← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

ကျိုးယန်တယောက်ခေါင်းညိတ်ပြလိုက်သည်။ ပြိုင်ပွဲ၏ အဆင့်ဖြင့် မိသားစုကြီးများ

ဂိုဏ်းကြီးများက စီးပွားရေးလုပ်ငန်းများကိုခွဲဝေပုံရသည်။ ဒါကလည်း ကျင့်ကြံရေး

လောကတွင်လည်း ရှိပေသည်။ လာမည့်ပြိုင်ပွဲကို ဝင်မပြိုင်နိုင်သော်လည်း ကျိုးယန်သာ

ကူညီမည်ဆိုလျှင် နောက်ပြိုင်ပွဲများ၌ ချူလင်းယွင်ပါဝင်နိုင်ပေမည်။

ကျိုးယန်က ချူလင်းယွင်ကို ကြည့်ကာ သက်ပြင်းချသည်။ပြီးနောက်

“သခင်မလေးက တကယ်ပဲ ကျင့်ကြံသူဖြစ်လိုတာလား”

ကျိုးယန်၏အမေးကို ချူလင်းယွင်က

“ကျမ မှာရွေးချယ်စရာမရှိဘူး မဟုတ်ရင် ဝမ်သခင်လေးကိုလက်ထပ်ပြီး

သူက ကျမတို့ချူမိသားစုကိုယ်စားပြု ပြိုင်လိမ့်မယ် ချူမိသားစုတခုလုံးလည်း

ဝမ်မိသားစုလက်အောက်ခံ ဖြစ်သွားရလိမ့်မယ်”

ကျိုးယန်နားလည်သွားသည်။ ဝမ်လူအိုကြီး၏ အကြံက အကွက်စေ့သည်။

သူ့မြေးသဘောကျနေသည့် မိန်းခလေးကိုရမည့်အပြင် ချူမိသားစုကိုလည်းထိန်းချုပ်

နိုင်ကာ သူ့ရဲ့ဂုဏ်သတင်းက မိသားစုကြီးများကြားတွင် ကျော်ကြားလာပေမည်။

“ကောင်းပြီ ကျုပ်ကူညီပေးမယ် အခုတော့ ပြိုင်ပွဲအကြောင်းရှင်းပြ ပါဦး”

ကျိုးယန်ဆီမှ ကတိစကားရလိုက်၍ ချူကျန်းချန်နှင့်ချူလင်းယွင်တို့ ဝမ်းသာသွားသည်။

“ဒီအဖိုးကြီး ရှင်းပြပေးမယ် ကျုပ်တို့ မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီး ၃ ဂိုဏ်းက လေးနှစ်ပြည့်တိုင်း

မျိုးဆက်သစ်ပြိုင်ပွဲတခုလုပ်တယ် ပြိုင်ပွဲမှာ ရလာတဲ့အဆင့်အလိုက် သက်ဆိုင်ရာမြို့တော်တွေ

ရဲ့အကျိုးစီးပွားကို ခွဲဝေကြရတယ်…ပြိုင်ပွဲရဲ့ဆုလာဒ်ကလည်း မက်လောက်စရာပဲ

မြေကြီးအဆင့် ရတနာနဲ့ ကျင့်စဥ်အချို့ပေါ့…ခုလာမယ့်တခေါက်ပြိုင်ပွဲကိုတော့ ရတနာတခု

ပေးမယ်လို့ကြားတယ် အဲ့ရတနာကို ဂိုဏ်းကြီးတဂိုဏ်းဖြစ်တဲ့ တံခွန်ဂိုဏ်းကထုတ်ပေးမှာလေ

ရတနာရဲ့အဆင့်ကိုတောင် မပြောနိုင်သေးဘူး တန်ဖိုးတော့ကြီးလိမ့်မယ်”

လာပြန်ပြီဒီရတနာ ။

ရတနာ၏အဆင့်ကိုတောင်မသက်မှတ်နိုင်ဘူးတဲ့လား..။ ဒါတော့စိတ်ဝင်စားသည်။

“ဒါပေမယ့် မြေးမလေးက ဒီတခေါက်ပြိုင်ပွဲမှာဝင်ပါနိုင်ဖို့မရှိဘူး ပြိုင်ပွဲကနောက်နှစ်လပဲ

လိုတော့တာလေ”

ချူကျန်းချန်က ရတနာဆို၍ မျက်လုံးများအရောင်လက်သွားသည့် ကျိုးယန်ကိုကြည့်ကာ

ပြောလိုက်သည်။ ကျိုးယန်က ကူညီလျှင်ပင် သူ့မြေးမလေးက နောက်တခေါက်ပြိုင်ပွဲတွင်

သာပါဝင်နိုင်လိမ့်မည်ဟု သူထင်နေသည်။

ကျိုးယန်က ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

“ကိစ္စမရှိဘူး နှစ်လတောင် ကျန်သေးတာပဲ အဆင်ပြေပါတယ် ဒီတခေါက်ပြိုင်ပွဲကိုပါ

ချူသခင်မလေးပါနိုင်အောင်လုပ်ပေးမယ်”

ချူကျန်းချန်တယောက် မယုံနိုင်ဟန်ဖြစ်သွားသည်။ သာမန်လူကို ကျင့်ကြံသူဖြစ်ရန်

ပြုလုပ်သည်က ဤမျှလွယ်ကူသည်လား နှစ်လအတွင်းလေ။

ကျိုးယန်အနေဖြင့်ကတော့ စစ်သည်တော်အဆင့်ဆေးလုံးတလုံးသာလိုအပ်သည်။

ထိုဆေးလုံးဖြင့်ဆိုလျှင် စစ်သည်တော်အဆင့်၆ ၇ လောက်ထိရောက်နိုင်ကာ

မြေကမ္ဘာကျင့်ကြံမှုအရ တည်ဆောက်ရေးအစောပိုင်းအဆင့်များဖြင့်ယှဥ်နိုင်သည်။

“တပတ်အတွင်း ကျုပ်ဒီကိုပြန်လာပြီ ပြိုင်ပွဲ အတွက်ကူညီမယ် တပတ်မတိုင်ခင်တော့

ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ချူသခင်မလေးပြင်ဆင်ထားပါ ကျင့်ကြံရေး

လမ်းစဥ်ကို လျှောက်ပြီးရင် ပြန်လှည့်မရတော့ဘူး”

ကျိုးယန်ကအလေးအနက်သတိပေးလိုက်သည်။ ကျင့်ကြံသူများသည် အသက်ရှည်ကာ

သာမန်လူများထက်သန်မာသော်လည်း ပေးဆပ်ရသည်ကတော့ရှိနေမည်။ စပြီးလျှင်

အဆုံးသတ်ရန်က သေခြင်းတရား သို့မဟုတ် အထွပ်အထိပ်တည်ရှိမှုပင်ဖြစ်သည်။

လုံလောက်အောင်ခွန်အားရှိလာရန်လိုအပ်မည်။

ကျိုးယန်၏စကားကို ချူကျန်းချန်လည်းခေါင်းညိတ်ကာလက်ခံသည်။

သူ့မြေးမလေးသည် တဖြေးဖြေးဆုံးရှုံးလာသည့် ချူမိသားစုအခွင့်အလမ်းများအတွက်

ကျင့်ကြံရေးလမ်းကိုလျှောက်ပေတော့မည်။ သူစိတ်မကောင်းဖြစ်ရသော်လည်း

ရွေးချယ်စရာမရှိပေ။ တဖက်တွင် ချူလင်းယွင်ကမူ ဝမ်သခင်လေးကိုသဘောမကျပေ။

တွယ်ကပ်နေသည်ကို စိတ်ပျက်နေကာ သူမမှာသာ ယခုလိုရွေးချယ်စရာလမ်းကြောင်း

ရှိထားလျှင် မည်ကဲ့သို့တွန့်ဆုတ်ရမည်နည်း။ ချူမိသားစုသည် သူမအတွက်အရာရာဖြစ်သည်။

အထူးသဖြင့် နှစ်အတော်ကြာတဦးတည်းရုန်းကန်နေရသည့် သူမအဖိုးကိုကူညီချင်သည်။

ထိုညက အတော်ကြာသည်ထိ စကားပြောဆိုပြီးနောက်လူခွဲလိုက်ကြသည်။

မနက်ရောက်​တေ့ ကျိုးယန်တို့ပြန်သွားကာ အိုးရန်ရွှမ်းရွှမ်းကို သူမနေရာဆီ

ပြန်ပို့ပေးလိုက်သည်။ သူ့တွင်အချိန်တပတ်ရှိနေသည်။ အိုးရန်ရွှမ်းရွှမ်းဆီ

ခွင့်တောင်းကာ ဇာတိမြို့သို့အလည်ပြန်လိုက်သည်။ လီချင်းကျူးကို သူတွေ့ချင်နေလေပြီ။

စာမေးပွဲသည်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် စတော့မည်မဟုတ်လား။

အိပ်ဆောင်သို့ပြန်ရောက်လာတော့ ရှောင်ဝေ့တယောက်ရှိမနေပေ။ လီချင်းကျူးဆီဖုန်းဆက်ကာ

သူပြန်ရောက်လာသည့်အကြောင်းအသိပေးကာ တွေ့ဆုံရန်ချိန်းလိုက်သည်။ ညနေစောင်းတွင်

လီချင်းကျူးနှင့်သူ တွေ့ကြသည်။

“နင်အသားတွေ ဖြူပြီးလူကလည်းပိုသန့်လာတယ်”

လီချင်းကျူးက ကျိုးယန်ကိုတွေ့တွေ့ချင်းချီးကျူးသည်။ ကျိုးယန်၏ရုပ်ရည်သည်

မင်းသားရှုံးအောင်မချောသော်လည်း ခန့်ညားသည့်ဟန်ရှိကာ အရှိန်အဝါတခုက

ဝန်းရံထား၍ သန့်စင်သည့်ပုံရှိသည်။

“မင်းလည်း လှလာတယ်”

လီချင်းကျူးမျက်နှာလေးရဲသွားသည်။ ထိုစကားက သူမကိုကြောင်သည့် တော်ကီ

များထဲတွင်အညံ့ဆုံးဖြစ်သော်လည်း သူမကတော့ သဘောကျသည်။အထူးသဖြင့်

ကျိုးယန် ပြောသောစကားဖြစ်သည်။

“ချင်းကျူး…မင်းမှာ ဘဏ်အကောင့်ရှိထားလား”

ကျိုးယန်က မေးသည်။ သူ့တွင်သန်းတရာရှိသည်။ ထိုငွေပမာဏကိုမည်သိူ့သုံးရန်

တွေးမရ၍ လီချင်းကျူးနှင့်ရှောင်ဝေ့ကို ကူညီလိုက်ရန်ဆုံးဖြတ်ထားသည်။

“ရှိတယ်လေ mobile banking တခုပေါ့ ဘာလို့လဲ”

“ငါ့ကိုအကောင့်ပေး…”

ကျိုးယန်က ဘဏ်ကတ်ထဲမှ ပြန်လွှဲထည့်ထားသည့် ငွေသားသန်းတရာရှိသည်အနက်

ငွေသန်း ၂၀ ကိုချက်ချင်းလွှဲပြောင်းလိုက်သည်။ ပထမတွင်တော့ လီချင်းကျူးက

အလေးအနက်မထား ကျိုးယန်ပေးလျှင်လည်း ထောင်ဂဏန်းသာဖြစ်၍ သူမ ငြင်းရန်

မလိုအပ်ပေ။ သို့သော် သူမအကောင့်ကိုပြန်ကြည့်ချိန်မှာတော့ မျက်လုံးများပြူးကျယ်သွား

ရသည်။

သန်း၂၀ တောင်လား။ ဒါက ၂သန်းတောင်မဟုတ်ဘူး သန်း၂၀ တဲ့။

သူမချက်ချင်းပင် ကျိုးယန်ကိုငြင်းတော့သည်။

“ ငွေတွေကအရမ်းများလွန်းတယ် ငါမယူဘူးကျိုးယန် ငါ့အတွက်အဲ့လောက်မလိုဘူး

နောက်ပြီး ဒီလောက်အများကြီးနင်ဘယ်လိုရလာလဲ နင့်အလုပ်ကရတာတော့မဖြစ်နိုင်ဘူး

မဟုတ်လား ကျိုးယန်ညနင်ဘာတွေလုပ်နေတာလဲ”

သူမက ကျိုးယန်ကိုအဆက်မပြတ်မေးတော့သည်။ ကျိုးယန်လိုကျောင်းသားတဦးမှ

သန်း၂၀ ဆိုသည့်ပမာဏကိုမရှာနိုင်ပေ။ သေချာသည်က ကျိုးယန်သည် မကောင်းသည့်

အရာတခုခုများလုပ်ခဲ့လေသလား. ဒါမှမဟုတ် နြို့ကြီးများတွင်ရှိသည့် သူဠေးကတော်

တချို့၏ အပျော်လင်ငယ်လေးများလုပ်လာသည်လား။

ကျိုးယန်ကတော့ လီချင်းကျူး ငြင်းပယ်မည်ကို သိသည်။ သူ့စိတ်ထဲတွင်တော့

လီချင်းကျူးသည် သူ့အတွက်အရေးပါသူဖြစ်၍ အမှန်တိုင်းပြောပြရန်စိတ်ကူးလိုက်သည်။

သေချာသည်က အကုန်လုံးတော့မဟုတ်ပေ။ အကုန်လုံးပြောလျှင်လည်း လီချင်းကျူးလက်ခံ

နိုင်မည့်အတိုင်းအတာအတွင်းရှိမနေပေ။

“အမှန်တိုင်းသိချင်လား”

ကျိုးယန်က လီချင်းကျူး၏ မျက်လုံးအစုံကိုတည့်တည့်ကြည့်ကာမေးလိုက်သည်။

လီချင်းကျူးကလည်း ကျိုးယန်ကိုပြန်ကြည့်ကာ ပြောသည်။

“ငါသိချင်တယ် ငါလက်မခံနိုင်တဲ့အရာတခုဖြစ်နေရင် တကျပ်မှငါယူဖို့ဆန္ဒရှိမှာ

မဟုတ်ဘူး”

“ကောင်းပြီ ငါတို့ဟိုတနေရာက ခုံတန်းလေးဆီသွားရအောင်”

လမ်းအတူလျှောက်နေရာမှ လမ်းဘေးပလက်ဖောင်ရှိခုံတန်းဆီသွားကာ ထိုင်လိုက်သည်။

ပြီးနောက် လီချင်းကျူး၏ လက်ကိုဖွဖွလေးဆုပ်ကိုင်ကာ အကြောင်းစုံပြောလိုက်သည်။

ကျိုးယန်မှ သူမလက်ကိုဆုပ်ကိုင်ထားသော်လည်း သူမ မငြင်းပယ်ပေ။ ကျိုးယန်ပြောပြသည့်

အကြောင်းအရာကိုသာ စိတ်ဝင်စားနေလေသည်။

“ဘယ်ဘိုလူက သန်းတရာတောင်လောင်းနိုင်တာလဲ ကျိုးယန် နင်ဖြစ်နိုင်တာပဲ ပြောနော်

နောက်ပြီး နင်က ကျင့်ကြံသူဘို့ခေါ်တဲ့ လူတယောက်ကို နိုင်တာတဲ့လား ကျင့်ကြံသူဆိုတာ

ကကော ဘယ်လိုမျိုးကိုပြောတာလဲ”

သူမလေး၏ မယုံနိုင်ဟန်မေးခွန်များဆက်လာချိန်တွင်တော့ ကျိုးယန်ခေါင်းခဲသွားသည်။

ဘယ်လိုရှင်းပြပေးရတော့မလဲ..။ ကျင့်ကြံသူများတကယ်ရှိသည်ဆိုတာကို လက်တွေ့ပြ

ရမည်လား။ အတန်ကြာစဥ်းစားနေရတော့သည်။

“ကျင့်ကြံသူဆိုတာ တကယ်ရှိတယ် ငါမင်းကိုတခါက ပြောခဲ့ဖူးတာ မှတ်မိလား”

“လေပေါ်ပျံတဲ့ဆိုတဲ့ကိစ္စလား မဖြစ်နိုင်တာကြီး”

လီချင်းကျူးက ခေါင်းမာစွာဖြင့် လက်ခံရန်ငြင်းပယ်နေသေးသည်။

“ငါ မင်းကိုဒီထက်ပိုပြီး မပြောနိုင်သေးဘူး ဒါမယ့် အချိန်တခုစောင့်ပါ ငါလုပ်စရာအချို့

လုပ်ပြီးရင် ကျင့်ကြံသူဆိုတာဘာလဲ ငါသေချာလက်တွေ့ရှင်းပြပေးမယ် ငါ့ကိုယုံတယ်မလား”

ကျိုးယန်အနေဖြင့် လီချင်းကျူးကို ကျင့်ကြံသူဖြစ်ရန်အချိန်မရွေးပြောင်းပေးနိုင်သည်။

သို့သော် သူမလုပ်ရက်ပေ။ သူမကိုယ်တိုင်ကျင့်ကြံသူဖြစ်လာရန်ဆန္ဒရှိလျှင် သူ့ရဲ့

အင်အားစုရမှတ်များအကုန်သုံးရလျှင်တောင် သုံးပေးမည်ဖြစ်သည်။

လီချင်းကျူးက ကျိုးယန်ကိုအတန်ကြာစိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“နင် အန္တရာယ်များတဲ့အရာတွေမလုပ်ရင် တော်ပါပြီ နင်တခုခုဖြစ်မှာကို ငါမလိုချင်ဘူး”

ကျိုးယန်အလေးအနက်ခေါင်းညိတ်ပြလိုက်သည်။ လီချင်းကျူး၏လက်ကိုတော့

မလွှတ်ပေးတော့ပေ။ တခနအကြာတွင် လီချင်းကျူးသတိဝင်လာသော်လည်း

လက်ကိုမရုန်းပေ။ သူမတွင်လည်းကျိုးယန်အတွက်ခံစားချက်ရှိထားသူဖြစ်ကာ

အသက်အရွယ်အရ လက်ကိုင်ထားသည်လောက်တော့ သူမခွင့်ပြုနိုင်ပါသည်။

နှစ်ယောက်သား လက်ချင်းဆုပ်ကိုင်ထားကာ အချိန်အတော်ကြာစကားပြောပြီးနောက်

ခွဲခွာလိုက်သည်။ စာမေးပွဲကိုကောင်းကောင်းဖြေရန် လီချင်းကျူးအထပ်ထပ်မှာသည်။

ကျိုးယန်လည်း လီချင်းကျူးမှာသည့်အတိုင်း ဖြေဆိုသည်။ စာမေးပွဲကြောင့် ချူကျန်းချန်

နှင့်ချိန်းထားသည့်ရက်သတ္တပတ်ကို ကျော်သွားသော်လည်း ချူကျန်းချန်က အပြစ်မပြောပေ။

All Chapters