← Chapters

ပြိုင်ပွဲစတင်ခြင်း

Vol. 3 Ch. 41

ပြိုင်ပွဲစတင်ခြင်း

Vol. 3 Ch. 41

ပြိုင်ပွဲနေ့သို့ရောက်ရှိလာသည်။

ပြိုင်ပွဲကျင်းပရာ ကွင်းပြင်ကျယ်တွင် ထိုင်ခုံ

များစီစဥ်ထားကာ အဆင့်အလိုက် နေရာချထား

သည်ကိုတွေ့ရသည်။ ပွဲ၏အဓိကနေရာတွင်

ဂိုဏ်းကြီးများမှ နေရာယူ၍ ထိုနောက်တွင်

မိသားစုကြီး၅ စုက နေရာယူထားသည်။

ထို့အပြင် လာရောက်ကြည့်ရှူသည့် တကိုယ်

တော်ကျင့်ကြံသူများနှင့် အခြားပရိတ်သက်

များလည်းရှိသေးသည်။

ပြိုင်ပွဲစတင်သူက ကြေငြာသည်။

ပြိုင်ပွဲ စတင်ပါပြီ။ ပါဝင်ယှဥ်ပြိုင်မည့်

ပြိုင်ပွဲဝင်များ စင်ပေါ်မှာနေရာယူပေးပါ။

ဆက်လက်၍ တံခွန်ဂိုဏ်း၏ အကြီးအကဲမှ

ဆုလာဒ်များကိုကြေညာပေးသည်။

ပထမဆုအတွက် အဆင့်မြင့်ရတနာတခု

ချီစုစည်းခြင်းဆေးလုံး ၅လုံး

အဆင့်မြင့်သလင်းကျောက် ၁၀၀

ဒုတိယဆုအတွက် ချီစုစည်းခြင်းဆေးလုံး၃လုံး

အဆင့်မြင့်သလင်းကျောက် ၅၀

တတိယဆုအတွက်

ချီစုစည်းခြင်းဆေးလုံး ၃လုံး တို့ဖြစ်သည်။

အခြားအဆင့်များကိုမူ အဆင့်နိမ့်သလင်း

ကျောက်များ ပေးအပ်ဦးမည်။

သလင်းကျောက် ကမ္ဘာမြေမှာလည်းသုံးနေတာ

လား။ အဆင့်မြင့်သလင်းကျောက်ဆိုပဲ။

အရေအတွက်နည်းပေမယ့် မဆိုးလှဘူး။နောက်

ပြီး ချီစုဆောင်းခြင်းအဆင့်အတွက် ချီစုစည်း

ခြင်းဆေးလုံးကလည်းအသုံးဝင်တယ်။

အဆင့်မြင့်ရတနာက ဘယ်လိုမျိုးလဲ။

ချီစုဆောင်းခြင်းအဆင့်ကို အခြေခံအဆင့်ဟု

နောက်တွင် ပြောင်းလဲရေးသားပါမည်။

ကျိုးယန်အတွေးများနေစဥ် မိသားစုများနှင့်

ဂိုဏ်းကြီးများမှ ပါဝင်မည့်သူများ စင်ပေါ်

တက်သွားကြသည်။ ချူလင်းယွင်လည်း ကျိုး

ယန်ကိုတချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။

သူမအဖိုးက ကျိုးယန်သည် ဆုအဖြစ်ရမည့်

ရတနာကိုစိတ်ဝင်စားသည် ဟုသူမကိုပြောထား

သည့်အတွက် ပထမဆုရယူကာ ကျိုးယန်၏

အကူညီအတွက် ပြန်လည်ပေးဆပ်ရပေမည်။

ဆုများအပြင် နောက်ကွယ်တွင် မိသားစုများနှင့်

ဂိုဏ်းကြီးများ၏ အကျိုးအမြတ်ကိစ္စကိုတော့

ချူကျန်းချန်းက ချူလင်းယွင်ရလာမည့်အဆင့်

ပေါ်မူတည်ကာ ခွဲဝေရမည်ဖြစ်သည်။

ချူကျန်းချန်းသည် သလင်းကျောက်များအား

ကြားချိန်တွင်မျက်နှာပျက်သွားသည်။ သလင်း

ကျောက်နှင့်ပက်သက်၍ လုပ်ပိုင်ခွင့်ကို အရင်

တုန်းက ချူမိသားစုရထားသော်လည်း လက်

လွှတ်လိုက်ရကာ ချူမိသားစုမှလူငယ်များနှင့်

အကြီးအကဲများအတွက် ကျင့်ကြံရန်မထောက်

ပံ့ပေးနိုင်တော့ပေ။

သူ့မြေးမလေးသာ ပထမရခဲ့လျှင် သလင်း

ကျောက်လုပ်ပိုင်ခွင့်အား ပြန်လည်တောင်းယူ

ရမည်ဟု တွေးလိုက်သည်။ ကျန်သည့်စီးပွား

ရေးလုပ်ငန်းများထက် သလင်းကျောက်လုပ်

ငန်းက ပိုအရေးပါသည်။ ယခုတွင်ပင် သူက

ပြန်လည်ကျင့်ကြံနိုင်ပြီ ဖြစ်ကာ မြေးမလေးနှင့်

အကြီးအကဲများ လူငယ်များအတွက်သာ

ထောက်ပံ့နိုင်လျှင် သူ့မိသားစုသည် ပြန်လည်

ဦးမော့လာပေတော့မည်။

ဝမ်မင်က စင်ပေါ်မှနေ၍ ကျိုးယန်ကိုကြည့်နေ

သည်။ သူ့စိတ်ထဲတွင် ကျိုးယန်ဆီမှရလာမည့်

ဆေးလုံးများအကြောင်းတွေးကာ ပျော်ရွှင်နေ

သည်။

ဖန်းမိသားစု ရီမိသားစု တံခွန်ဂိုဏ်းမှ ပါရမီရှင်

ကျောက်စိမ်းဂိုဏ်း ကုန်သည်ကြီးများအသင်း

စသည့် နေရာပေါင်းစုံမှ ပါရမီရှင်များစုဝေးနေ

သည်ကို မြင်ရခဲသည်မို့ ပရိတ်သက်များက

ဝမ်းပန်းတသာဖြစ်နေသည်။

“ ဖန်းမိသားစုရဲ့ဖန်းယွင်က တည်ဆောက်ရေး

အဆင့်မဟုတ်လား”

“ရီမိသားစုရဲ့ ရီဖန်နဲ့ ရီကျင်းချန်ကောပဲလေ”

“ကုန်သည်ကြီးများအသင်းကိုလည်း အထင်

မသေးနဲ့ဗျ သူတို့ရဲ့လူငယ်က ဓားသမားလို့

ငါကြားထားတယ် ကျင့်ကြံမှုကလည်း တည်

ဆောက်ရေးအဆင့် ၄ တဲ့”

“တံခွန်ဂိုဏ်းက ​ညီအကို ကိုယှဥ်နိုင်မှာတဲ့လား

ကျူးချန် နဲ့ ကျူးလန် ညီအစ်ကိုနှစ်ယောက်လုံး

တည်​ဆောက်ရေးအဆင့်ပဲလေ ကျူးလန်ဆို

တည်ဆောက်ရေး အဆင့် ၈ ကိုခြေလှမ်းထားပြီ

တဲ့ အသက်က ခုမှ ၂၀ နော်”

ဟူး…ပါရမီရှင်တွေပဲ။

တီးတိုးစကားသံများကနေရာတိုင်း ထွက်ပေါ်

လာနေသည်။…

တည်ဆောက်ရေးအဆင့် ၇ တဲ့လား။ ဒါတော့

ချူလင်းယွင် မကိုင်တွယ်နိုင်ဘူး..။

ဟိုဓားသမားကိုတော့ သူအစွမ်းကုန်သုံးရင်

နိုင်လောက်တယ်။

ကျိုးယန်က ဓားသမားများကိုလေးစားသည်။

ထိုအတွက် ဓားသမားသည် ကျင့်ကြံမှုအရ

ကျူးလန်ကို မမီသော်လည်း ရင်ဆိုင်နိုင်သည်။

ကျိုးယန်ဝမ်သခင်လေး၏ ကျင့်ကြံဆင့်ကို

ကြည့်လိုက်တော့ တည်ဆောက်ရေးအဆင့် ၂

ဖြစ်နေသည်။အဆင့် ၃ ကိုပင်ရောက်လုနေပြီ။

ဒီကောင်ဘယ်လိုများကျင့်လိုက်တာလဲ။

ဆေးဝါးတွေနဲ့များ အဆင့်တက်ထားတာလား။

ကျိုးယန်၏ အကြည့်က ဝမ်ခေါင်းဆောင်ထံ

ရောက်သွားသည်။ စိတ်ဝိဉာဥ်အဆင့် ၁

မြေးအဖိုးနှစ်ယောက်လုံး အဆင့်တက်ထား

တာပဲ။ ထို့အပြင် ရွှေအမြူတေ အဆင့် အကြီး

အကဲအချို့လည်း တွေ့လိုက်ရသည်။

ကျိုးယန်တယောက် ချူမိသားစုဘက်ကိုကြည့်

တော့ ချူကျန်းချန်သည် တည်ဆောက်ရေး

အထွဋ်အထိပ်ဖြစ်ကာ အကြီးအကဲနှစ်ဦးသည်

ရွှေအမြူတေအဆင့် ၂ များဖြစ်လေသည်။

ထို​နောက်တွင်တော့ အခြေခံအဆင့်သာရှိသည့်

လူငယ်များ အိမ်တော်တွင်ကျန်ခဲ့ ကြသည်။

အင်အားက မယှဥ်သာလောက်အောင်ကွာခြား

နေသည်မဟုတ်လား။

ကျိုးယန်၏ အကြည့်ကိုသတိထားမိသည်နှင့်

ဝမ်လင်းက ပြန်စိုက်ကြည့်ကာ ပြုံးပြသည်။

သေချာသည်က ထိုအပြုံးသည် တခုခုယုတ်မာ

တော့မည် အကြံ အပြည့်ပင်ဖြစ်သည်။

ပြိုင်ပွဲဝင် ၃၂ ဦးရှိကာ ပထမအဆင့်အတွက်

ပြိုင်ပွဲများ စတင်လာလေပြီ။

ပထမအဆင့်

ကျူးချန် နဲ့ လင်းဝူ

ဝမ်မင် နဲ့ ချီခုန်းရန်

ချူလင်းယွင် နဲ့ စန်းရုံ

ကျူးလန် နဲ့ ဖန်းချီ

ဖန်းယွင် နဲ့ မင်တောက်

ရီဖန် နဲ့ လင်းဝေ

ချူလင်းယွင်က သာမန်ဂိုဏ်းလေး၏

ပြိုင်ဘက်ကိုသာ တိုးသည်မို့ အခက်ခဲမရှိပေ။

ပြိုင်ပွဲများကို ကွင်းပြင် ၄ခု ခွဲကာ တပြိုင်တည်း

ကျင်းပသည်။

ချူလင်းယွင် စင်ပေါ်တက်လာသည်။ တဖက်

ပြိုင်ဘက်က မိန်းမလှလေးကိုတွေ့သည်နှင့်

ရယ်ကျဲကျဲလုပ်ကာ ပြောလေသည်။

“ညီမလေး အစ်ကိုကြီးက မင်းကိုအသားမနာ

စေချင်ဘူး အရှုံးပေးလိုက်ပါ”

ချူလင်းယွင်က အပိုစကားမပြောပေ။ သူမ၏

ဓားကိုသာ လက်ထဲတွင်ကျစ်နေအောင်ကိုင်ကာ

တဖက်လူကို စိုက်ကြည့်နေသည်။

“အရှုံးမပေးဘူးဆိုတဲ့သဘောလား ဟားးဟား

အစ်ကိုကြီးကို အပြစ်မမြင်နဲ့တော့နော်”

စန်းရုံက သူ့ရဲ့ ဓားကိုတချက်ယမ်းခုတ်လိုက်

သည်။ ဓားချက်က အလင်းတခုနှင့်အတူ

ချူလင်းယွင်ဆီ တိုးဝင်သွားသည်။

ချူလင်းယွင်က ထိုဓားချက်ကို အသာအယာ

ရှောင်ကာ စန်းရုံထဲ တိုးဝင်၍ ဓားကိုင်သည့်

ညာဘက်လက်ကို ဓားနဲ့ပိုင်းလိုက်သည်။

မြန်သည်။ ဓားချက်ကော လှုပ်ရှားမှုများကအစ

သေသပ်ကာ လှပသည်။ မိန်းမလှလေးမှ ပြု

လုပ်သည်မို့ ပို၍ လှပေသည်။

မြန်လိုက်တာ….။

ဝမ်လင်းက တီးတိုးရေရွတ်သည်။ ဓားချက်က

ရိုးစင်းကာ ထိရောက်သည်။ ရွှေအမြူတေ

အဆင့်များသာ ဖြေရှင်းနိုင်မည်ဟု သူထင်သည်

ချူလင်းယွင်၏ ကျင့်ကြံမှုကိုကြည့်တော့ တည်

ဆောက်ရေးအဆင့် ၁ ဖြစ်နေသည်။

ဒါ ဟိုကောင်လေး ကူညီတာပဲ ဖြစ်ရမယ်။

သူ့မြေးထက်တောင် တဆင့်သာနိမ့်သည်မဟုတ်

လား။

ဓားချက်က တိုးဝင်လာသည်မို့ စန်းရုံရှောင်ရန်

ပြင်သည်။ မရတော့ ဓားချက်ကိုမြင်သော်လဲ

ရှောင်လို့မရပေ။ ချွေးများပျံကာ လက်ထဲမှဓား

ဖြင့် ကာရန်ပြင်သည်။

ချွမ်း..

စန်းရုံ၏ လက်များထုံသွားကာ ဓားလွန်ကျမ

တက်ဖြစ်သွားရသည်။

ချီးပဲ… မထင်ထားဘူး။

ဓားချက်ကို ကာလိုက်နိုင်သော်လည်း နောက်

တွင်ပါလာသည့် ခွန်အားကြောင့်ဖြစ်သည်။

စန်းရုံ ဒေါသထွက်သွားကာ သူ့ရဲ့အကောင်းဆုံး

တိုက်ကွက်ကို ထုတ်ရန်ပြင်ချိန်တွင် နောက်ထပ်

ဓားအလင်းတခု….။

ဟင်..နောက်ထပ်လား…။

စန်းရုံမထင်ထားသည်က ပထမဓားချက်ကိုကာ

လိုက်နိုင်သည်နှင့် ချူလင်းယွင်က နောက်ထပ်

ဓားချက်တခုကို ထပ်မံထုတ်လိုက်ခြင်းပင်။

အား…

ဓားချက်က ညာဘက်လက်မောင်းကို ပိုင်းကာ

သွေးများဖြာထွက်သွားလျက် ကိုင်ထားသည့်

ဓားလည်း လွတ်ကျသွားသည်။

သေစမ်း….။

စန်းရုံဓားကို ပြန်ကိုင်ရန် ကြိုးစားချိန်တွင်

ဓားဖျားတခုက သူ့နှာဖူးဆီထောက်လာသည်။

“ရှင် ရှုံးပြီ”

အေးစက်စက်အသံလေးတခုပေါ်လာသည်။

အကုန်လုံးကလည်း ဓားချက်၂ ချက်ကို ရှေ့

နောက်ဆင့်ကာ ခုတ်ပိုင်းလိုက်သည့် ချူလင်း

ယွင်၏ အရည်အချင်းကို သတိထားမိသွားကြ

သည်။

“အဲ့ဒါ ချူမိသားစုရဲ့ သခင်မလေးမဟုတ်လား

သူက ဘယ်တုန်းက ကျင့်ကြံနိုင်သွားတာလဲ”

“တည်ဆောက်ရေးအဆင့်ကိုတောင်ရောက်နေ

တာပဲ ချူကျန်းချန်းက သေချာဖုံးကွယ်ထား

တယ်”

ကျန်မိသားစုများနှင့် ဂိုဏ်းကြီးများမှ ချူကျန်း

ချန်ထံ အကြည့်ရောက်လာသည်။ ဝမ်လင်းနှင့်

အကြီးအကဲများသာ ကျိုးယန်ကြောင့်ဖြစ်မှန်း

တွက်ဆထား၍ ကျိုးယန်ကိုသာ အမဲဖျက်မည့်

နှယ်ကြည့်နေသည်။

ဟမ့်…ငါ့ကိုစမ်းချင်တာလား။

ကျိုးယန်က နှာခေါင်းကိုရှုံ့ကာ လျစ်လျူရျု

လိုက်သည်။ ဝမ်တမိသားစုလုံး ပေါင်းလျှင်

တောင် သူ့ကိုမယှဥ်နိုင်ပေ။

ငါ့ကို လာမထိတာ မင်းတို့အတွက်ပိုကောင်း

လိမ့်မယ်။ မဟုတ်ရင်တော့…။

ချူလင်းယွင် အနိုင်ရရှိသည်။

ကြေငြာသူက ချူလင်းယွင်အနိုင်ရကြောင်း

ကြေငြာသည်။

တခြားပွဲစဥ်များတွင်လည်း ကျူးလန် ညီအကို

ဝမ်မင်နှင့် ဓားသမားလူငယ် ရီဖန် တို့က

နောက်တဆင့်ကို အလွယ်တကူ ဖြတ်ကျော်

သွားသည်။

“ဟားး ဒီပွဲက ကျူးလန်အတွက်ပဲ သေချာတယ်

ဘယ်သူက သူနဲ့ယှဥ်နိုင်မှာလဲ”

တံခွန်ဂိုဏ်း၏ အကြီးအကဲရဲ့ လေသံက ဂုဏ်

ယူနေဟန်ပေါ်သည်။ သူ့တပည့်လေးသည်

အသက်၂၀ တွင်ပင် တည်ဆောက်ရေးအဆင့်

၇ သို့ရောက်ကာ နောက်၃ နှစ်တွင် ရွှေအမြူ

တေအဆင့်က ပြေးမလွတ်ပေ။

“ဟုတ်တာပေါ့ အကြီးအကဲရဲ့တပည့်ကို ဘယ်

သူက ယှဥ်နိုင်မှာလဲ”

“ကျူးလန် တော်တယ် တပည့်”

အကြီးအကဲက သူ့တပည့်ကိုချီးကျူးနေကာ

တံခွန်ဂိုဏ်းသားများကလည်း ဝိုင်းဝန်း၍

မြှောက်ပင့်နေသည်။

ချူလင်းယွင် တယောက် နေရာဆီပြန်ရောက်

လာသည်။ သူမအတွက် ဒီအဆင့်က ချွေးပင်

မထွက်ချေ။

“ကျူးလန်ကို သမီးနိုင်မယ်မထင်ဘူး”

ချူလင်းယွင်၏ စကားကို ချူကျန်းချန်းက

ထောက်ခံသည်။

“အဖိုးလည်း တွက်မိတယ် ကျူးလန်အပြင်

သမီးအနေနဲ့ ဓားသမားလေးနဲ့ရီမိသားစုက

ရီဖန် ရီကျင်းချန်တို့ကိုလည်း သတိထားရမယ်

ဘာပဲ ပြောပြော ထိပ်ဆုံး၃ ဦးနေရာရရင်ကိုပဲ

မဆိုးပါဘူးလေ”

ချူကျန်းချန်းက ပထမတွင် သူ့မြေးမလေးကို

ပထမနေရာ မှန်းထားသော်လည်း ကျူးလန်နှင့်

ဓားသမားလူငယ်ကို ကြည့်ကာ မမျှော်လင့်ရဲ

တော့ပေ။

သလင်းကျောက်ကိစ္စအတွက်ဆိုလျှင် သူ့မြေး

မလေး ပထမရမှသာ ဆွေးနွေးရန်အဆင်ပြေ

မည်ဖြစ်သည်။

ကျိုးယန်က မည်သည့်စကားမှဝင်မပြောပေ။

သူ့တွင် အကြံစည်ရှိထားပြီ ဖြစ်ကာ ချူလင်း

ယွင်တယောက် ပထမရကို ရပေလိမ့်မည်။

နောက်ထပ် နာရီအနည်းငယ်အကြာတွင်

ပထမအကျော့ ပွဲစဥ်များ ပြီးဆုံးသွားသည်။

“အစ်ကို ဟိုကောင်မလေးကိုတွေ့လား သူမကို

ကျတော်သဘောကျတယ် သူ့ဘေးက ကောင်

ကို ပညာပေးချင်ပေမယ့် သူက ပြိုင်ပွဲမှာပါမ

လာ​တော့ ဘာမှလုပ်မရဘူး ပြိုင်ပွဲပီးရင်

အစ်ကို ကူညီပေးလို့ရမလား”

ကျူးချန်က ကျူးလန်ကို ပြောသည်။

ကျူးလန်၏ အကြည့်က ချူလင်းယွင်ဆီ

ရောက်လာသည်။ ပြီးနောက် ကျိုးယန်ကိုထပ်

ကြည့်ကာ နှုတ်ခမ်းတွန့်သွားသည်။

ကျင့်ကြံသူတောင်မဟုတ်သည့် လူကိုပညာပေး

ဖို့ သူ့ညီက အကူညီတောင်းသည်တဲ့လား။

အမှန်တကယ်တော့ ပြိုင်ပွဲကာလတွင် သူ့ညီ

ပြဿနာမရှာရဲသည်ဆိုလျှင် ပိုမှန်မည်။သူက

တော့ ဂိုဏ်း၏ ပါရမီရှင်ဖြစ်ကာ အမှားအယွင်း

တခုခုလုပ်မိရင်​တေင် ခွင့်လွှတ်ကြမည်ဖြစ်၍

အဆင်ပြေသည်။

“ကောင်းပြီ အဲ့ကောင်ကို ပွဲပြီးရင် အစ်ကိုအာရုံ

စိုက်လိုက်မယ်”

ကျူးလန်ဆီက စကားကြားသည်နှင့် ကျူးချန်

ပျော်သွားသည်။ သူ့အကိုလို ခွန်အားကြီးသူပါ

ဝင်လာလျှင် သူ့အတွက်အဆင်ပြေသည်။

ချူလင်းယွင်ကိုတော့ အဆင့်တူဖြစ်သော်လည်း

သူမမှုပေ။ သူ့တွင် မြေအဆင့်ကျင့်စဥ်များ

လေ့ကျင့်ထားသည်မဟုတ်လား။

“မင်းလေးကို ပြိုင်ပွဲမှာထိပ်တိုက်ဆုံရင် ဘယ်လို

ပြုစုပေးမလဲ စောင့်ကြည့်နေလိုက်အလှလေး”

ကျူးချန်၏ ရိုင်းစိုင်းသည့်အကြည့်များ ချူ

လင်းယွင်ဆီ အချိန်ပြည့်ရှိနေသည်ကို တံခွန်

ဂိုဏ်းမှလူများသိသော်လည်း မသိဟန်ဆောင်

ထားသည်။ ချူမိသားစုမှ မကျေမနပ်ဖြစ်မည်

လား ရယ်စရာပဲ။

ကျိုးယန်က ကျုးချန်၏ အကြည့်ကိုသတိထား

မိသည်။ ဟမ့် ဒီကောင် ဘယ်ဟာကောင်းတယ်

ဆိုတာကိုမသိသေးဘူး။ စင်ပေါ်ရောက်မှ ပြာ

နှမ်းနေအောင်အရိုက်ခံရမှာ မြင်ယောင်သေး။

ဒုတိယအဆင့် ၁၆ဦး ပြိုင်ပွဲမှာတော့..

ချူလင်းယွင်နှင့် ဝမ်မင် ထိပ်တိုက်ကျတော့

သည်။

ကြည့်ကောင်းပြီဟေး…ဟားးးဟားး။

ကျိုးယန် စိတ်ကျေနပ်နေသည်။ ဗိုလ်လုပွဲ

မရောက်ခင် ကျူးချန်ကို ရှောင်နိုင်လျှင် အဆင်

ပြေသည်။

ဝမ်မင်အတွက်ကတော့ သူစိတ်မကောင်းပေ။

ဟီးးဟီး။ ကျိုးယန်တယောက် ဝမ်မင်အရိုက်ခံ

ရမည်ကို တွေးကာ ကျိတ်၍ရယ်နေသည်။

ဝမ်လင်းက ချူကျန်းချန်ဘက်ကြည့်၍ ပြော

သည်။

“ခမည်းခမက်ချူ သူတို့ ဇနီးမောင်နှံ လက်ရည်

စမ်းတာကို ကြည့်ခွင့်ရလိမ့်မယ်လို့ ကျုပ်မထင်

ထားဘူး ခဗျားကော ဘယ်သူနိုင်မယ်ထင်လဲ”

ချူကျန်းချန်း၏ မျက်နှာက ပျက်ယွင်းသွားရ

သည်။ ချက်ချင်းပင် ဒေါသတကြီးဖြင့်

“ကျုပ်ကို ခမည်းခမက်လို့ ခေါ်စရာအကြောင်း

မရှိတော့ဘူး ကျုပ်တို့ကြားကအစီစဥ်ကို ယတိ

ပြတ်ငြင်းတယ်”

ဝမ်လင်း မျက်နှာနီရဲသွားသည်။ ချူကျန်းချန်း

တယောက် ဒဏ်ရာရပြီးတည်းက သူ့ကိုတုံ့ပြန်

ပြောဆိုသည်က ရှားတယ်မဟုတ်လား။

ချူကျန်းချန်ကတော့ သူ့သားနှင့် ချွေးမလေး

ပျောက်ဆုံးသွားသည့် ၁၅ နှစ်ကျော် ကာလတွင်

မိသားစုကို ပြန်လည်လွှဲယူကာ ထိန်းချုပ်ခဲ့ရ

သည်မဟုတ်လား။

ကျိုးယန်က ချူကျန်းချန်းကိုမေးသည်။

“ချူမိန်းကလေးရဲ့ မိဘတွေကို မတွေ့မိပါလား”

ချူကျန်းချန်း၏ မျက်နှာမှုန်မှိုင်းသွားရသည်။

“ကျုပ်သားနဲ့ချွေးမလေးက ယွင်အာကိုမွေးပြီး

၅ နှစ်အကြာ ခုလိုပြိုင်ပွဲအပြီးမှာ ပျောက်သွား

တာပဲ”

“ဘယ်လိုမျိုး ပျောက်သွားတာလဲ”

ကျိုးယန်စိတ်ဝင်စားသွားသည်။

“အဲ့တုန်းက ပြိုင်ပွဲရဲ့ထိပ်ဆုံး ဆယ်ဦးကို

မူလနယ်မြေဆီလွှတ်ပြီး ရတနာရှာဖို့ အခွင့်အ

ရေးတခု ပေးတယ် သားနဲ့ချွေးမလေးက ပြိုင်ပွဲ

မှာ အဆင့် ၁ နဲ့ ၂ ရတော့ သူတို့လည်းဝင်ရ

တယ်လေ အဲ့နယ်မြေထဲဝင်သွားပြီးတော့ ပြန်

ထွက်မလာကြတော့တာပဲ”

ကျိုးယန် ချူအိမ်တော်မှာရှိနေသည့်ကာလ

ချူလင်းယွင်၏ မိဘများကိုမတွေ့ရသည်က

ထိုကြောင့်ကိုးး။ သူ့အနေဖြင့် မေးချင်သော်

လည်း မကောင်းတတ်၍ မမေးဖြစ်ခဲ့ပေ။

ယခုမှ ဝမ်မိသားစုခေါင်းဆောင်ဟောင်း၏

လူကြားထဲ ခမည်းခမက်ခေါ်ကာ ပြောဆိုမှုကို

ချူလင်းယွင်၏ မိဘများသာရှိလည်း မည်ကဲ့

သို့တုန့်ပြန်မည်ကို တွေးမိသွားကာ ဆက်စပ်၍

မေးလိုက်ခြင်းဖြစ်သည်။

မူလနယ်မြေ ဟုတ်လား။

“စနစ် မူလနယ်မြေဆိုတာ ဘာလဲ”

စနစ်မှ

“မူလပညာရှင် အထွဋ်အထိပ်အဆင့်က ဖန်တီး

ထားတဲ့ နေရာလွတ်တခုပဲ မူလပညာရှင်အဆင့်

ကိုရောက်သွားရင် လေဟာနယ် နယ်မြေတခု

တည်ဆောက်ရတယ် စိတ်ဝိဉာဥ်အဆင့်မှာ

ဝိဉာဥ်ကိုယ်ပွားတခု လုပ်ရတယ် စနစ်ရှင်က

ပကတိရှင်သန်ခြင်းအဆင့်ကိုရောက်မှ စိတ်ဝိ

ဉာဥ် ကိုယ်ပွားတည်ဆောက်လို့ရမယ်”

“ဒါဆို ငါက စိတ်ဝိဉာဥ်အဆင့်ကို ရင်ဆိုင်ဖို့

မလွယ်ဘူးပေါ့”

ကျိုးယန်က အလေးအနက်ပြန်မေးသည်။

သူသာ စိတ်ဝိဉာဥ်အဆင့်ကိုမကိုင်တွယ်နိုင်ရင်

ဝမ်မိသားစုကို ဖြေရှင်းရန်ခက်မည်။

“အစောပိုင်းစိတ်ဝိဉာဥ်အဆင့်မှာ ဝိဉာဥ်ကိုယ်ပွား တည်ဆောက်လို့မရသေးဘူး

အဆင့် ၇ အနည်းဆုံးရောက်မှ စိတ်ဝိဉာဥ်အ

ခြေခံ ကိုယ်ပွားကို စလုပ်လို့ရမှာ”

တော်သေးတာပေါ့။ ဒါပေမယ့် ဂိုဏ်းကြီးများ

တွင် စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်များ ရှိ

နေနိုင်သည်။ သတိထားမှရပေတော့မည်။

All Chapters