← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

ကျိုးယန်လေးနက်သွားရသည်။ သူ့တွင်စိတ်ဝိ

ဉာဥ်ဆိုင်ရာ ကျင့်စဥ်များမရှိပေ။ အတွင်းခန္ဓာ

ထဲတွင် စိတ်ဝိဉာဥ်ကိုယ်ပွားရှိထားသူကို သတ်

ရန်ခက်ခဲကာ ထိုဝိဉာဥ်လွတ်မြောက်သွားပါက

ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေးရှိသေး

သည်။ တခုကံကောင်းသည်က ဝမ်လင်းသည်

အဆင့်တက်ခါစဖြစ်သည်။

ဒုတိယအဆင့် ပွဲများအတွက် စတင်လေပြီ။

ချူလင်းယွင်က စင်ပေါ်တွင်မတ်မတ်ရပ်ကာ

ဝမ်မင်ကို ကြည့်နေသည်။ သူမအနေဖြင့်

ဝမ်မင်၏ တွယ်ကပ်မှုကိုစိတ်ကုနိနေကာ ချူ

မိသားစုနိမ့်ပါးမှုအပေါ် အခွင့်ကောင်းယူတတ်

သည့် ထိုလူကိုအထင်မကြီးပေ။

“ညီမလေး ချူ အစ်ကိုတို့ ထိပ်တိုက်တွေ့ကြပြီ

သတိထားပါ အစ်ကိုကတော့မညှာဘူးနော်”

ဝမ်မင်က ရယ်သွမ်းသွေးရင်းပြောလိုက်သည်။

ချူလင်းယွင်သည် သူ့ထက်တဆင့်နိမ့်ကာ

ကျင့်စဥ်သည်လည်း သူ့လောက်ကောင်းမည်

မထင်ပေ။

ချူလင်းယွင်ခေါင်းညိတ်ပြလိုက်သည်။

“ကျမတို့ အချိနိမဆွဲပဲ တိုက်ကြရအောင်”

သူမက ဓားကိုအသင့်ကိုင်လျှက် ဝမ်မင်လှုပ်ရှား

လိုက်သည်နှင့် တပြိုင်တည်း ဓားချက်ထုတ်

ဖော်ရန် အသင့်ပြင်ထားလိုက်သည်။

“ဒါဆိုစပြီနော် ညီမလေးချူ”

ဝမ်မင်က ချူလင်းယွင်ဆီ တိုးဝင်ကာ ဓားချက်

၃ချက်ဆက်ခုတ်လိုက်သည်။ ဝမ်မင်၏ ဓား

ကွက်သည် မြေကြီးအဆင့်နိမ့်ဖြစ်သော်လည်း

အလယ်ဆင့်များနှင့်ယှဥ်နိုင်သည်။ ဝမ်မိသားစု

၏ တခုတည်းသော ကျင့်စဥ်ဖြစ်ကာ တန်ဖိုးကြီးသလို အစွမ်းထက်သည်။

“တစက္ကန့်အတွင်း ဓားချက် ၃ချက်”

ပရိတ်သက်များ ဟာ ဟင် ဖြစ်ကုန်သည်။

ချူလင်းယွင်က ပထမပွဲတွင် ဓားချက်၂ ချက်

ကိုရှေ့နောက်ဆင့်ကာထုတ်ဖော်ချိန်တွင် ဝမ်မင်

က တပြိုင်တည်း ဓားချက် ၃ချက်ထုတ်ပြလာ

သည်။

ချူလင်းယွင်က သူမဆီတိုးဝင်လာသည့်

ဓားချက်၃ခုကို မရှောင်တော့ပေ။

အသူရာဓားကျင့်စဥ်ထဲမှ ပထမဓားကွက်ကို

တိုက်ကိုက်ထုတ်ဖော်လိုက်သည်။

“အသူရာဓားကွက်ရဲ့ပထမအကွက် အသူရာ

တစ္ဆေဓားချက်”

ချူလင်းယွင်၏ တီးတိုးရေရွတ်သံနှင့်အတူ

ကြီးမားသည့် ဓားချက်ကြီးတခုက ထွက်ပေါ်

လာသည်။

ဒါဘယ်လို ဓားကွက်လဲ..။ ဓားချက်ကလည်း

ကြောက်ဖို့ကောင်းလိုက်တာ။

ဝမ်လင်းအပါအဝင် တံခွန်ဂိုဏ်းမှ အကြီးအကဲ

များလည်း ကျောရိုးများစိမ့်သွားကာ ထိတ်လန့်

သွားကြသည်။

ဒါဘယ်အဆင့် ကျင့်စဥ်က ဓားကွက်လဲ။

ချူလင်းယွင် ထုတ်ဖော်လိုက်သည့်ဓားချက်

သည် မြေကြီးအဆင့်မြင့် ဖြစ်နိုင်သည်ဟု

မှတ်ယူလိုက်သည်။ ချူမိသားစုအနေဖြင့်

ဘယ်တုန်းက မြေကြီးအဆင့်မြင့် ကျင့်စဥ်တခု

ပိုင်ဆိုင်သွားရသနည်း။ မြေကြီးအဆင့်ကျင့်စဥ်

ရှိဖူးသော်လည်း ယခင်ချူလူငယ်ခေါင်းဆောင်

နှင့် ဇနီး ပျောက်ကွယ်သွားချိန်မှစ၍ ချူမိသား

စု ကျင့်စဥ်ကို အသုံးပြူသူမရှိကြတော့။

ချူကျန်းချန်ပင် သူ့သားကိုသတိရမိမည်စိုး၍

မထုတ်ဖော်ပေ။

ထိုကျင့်စဥ်ပင် မြေကြီးအဆင့်တွင် အလယ်

အဆင့်သာရှိသည်။ ယခုက မြေကြီးအဆင့်၏

အဆင့်မြင့်ဖြစ်ကာ ကောင်းကင်အဆင့်များကို

ယှဥ်နိုင်ပေမည်။

ကောင်းကင်အဆင့်သည် ဘိုးဘေးများလက်ထဲ

တွင်သာရှိသည်မဟုတ်လား။ သာမန်အကြီးအ

ကဲများအနေဖြင့် မြင်ပင်မမြင်ဖူးပေ။

ဓားချက်က ဝမ်မင်ထုတ်ဖော်ထားသည့် ဓား

ချက်၃ ခုကို ဖောက်ထွက်ကာ ဝမ်မင်၏ ရင်ဘတ်ကို ကန့်လန့်ဖြတ်ခုတ်ပိုင်းသွားသည်။

ဟင်…ဝမ်လင်းတယောက် မတ်တပ်ရပ်မိသွား

သည်။ ထိုဓားချက်က အသက်မသေနိုင်သော်

လည်း ဒဏ်ရာပြင်းထန်စွာရသွားနိုင်သည်။

အား….ဝမ်မင်၏ ရင်ဘတ်တွင် ကန့်လန့်ဖြတ်

ဓားခုတ်ရာတခုပေါ်လာကာ လွင့်ထွက်သွား

သည်။ အဆင့် ကျော်တိုက်ခိုက်မှုသည် တဆင့်

သာကွာဟသောကြောင့် ဖြစ်နိုင်ချေရှိသော်လဲ

ဓားချက်တခုဖြင့် အပြင်းအထန်ဒဏ်ရာရသွား

စေခြင်းကတော့ မတူပေ။

ကြမ်းပြင်ပေါ်တွင် လဲကျကာ သွေးများဆက်

တိုက်အန်ထုတ်နေသည်။ ဝမ်မင်၏ပုံစံက

သနားစရာပင်ကောင်းနေသည်။

ဝမ်မိသားစုခေါင်းဆောင်က ဝမ်လင်း၏

မျက်စိရှေ့တွင်ပင် သူ့သားကိုပြေးပွေ့သည်။

သူ့အဖေ မည်မျှ ဒေါသထွက်နေသည်ကို သူ

ခန့်မှန်းနိုင်သည်။

“ကောင်းတယ် သိပ်ကောင်းတယ် နောင်တချိန်

ပေါင်းဖက်ရမယ့်လူအချင်းချင်းကို ခုလောက်

ထိ ထိခိုက်စေတယ်ပေါ့ ချူကျန်းချန်း ဒါမင်း

အကြံဖြစ်ရမယ်”

ဝမ်လင်းက ချူကျန်းချန်းကိုကြည့်ကာ ဒေါသ

တကြီးပြောသည်။ ချူကျန်းချန်းက

“ဟမ့် နောင်တချိန်ပေါင်းဖက်ရမယ့် သူတဲ့လား

မင်းဘယ်လိုတောင် အရှက်မဲ့လိုက်လဲ မင်းမြေး

နဲ့ ငါ့မြေးမလေးကို သဘောတူပေးဖို့ ချူမိသား

စုကလက်မခံရသေးသလို ငါ့မြေးမကလည်း

သဘောမတူထားဘူး ဘာလဲ မင်းတို့ဘာသာ

စီစဥ် မင်းတို့ဘာသာ သဘောတူပြီး ခုမှ

ဘာတွေ စွေ့စွေ့ခုန်နေတာလဲ”

“မင်း…”

ဝမ်လင်း၏မျက်နှာက ဖောင်းပွလာကာ အလွန်

တရာဒေါသထွက်နေမှန်းသိသာသည်။ သို့သော်

သူလုပ်နိုင်တာ ဘာမှမရှိပေ။ ချူနှင့် ဝမ်မိသား

စု နှစ်ခုကြားကိစများကို အခြားသူများလည်း

သိထားသည်မဟုတ်လား။ ချူလင်းယွင်နှင့်

ဝမ်မင်ကို ချူမိသားစုဘက်က သဘောမတူရ

သေးပေ။ ဝမ်မိသားစုဘက်ကသာတဖက်သတ်

စီစဥ်နေခြင်းဖြစ်သည်။

ဟမ့်.. အရှက်မဲ့လိုက်တာ။

ကျိုးယန်၏ အသံကတိုးသော်လည်း ဝမ်လင်း

ကတော့ ကြားလိုက်သေးသည်။ ချက်ချင်းပင်

ကျိုးယန်ကိုကြည့်ကာ

“ကောင်လေး မင်းအတွက်နေ့ကောင်းနေ့မြတ်

တွေ မကျန်တော့ပါဘူး ခုတော့ပြောထားပေါ့”

“ဟားးး ဟားးး ရွံစရာကောင်းတဲ့ မြေးအဖိုးတွေ

ဘာလဲ ကျုပ်လိုသာမန်လူငယ်ကိုအနိုင်ကျင့်

ချင်တာလား လာလေ”

ကျိုးယန်၏ စကားကိုကြားလျှင် ဝမ်လင်း

တယောက်လက်သီးကို ကျစ်ကျစ်ပါအောင်

ဆုပ်ကိုင်ကာ ပြန်ထိုင်ချလိုက်သည်။ ဝမ်မင်က

တော့ ဓားဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သတိ

မေ့နေသည်။

ထိုဖြစ်စဥ်ကို တနေရာမှ ကျူးချန်စိုက်ကြည့်

နေကာ ပြုံးနေသည်။

တောသားလေး တောသားလေး မင်းကိုငါရှင်း

စရာတောင်မလိုတော့ဘူးပေါ့။

ချူလင်းယွင်က ၁၆ဥိးအဆင့်ကို ကျော်ဖြတ်၍

ထိပ်ဆုံး ၈ဦးထဲပါလာသည်။

၈ဦးထဲတွင် တံခွမ်ဂိုဏ်း၏ညီအကိုပါဝင်ကာ

ရီဖန်

ဓားသမားလူငယ်

ဖန်းယွင်

ချူလင်းယွင်နှင့်

အခြားဂိုဏ်းကြီး၂ခုဖြစ်သည့်

ကောင်းကင်ဘုံဂိုဏ်းမှ လီထင်း

ပင်လယ်သေဂိုဏ်းမှ စုန့်ဟန် တို့ဖြစ်သည်။

ဖန်းချီ မင်တောက်နှင့် အခြားပါရမီရှိသူအချို့

ပြုတ်သွားလေပြီ။

ကျိုးယန်က ချူလင်းယွင်အနားကိုကပ်၍ တီး

တိုးပြောလိုက်သည်။

“ကျူးချန်ဆိုတဲ့ကောင်နဲ့တွေ့ရင် ထုထောင်းပေး

ပါဦး”

ချူလင်းယွင်က ကျိုးယန်ကို ကြည့်ကာခေါင်း

ညိတ်ပြသည်။ သူမသည်လည်းထိုငနဲကို

ပညာပေးချင်နေသည်မဟုတ်လား။

၈ဦးအဆင့်ပွဲစဥ်များမစတင်ခင် နှစ်နာရီ

အနားရသည်။ ဆီမီးဖိုင်နယ်ကို မနက်ဖန်တွင်

ယှဥ်ပြိုင်မည်ဖြစ်ကာ ဗိုလ်လုပွဲနှင့် တတိယနေ

ရာအတွက် သန်ဘက်ခါတွင် ပြိုင်ပွဲကျင်းပပေ

မည်။

ပြိုင်ပွဲဝင်စာရင်းများကြေငြာချက်ထွက်လာ

သည်။

ရီဖန် နဲ့ လီထင်း

ဖန်းယွင် နဲ့ ကျူးလန်

ချူလင်းယွင် နဲ့ ကျူးချန်

ဓားလူငယ် နဲ့ စုန့်ဟန်

ကျိုးယန် ကျယ်လောင်စွာရယ်မိသွားသည်။

ကံတရားက သူ့ဘက်ပါပုံရသည်။

“ကျူးချန် ကျူးချန် မင်းဘဝမင်းတွေးပေတော့

ဟားးးဟားး”

ချူကျန်းချန်ကလည်း ကျူးချန်နှင့် ကျိုးယန်

ကြားပြဿနာကိုသိထားသည့်အပြင် သူ့မြေးမ

လေးကိုလည်း ထိကပါးရိကပါးလုပ်ထားသူနှင့်

ဆုံသည်မို့ စိတ်ဓာတ်တက်ကြွသွားသည်။

ချူလင်းယွင်သည် ထိုကောင်လောက်အား

အသာရိုက်ချနိုင်သည်။ နောက်တဆင့်သည်

ဆီမီးဖိုင်နယ်ဖြစ်ကာ ထိုအဆင့်ကိုရောက်လျှင်

ပင်သူကျေနပ်မည်ဖြစ်သည်။

All Chapters