← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

ကျိုးယန်သက်ပြင်းချကာ လှည့်ထွက်လိုက်သ

ည်။ လူငယ်နှင့်နောက်ပါများကို လက်တဖက်

ယမ်းရုံ ဖြေရှင်းနိုင်သော်လည်း လုပ်၍မရသေး။

ဂိုဏ်းကြီးများ၏ အင်အားကို သိထားရန်လို

နေသေးသည်။ ထို့အပြင်နောက်ဆက်တွဲကိုဖြေ

ရှင်းရန် ချူကျန်းချန်၌ အင်အားမရှိပေ။

“တောသားလေးက ကိုယ့်အဆင့်ကို သိပုံပဲ

ဟားးးဟားး”

ထိုလူငယ်၏နောက်လိုက်တဦးက ဝင်လှောင်သ

ည်။ ထိုလူငယ်ကလည်း လက်ကိုဟန်ပါပါပိုက်

ကာ ကျိုးယန်ကိုအထင်သေးဟန်ဖြင့်ကြည့်နေ

သည်။

ချူလင်းယွင်မျက်နှာပျက်သွားသည်။ ချက်ချင်

ပင် ကျိုးယန်ကို လက်ကုတ်ကာ ထွက်ခွာသွား

တော့သည်။ ကျိုးယန်တို့နှစ်ဦး ဆိုင်ဝရောက်

ချိန်တွင် ကျယ်လောင်သည့်အသံတခုပေါ်လာ

သည်။

“မိန်းမလှလေး နောက်ဆုံရင် ဒီလိုအချိုးချိုးလို့

မရဘူးနော် ဒီတခါတော့နားလည်ပေးလိုက်မယ်”

ချူလင်းယွင်၏ လျစ်လျူရှူမှုအပေါ် ဒေါသ

ထွက်ရသော်လည်း ပြိုင်ပွဲကာလတွင် သူ့အနေ

ဖြင့် ပြဿနာရှာ၍ မဖြစ်ပေ။ ပြိုင်ပွဲပြီးလျင်

ထိုမိန်းမလှလေးအား ကိုင်တွယ်ရမည်။ တံခွန်

ဂိုဏ်းရဲ့အင်အားကို မည်သူကတွန်းလှန်နိုင်

မည်နည်း။

ချူလင်းယွင်၏ နောက်ကျောအလှကို နှုတ်ခမ်း

သပ်ကာ မစားရဝခမန်း ရယ်မောသံကြီးများ

ဆိုင်ထဲတွင် ပျံ့နှံ့လာသည်။

ချူလင်းယွင်မှ လက်သီးကိုကျစ်နေအောင်

ဆုပ်ထားကာ ထိုကောင်ကိုသာ ပြိုင်ပွဲတွင်

ဆုံပါက ပြာနှမ်းနေအောင် ထုထောင်းမည်ဟု

ဆုံးဖြတ်ချက်ချလိုက်သည်။

ချူလင်းယွင်၏ အတွေးကိုသိနေသည့် ကျိုး

ယန်က ခေါင်းခါရမ်း၍ ပြဿာနာကို အမြန်

ရှောင်တိမ်းလိုက်ရသည့်အပေါ် အနည်းငယ်

မခံချိမခံသာဖြစ်နေလေသည်။ သူကအေးဆေး

နေတတ်သော်လည်း ရန်စစော်ကားသည်ကို

ငြိမ်ခံတတ်သူတော့မဟုတ်ပေ။ ချူမိသားစုကို

သာမငဲ့ရလျှင် ထိုတဏ္ဍာရူးကို သူကိုယ်တိုင်

ပညာပေးလိုက်တာကြာပြီဖြစ်သည်။

တည်းခိုရာသို့ ပြန်ရောက်တော့ ချူလင်းယွင်က

သူမ၏ အခန်းဆီ တိုက်ရိုက်ဝင်သွားသည်။

ချူလင်းယွင်မျက်နှာမကောင်းသည်ကို သတိ

ထားမိသည့် ချူကျန်းချန်က ကျိုးယန်ကိုမေး

မြန်းသည်။ ကျိုးယန်ဆီမှ အ ကြောင်းစုံကိုသိ

လျှင် ချူကျန်းချန်းတယောက် မျက်နှာကြီး

သုန်မှုန်သွားသည်။ ကျိုးယန်ကိုတောသားလို့

ခေါ်ပြီး သူ့မြေးကို ထိကပါးရိကပါးလုပ်တာတဲ့

လား။

သူ့တွင် အရင်အင်အားများသာရှိလျှင် ဒေါသ

ကိုဖောက်ထုတ်ပစ်လိုက်ပေမည်။ ယခုတွင်

တော့ ပြိုင်ပွဲကာလဖြစ်သည့်အပြင် ချူမိသား

စုအခြေနေသည်လည်း နိမ့်ပါးနေသောကြောင့်

သည်းခံစိတ်မွေးနေရသည်။

“အဲ့သခင်လေးဆိုတဲ့ ကောင်ကိုသိပါတယ်

တံခွန်ဂိုဏ်းမဟာအကြီးအကဲရဲ့ မြေးပဲ သူ

လည်း ပြိုင်ပွဲမှာ ပါလိမ့်မယ်”

“ကောင်းတာပေါ့ အဖိုးမြေးမလေး အဲ့ကောင်ကို

ဘယ်လိုဆုံးမပေးမလဲ စောင့်သာကြည့်နေ”

ကျိုးယန်က ရယ်ရယ်မောမောဖြင့်ဆိုသည်။

ချူလင်းယွင်၏ ခွန်အားအစစ်မှန်သည် တည်

ဆောက်ရေး အဆင့်၆ နှင့်ပင် ယှဥ်နိုင်ကာ အ

ဆင့်၆ အောက်များကိုတော့ ရိုက်ခွဲနိုင်သည်။

“သခင်လေး ကျိုး ဝမ်မိသားစုက မင်းရဲ့

နောက်ခံကိုစုံစမ်းနေတယ်လို့ ကြားတယ် ခု

လောက်ဆို သူတိူ့လိုချင်တဲ့ အချက်အလက်တွေ

ရသွားလောက်ပြီ မင်းမှာစိုးရိမ်ရမယ့်သူရှိလား”

ချူမိသားစုအကြီးကဲက ကျိုးယန်ကိုမေးသည်။

ချူမိသားစု အဆက်သွယ်များမှတဆင့်

ဝမ်မိသားစုကို စောင့်ကြည့်နေသည်မို့ လှုပ်ရှား

မှုများကို သိထားပေသည်။

ကျိုးယန် လေးနက်သွားသည်။ သူ့ထံတိုးဝင်

လာမည့် ပြဿနာများကိုမပူသော်လည်း သူ့

နောက်ရှိ လီချင်းကျူးနှင့် ရှောင်ဝေ့ကတော့

သူနှင့်မတူပေ။.

ဟမ့်…သူတို့လုပ်ရဲရင် ပိုကောင်းတယ်။

ကျုပ်က အနေအေးပေမယ့် ကြောက်တတ်သူ

တယောက်မဟုတ်ဘူး။

ကျိုးယန်တယောက် လီချင်းကျူးဆီဖုန်းဆက်

ကာ အနည်းငယ်သတိထားရန်မှာလိုက်သည်။

ရှောင်ဝေ့ကိုတော့ ဖုန်းဆက်၍မရပေ။

ဒီခွေးသားကတော့ အရေးကြောင်းဆို ခေါ်မရ

တော့ဘူး။ ငါပေးထားတဲ့ ငွေတွေနဲ့ ဘယ်မှာ

သွားနှပ်နေလဲမသိ။

ကျိုးယန်တယောက် ရှောင်ဝေ့ကိုစိတ်ပူမိလည်း

ယခုအချိန်တွင် သူလုပ်နိုင်တာဘာမှမရှိပေ။

ပြိုင်ပွဲ ပြီးမှသာ စီစဥ်နိုင်မည်ဖြစ်သည်။

ညအချိန်ရောက်ရှိလာသည်။ ကျိုးယန်က

အခန်းထဲတွင်ထိုင်ကာ ဗာဂျာရာကျင့်စဥ်ကို

လေ့လာနေသည်။ ဒုတိယအဆင့်ကိုဖြတ်ကျော်

ရန်လိုအပ်နေသည်မဟုတ်လား။ ၃ဆင့်လုံးသာ

သူအောင်မြင်ထားလျှင် ဂိုဏ်းကြီးများကိုဂရု

စိုက်စရာမလိုတော့ပေ။ သူ့ခန္ဓာကိုယ်ခွန်အား

တခုတည်းနဲ့ပင် အလွယ်တကူဖြေရှင်းနိုင်သည်

ဒင်.!

စနစ်မှ ကြားဖြတ်တာဝန်တခုချပေးပါသည်။

ချူလင်းယွင်ကို ပြိုင်ပွဲတွင် ဆုရအောင်ကူညီ

ပါ။

ဆုလာဒ်အနေဖြင့် ဆေးပညာကျမ်းပထမအဆင့်

သိုင်းပညာရှင်ဆေးလုံး၃ လုံး ရ ရှိမည်။

သိုင်းပညာရှင်ဆေးလုံးလား..။

ကျိုးယန်၏မျက်လုံးများအရောင်တောင်သွား

သည်။ ကျိုးယန်၏လက်ရှိအဆင့်ဖြင့် စတိုး

တွင် စစ်သည်တော်ဆေးလုံးသာရနိုင်ကာ

နောက်ထပ်တာဝန်ကြီးတရပ်မပြီးမြောက်မချင်း

စတိုးက အဆင့်ထပ်မြင့်လာမည်မဟုတ်ပေ။

သိုင်းပညာရှင်အဆင့်ဆေးလုံးဆိုပါက အဖိုးချူ

ကို စိတ်ဝိဉာဥ်အဆင့်ထိ ပို့နိုင်ကာ စစ်သည်

တော်ဆေးလုံးနှင့် တွဲ၍ သူထွက်ခွာသွားချိန်

လီချင်းကျူးကို ပေး၍ ကိုယ့်ကိုကိုယ်ကာကွယ်

နိုင်ရန် ကျင့်ကြံစေမညိဖြစ်သည်။

ဆုလာဘ်ကတော့ ဟုတ်ပြီ။ ချူလင်းယွင်က

ပထမရနိုင်ပါ့မလား။ ဂိုဏ်းကြီးတွေရဲ့ ပါရမီ

ရှင်များက ဘယ်အဆင့်ကိုရောက်နေကြပြီလဲ။

တံခွန်ဂိုဏ်း၏ သခင်လေးတဦးသည် တည်

ဆောက်ရေးအဆင့် ဖြစ်ကာ တံခွန်ဂိုဏ်းတွင်

တည်ဆောက်ရေးအဆင့်ပါရမီရှင်များက တဦး

ထက်ပိုရှိနိုင်သည်။ ထိုသခင်လေးသည် တ

ကယ့်ပါရမီရှင်မဟုတ်ပေ။

တည်ဆောက်ရေးအဆင့် ၆ အထက်ကို

ချူလင်းယွင် မဖြေရှင်းနိုင်ဘူး။ ကိစ္စမရှိပါဘူး

အခြေနေကိုကြည့်ပြီး ခွန်အားဖြည့်ဆေးလုံးနဲ့

ကျင့်ကြံမှုကို တိုးပေးနိုင်သေးတာပဲ..။

ကျိုးယန်အနည်းငယ်စိတ်အေးသွားသည်။

ချူလင်းယွင်၏ အဆင့်ကျော်တိုက်လိုက်မှုအရ

အစောပိုင်း အဆင့်များတွင်အလွယ်တကူ

ဖြတ်ကျော်နိုင်ကာ နောက်ပိုင်းခက်ခဲလာလျှင်

ကျိုးယန်က ခန္ဓာကိုယ်အားဖြည့်ဆေးလုံးဝယ်

ယူကာ ကူညီပေးမည်။

သူကိုယ်တိုင်ဝင်မပါရသည်က ဆိုးပေသည်။

မဟုတ်လျှင် ပြိုင်ပွဲကို ပြောင်းပြန်လှန်ပစ်ရန်

သူတွေးထားသည်မဟုတ်လား။

“စနစ်ရှင်က အနိုင်ကျင့်ချင်နေတာပဲ”

စနစ်၏စကားကိုကျိုးယန်က ရယ်ကျဲကျဲဖြင့်

သာတုံ့ပြန်သည်။

စနစ်မှဆက်၍

“စနစ်ရှင်သိထားဖို့က ကမ္ဘာမြေက ကျင့်ကြံသူ

တွေထဲမှာ မူလအဆင့်တွေ ရှိနိုင်တယ်”

မူလအဆင့် မူလအဆင့်သိုင်းပညာရှင်လား။

ကျိုးယန် အနည်းငယ်တွေးသွားသည်။ ကမ္ဘာ

မြေလို ချီဓာတ်နည်းပါးသည့်နေရာတွင် ထို

အဆင့်ထိ ကျင့်ကြံနိုင်သူက လက်တဆုပ်စာပင်

ရှိပါမည်လား။ ရှိလျှင်လည်း အသက်အရွယ်

ကြီးရင့်နေလောက်ပေမည်။ ထိုသူများသည်

ကျိုးယန် သိထားသလောက် ဂိုဏ်း၏အရေး

ကြီးဆုံးကိစ္စပေါ်လာသာ ထွက်လာတတ်သည်။

ထိုနေ့ညတွင်ပင် ကျိုးယန်က ဝမ်မိသားစု၏

လှုပ်ရှားနေမှုကို ပို၍အာရုံစိုက်ထားရန်မှာလိုက်

သည်။

All Chapters