← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

ကျိုးယန်သည် ကျောင်းသားတယောက်ဖြစ်နေသေးသည်ကို ချူကျန်းချန်သိထားသည်။

ကျိုးယန်လည်း လီချင်းကျူးကို ကတိပေးထားသည့်အတိုင်း စာမေးပွဲကို အကောင်းမွန်ဆုံးဖြေ

ဆိုပြီးနောက် နှုတ်ဆက်ကာ ချူကျန်းချန်၏ ချူမိသားစုဆီတိုက်ရိုက်ပင် ထွက်လာလိုက်သည်။

အချိန်က တလအကျော်သာ ကျန်တော့သည်။ ကျိုးယန်က ဒီတခေါက်ပြိုင်ပွဲတွင် ပါဝင်နိုင်ရန်

ကူညီပေးမည်ဆိုခြင်းကို အပြည့်အဝယုံကြည်ဟန်မရှိကြသေးချေ။

ချူလင်းယွင်၏ လက်ကောက်ဝတ်ကိုစမ်းကြည့်သည်။ သူမရဲ့ ခန္ဓာကိုယ်ရှိ သွေး​ကြောများက

အမှန်တကယ်ပင် ပိတ်ဆို့နေကာ အချို့နေရာများတွင် ပြတ်လုနီးပါးဖြစ်နေသည်ကိုတွေ့ရသည်။

ထိုကြောင့်ပင် သူမကို ကြည့်လိုက်တိုင်း ဖြူဖျော့နေပုံရသည်။ ကျိုးယန်က ချူလင်းယွင်၏

လက်ကောက်ဝတ်ကို စမ်းကိုင်ထားရင်း တဖက်တွင်စနစ်နဲ့ စကားပြောနေလေသည်။

“စစ်သည်တော်ဆေးလုံးက သူမနဲ့အဆင်ပြေ ပါ့မလား..”

“ပြေနိုင်ပါတယ် သူမက စနစ်ရှင်လို အစက စရတယ်ဆိုပေမယ့် ကျင့်ကြံသူတယောက်ရဲ့

မျိုးဆက်တော့ဖြစ်နေသေးတယ်လေ အဲ့အချက်က စနစ်ရှင်ထက်သာပါတယ်”

ကျိုးယန် နှုတ်ခမ်းထောင့်များတွန့်ကွေးသွားသည်။ ဤစနစ်သည် နောက်ပိုင်းတွင် လူသား

တစ်ဦးနှင့်ပိုတူလာကာ သူ့ကို ပိုမိုနှိမ်လာသည်ဟုခံစားလာရသည်။

စစ်သည်တော်ဆေးလုံးက အင်အားစုရမှတ် ၅၀၀၀ ကျသင့်လေသည်။ သူ့တွင် ၇၀၀၀၀ ကျော်

ရှိထားသော်လည်း မွေးနေ့လက်ဆောင်အတွင် ဆေးလုံးနှင့်ရတနာ ဓား ဝယ်ယူရသည်။ ယခု

တန်ဖိုးကြီးဆေးလုံးကို ဝယ်ယူရပြန်သည်။ မချိတင်ကဲစိတ်ဖြင့် အင်အားစုရမှတ်များကို ငေး

ကြည့်နေမိသည်။

“စနစ်ရှင် မနှမြောပါနဲ့ ဒီဆေးကြောင့် ချူမိသားစုက စနစ်ရှင်လက်အောက်မရောက်နိုင်ဘူးလို့

ယတိပြတ်မပြောနိုင်ဘူးလေ အင်အားစုရမှတ် အနည်းငယ်တော့ပြန်ရမှာပါ”

“တော်လိုက်တော့ ချူမိသားစုက တထောင်တောင်ရှိပါ့မလား”

နှမြောသော်လည်း ကျိုးယန်က ကတိပျက်တတ်သူမဟုတ်ပေ။ ချူလင်းယွင်သာ အဆင်ပြေ

သွားလျှင် ချူကျန်းချန်းကိုမပေးရသေးသည့် ရတနာဓားကိုပါ ပေးလိုက်တော့မည်။

ချူလင်းယွင်က ဆေးလုံးကို တိုက်ရိုက်ပင် မြိုချလိုက်သည်။ အနည်းငယ်ပင်တုန့်ဆိုင်းမနေ

ဖြစ်စဥ်၏ နာကျင်မှုကိုလည်း ကြောက်မနေတော့။ ကျိုးယန်သက်ပြင်းချလိုက်သည်။

သူမအဆင်ပြေပြေ ဖြစ်သွားပါစေ ဟုသာ ဆုတောင်းလိုက်သည်။ ဆေး၏ အာနိသင်က ပြလာ

သည်။ ကျိုးယန်လည်း ချူလင်းယွင်၏ နောက်ကျောဘက်တွင် ထိုင်ကာ ကျောပြင်ရှိတနေရာကို

လက်ဖဝါးနှစ်ဖက်ဖြင့် ဖိ၍ ဆေးလုံး၏အာနိသင်ကို ကူညီချေဖျက်ပေးနေသည်။

ဆေးလုံးက အဆင့်မြင့်အာနိသင်ရှိကာ သွေးကြောများပိတ်ဆို့နေမှုကို ခပ်ကြမ်းကြမ်းထိုး

ဖောက်နေပုံရသည်။ ချူလင်းယွင်၏ မျက်နှာကရှုံ့မဲ့လာသည်။ သို့သော် အံကိုတင်းတင်းကြိတ်၍

အော်သံတချက်ပင်မပြုတောင့်ခံထားသည်။

အချိန်မိနစိနှစ်ဆယ်ခန်ု့အကြာတွင် ဆေး၏ အာနိသင်က လျော့ကျလာသည်။ ပိတ်ဆို့ကာ

ပြတ်လုလုဖြစ်နေသည့် သွေးကြောများ ကောင်းမွန်သွားကာ လေထုထဲရှိ ချီဓာတ်များ ချူလင်း

ယွင်၏ ခန္ဓာကိုယ်ထဲ စီးဝင်နေပုံကို သတိထားမိနိုင်သည်။

အရှိန်အဝါက စတင်ပေါ်လာသည်။

ကျင့်ကြံမှု အခြေခံအဆင့် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉

အခြေခံအဆင့်၉ အပြင်တည်ဆောက်ရေးအဆင့်ထိပါ ကျော်ဖြတ်သွားနိုင်ချေရှိသော်လည်း

ကျိုးယန်က ရပ်တန့်စေလိုက်သည်။ သူမ၏ အခြေခံအုတ်မြစ်ကိုထိခိုက်စေလိုမဖြစ်ပေ။

ပြိုင်ပွဲကာလက တလကျော်ကျန်သေးသည်မို့ ကျင့်ကြံမှုတည်ငြိမ်အောင်လုပ်နိုင်မည်ဖြစ်ပြီး

တည်ဆောက်ရေးအဆင့်ကိုလည်းကျော်ဖြတ်နိုင်သည်။ လောစရာမလိုပေ။

ကျိုးယန်တုန်းက စစ်သည်တော်အဆင့်၇ ထိတက်ကာ ထိုအဆင့်သည်

အခြေခံ အဆင့်ထိပ်ဆုံးနှင့်ညီမျှသည်။ ကျင့်ကြံရေးလောကတွင် ချီစွမ်းအင်များပေါများသလို

အဆင့်သေးတဆင့် ဖြတ်ကျော်ရန်လည်း လိုအပ်သည့်ပမာဏက များသည်။ ထို့ကြောင့်

ကမ္ဘာမြေရှိကျင့်ကြံသူများထက် အဆင့်တူအခြေနေဆိုလျှင်တောင် အများအားဖြင့်ပိုသန်မာ

သည်ကို ကျိုးယန်သတိထားမျသည်။

ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကလည်း ချွေးပေါက်များမှ တဆင့် စိမ့်ထွက်လာသည်။

ကျိုးယန်တယောက် နောက်ကျောပြင်ဘက်မှ ခွာကာ သူမကိုသန့်ရှင်းရေးလုပ်ရန်တိုက်တွန်း

လိုက်သည်။ ချူလင်းယွင်သည်လည်း မခံနိုင်လောက်အောင် နံစော်နေသည့် အနံ့အသက်များ

ကြောင့် ရှက်ရွံ့ကာ ရေချိုးခန်းသို့ပြေးတော့သည်။

ချူကျန်းချန်းက ဘေးတွင် အစအဆုံးကြည့်ကာ တခုတလေမျှပင်ဝင်မပြောပေ။ သူ့အနေဖြင့်

ကျိုးယန်ကို ယုံကြည်ထားသည်။

နာရီဝက်ခန့်အကြာတွင် ချူလင်းယွင်ပြန်ရောက်လာသည်။ ကျင့်ကြံသူဖြစ်သွား၍ အသွင်အပြင်

ပြောင်းလဲသွားကာ အမြဲလိုလိုဖြူဖျောနေသည့် အသားအရေက စိုပြေလာသည်။ အရှိန်အဝါတ

မျိုး ဝန်းရံထားသောကြောင့် သေမျိုးကမ္ဘာနှင့်ကင်းကွာနေသည့် နတ်သမီးတပါးဟု ထင်ရစေ

သည်။

“ ကျေးဇူးတင်ပါတယ် သခင်လေးကျိုး”

ချူကျန်းချန်က ဦးညွှတ်၍ နှုတ်ဆက်သည်။ ချူလင်းယွင်ကလည်း သူမအဖိုးနည်းတူပင်။

ဒင်!!!

သစ္စာရှိနောက်လိုက် တစ်ဦးထပ်ရသည်အတွက် ဂုဏ်ယူပါတယ်

အချက်အလက်များကို ကြည့်ရှူနိုင်သည်။

သစ္စာရှိနောက်လိုက်တဲ့လား..။ ငါအဲ့လိုမရည်ရွယ်ထားဘူးလေ။ ကျိုးယန်ကိုစနစ်မှရှင်းပြသည်။

“စနစ်ရှင်ရဲ့ အကူညီပေးမှုကိုပေးချေဖို့ တတ်နိုင်တဲ့အရာသူတို့မှာမရှိဘူး လို့ယူဆသွားပုံရတယ်”

စနစ်ပြောသည်မှာ အမှန်ပင် မျက်စိတမှိတ်အတွင်း အခြေခံအဆင့် အထွဋ်အထိပ်ထိ ပို့ပေးနိုင်

သည့် ရတနာဆေးလုံးများ ကမ္ဘာမြေ၌ ရနိုင်ပါမည်တဲ့လား။ အသက်ကိုတခါကယ်ထားသည့်အ

ပြင် သူ့ရဲ့ရောဂါဟောင်းကိုကုကာ ကျင့်ကြံမှုပြန်ရစေသည်။ ယခုအခါ သူ့မြေးမလေးကိုလည်း

ကျင့်ကြံသူတယောက်ဖြစ်လာစေပြန်သည်။ ဒီအကူညီကြီးမျိုးအတွက် ငွေကြေးတစုံတရာလား

သို့မဟုတ် ရတနာပစ္စည်းတွေလား..။ ကျိုးယန်၏ နောက်လိုက်ဘဝဖြင့်နေကာ တဖက်တလမ်းမှ

ကူညီ၍ ကျေးဇူးဆပ်ရပေမည်။

အမည် ချူကျန်းချန်

ကျင့်ကြံမှု တည်ဆောက်ရေးအထွဋ်အထိပ်

သစ္စာရှိမှု 100%

ဂုဏ်ပုဒ် သစ္စာရှိနောက်လိုက်

စနစ်ရှင်အတွက် စနစ်မှ ကောင်းကင်အဆင့် ဓားကျင့်စဥ်တခု ဆုချီးမြင့်သည်။

ကျင့်စဥ်ကို သိုလှောင်ခန်းတွင် ရယူနိုင်သည်။

ကောင်းကင်အဆင့်တဲ့လား..။ ကျိုးယန်ပျော်သွားသည်။ သို့သော် ချူကျန်းချန်တို့မြေးအဖိုး

ရှိနေသေးသည့်အတွက် ဆုကိုထုတ်မယူသေးပေ။ ရတနာဓားကိုထုတ်ကာ ချူလင်းယွင်ကိုပေး

လိုက်သည်။ စနစ်၏ စတိုးမှလည်း အဆင့်မြင့် ဓားကျင့်စဥ်တချို့ ဝယ်ယူကာပေးလိုက်ပြန်သည်

ချူကျန်းချန်းအတွက် လည်းပါဝင်သည်။ သစ္စာရှိနောက်လိုက်ဖြစ်လာသည်မဟုတ်လား..။

အနည်းငယ်တော့ ကြည့်ရှူရပေမည်။

ချူကျန်းချန်းက ရတနာဓားနှင့် ကျင့်စဥ်ကိုကြည့်ကာ မှင်တက်နေသည်။ ထိုအဆင့်များက

ဂိုဏ်းကြီးများတွင်ပင် ဘိုးဘေးဟောင်းများသာ ကိုင်ဆောင်ထားနိုင်သည့် ရတနာများသာဖြစ်

ကာ တန်ဖိုးကြီးမားသည်။ ကျုိးယန်က ဟင်းရွက် ကန်စွန်းလိုထုတ်ပေးနိုင်သည်တဲ့လား။

“ဒီဓားက လူသားအဆင့် ရတနာဓားပဲ နှင်းပန်းဓားလို့ ခေါ်တယ် ကျင့်စဥ်ကိုတော့ အသူရာဓားကျင့်စဥ် လို့ခေါ်တယ် သူက အဆင့်မြင့်ကျင့်စဥ်တခုပဲ ကျင့်စဥ်မှာ ပထမအဆင့်

ဓားကွက် ၃ကွက်ပဲ ပါသေးတယ်ဆိုပေမယ့် သင်ယူဖို့ကခက်ခဲတယ် သင်ယူနိုင်ပြီဆိုရင်လည်း

ဓားချက်ရဲ့ခွန်အားက အဆင့်တူချင်းကို အသာအယာပဲ”

ကျိုးယန်က သေချာရှင်းပြလိုက်သည်။ သူ့တွင် စတိုးရှိ၍ ကျင့်စဥ်များဝယ်ယူချင်သော်လည်း

စနစ်မှ ခွင့်မပြုပေ။ စနစ်ရှင်အတွက် စနစ်၏ စီမံမှူကိုလိုက်နာရမည်ဟု သာဆိုသည်။

ပထမတုန်းက ချီလမ်းကြောင်းထိန်းချုပ်သည့် ကျင့်ဆင့်တခုသာပေး၍ ဒုတိယတခါကတော့ဖြင့်

ဗာဂျရာ ခန္ဓာကိုယ်ကျင့်စဥ် ရလေသည်။ နောက်ဆုံးတကြိမိတွင် ဆုလာဒ်က ဓားကွက်များဖြစ်

သောကြောင့် စနစ်က သူ့ကိုပစ်မထားပေ။

ကျိုးယန်က ဗာဂျာရာကျင့်စဥ်ကို ပထမအဆင့် စတင်ကျင့်ကြံတော့သည်။ တဖက်တွင်လည်း

ဓားကွက်များကိုသင်ယူရာတွင် အချိန်ပေးကာ ချူလင်းယွင်နှင့် ချူကျန်းချန်တို့ကိုလည်း

ကျင့်စဥ်များနှင့်ပက်သက်၍ မရှင်းသည်များကို သင်ကြားပေးရသည်။

အချိန်ကာ တလခန့်ကုန်သွားသည်။

ဗာဂျရာကျင့်စဥ်က ခက်လိုက်တာ…။ ပထမအဆင့်ကို နားလည်သည့်အနေထားဖြင့်သာ ရောက်

၍ ခန္ဓာကိုယ်ကို ပြောင်းလဲရန်ခက်နေသေးသည်။ ပထမအဆင့်က အရိုးများကို ပြောင်းလဲကာ

ပိုမိုမာကြောစေသည်။ ဒုတိယအဆင့်တွင် အရေပြားနှင့် တတိယအဆင့်တွင် သွေးကြောများကို

ထူထဲစေ၍ ပထမအပိုင်း၏ အဆင့်၃ ဆင့်ကို ခန္ဓာကိုယ်တည်ဆောက်ခြင်းအတွက်ဟုသာ

ဆိုနိုင်သည်။

ပို၍ခက်ခဲလေ ကျိုးယန်က ပို၍ စိတ်ပါကာ ကြိုးစားလေဖြစ်သည်။ နောက်ထပ်ရက်အနည်းငယ်

အကြာမှာတော့ ပထမအဆင့်ကို အောင်မြင်သွားသည်။ တကိုယ်လုံးရှိအရိုးများကွဲအက်သွား

သည်နှယ် ခံစားရကာ နာကျင်မှုကို အတန်ကြာခံစားပြီးနောက် ခန္ဓာကိုယ်ကစတင်ပြောင်းလဲ

လာသည်။ လက်နှစ်ဖက်ကို ဆုပ်ကာ လေထဲ ဝေ့ယမ်းကြည့်သည်။ ခွန်အားက အရိုးထဲကပင်ရ

နေသည်ဟု ထင်ရသည်။ ဒါဆို ငါ့အရိုးတွေက ရွှေအမြူတေအဆင့် ပညာရှင်ရဲ့ ခန္ဓာကိုယ်အရိုး

ထက်တောင်မာနေသေးတယ်။

နောက်ရက်များတွင်တော့ ဓားကွက်များကို အာရုံစိုက်တော့သည်။ သူ့အတွက် ပထမဆုံးသိုင်း

ကျင့်စဥ်ဖြစ်၍ ပို၍ အလေးထားသည်။ ဓားသမားများသည် အဆင့်ကျော်တိုက်ခိုက်နိုင်ကာ

ပို၍ ပြင်းထန်သည့်တိုက်နိုင်စွမ်းကိုပိုင်ဆိုင်ထားသည်။

ထိုအချိန်တွင် ချူလင်းယွင်က အသူရာကျင့်စဥ်၏ ဓားကွက် ၃ကွက်တွင် ၂ကွက်ကိုပြီးပြည့်စုံ

အောင်နားလည်သွားကာ နောက်ဆုံးအကွက်ကို စတင်ထိတွေ့နေလေပြီ။ ချူကျမ်းချန်ကတော့

ဒုတိယအကွက်ကို ထိတွေ့သည့်အဆင့်သာ ရှိသေးသည်။

ကျိုးယန် အံ့အားသွားရသည်။ သူမရဲ့နားလည်နိုင်စွမ်းက မြင့်မားသည်မဟုတ်လား။ သူဆိုလျှင်

လည်း ချူကျန်းချန်ထက် အနည်းငယ်သာ သာပေးလိမ့်မည်။ ဒါက ကျင့်ကြံသူမျိုးဆက်ဖြစ်

သောကြောင့် ဖြစ်ရသည်လား။ မဖြစ်နိုင်ပေ ထိုသို့ဆိုလျှင် ချူကျန်းချန်လည်း သူမကဲ့သို့ စွမ်း

ဆောင်နိုင်ရပေမည်။

ကျိုးယန်၏ သင်ပြပေးမှုအောက်တွင် အချိန်က နှစ်လပြည့်ရန် ၅ရက်ခန့်သာလိုတော့သည်။

ပြိုင်ပွဲအတွက် ချူကျန်းဆီ ဖိတ်ခေါ်စာရောက်လာကာ ချူကျန်းချန်းကလည်း သူ့မြေးမလေးကို

ပြိုင်ပွဲတွင်စာရင်းသွင်းစေသည်။ ထိုကာလများတွင် ကျိုးယန်က အိုးရန်ရွှမ်းရွှမ်းဆီ မပြန်ဖြစ်။

ကျိုးယန်တယောက် ချူမိသားစုဆီ နေထိုင်သည်ကို အိုးရန်ရွှမ်းရွှမ်းက အပြစ်မပြောပေ။

ရံဖန်ရံခါ ကျိုးယန်ကိုလာရောက်တွေ့ဆုံလေ့ရှိသည်။ ချူကျန်းချန်ကလည်း ကျိုးယန်၏မျက်နှာ

ဖြင့် အိုးရန်ရွှမ်းရွှမ်းကို ကူညီပေးသောကြောင့် သူမလမ်းကြောင်းက ဒီကာလများတွင် နဂိုထက်

အဆင်ပြေနေသည်။

All Chapters