အခန်း (၃၆)
Vol. 3 Ch. 36
ကျိုးယန်နှင့် ဝမ်သခင်လေးတို့မျက်နှာချင်းဆိုင်
တွေ့ကြလေပြီ။ ဝမ်သခင်လေး၏မျက်နှာကတော့
မှိုရထားသည့်နှယ် ပြုံးရွှင်နေကာ မျက်လုံးထဲတွင်လည်း
ကျိုးယန်ကို အထင်အမြင်သေးသည့်ဟန်များ အပြည့်ဖြစ်သည်။
“စလိုက်ကြရအောင်”
ကျိုးယန်က စတင်ရန်ပြောလိုက်သည်။ သူ့အတွက်ဝမ်သခင်လေးဆိုသည်က
လက်ချောင်း တချောင်းလှုပ်လိုက်ရုံပင်ဖြစ်သည်။ လွယ်ကူလွန်းသည်မဟုတ်လား။
ဟမ့်… အသားမနာသေးလို့နဲ့တူတယ်။
ဝမ်သခင်လေးက အတော်အတန်သာအင်အားပါသည့် လက်သီးချက်တခု
ကျိုးယန်ဆီ ထုတ်လွှတ်လိုက်သည်။ တည်ဆောက်ရေးအဆင့်ကို ခြေလှမ်းထား
သူတယောက်အတွက် ခွန်အား ၃၀ ရာနှုန်းကိုသာ သုံးထားခြင်းဖြစ်သည်။
“ဝမ်သခင်လေးက သက်ညှာလိုက်တာပဲ”
“သူတကယ်လုပ်ရင် ဟိုကောင်လေးဘယ်လွယ်မလဲ”
လက်သီးချက်က ကျိုးယန်ဆီဝင်လာသည်။ သို့သော် တုတ်တုတ်ပင်မလှုပ်ချေ။
ကျိုးယန်၏ ရင်ဘတ်နားရောက်လာနီးတွင်တော့ ညာဘက်လက်ကိုဆန့်၍
ပုတ်ထုတ်လိုက်သည်။ ဟင်…ကာကွယ်နိုင်တာလား။ ဝမ်သခင်လေးအနည်းငယ်
တော့လေးနက်သွားသည်။ တဖက်လူက ကျင့်ကြံသူတယောက်ဖြစ်နိုင်သည်။
နောက်ထပ်လက်သီးချက်တချက်ပေါ့ကွာ…..။
ဝမ်သခင်လေးတယောက် ဒီတခါတော့ လက်သီးချက်ထဲတွင် သူ့ခွန်အား၏
၇၅ ရာခိုင်နှုန်းထိတိုးမြင့်လိုက်သည်။ သေလိုက်စမ်း သက်တော်စောင့်လေး။
လက်သီးချက်က အရှိန်တခုဖြင့် ထပ်တိုးဝင်လာပြန်သည်။ ဒါပဲလား…။
ကျိုးယန် နှာခေါင်းရှုံ့ကာ ရှောင်ပြလိုက်သည်။ လုံးဝ အသာအယာပင်။
“ဖြစ်နိုင်လို့လား..”
“သူက ဝမ်သခင်လေးနဲ့တောင်ယှဥ်နိုင်တာလား”
ကျိုးယန်က ပတ်ဝန်းကျင်ကိုလစ်လျူရှူထားကာ ဝမ်သခင်လေးကိုသေချာစိုက်ကြည့်လျက်
ရှိသည်။ အချိန်ကြာကြာ ကစားရန်သူစိတ်မပါပေ။ ဝမ်သခင်လေးကိုကြည့်မရ၍ ပညာ
ပေးလိုသဖြင့် စီစဥ်လိုက်ကခြင်းဖြစ်ပြီး ယာယီတာဝန်အတွက် ဆုလာဒ်ကလည်း သိပ်မြင့်မား
မည်ဟု သူမထင်ပေ။ ငွေသန်းတရာကတော့ လတ်တလောသူ့အတွက်အသုံးဝင်သည်။
“ကျုပ် စပြီနော်”
ကျိုးယန်တယောက် ဝမ်သခင်လေးဆီ တိုးဝင်သွားကာ မျက်နှာကို အသာအယာရိုက်ချ
လိုက်သည်။ စိတ်ဝိဉာဥ်အဆင့်အထွပ်အထိပ်ထက် အနည်းငယ်သာအားနည်းခွန်အားကို
ဝမ်သခင်လေး မည်ကဲ့သို့ခံနိုင်မည်နည်း။ ကျိုးယန်အသာအယာ ရိုက်၍သာတော်တော့သည်။
သို့သော်လည်း ထိုမျှလောက်ကပင် ဝမ်သခင်လေးအတွက်ပြင်းထန်နေသေးသည်။
အားးးးးး
အော်သံတချက်နဲ့အတူ ဝမ်သခင်လေး၏ ခန္ဓာကိုယ်က လွင့်ထွက်ကာ မြေပေါ်ပြုတ်ကျသွား
ရသည်။ သတိပင်မလည်လာတော့ပေ။
“တချက်တည်း ပြီးတော့ လက်နဲ့ပုတ်လိုက်သလို အသာအယာလေးလေ”
“ဝမ်သခင်လေးက ပျော့တာလား ဒီကောင်လေးက အားကောင်းတာလား”
အကုန်လုံးဇဝေဇဝါဖြစ်ကုန်သည်။ ကျိုးယန်၏ခွန်အားအမှန်ကို မည်သူမှ မခန့်မှန်း
နိုင်ကြတော့ပေ။ ဝမ်မိသားစုခေါင်းဆောင် ဝမ်လင်း၏ မျက်နှာသည်လည်းပုပ်သိုးကာ
ငွေသန်းတရာ ဆုံးရှုံးရသည်ထက် သူ့မြေးဒဏ်ရာရသည့်အပေါ် မကျေနပ်ဟန်ရှိသည်။
သို့သော်လည်း သူဘာမှမတတ်နိုင်ပေ။ လူအများကြီးဝိုင်းကြည့်နေသောကြောင့်
ကျိုးယန်ကိုတိုက်ခိုက်၍မရ။ ဝမ်မိသားစု၏ ဂုဏ်သိက္ခာတခုလုံးမြောင်းထဲရောက်သွား
ရပေလိမ့်မည်။
ဝမ်လင်းတယောက်သူ့မြေးကို ပွေ့ကာ ဆေးလုံးအချို့တိုက်ကြွေးလိုက်သည်။ ကျိုးယန်
ကိုလည်း တင်းမာစွာကြည့်၍..
“ကောင်လေး ဒါပြိုင်ပွဲလေးတခုပဲ မင်းအခုလောက်လုပ်စရာမလိုပါဘူး”
တင်းမာခက်ထန်စွာပြောလိုက်သည်။ ကျိုးယန်က ပုခုံးတွန့်ပြ၍
“ကျိုးယန် အသာအယာပုတ်လိုက်တာ လူတိုင်းမြင်တယ် ခဗျားမြေးကိုက ပျော့တာ
ကျုပ်ကိုအပြစ်လာမတင်နဲ့ ကဲ လောင်းကြေးအတိုင်း သန်းတရာပေးပေတော့”
ဟမ့် ကောင်းပြီလေ။
ဝမ်လင်းက ဘဏ်ကတ်တခုထုတ်ပေးလိုက်သည်။
“ဒီထဲမှာ သန်းတရာပါတယ် ယူလိုက်”
ထိုဘဏ်ကတ်က ကျိုးယန်အတွက်အသင့်လုပ်ထားသလားပင်ထင်ရသည်။
ကျိုးယန်လည်း ဘဏ်ကတ်ကိုသိမ်းကာ ပြုံးပြလိုက်သည်။ မိနစ်ပိုင်းအတွင်း သန်းတရာ
မိသားစုကြီးများ၏ မျိုးဆက်များကို စိန်ခေါ်ကာ ယခုလိုငွေရှာရင်ကောင်းမည်လား
ဟုပင် အတွေးဝင်သွားသည်။
ချူမိသားသုခေါင်းဆောင်ကတော့ သူတွက်ဆထားပြီးသားမို့ မအံ့သြတော့ပေ။
ကျိုးယန်ကို ပြုံး၍သာကြည့်နေသည်။ လူအုပ်ထဲတွင်ရှိနေသည့် အိုးရန်ရွှမ်းရွှမ်းသည်
လည်း ထို့အတူပင်။ သူမအနေဖြင့် ကျိုးယန်ကို မြင်နိုင်စွမ်းမရှိလောက်အောင် နက်ရှိုင်းသူ
တယောက်လို့သာ သက်မှတ်နိုင်တော့သည်။
မွေးနေ့ပွဲက ဆက်လက်ကျင်းပသော်လည်း ဝမ်မိသားစုမှလူများကတော့ အရှက်တကွဲ
ဖြစ်ကာ ပြန်သွားကြသည်။ ဆက်နေလျှင်လည်း အရှက်ကွဲရုံသာရှိပေမည် မဟုတ်လား။
အိုးရန်ရွှမ်းရွှမ်း၏ ဖျော်ဖြေမှုပြီးသွားသည့်အခါ ညအတော်နက်နေလေပြီ။
ချူမိသားစုခေါင်းဆောင်က ကျိုးယန်ဆီလာကာ ယခုည အိမ်တော်တွင်ပင်နားရန်
တိုက်တွန်းသည်။ ကျိုးယန် အိုးရန်ရွှမ်းရွှမ်းကို ကြည့်လိုက်သည်။ သူမ ဆန္ဒရှိလျှင်
သူ့အတွက်အဆင်ပြေသည်။ သူမဆန္ဒမရှိလျှင်တော့ သူနေချင်ရင်တောင် သူမလုံခြုံ
ရေးအတွက် အရင်ဆုံးပြန်ပို့ပေးရပေမည်။ အိုးရန်ရွှမ်းရွှမ်းက ခေါင်းညိတ်ပြကာ
လက်ခံလိုက်သည်။ ပြီးနောက် အစ်မဂျူဆီဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြ
လိုက်သည်။
အိမ်တော်တွင် လူများရှင်းသွားကြလေပြီ။ ခြံဝန်းထဲရှိ စားပွဲဝိုင်းတခုပင်ကျန်ကာ
ချူမိသားစုခေါင်းဆောင် ချူကျန်းချန် နဲ့ ချူလင်းယွင် တို့မြေးအဖိုး အပြင်
ကျိုးယန်သာကျန်ခဲ့သည်။ အိုးရန်ရွှမ်းရွှမ်းကတော့ အိမ်တော်၏ အစေခံများစီစဥ်
မှူဖြင့် အနားယူရန်ထွက်သွားလေပြီ။
“ကောင်လေး ဒီလူအိုကြီး မင်းကို အကူညီတခုတောင်းပါရစေ”
ချူကျန်းချန်က အနည်းငယ်တွန့်ဆုတ်နေသည့် ပုံစံဖြင့်ပြောလိုက်သည်။
သူ့အနေဖြင့် ကျိုးယန်က အခါခါကူညီထားသော်လည်း နောက်ထပ်အကူညီများ
ထပ်တောင်းနေရသည်မဟုတ်လား။
ထိုအချိန်တွင် ကျိုးယန်တယောက်စနစ်၏ ဆုလာဒ်ကိုလက်ခံနေသည်။
ယာယီတာဝန်ဖြစ်သည့် ဝမ်သခင်လေးကိုပညာပေးခြင်းအောင်မြင်ပါသည်။
စနစ်မှ ဆုလာဒ်အနေဖြင့် ဗာဂျာရာ ခန္ဓာကိုယ်ကျင့်စဥ် ပထမအပိုင်းအား
ပေးအပ်မည်။
ဗာဂျာရာ ကျင့်စဥ်လား..ဒါခန္ဓာကိုယ်ကိုလေ့ကျင့်တဲ့ ကျင့်စဥ်တခုပဲ။
ကျိုးယန်တယောက်ဝမ်းသာသွားသည်။ စနစ်၏ဆုလာဒ်က သူလိုအပ်နေသည့်
အရာဖြစ်နေသည်မဟုတ်လား။
“ဆုကတခုတည်းလား တခြားကော”
ကျိုးယန်၏အမေးကိုစနစ်မှ
“ယာယီတာဝန်လေးပဲလေ တခုတည်းပေါ့”
ကျိုးယန်တယောက်စိတ်ပျက်သွားသည်။ ထိုအချိန် ချူကျန်းချန်ကတော့ ကျိုးယန်ကို
ကြည့်ကာ သူ့စကားအပေါ် မတုန့်ပြန်၍ အကူညီမပေးချင်ဟု အထင်လွဲသွားသည်။
ချက်ချင်းပင် ကျိုးယန်ကိုတောင်းပန်တော့သည်။
“ကျုပ် လောဘကြီးလွန်းသွားတယ်နဲ့တူပါတယ်လေ တောင်းပန်ပါတယ်”
ဟမ်…ကျိုးယန် အခုမှသတိဝင်လာကာ ဇဝေဇဝါဖြစ်သွားသည်။ ခုနက ချူအဖိုးကြီး
ငါ့ကိုဘာပြောလိုက်တာလဲ။ ကျိုးယန်က ချူလင်းယွင်ကို ကြည့်လိုက်သည်။ သူမသည်
လည်း အားတုံ့အားနာ ဖြစ်နေပုံရသည်။ တခုခုတော့ပြောလိုက်ပုံရပေမယ့် ကျိုးယန်
သေချာမကြားလိုက်ဟု ပြန်ပြောရမည်ကို မပြောချင်တော့။ မလေးစားရာရောက်ပေသည်။
ခပ်တည်တည်ပင်. ပြောလိုက်သည်။
“ပြောချင်တာကိုအားမနာတမ်းပြောလို့ရပါတယ် အဖိုးချူ”
ချူကျန်းချန် ဝမ်းသာသွားသည်။ ဒါဆို လက်ခံ၍ ကူညီနိုင်ချေရှိသည်မဟုတ်လား။
“ဒါက ဒီလိုပါ ကျုပ်မြေးမလေးက ပါရမီပါပါတယ် ခက်တာက သူ့သွေးကြောတွေက
ပိတ်ဆို့နေပြီး ကျင့်ကြံလို့မရဘူး..မောင်ရင့်ဆေးလုံးက အဲ့ရောဂါအပေါ်သက်ရောက်မှု
ရှိမရှိသိချင်တာပါ ပြီးတော့ အဆင်ပြေမယ်ဆိုရင် မြေးမလေးကို ကုသပေးဖို့တောင်းဆိုချင်ပါ
တယ်”
သြော်….။ ကျိုးယန် ချူလင်းယွင်ကိုကြည့်လိုက်သည်။ ခန္ဓာကိုယ်အားဖြည့်ဆေးလုံးက
အတွင်းဒဏ်ရာဟောင်းများကို ကုသပေးနိုင်သော်လည်း သွေးကြောများပြတ်တေက်နေခြင်း
ကိုတော့ ကုသနိုင်မည်ဟု သူမထင်ပေ။ ကျိုးယန်တယောက် စနစ်ကိုမေးလိုက်သည်။
“ သွေးကြောတွေပိတ်ဆို့နေတာတွေအတွက် ဘာဆေးလုံးနဲ့ကုသလို့ရလဲ”
စနစ်မှ ပြန်ဖြေသည်။
“ဒါကရိုးရှင်းပါတယ် သန့်စင်ဆေးလုံးနဲ့တင်ရတယ် ဒါပေမယ့် သူက အဆင့်မြင့်ဆေးလုံး
ဖြစ်ဖို့တော့လိုတယ် နောက်ပြီး ကုသရေးဖြစ်စဥ်က နာကျင်ရမယ်”
ကျိုးယန် တိတ်ဆိတ်ကာစဥ်းစားနေသည်။ စနစ်မှပြောလာလျှင် သေချာပေါက် ကုသ၍
ရနိုင်သည်။ သူကူညီသင့်သလား။ ချူအဖိုးကြီး၏ စိတ်ထားကိုတော့ သူသဘောကျသည်။
အနည်းဆုံး အဖိုးတယောက်လို့ပင် သူတွေးသည်။ သူ့တွင် ရင်းနီးသူများများစားစား
မရှိထားပေ။ ခွန်အားအရ ချူမိသားစုသည် သူ့အတွက်သာမန်ဖြစ်သော်လည်း လူသည်
တဦးတယောက်တည်း နေ၍ မရနိုင်ပေ။ ထို့အပြင် ရတနာရှာရန်အတွက် ချူမိသားစု
အင်အားကို သူသုံးနိုင်သည်။
“ကျုပ်ကူညီလို့ရပါတယ် ဒါပေမယ့်.. “
ကျိုးယန်၏စကားကို ချူကျန်းချန်က ဖြတ်၍
“မြေးမလေးကိုသာကုပေးနိုင်ရင် ဘယ်လောက်တောင်းတောင်းပေးနိုင်ပါတယ်”
“မဟုတ်ဘူး ကျုပ်က ငွေစကားပြောနေတာမဟုတ်ဘူး ကုသရေးဖြစ်စဥ်က
နာကျင်ရပြီးခက်ခဲတယ် ကျုပ်က သူမခံနိုင်ရည်ရှိပါ့မလားတွေးပူနေတာ နောက်ပြီး
သွေးကြောပိတ်ဆို့နေပေမယ့် သာမန်လူလိုနေနိုင်တယ်မဟုတ်လား ကျင့်ကြံရေးလောက
လိုခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းကို ဘာလို့လျှောက်စေချင်တာလဲ”
ကျိုးယန်၏စကားကိုကြားပြီးနောက် ချူကျန်းချန်သက်ပြင်းချလိုက်သည်။
ပြီးနောက် စိတ်ဓာတ်ကျစွာဖြင့် ပြောလာသည်။
“ကျုပ်လည်း မြေးမလေးကို သာမန်ဘဝနဲ့နေစေချင်တာပါ ဒါပေမယ့် ချူမျိုးဆက်
ထဲမှာ သူပဲ တိုက်ရိုက်မျိုးဆက်ဖြစ်နေတယ်…ကျုပ်တို့မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီး
တွေကြားမှာ အကျိုးအမြတ်အတွက် မျိုးဆက်သစ်လူငယ်ကလည်း အရေးပါတယ်
အရင်နှစ်တွေတုန်းက မျိုးဆက်သစ်ပြိုင်ပွဲကို လျသ်လျူရှူထားပေးမယ့် တဖြေးဖြေး
ဆုံးရှုံးလာတဲ့အခွင့်အရေးတွေကြောင့် နောက်ဆို ချူမိသားစုရပ်တည်ဖို့ခက်သွားပြီ
မြေးမလေးသာ ကျင့်ကြံနိုင်ရင် သူ့ရဲ့ပါရမီအရ မျိုးဆက်သစ်ပြိုင်ပွဲမှာ အတိုင်းအတာ
တခုထိ နေရာရလိမ့်မယ် ထင်တယ် အခုလာမယ့်ပြိုင်ပွဲမှာမဟုတ်ရင်တောင် နောင်
ပြိုင်ပွဲအနည်းငယ်ပေါ့”
ချူကျန်းချန်က ရှည်လျားစွာပြောလာသည်။ ချူမျိုးဆက်ထဲတွင် အခြားလူငယ်
အချို့ရှိသော်လည်း တိုက်ရိုက်မျိုးဆက်မဟုတ်သလို ပြိုင်ပွဲဝင်ရန်လည်း အဆင့်မရှိပေ။
အနည်းဆုံး အခြေခံအတင့်အထွဋ်အထိပ်ရောက်ရန်လိုအပ်ပြီး ချူမိသားစုတွင်
ချူကျန်းချန်သာ တည်ဆေက်ရေးအဆင့်ဖြစ်ပြီး ကျန်သူက အခြေခံအဆင့်အစောပိုင်း
တွင်သာရှိကြသည်။