အခန်း (၃၉)
Vol. 3 Ch. 39
“ချူကျန်းချန်က သူ့မြေးမလေးကို ပြိုင်ပွဲမှာ
စာရင်းသွင်းတယ်တဲ့လား ကောင်မလေးကဘ
လိုလုပ်ပြီး ကျင့်ကြံသူတယောက်သွားရတာလဲ”
ဝမ်လင်းတယောက် သတင်းကိုကြားကြားချင်း
နားမလည်နိုင်ဖြစ်ကာ အတန်ကြာဆွံအနေသည်
ပြိုင်ပွဲနီးလာသော်လည်း ချူကျန်းချန်က သူ့ဆီ
ဆက်သွယ်မလာသောကြောင့် စုံစမ်းစေချင်း
ဖြစ်သည်။
ဝမ်သခင်လေးက မျက်မှောက်ကြုတ်ကာတွေး
နေသည်။ ဒါ ဟိုကောင့်လက်ချက်လား။
သူ့မှာ ဆေးလုံးတွေရှိနိုင်တယ် ဆိုပေမယ့် သွေး
ကြောတွေပိတ်ဆို့နေတဲ့သူကို ကျင့်ကြံသူတဦး
အချိန်တိုအတွင်း ဖြစ်အောင်လုပ်ပေးလိုက်နိုင်
တာလား။
ဝမ်မိသားစု အိမ်တော်ထဲတွင် ဝမ်လင်းနှင့်
လက်ရှိဝမ်မိသားစုခေါင်းဆောင် အကြီးအကဲ
များအပါအဝင် ဝမ်သခင်လေးပါရှိနေကြသည်။
“ကျုပ်တို့ ချူမိသားစုကို ထိန်းချုပ်မယ့်ကိစ္စ
ပျက်သွားပြီထင်တယ်”
ဝမ်အကြီးအကဲတဦးက ပြောလာသည်။
တခြားအကြီးအကဲ မှလည်း..
“မဟုတ်တာ ချူလင်းယွင်အကြောင်း ကျုပ်တို့
သိထားတယ်မလား မဖြစ်နိုင်ပါဘူး ဒီကိစ္စကို
ကျုပ်တို့ သေချာစုံစမ်းရမယ်”
ဝမ်မိသားစုလက်ရှိခေါင်းဆောင်ကလည်း ခေါင်
ညိတ်ပြကာ သဘောတူသည်။ ချူမိသားစုကို
လက်အောက်ခံအဖြစ် ဝါးမြို့မည့်ကိစ္စသည် ဝမ်
မိသားစုအတွက် အလွန်အရေးကြီးသည်။
နောက်ပိုင်းကာလများတွင် မိသားစုကြားပြိုင်
ဆိုင်မှုက ကြီးမားလာကာ ဂိုဏ်းကြီးများက
လည်းကြားဝင်ပက်သက်နေသည် မို့အင်အားမ
ရှိပါက စီးပွားရေးလုပ်ငန်းများသာမက မိသား
စုတခုလုံးပင် ပျောက်ကွယ်သွားနိုင်ချေရှိသည်။
“အဲ့ကောင်လေးရဲ့ နောက်ခံကိုစုံစမ်းလိုက် သူ့
နောက်မှာ အင်အားကြီးကျောထောက်နောက်ခံ
မရှိရင် ငါတို့ကိုင်တွယ်ရမယ် သူ့ဆီမှာဆေးလုံး
တွေရှိနေလောက်တယ် အဲ့ဒါတွေက ငါတို့ဝမ်မိ
သားစုကို နောက်တဆင့်ပို့ပေးလိမ့်မယ်”
ဝမ်လင်းပြောသည်ကို အကုန်လုံးကထောက်ခံ
ကြသည်။ ချူလင်းယွင်ကိစ္စသာ ကျိုးယန်နှင့်
အမှန်တကယ်ဆက်စပ်သည် ဆိုလျှင် ကျိုးယန်
ကိုသူတို့ဖမ်းဆီးကာ ဆေးလုံးများလက်လွှဲပေး
ရန် စီမံရတော့မည်။
“ဒီတခေါက် ဂိုဏ်းကြီး ၃ဂိုဏ်းအပြင် ကျောက်
စိမ်းနန်းတော် မြူခိုးစံအိမ် နဲ့ ကုန်သည်အသင်း
ကြီးတို့လည်း ပါဝင်နိုင်တယ် ဝမ်မင် မင်းဂရု
စိုက်ရလိမ့်မယ်”
“စိတ်ချပါ အဖိုး ပြိုင်ပွဲမှာ ကျတော်ပထမရဖို့
ယုံကြည်ချက်မရှိပေမယ့် ထိပ်ဆုံး၃ ယောက်
ဝင်ဖို့ကတော့ သေချာပါတယ်”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ ဝမ်မင်
သည် တည်ဆောက်ရေးအဆင့်ကို ကျော်လွန်
တော့မည်ဖြစ်ကာ ပြိုင်ပွဲမစခင်တွင်ပင် ယင်း
အခြေနေကိုရောက်နိုင်သည်။ သူသည်လည်း
စိတ်ဝိဉာဥ်အဆင့်ကို ရောက်ရန် ရက်ပိုင်းသာလို
ပေသည်မဟုတ်လား။
ချူကျန်းချန်က ကျင့်ကြံဆင့်ပြန်ရသည်ဆို
သော်လည်း ရွှေအမြူတေအဆင့် ထိပ်ပိုင်းသို့
ပြန်ရောက်လာခြင်းတော့မဟုတ်ပေ။ သူ့အနေ
ဖြင့် ချူမိသားစုကို တိုက်ခိုက်နိုင်သည်။ သို့
သော် သဘောတူညီချက်များကြောင့် မိသားစု
အချင်းချင်းကြား ပွင့်ပွင့်လင်းလင်းတိုက်ခိုက်
မှုကို တားမြစ်ထား၍သာ ငြိမ်နေခြင်းဖြစ်သည်။
မဟုတ်လျှင် သူတဦးတည်းဖြင့် တိုက်ခိုက်၍
ချူမိသားစုကို ဝါးမြိုပစ်တာ ကြာပေပြီ။
ပြိုင်ပွဲကျင်းပရန် ၂ရက်အလိုတွင် ချူကျန်းချန်
ချူမိသားစုမှ အကြီးအကဲ အချို့နှင့် ကျိုးယန်
ချူလင်းယွင်တို့ ခရီးထွက်ရန် ပြင်ဆင်ကြသည်
ပြိုင်ပွဲကျင်းပရာ ပြည်နယ်သည် ဝေးလံသော်
လည်း လေယာဥ်ဖြင့်သွား၍ရနိုင်ကာ တရက်
သာအချိန်ပေးရန်လိုသည်။
ကျိုးယန်အနေဖြင့် ကျင့်ကြံရေးလောကတွင်
အချိန်တခုအကြာ နေဖူးသော်လည်း ဂိုဏ်းများ
ထံသို့မရောက်ဖူးပေ။ ကမ္ဘာမြေရှိဂိုဏ်းများကို
သူအနည်းငယ်စိတ်ဝင်စားနေမိသည်။ထို့အပြင်
ဆုအဖြစ်ပေးအပ်မည့် ရတနာသည် သူလိုအပ်
သည့် အရာဖြစ်မည်ဆိုပါက ပို၍ကောင်းမည်
ဟု ကျိုးယန်ထင်သည်။ တဖက်တွင်ရတနာ
သည် အိုးရန်ရွှမ်းရွှမ်းနှင့်ပက်သက်သည်ဟု
စနစ်မှ ပြောပြထားသည့်အတွက် အရမ်းလည်း
မမျှော်လင့်ထားပေ။
ခရီးစဥ်ကို လိုက်ပါရန်အတွက် အိုးရန်ရွှမ်းရွှမ်း
ထံ ခွင့်တောင်းရပြန်သည်။ သူ့အနေဖြင့် အား
နာနေမိသော်လည်း တတ်နိုင်သည့်အရာမရှိပေ။
အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ကိုခွင့်ပြုသည်။
သူမကိုယ်တိုင် လိုက်ပါချင်သော်လည်း အလုပ်
အချိန်ဇယားအရ မအားလပ်သည်မို့ မလိုက်ပါ
နိုင်တော့ပေ။
အခန်းထဲတွင် ကျိုးယန်က ချူလင်းယွင်နား
မလည်သည့် အချက်များကိုရှင်းပြနေသည်။
နှစ်လခန့်သာ လေ့ကျင့်ရသော်လည်း ချူလင်း
ယွင်က ကျိုးယန်မထင်ထားလောက်အောင်ကို
ထူးချွန်ကာ ထိုးထွင်းဉာဏ်ကောင်းသည်။
အခြေခံဓားကွက်၃ကွက်ကိုအပြည့်အဝ နား
လည်ထားသည့်အပြင် ကျင့်ကြံမှုသည်လည်း
တည်ဆောက်ရေးအဆင့်ကို ကျော်ဖြတ်သွား
လေပြီ။ စစ်သည်တော်ဆေးလုံးသည် ကျင့်ကြံ
မှုကို တိုးတက်စေနိုင်သည်။
“ချူသခင်မလေး ပြိုင်ပွဲကိုဘယ်လောက်ထိ
ယုံကြည်ချက်ရှိလဲ ဂိုဏ်းကြီးတွေဆီက ပါရမီ
ရှင်တွေနဲ့ ထိပ်တိုက်တွေ့ရမှာနော်”
ကျိုးယန်၏အမေးကို ချူလင်းယွင်က ခေါင်း
ညိတ်ကာပြန်ဖြေသည်။
“ကျမ အကောင်းဆုံးယှဥ်ပြိုင်မယ်လို့ ဆုံးဖြတ်
ထားတယ်”
ထိုရက်များတွင် ချူလင်းယွင်၏ တိုက်ပွဲအတွေ့
အကြုံအတွက် ကျိုးယန်က သူနှင့်တိုက်ခိုက်စေ
ကာ အနီးကပ်သင်ကြားပေးသည်။ ကျိုးယန်
ကိုယ်တိုင်လည်း ဗာဂျာရာကျင့်စဥ်ကို ဒုတိယ
အဆင့် အောင်မြင်ရန်လေ့လာနေသည်။
ချူလင်းယွင်ပြိုင်ပွဲဝင်မည့်ကိစ္စက နောက်ဆက်
တွဲအခြေနေများရှိလာနိုင်ပြီး သူ့ထံဝမ်မိသားစု
အာရုံကျလာနိုင်သည်ကို တွက်ဆထားပြီးသား
ဖြစ်သည်။ တခုစိုးရိမ်ရမည်က ဝမ်မိသားစု၏
နောက်ခံတွင် ဂိုဏ်းကြီးများရှိနေကာ ထိုဂိုဏ်း
ကြီးများ၏ ခွန်အားအစစ်မှန်ကို ကျိုးယန်မသိ
ရသေးပေ။
စိတ်ဝိဉာဥ်အဆင့်များရှိနိုင်သလို ဘိုးဘေးကြီး
တွေကဲ့သို့ လူများကလည်း မူလအဆင့်ထိရှိနေ
နိုင်သည်။
ရတနာလမ်းစက အိုးရန်ရွှမ်းရွှမ်းဆီရှိနေကာ
ထိုရက်များအတွင်း မသိမသာဖြင့် ဖိအားအ
နည်းပေး၍ သူမ၏အမေချန်ထားသည့် လည်
ဆွဲကို သူမအဖေဆီမှ ပြန်ယူရန် တိုက်တွန်းနေ
သည်။ ရတနာနှင့်ပက်သက်၍ လုပ်ကြံသူများ
ထပ်မလာကြသည်ကိုလည်း ကျိုးယန်စဥ်းစား
မရဖြစ်နေသည်။
“သူ တို့ကနောက်ထပ်မကြိုးစားတော့ဘူးလား
ဒီတခေါက်ဆုံရင် တယောက်လောက်ကိုဖမ်းပြီး
ငါသိချင်တာမေးမလို့ဟာ ထပ်မလာကြတော့
ဘူး”
အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ခရီးမှပြန်လာရင်
လည်ဆွဲကို သူမအဖေဆီမှ တောင်းယူထားပေး
မည်ဟု ကတိပေးသည်။ ကျိုးယန်မည်သည့်
အတွက်ကြောင့် လိုအပ်နေသလဲ မမေးပေ။
အစပိုင်းကာလတွင် ထိုရတနာအကြောင်း ကျိုး
ယန်ပြောမည်ဆိုပါက သူမသေချာပေါက် အ
ထင်လွဲနိုင်သည်။ နောက်ပိုင်းတွင်တော့ ကျိုး
ယန်က ကျင့်ကြံသူတဦးဖြစ်နေကာ သူမအ
တွက် စိတ်ချရသည့် လူယုံတဦးလိုဖြစ်နေ၍
လည်ဆွဲနှင့်ပက်သက်သည့်အပေါ် အထင်မမှား
တော့ပေ။
“တခြားတော့မဟုတ်ပါဘူး ကျင့်ကြံသူတွေကို
ဆွဲဆောင်နိုင်တဲ့ ရတနာဆိုတော့ စိတ်ဝင်စားမိ
လို့ပါ”
ကျိုးယန်က ခပ်ပေါ့ပေါ့သာပြောလိုက်သည်။
သူမသိသည်က အိုးရန်ရွှမ်းရွှမ်းသည် ချူလင်း
ယွင်၏ ပြောင်းလဲလာမှုကိုသတိထားမိကာ
ကျင့်ကြံသူတဦးဖြစ်ရန် မျှော်လင့်လာသည်ကို
ပင်ဖြစ်သည်။ သူမသာ ကျင့်ကြံသူဖြစ်ပါက
သူမအတွက် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်လိမ့်
မည်ဟု တွက်ထားသည်။
ထိုရက်များတွင် ဝမ်မိသားစုမှလည်း ကျိုးယန်
၏နောက်ခံကို အဆက်မပြတ် စုံစမ်းနေသည်။
စုံစမ်းမှုအရ ကျိုးယန်တွင် နောက်ခံမရှိသည့်
အပြင် မိဘမဲ့တဦးဖြစ်နေသည်။ ရင်းနီးသည့်
သူငယ်ချင်းတဦးနှင့် ကောင်မလေးတဦးရှိ
ထားသည်ဟု စုံစမ်း၍ရသွားလေသည်။
ထိုကောင်မလေးက ကျိုးယန်၏ အားနည်း
ချက်ဖြစ်လာနိုင်သည်။ ကျိုးယန်ကိုထိန်းချုပ်
ရန်ခက်ခဲပါက နောက်တဆင့်တွင် ထိုကောင်မ
လေးကို ဖမ်းဆီးကာ ကျိုးယန်ကိုထိန်းချုပ်ရ
မည်။
ပြိုင်ပွဲရက်မတိုင်မီတွင် ကျိုးယန်တို့အုပ်စု ခရီး
ထွက်လာကြသည်။ ရှန်ရှီးပြည်နယ်၏ မြို့တော်
တခုဆီဖြစ်ကာ ထိုပြည်နယ်သည် မြို့တော်ကြီး
ဖြစ်သည့် ပေကျင်း ရှန်ဟိုင်းတို့လို မကြီးမား
သော်လည်း ဂိုဏ်းကြီးများနှင့် မိသားစုကြီးများ
အရှိန်အဝါကြောင့် နာမည်ကြီးသည်။
ကျင့်ကြံသူများသည် ထိုပြည်နယ်တွင်အခြေချ
၍ လေလွင့်တကိုယ်တော်များအတွက် ဂိုဏ်း
တခုခုစီဝင်ရောက်နိုင်ရန် ကြိုးစားကြသည်။
ဂိုဏ်းတခုခုစီသာ ဝင်နိုင်ပါက အရင်းအမြစ်
အတွက် စိတ်ပူစရာမလိုအပ်ကာ ကျင့်ကြံနိုင်
မည်ဖြစ်သည်မဟုတ်လား။
တရက်ခန့်ကြာပြီးနောက် ရှန်ရှီးပြည်နယ်သို့
ရောက်လာသည်။ ပြိုင်ပွဲကြောင့် လူများစည်
ကားနေကာ နေရာတိုင်းတွင် ကျင့်ကြံရေးနှင့်
ပက်သက်သည့် ပစ္စည်းများအားရောင်းချနေကြ
သည်။
နောက်တရက်တွင် ပြိုင်ပွဲစမည်ဖြစ်၍ ပြိုင်ပွဲ
ကျင်းပရာကောင်စီထံသတင်းပို့ရန် ချူကျန်း
ချန်းနှင့် အကြီးအကဲအချို့ထွက်ခွာသွားသည်။
ချူလင်းယွင်တယောက် များပြားသည့်ကျင့်
ကြံသူများကိုကြည့်ကာ မှင်တက်နေသည်။
“ မြို့ထဲ လှည့်ပတ်ကြည့်ကြမလား”
ကျိုးယန်၏စကားကို ချူလင်းယွင်မှ ခနအကြာ
တွေးနေကာ ခေါင်းညိတ်၍ သဘောတူသည်။
တည်းခိုရာမှ ထွက်၍ မြို့တော်ကိုလှည့်ပတ်
စပ်စုရန်ထွက်လာကြသည်။
“ကျမ မထင်ထားဘူး ကျင့်ကြံရေးပစ္စည်းတွေ
နေရာတိုင်းပဲနော်”
ကျိုးယန်က ခေါင်းညိတ်ပြကာ.
“ကျတော်လည်း ပထမဆုံးကြုံဖူးတာပါပဲ
ဒါပေမယ့် ကျင့်ကြံရေးအရင်းအမြစ်တွေက နိမ့်
ပါးလွန်းပါတယ် အထင်ကြီးစရာမရှိပါဘူး”
ကျိုးယန်အတွက် မြေအဆင့် ကျင့်စဥ်နှင့်
ဆေးပင်များ အခြားအရင်းအမြစ်များသည်က
အမှန်ပင် အဆင့်နိမ့်သည်။ သူသုံးစွဲရန်ပင်
အဆင်မပြေပေ။ သို့သော် ချူလင်းယွင်နှင့်
ချူကျန်းချန်အတွက်တော့ အသုံးဝင်သည်။
ကျိုးယန်တို့နှစ်ဦးသား လက်နက်များရောင်းရာ
ဆိုင်ခန်းတခုသို့ဝင်ရောက်သွားသည်။ လက်
နက်များကို အဆင့်နိမ့် အလယ်အဆင့်နဲ့ အဆင့်
မြင့်ဟူ၍ ခွဲထားကာ မြေကြီးအဆင့်ရတနာကို
တော့ မှန်ပေါင်ထဲတွင် ပြသထားသည်။
ကျိုးယန်က မှန်ပေါင်ထဲတွင်ရှိသည့် လှံရှည်
တချောင်းကို ကြည့်လိုက်သည်။ မြေကြီးအဆင့်
နိမ့် ရတနာဖြစ်ကာ တန်ကြေးသည် သန်း၅၀၀
ဖြစ်သည်။ ထိုအဆင့်ရတနာများက သူ့တွင်
ပေါများသည်။ စတိုးတွင် အချိန်မရွေးဝယ်နိုင်
သည်။ လှံရှည်ကာ ၆ပေခန့်ရှည်ကာ ဆန့်ထုတ်
၍ ရနိုင်သေးသည်ဟု ရေးထားသည်။ အပြည့်
အဝ ဆန့်ထုတ်လိုက်လျှင် လှံအသွားအပါ ၉ပေ
ကျော်သွားနိုင်သည်။
လှံ၏ကိုယ်ထည်တခုလုံးမှာ ငွေရောင်ဖြစ်၍
တဖိတ်ဖိတ်လက်နေသည်။ ကျိုးယန်က လှံကို
အသေချာကြည့်နေသည်ကိုမြင်လျှင် အရောင်း
ဝန်ထမ်းတဦး သူ့ဆီလျှောက်လာကာ ရှင်းပြရန်
ပြင်သည်။
“ဒါက ပန်းပဲဂိုဏ်းရဲ့ ကျောက်စိမ်းလှံရတနာပါ
ပန်းပဲဂိုဏ်းရဲ့ သတ္တမအကြီးအကဲ ကိုယ်တိုင်
ထွင်းလုပ်ထားတယ် လှံအသွားကို သံသေနဲ့
ပြုလုပ်ထားတော့ မာကြောမှုကို အာမခံနိုင်ပါ
တယ်”
ကျိုးယန်က ခေါင်းသာညိတ်ပြကာ ထိုနေရာမှ
ထွက်ခွာရန်ပြင်သည်။
“ဟမ့် မင်းမို့လို့ ဒီလိုတောသားကိုအရေးတယူ
ရှင်းပြနေသေးတယ် ဝယ်နိုင်တာလည်းမဟုတ်
ပဲ”
ထိုစဥ် အသံတခုထွက်ပေါ်လာကာ ကျိုးယန်တို့
ရှိရာ ရောက်လာသည်။ ကျိုးယန်တချက် လှည့်
ကြည့်လိုက်တော့ လူငယ်တဦးနှင့် နောက်ပါ၃ဦး
ဖြစ်ကာ တူညီဝတ်စုံများဝတ်ဆင်ထား၍ ရင်
ဘတ်တွင် တံတိပ်တခုတပ်ဆင်ထားသည်။
“တံခွန်ဂိုဏ်းက ဂိုဏ်းသခင်လေးကို ကြိုဆိုပါ
တယ်”
အရောင်းဝန်ထမ်းက အလျင်အမြန်ဦးညွှတ်ကာ
နှုတ်ဆက်စကားဆိုသည်။
“မင်း ငါ့ကိုပြောလိုက်တာလား”
ကျိုးယန်၏အမေးကို သကောင့်သားက
ချူလင်းယွင်ဆီအကြည့်မပြတ် ငမ်းနေကာ
ခနဲ့တဲ့တဲ့ ပြန်ဖြေသည်။
“ဒီနေရာမှာ တောသားကဘယ်သူလဲ မင်းမ
ဟုတ်ရင် ငါလား”
ထိုလူငယ်ကတဆက်တည်းပင် ချူလင်းယွင်ဆီ
စကားလှမ်းပြောကာ ကြောင်တော့သည်။
“ဒီကမိန်းမလှလေး လိုအပ်တာရှိရင် အားမနာတမ်း ပြောလို့ရတယ် အစ်ကိုက ဝယ်
ပေးနိုငိပါတယ်”
ချူလင်းယွင် မျက်မှောက်ကြုတ်လိုက်သည်။
တံခွန်ဂိုဏ်းအကြောင်း သူမအဖိုးပြောပြထား၍
အနည်းငယ်သိထားသည်။ အင်အားအရာတွင်
ချူမိသားစုထက်အပြတ်အသတ် သာလွန်သည်
ကျိုးယန် ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်သည်
ကျင့်ကြံမှုက တည်ဆောက်ရေးအဆင့်၁ ဖြစ်
ကာ အသက်က ၁၈ နှစ်တောင်မပြည့်လောက်
သေးပေ။
ဒီလိုပမွှားကောင်က ငါ့ကိုရန်စတာတဲ့လား။
ကျိုးယန်၏ အကြည့်ကိုသတိထားမိသည့်
ချူလင်းယွင်က ကျိုးယန်ကိုအသာကြည့်သည်
ဒီနေရာတွင်ပြဿနာ တက်လို့မဖြစ်ပေ။
ကျိုးယန်၏ ကျင့်ကြံမှုကို သူမ မမြင်နိုင်သလို
ချူမိသားစုတွင်လည်း တံခွန်ဂိုဏ်းကိုထိပ်တိုက်
ရင်ဆိုင်ရန် အင်အားမရှိပေ။ သူမအဖိုးကျန်းမာ
စဥ်ကာလဆိုလျှင်တော့ ဖြစ်နိင်ချေရှိသည်။