← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

ကျူးချန်၏ ကျင့်ကြံမှုဖြင့် ဒီအဆင့်ထိရောက်

လာသည်မှာမရိုးရှင်းပေ။ ကျိုးယန်အထင်

ထိပ်ဆုံး၃ ဦးထိပင် နောက်ကွယ်မှ အစီအမံများ

ဖြင့် ဝင်ရောက်သွားနိုင်သေးသည်။ ပြိုင်ပွဲ၏

ဆုကြေးများကို ဂိုဏ်ကြီး၃ဂိုဏ်းမှ စုပေါင်း

ပေးချေသော်လည်း ကျိုးယန်သိထားသည်မှာ

အဆင့်မြင့်ရတနာမှ လွဲ၍ ကျန်အရာများကို

တခြားဂိုဏ်း၂ခု မှပေးအပ်ထားခြင်းဖြစ်သည်။

သူတို့အတွက်အသုံးမဝင်သည့် ရတနာကိုဗန်း

ပြကာ သလင်းကျောက်များနှင့် ချီစုစည်းခြင်း

ဆေးလုံးများကို မောင်ပိုင်စီးလိုခြင်းဖြစ်သည်။

ချီစုစည်းခြင်းဆေးလုံးသည် ဂိုဏ်းကြီးများ၌

ပင် အရေအတွက်ကန့်သတ်ကာ အဓိကတပည့်

များနှင့် ပါရမီရှင် လူငယ်များသာ ရနိုင်သည်

မဟုတ်လား။ တံခွန်ဂိုဏ်းသည်ကြီးမားသော်

လည်း ဆေးလုံးတစ်ဆယ်ကျော်ကို ထုတ်ပေး

နိုင်သည်တေယ့မဟုတ်ပေ။

ကျူးချန်က ခန္ဓာကိုယ်ကို ခပ်မတ်မတ်ထားကာ

ချူလင်းယွင်ကို အားမနာတမ်းသိမ်းကြုံးကြည့်

နေသည်။ ၎င်း၏ အပြုအမူသည်ရိုင်းစိုင်းသော်

လည်း တံခွန်ဂိုဏ်း၏ အရှိန်အဝါကြောင့် မည်

သူမျှ မပြောရဲပေ။

“ပြန်တွေ့ကြပြီနော် မိန်းမလှလေး ဟိုနေ့က

တွေ့ပြီတည်းက မေ့မရတော့ဘူး မင်းလေးကို

ဒီနေ့အနိုင်ယူပြီး ချူမိသားစုဆီမှာ လာတောင်း

ရမ်းမယ်ဆို ဘယ်လိုသဘောရလဲ”

ကျူးချန်၏ စကားအဆုံးတွင် လူအုပ်ဆီမှ

အသံများထွက်လာသည်။

“သခင်ငယ်လေးက ချူသခင်မလေးကိုတောင်း

ရမ်းချင်တာတဲ့လား”

“ချူမိသားစုတော့ ရတနာပုံကိန်းဆိုက်ပြီ”

“တံခွန်ဂိုဏ်းနောက်ခံနဲ့ဆို ချူမိသားစုပြန်မြင့်

လာဖို့က အချိန်တခုပဲ ကြာမှာ”

လူအုပ်ရဲ့ အားမနာတမ်းဝေဖန်သံများတွင်

ကျူးချန်ကို အပြစ်ပြောသည့်အသံမပါဝင်ပေ။

ကျိုးယန်တယောက် ခွန်အား၏ အရေးပါပုံကို

အလေးအနက်ပင်နားလည်သွားရသည်။

ကျူးချန်နေရာတွင် တခြားသူများသာဆိုလျှင်

ထိုသူကို ဝိုင်း၍ပင်လှောင်ပြောင်ကြဦးမည်။

“ကျမကို အနိုင်မယူနိုင်တဲ့ ယောကျားမျိုး

ကျမအထင်မကြီဘူး”

ချူလင်းယွင်၏စကားသံက ပြတ်ပြတ်သား

သားထွက်ပေါ်လာသည်။ ထိုစကားကစိန်ခေါ်သံ

တခုပင်။

“မင်းကို အနိုင်ယူဖို့လား လွယ်လွန်းတယ်”

ကျူးချန်ကမထီမဲ့ မြင်ဟန်ဖြင့် ချက်ချင်းပင်

ဓားကို ဆွဲထုတ်ကာ တိုက်ကွက်စတော့သည်။

ဟမ်…ပွဲစဖို့တောင်မကြေငြာရသေးဘူးလေ။

ကျိုးယန်ဒေါသထွက်သွားသည်။ ဒိုင်လူကြီးမှ

ပွဲစရန်ပင် မကြေငြာရသေး။ ကျူးချန်က တိုက်

ကွက်ဖော်ကာ ချူလင်းယွင်ကိုတိုက်ခိုက်လာ

သည်။ ထိုအရာက အလစ်တိုက်ခြင်းပင်။

အကုန်လုံး၏ ကြောင်အနေမှုအောက်တွင်

ကျူးချန်၏ ဓားချက်များက ဆင့်ကာဆင့်ကာ

တိုးဝင်လာတော့သည်။ မထင်ထားသည်က

ချူလင်းယွင်သည် သတိအပြည့်ထားလျက်ရှိ

သောကြောင့် ကျူးချန်လှုပ်ရှားသည်နှင့် တပြိုင်

နက် သူမကပါ တိုက်ကွက်ဖော်တော့သည်။

ဆင့်ကဲဝင်လာသည့် ဓားချက်များကိုယိမ်းနွဲ့ကာ

ရှောင်ရှား၍ ကျူးချန်၏ ဘေးဘယ်ဘက်ခြမ်း

မှ ဓားချက်တခု အသာအယာ ထုတ်လိုက်သည်

သူမသာအားအပြည့်ဆိုလျှင် တချက်သာလို

အပ်မည်ဖြစ်သော်လည်း သူမကထိုကောင်ကို

ချက်ချင်းအနိုင်မယူချင်ပေ။ နည်းနည်းတော့

နှိပ်စက်ကာ ပညာပြချင်သေးသည်။

ချူလင်းယွင်၏ ဓားချက်က ဆင့်ကဲဝင်လာ

သည့်ဓားချက်များကို ရှောင်တိမ်း၍ ကျူးချန်

ဆီတိုးဝင်သွားသည်။

ချူလင်းယွင်၏ ဓားချက်များတွင် အသိစိတ်

ရှိနေသည့်နှယ်ပင်။

ဟမ့် ဒီလောက်လေးနဲ့…။

ကျူးချန်က ထိုဓားချက်ကို ရှောင်ကာ ချူလင်း

ယွင်၏ အနားသို့ကပ်၍ ရင်ဘတ်ကိုဓားဖြင့်ခုတ်

ပိုင်းလိုက်သည်။ သေကွင်းသေကွက်မဟုတ်

သော်လည်း ထိမိပါက ဒဏ်ရာပြင်းထန်နိုင်သ

ည်။ အမှန်တွင် ကျူးချန်သည် ချူလင်းယွင်၏

အစွမ်းအစကိုသိထားသောကြောင့် ပါးစပ်က

သာပေါက်ပန်းလေးဆယ်ပြောနေသော်လည်း

သတိအပြည့်ထားလျက် တိုက်ခိုက်နေခြင်းဖြစ်

သည်။

ဟာ…ဓားချက်ကိုမြင်သည်နှင့် ချူကျန်းချန်း

တယောက်စိတ်ပူသွားသည်။ လူချင်းအနီးကပ်

မှ အပိုင်ခုတ်ပိုင်းသည်မို့ ရှောင်တိမ်းရန်မလွယ်

ပေ။သို့သော်…..

ချူလင်းယွင်က အနောက်သို့ အမြန်ခုန်ရှောင်

ကာ ဓားချက်ကို လွတ်ရုံလေးရှောင်ပြသွား

သည်။

“မဆိုးဘူး တော်သားပဲ ဒါမှ ငါ့ဇနီးဖြစ်ဖို့

ထိုက်တန်တာ ဟားးး”

ချူလင်းယွင်မျက်နှာတည်သွားကာ အသူရာ

ကျင့်စဥ်မှ ဓားချက်တချက်ကိုချက်ချင်း

ထုတ်ဖော်တော့သည်။ ခွန်အားကိုတော့ ၇၀

ရာနှုန်းထိ ထုတ်လိုက်ခြင်းဖြစ်သည်။

တစ္ဆခုတ်ချက်… .

ဓားချက်က ဝမ်မင်တုန်းကအတိုင်းပင် ကျူးချန်

ဆီ တိုးဝင်သွားသည်။

ဟာ…ကျူးချန်ပြာသွားသည်။ ထိုဓားချက်ကို

သူမကာနိုင်လောက်ဟု တွေးလိုက်မိသည်။

ချီးပဲ……အထိတ်တလန့်ဖြင့်ပင် ခုန်ရှောင်ရန်

ကြိုးစားသည်။

ချူလင်းယွင်သည် တည်ဆောက်ရေးအစောပိုင်

သာဖြစ်သောကြောင့် ဓားချက်တွင်ချီလှိုင်းများ

မပါဝင်ပဲ ရိုးစင်းနေသည်။ ကျိုးယန်သာဆိုလျှင်

ထိုထက်ပို ပြင်းထန်ကာ ဓားချက်သွားရာလမ်း

တလျှောက်လေထုကိုပင် စုတ်ပြဲသွားစေနိုင်

မည်ဖြစ်သည်။ စိတ်မကောင်းစရာက ကျိုးယန်

သည် ထိုကျင့်စဥ်ကို စနစ်၏တားမြစ်မှုကြောင့်

မကျင့်နိုင်ပေ။

တိုးဝင်လာသည့် ဓားချက်ကို ရှောင်လိုက်နိုင်

သော်လည်း ခန္ဓာကိုယ်ကိုရှပ်ထိသွားသေးသည်

ကျူးချန်တယောက် ဒေါသထွက်သွားကာ

ချူလင်းယွင်ကိုစိုက်ကြည့်လျက် ရိုင်းစိုင်းစွာ

ပြောလာသည်။

“ကောင်မ နင့်အတွက်ဘယ်အရာကောင်းတယ်

ဆိုတာ အခုသိစေရမယ်”

“ကြယ်တံခွန် ဓားချက်”

“သခင်ငယ်လေးက ကြယ်တံခွန်ဓားချက်ကို

ထုတ်ဖော်လိုက်ပြီဟေ့”

“အာ့ မဟာအကြီးအကဲရဲ့ ဓားကွက်မဟုတ်

လား သခင်ငယ်တို့ညီအစ်ကိုနှစ်ဦးပဲ သင်ခွင့်

ရထားတာလေ”

“ဟုတ်တယ် မြေကြီးအဆင့်မြင့်လို့ကြားတယ်”

ချူလင်းယွင်က ပတ်ဝန်းကျင်ရှိအသံများကို

အာရုံထဲမထားပေ။ နှင်းပန်းဓားကို ကန့်လန့်

ဖြတ်ထားကာ ထိုဓားချက်ကိုကာရန်ကြိူးစား

သည်။

ချွမ်!

ဓားချင်းထိသံက ကျယ်လောင်စွာထွက်ပေါ်

လာကာ ကျူးချန်ကိုင်ထားသည့်ဓားသည်

ထက်ပိုင်းကျိုးသွားတော့သည်။ ဟမ်…ငါ့ဓား

ကဘာလို့ကျိုးသွားတာလဲ။ ဒါမြေကြီးအဆင့်

ရတနာဓားလေ။…

တံခွန်ဂိုဏ်းမှ လူများသည်လည်း ကြောင်အ

ကုန်သည်။ ချူလင်းယွင်ကိုင်ဆောင်ထားသည့်

ဓားက ပုံစံရိုးရှင်းသော်လည်း အဆင့်မြင့်ပုံရ

သည်။

သူမရဲ့ဓားက မြေကြီးအဆင့်မြင့်လား။ ဓားသိုင်းသည် အဆင့်မြင့်ကာ ဓားပါအဆင့်မြင့်

ဖြစ်နေသည်ဆိုလျှင်တော့ သူမကိုအနိုင်ယူရန်

ခက်ပေလိမ့်မည်။

ကျူးချန်၏ ကြောင်အနေမှုကို သူမကအခွင့်

ရေးမယူခဲ့ပေ။ အသာရပ်စောင့်နေသည်။

ကျူးချန်က ဓားကျိုးကိုလွှင့်ပစ်ကာရပ်နေသည်

တိုက်ပွဲတွင် လက်နက်ကျိုးသွားသောကြောင့်

ဆက်တိုက်စရာမလိုတော့ ကျူးချန်ရှုံးနိမ့်သွား

ပြီဖြစ်သည်။

သို့ပါသော်လည်း ဒိုင်လူကြီးမှ ရလာဒ်ကိုမကြေ

ငြာသေးပေ။ တံခွန်ဂိုဏ်းမှ အကြီးအကဲများထံ

ကြည့်ကာ သဘောထားတောင်းနေဟန်ရသည်။

ထိုစဥ် ကျူးလန်က သူ့ဓားကို စင်ပေါ်ပစ်ပေး

လိုက်သည်။ သဘောက ဆက်တိုက်စေခြင်းသာ

ဖြစ်သည်။

“ဟေး လက်နက်ကျိုးသွားပြီလေ ကျူးချန်ရှုံး

ပြီမဟုတ်လား”

ကျိုးယန်က ကျယ်လောင်စွာမေးခွန်းထုတ်

တော့သည်။ တံခွန်ဂိုဏ်းမှ ညစ်မည်ကိုသိသော်

လည်း သူ့ဂွင်ထဲ မောင်းထည့်ရန်လိုသေးသည်။

အကြီးအကဲတဦးမှ ကျိုးယန်ကို မဲ့တဲ့တဲ့ပုံစံ

ကြည့်ကာ

“ငါတို့သခင်ငယ်လေး အရှုံးမပေးမချင်း

မရှုံးဘူးကွ ဓားကျိုးတာလား ငါတို့ဂိုဏ်းမှာ

အပေါဆုံးက ဓားပဲ”

လူအုပ်ထဲမှ တီးတိုးသံများထွက်လာပြန်သည်။

ချူလင်းယွင်၏ ဓားချက်ကို ကျူးချန်မကာနိုင်

သော်လည်း ကျူးချန်၏ဓားချက်ကို ချူလင်း

ယွင်က ကာကွယ်နိုင်သည်။ ထို့အပြင် ကျူးချန်

၏ ဓားလည်းကျိုးသွားသေးသည်။ ထိုအရာက

ရလာဒ်ကို ဆုံးဖြတ်ရန်လုံလောက်သည်။

“ဂိုဏ်းကြီးတခုဖြစ်ပြီး အရှက်မဲ့လိုက်တာ”

“ဒီဂိုဏ်းတွေရဲ့စရိုက်က ဒီလိုပဲ ကျူးချန်နေရာ

တခြားလူသာဆို သူတို့ဒါ မျိုးခွင့်ပြုမှာမဟုတ်

ဘူး”

အကြီးအကဲများ၏ မျက်နှာက မဲမှောင်သွား

သော်လည်း မသိဟန်ဆောင်ကာ အရှက်မဲ့ဟန်

ကိုထိန်းသိမ်းထားသည်။

ကျိုးယန် ကျိတ်ရယ်လိုက်သည်။ ချူလင်းယွင်

အနေဖြင့် ကျူးချန်အရှုံးမပေးမချင်း ဆော်လို့

ရပြီမဟုတ်လား။ သူလိုချင်တာလည်း ထိုအရာ

ပင်ဖြစ်သည်။

ချူလင်းယွင်ကလည်း ကျိုးယန်၏စိတ်ကူးကို

သတိထားမိသည်။ နှုတ်ခမ်းထောင့်များတွန့်

ကွေးကာ ပြုံးလိုက်သည်။

“ကဲ လာပြီ”

သူမက ချက်ချင်းပင် ဓားချက်ထုတ်ဖော်ကာ

ကျူးချန်ကို တိုက်ခိုက်​တေ့သည်။ သေကွင်း

သေကွက်များကို ဦးစားမပေးပဲ အပေါ်ယံ

ဒဏ်ရာများရစေရန်သာ တိုက်နေသည်ကို သတိ

မထားမိကြပေ။

အ…

ဓားချက်က ကျူးချန်၏ လက်မောင်းကိုထိ

သည်။ နောက်ထပ် ဓားချက်များ…အချိန်ကြာ

လာသည်နှင့်အမျှ မကာနိုင်တော့ ဆက်တိုက်ထိ

လာကာ သွေးချင်းချင်းနီနေသည်။

ကျူးချန်၏ ခန္ဓာကိုယ်သည်လည်း ယိုင်ထိုးနေ

ကာ ဟန်ချက်ပင်မထိန်းနိုင်။ လက်ထဲမှဓားကို

မနည်းကိုင်ထားရသည်။

အားးးးး

ကျယ်လောင်စွာအော်ဟစ်ကာ ချူလင်းယွင်ဆီ

ပြေးဝင်တော့သည်။ အရှက်တကွဲဖြစ်နေသည်

ကျူးချန်ရိပ်မိသွားသည်။ တဖက်လူသည်သူ့ကို

အပြတ်အသတ်အနိုင်ယူနိုင်သော်လည်း အနိင်မ

ယူပဲ ကစားနေသည်။ ပေါ့ပေါ့ပါးပါးဓားချက်

များဖြင့် ကျူးချန်ကိုတိုက်ခိုက်နေခြင်းဖြစ်

သည်။

“သေစမ်း ခွေးမ”

ခွန်အားအကုန်ထုတ်၍ သုံးလိုက်သည့်ဓားချက်

ဖြစ်သော်လည်း ထိုအရာက ချူလင်းယွင်ကို

မတုန်လှူပ်စေပေ။ ချက်ချင်းပင်ရှောင်ကာ

ရင်ဘတ်ကို အားကုန်ခုတ်ချလိုက်​တေ့သည်။

အား…

ကျူးချန်တယောက် ပေနှစ်ဆယ်လောက်ထိ

လွင့်သွားကာ ပြန်မထလာတော့ပေ။

“မင်း ဘယ်လို​တေင်လုပ်ရဲတာလဲ”

အကြီးအကဲတဦးမှ စင်ပေါ်ပြေးဝင်ကာ

ချူလင်းယွင်ကို လက်ဝါးဖြင့်ရိုက်ချရန်ကြိုးစား

သည်။ ထိုအရာကို ကျိုးယန်မျှော်လင့်ထားပြီး

သားဖြစ်သည်။ ချက်ချင်းပင် စင်ပေါ်ခုန်တက်

ကာ ထိုလက်ဝါးချက်ကို အသာအယာဝေ့ထုတ်

၍ ကာလိုက်သည်။

ဝုန်း…

ပြင်းထန်သည့်လက်ဝါးရိုက်ချက်က ပြန့်ကွဲကာ

ပျောက်ကွယ်သွားသည်။

ဟမ်…အဲ့ကောင်လေးက ဘယ်အဆင့်မှာလဲ။

အကြီးအကဲသည် ရွှေအမြူတေအဆင့်၇ ဖြစ်

၍ ထိုအဆင့်ရှိသူ၏ တိုက်ခိုက်မှုကို ကာကွယ်

ရန် လက်တချက်ယမ်းရုံသာလိုအပ်သည်လား။

ဒါဆို ရွှေအမြူတေအဆင့်အထွဋ်အထိပ်လား။

စိတ်ဝိဉာဥ်အဆင့်တော့မဖြစ်နိုင်ပေ။ ကျိုးယန်

ပုံစံက ငယ်ရွယ်လွန်းနေသည်။

ဝမ်လင်းလည်း ကျိုးယန်၏ အင်အားကိုနဂို

တည်းကမှ မခန့်မှန်းတတ်သူဖြစ်လေရာ ယခု

အခါပို၍ပင်ဆိုးသွားသည်။ ကျိုးယန်ကို ကိုင်

တွယ်ရန်က ထင်ထားတာထက်ပိုခက်နေပုံရကာ

သူကိုယ်တိုင်အားစိုက်ထုတ်ရန်လိုပေမည်။

ဝမ်လင်းက သူ့အနားရှိလူကို တီးတိုးပြောလိုက်

သည်။ ထိုလူမှခေါင်းညိတ်ပြကာ ထွက်သွား

တော့သည်။ ထိုအရာကို ချူမိသားစုအကြီးကဲ

တစ်ဦးမှ သတိထားလိုက်မိသည်။

“ခဗျားက ဘာဖြစ်ချင်နေတာလဲ ဂျူနီယာကို

အနိုင်ကျင့်ဖို့လား”

ကျိုးယန်၏စကားကို ထိုအကြီးအကဲက

“မင်းနဲ့မဆိုင်ဘူး ဖယ်နေလိုက် ဒီကောင်မက

ငါတို့သခင်ငယ်ကိုထိခိုက်အောင်လုပ်တယ်

ခွင့်လွှတ်လို့မရဘူး”

အင်မတန် အရှက်မဲ့သည့်လုပ်ရပ်ဖြစ်သည်။

ကျိုးယန် နှာခေါင်းတချက်ရှုံ့ကာ ထိုလူကို

လက်ဝါးရိုက်ချက်တချက်ရိုက်ထုတ်လိုက်သည်

ဝုန်း…

အားးး..ထိုအကြီးအကဲလည်း လက်ဝါးရိုက်

ချက်ကြောင့် ပွဲကြည့်သည့်နေရာဘက် ပြန်လွင့်

သွားရတော့သည်။

“ခဗျားတို့ဘက်က အကျိုးအကြောင်းမသင့်ရင်

ကျုပ်ကလည်း သက်ညှာပေးဖို့အစီစဥ်မရှိဘူး”

ကျိုးယန်၏အသံက ပတ်ဝန်းကျင်ကို ပြန့်သွား

တော့သည်။ တခြားအကြီးအကဲများက တိုက်

ခိုက်ရန်ပြင်ချိန်တွင် လေထဲမှ အသံတခုထွက်

လာသည်။

“မင်းတို့တွေ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်စီး

ပစ်တော့မလို့လား ရလာဒ်ကိုလက်ခံလိုက်ကြ”

ထိုအသံကြားသည်နှင့် တံခွန်ဂိုဏ်းမှ အကြီးအ

ကဲများနှင့် ဂိုဏ်းသားများ ငြိမ်ကျသွားသည်။

ဒိုင်လူကြီးမှလည်း ချူလင်းယံင်အနိုင်ရကြောင်

ကြေငြာပေးရတော့သည်။

ခုနတုန်းက လက်ဝါးချက်ကို ကျိုးယန်သာ

မကာပေးလျှင် ချူလင်းယွင်တယောက်နေရာ

တွင်ပင်အသက်ပျောက်သွားနိုင်သည်။

ချုလင်းယွင်၏မျက်နှာက ဖြူဖျော့နေသော်

လည်း မျက်လုံးများတွင်တော့ ကြောက်ရွံမှုကို

ကျိုးယန်မတွေ့ရပေ။

ပြိုင်ပွဲက ဆက်လက်ကျင်းပနေသည်။ ပြဿနာ

ရှာသည့် အကြီးကဲကို ဂိုဏ်းသို့ပြန်လွှတ်ကာ

ထိန်းသိမ်းလိုက်သည်။

တဖက်ပွဲစဥ်များတွင် ကျူးလန်။ရီဖန်နှင့် ဓား

သမားလူငယ်လေးတို့ အနိုင်ရကာ ထိပ်ဆုံး၄ဦး

သို့ချူလင်းယွင်နှင့်အတူ ဝင်လာသည်။

ပြိုင်ပွဲက ယနေ့အတွက်ပြီးဆုံလေပြီ။

မနက်ဖန်တွင် ဆီမီးဖိုင်နယ်ကိုယှဥ်ပြိုင်စေကာ

ဗိုလ်လုပွဲကိုတော့ နောက်တရက်တွင်ထပ်မံ

ယှဥ်ပြိုင်စေမည်ဖြစ်သည်။

တချိန်လုံးလှုပ်ခတ်မှုမရှိသည့် ပြိုင်ပွဲက

ကျိုးယန်နှင့်အကြီးကဲတဦး၏ တိုက်ပွဲကြောင့်

အသက်ဝင်လာသည်။ ထိပ်ဆုံးလေးဦး၏

ဆုရရန်ရေပန်းစားမှုပေါ်လာကာ လောင်းကြေး

များအသီးသီးထွက်လာသည်။

ထိပ်ဆုံးတွင်

ကျူးလန် 1:1.5

ရီဖန် 1:3.5

ဓားသမားလူငယ် 1:5

ချူလင်းယွင် 1:8 တို့ဖြစ်သည်။

ကျူးလန်သည်ထိုအထဲတွင် ကျင့်ကြံမှု

အမြင့်ဆုံးဖြစ်ကာ ရီဖန်က ဒုတိယဖြစ်သည်။

“မင်းအဆင်ပြေရဲ့လား ချူမိန်းကလေး”

ကျိုးယန်၏အမေးကို ချူလင်းယွင်ကခေါင်း

ညိတ်၍ အဆင်ပြေကြောင်းပြန်ပြောသည်။

“ကျမကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး ဒါက အမြင်မတော်တဲ့လုပ်ရပ်လေ

သူတို့ကို တခြားသူတွေကကြောက်ပေမယ်​ြ

ကျုပ်က မကြောက်ဘူး”

ချူကျန်းချန်းသည်လည်း သူ့မြေးမလေးထိ

ခိုက်ခါနီးအချိန်တွင် ကယ်တင်ရန်ထသော်လဲ

ကျိုးယန်က သူ့ထက်ပိုမြန်သည်။

စိတ်ထဲတွင် ဒီကိစ္စကို ဂိုဏ်းကြီးများနှင့် မိသား

စုကြီးများအစည်းအဝေးတွင် မေးရမည်ဟု

တေးမှတ်ထားလိုက်သည်။

“သခင်လေးကျိုး ဝမ်မိသားစုကိုမသက်ာဘူး

တခုခုလုပ်နိုင်တယ်”

ဝမ်မိသားစုကိုစောင့်ကြည့်နေသည့် အကြီးအကဲ

က ကျိုးယန်ကိုသတိပေးလာသည်။

ကျိုးယန်အနည်းငယ်စိတ်ပူသွားသည်။အထူးသဖြင့် လီချင်းကျူးအတွက်ဖြစ်သည်။

ချ​က်ချင်းပင် လီချင်းကျူးကိုဆက်သွယ်ကာ

သတိရ၍ ဆက်ကြောင်းလျှောက်ပြောကာ

လျှောချလိုက်သည်။ သူမဘက်ကဖုန်းချက်

ချင်းကိုင်သည်မို့ အဆင်ပြေသည်။ သို့သော်

စိတ်ထဲတွင်တော့ လေးလံနေသေးသည်။

All Chapters