယ်ကိုတချက်ပြန်လှည့်
ကြည့်လိုက်သည်။ ကျိုးယန်ကတော့ အပြုံး
မပျက်ရှိနေကာ စနစ်၏သိုလှောင်ခန်းမှ ဆေး
လုံးကို ထုတ်ယူ၍ အများမြင်သာအောင်ပြကာ
ဆေးလုံး၏ အကျိုးအာနိသင်ကို ပြောပြတော့
သည်။
“ဒါက အဆင့်မြင့် ခန္ဓာကိုယ်အားဖြည့်ဆေးပဲ
အဆင့်မြင့်နော် သူ့ရဲ့အာနိသင်က ခန္ဓာကိုယ်ကို
အားဖြည့်ပေးပြီး ကိုယ်တွင်းဒဏ်ရာကို ကုစား
ပေးတယ် ပြီးတော့အချိန်တိုအတွင်း အရိုးအရေ
နဲ့သွေးကြောတွေကို အသစ်တဖန်ဖြစ်တည်စေ
တယ် ခန္ဓာကိုယ်ကျင့်ကြံသူတွေအတွက်တော့
ရတနာဆေးလုံးပဲ”
ကျိုးယန်၏စကားကိုကြားချိန် မွေးနေ့ပွဲရှိလူ
များ မှင်တက်သွားကြသည်။ အများစုက ကျင့်
ကြံသူများဖြစ်ကြ၍ ဆေးလုံး၏အာနိသင်ကို
နားလည်သွားကြသည်။ ကျိုးယန်၏စကားသာ
အမှန်ဖြစ်ပါက တကယ့်ကို ရတနာပင်ဖြစ်သည်
“ကောင်လေး မင်းလို သက်တော်စောင့်လေးက
ရတနာဆေးလုံးပေးနိုင်မယ်တဲ့လား ရယ်စရာ
တွေလာမပြောစမ်းပါနဲ့”
ဝမ်မိသားစုခေါင်းဆောင်အဖိုးကြီးက ကဲ့ရဲ့လာ
သည်။ ကျိုးယန်၏ဆေးက သူ့ဂျင်စင်းထက်
သာသည်ကို သူလက်မခံနိုင်ပေ။ သူ့အနေဖြင့်
သူ့မြေးကို ချူအဖိုးကြီး၏ မြေးမဖြင့်လက်ထပ်
နိုင်ရန်အားထုတ်နေခြင်းဖြစ်သည်။
“ရယ်စရာပြောနေတာတဲ့လား ဟမ့် ခဗျားလိုလူ
က အဆင့်မြင့်ဆေးလုံးကို မြင်ကောမြင်ဖူးရဲ့
လား”
“ ကောင်လေး မင်းက ငါ့အဖိုးကိုဘယ်လိုပြန်
ပြောလိုက်တာလဲ မင်းဆေးလုံးက အဆင့်မြင့်
ဆေးလုံးဖြစ်နေရင်တောင်ဘာအရေးလဲ ဆေး
လုံးရဲ့အာနိသင်ကို လက်တွေ့ပြနိုင်မှ လူတွေက
လက်ခံကြမှာပေါ့”
စတိတ်စင်ပေါ်ကှိ လူရွယ်ကစင်ပေါ်မှဆင်းလာ
ကာ ကျိုးယန်ကို ပြောသည်။
မြေးအဖိုးတွေ လိုက်လည်းလိုက်တယ်ဟ။
ကျိုးယန်က ထိုမြေးအဖိုးနှစ်ယောက်ကိုစူးစိုက်
ကြည့်ကာ ခြံဝန်းထဲရှိ အခြားသူများဘက်လှည့်
၍ မေးလိုက်သည်။
“ဒီဆေးလုံးရဲ့ အာနိသင်ကို လက်တွေ့ပြရင်
ခဗျားတို့ယုံမှာလား”
ကျိုးယန်၏ အမေးကိုတယောက်တပေါက်
ပြန်ဖြေကြတော့သည်။
“ဒါပေါ့ ဆေးလုံးရဲ့အာနိသင်ကို လက်တွေ့
မြင်ရရင် ငါတို့ယုံမယ်”
“မင်းဆေးလုံးသာစစ်မှန်ရင် သက်သေပြလေ”
“ငါတို့စောင့်ကြည့်နေမယ် ကောင်လေး”
ထိုလူထဲမှ အများစုက ဝမ်မိသားစုကို ဖားယား
နေကြသူများဖြစ်ကာ အခွင့်သင့်၍ ဝိုင်းဆော်
ကြမည့်ဟန်ရှိသည်။
ကျိုးယန်က လက်ထဲရှိ ဆေးပုလင်းထဲမှ
ဆေးတလုံးထုတ်ယူလိုက်သည်။ ပြီးနောက်
ချူအဖိုးကြီးဘက်လှည့်ကာ သောက်စေသည်။
“အဖိုးကြီးချူ ဒါကိုစမ်းသောက်ကြည့်ပါ
ကျတော့်ကို ယုံတယ်မလား..”
ချူအဖိုးကြီးက ကျိုးယန်ကိုတချက်ကြည့်သည်
ပြီးနောက် ဆေးလုံးကို ယူကာတချက်တည်းမြို
ချပစ်လိုက်တော့သည်။
အဲ့လိုဖြစ်နေရမယ် ငါ့ကိုယုံရင် အကျိုးအမြတ်
ကမင်းတို့ထင်ထားတာတွေထက် ပိုတယ်ဆိုတာ
မင်းတို့မျက်မြင်ဖြစ်စေရမယ်။
ချူအဖိုးကြီးက ဆေးလုံးကိုတိုက်ရိုက်မြိုချ
လိုက်သည်ကို ကြည့်၍ ချူမိန်းမလှလေးတစ်
ယောက် လန့်သွားသည်။
“အဖိုး”
ချူအဖိုးကြီးက သူ့မြေးမဘက်လှည့်ကာ
လက်ကာပြ၍ တားလိုက်သည်။ ဆေးလုံးက
ခန္ဓာကိုယ်ထဲ ရောက်ပြီး မိနစ်အနည်းငယ်အ
တွင်း အာနိသင်ပြလာသည်။ အရောင်အဝါတ
မျိုးပေါ်လာကာ ထိုအရာကိုသတိထားမိသည့်
နှင့် ချူအဖိုးကြီးက ချက်ချင်းပင် မြက်ခင်းပြင်
ပေါ် တင်ပျဥ်ခွေထိုင်ချကာ ဆေးစွမ်းကိုစုပ်ယူ
ရန်ပြင်တော့သည်။
အကုန်လုံးက ဖြစ်စဥ်ကို ကြည့်နေသည်။
ဆေးလုံးကို ပုံစံကို အသေချာမမြင်လိုက်ရ
သော်လည်း ဆေးလုံး၏ အာနိသင်ကို ယခု
သူတို့မြင်ရတော့မည်ဖြစ်သည်။ ကျိုးယန်ပြော
သလိုများဖြစ်နေမလား။
ကျိုးယန်က ချူအဖိုးကြီး၏ နောက်ကျောဘက်
သွားကာ လက်ဖဝါးဖြင့်အသာဖိ၍ သတိပေး
သည်။
“စွမ်းအင်တွေကို ဆုံမှတ် ၇နေရာဆီတဆင့်ချင်း
ပို့လွှတ်လိုက် အာရုံကို မထွေဝါးစေနဲ့ နည်းနည်း
နာကျင်မှုရှိမယ် တောင့်ခံထား”
ကျိုးယန်ကသူ့ကဲ့ ချီဓာတ်ဖြင့် ချီလမ်းကြောင်း
ကိုထိန်းကျောင်းကာ ကူညီပေးနေသည်။
အား..
အဖိုးကြီးချူက မခံမရပ်နိုင်အောင်နာကျင်လာ
သည်။ သူ့အတွင် အတွင်းဒဏ်ရာများရှိသော
ကြောင့် ဆေးလုံး၏ အာနိသင်ဖြင့်တိုက်စား
သည့်အခါ နာကျင်လာသည်။
ငါတောင့်ခံထားရမယ်…။ အံကိုကြိတ်၍တောင့်
ခံထားသည်။ ချွေးပေါက်များက မျက်နှာပေါ်
ကျဆင်းနေသည်မှာ ရေချိုးနေသလိုပင်။
ချူမိန်းမလှလေးက အဖိုးဖြစ်သူကိုစိုးရမ်၍
စင်ပေါ်မှဆင်းလာကာ အနားတွင်လာရပ်သည်။
“အဖိုး အဆင်ပြေရဲ့လား”
သူမကို ကျိုးယန်က သတိပေးသည်။
“အဖိုးကို အာရုံများအောင်မလုပ်နဲ့ အခုက
အရေးကြီးအဆင့်ရောက်နေပြီ”
ကျိုးယန်၏စကားကိုကြာလျှင် သူမက လှည့်
ကြည့်သည်။ သူမက ကျင့်ကြံမှုနှင့်ပက်သက်၍
နားမလည်သော်လည်း သူမအဖိုးက လူငယ်ကို
ယုံကြည်သည့်ဟန်ရှိကာ သူမအမြင်တွင်လည်း
လူငယ်တွင် သူမအဖိုးကို ဒုက္ခပေးမည့်ဟန်မရှိ
သည်ကိုမြင်၍ အသာငြိမ်နေလိုက်ရသည်။
မိနစ်၂၀ ကျော်ကြာပြီးနောက် ဆေးစွမ်းအင်
များတည်ငြိမ်ကာ ချူအဖိုးကြီးလည်း နာကျင်
မှုပျောက်ကွယ်ကာ အရှိန်အဝါတချို့ ထွက်လာ
သည်။
ဒါက တည်ဆောက်ရေးအဆင့် အရှိန်အဝါလား
ချူမိသားစုခေါင်းဆောင်က သူ့ရဲ့ကျင့်ကြံမှုကို
ပြန်ရတော့မှာလား..။
ဝမ်မိသားစုခေါင်းဆောင်လည်း ချူအဖိုးကြီး၏
အရှိန်အဝါကိုကြည့်ကာ နားမလည်နိုင်ဖြစ်နေ
သည်။ ချူအဖိုးကြီးသည် အတွင်းဒဏ်ရာ
ကြောင့် အဆင့်လျော့ကျသွားသည်မှာ ဆယ်နှစ်
ကျော်ကြာပြီ ဖြစ်သည်။ ယခုတော့ ဆေးလုံး
တလုံး၏ အကူညီဖြင့် နဂိုအဆင့်ကိုပြန်ရောက်
နိုင်တော့မည်။ သူအနည်းငယ်မနာလိုဖြစ်သွား
ရသည်။
ချူအဖိုးကြီး၏အသားအရေက ဖြူဝင်းလာ၍
အရေးအကြောင်းများလည်း ပျောက်ကွယ်သွား
သည်။ ထို့အပြင် သန်မာသည့်အရှိန်အဝါများ
လည်းထုတ်လွှတ်နေသေးသည်။
ဟူး…..တကယ်ကောင်းတဲ့ဆေးလုံးပဲ..။
တန်ဖိုးကြီးလိုက်မယ်ဖြစ်ခြင်း။