← Chapters

ဗိုလ်လုပွဲ

Vol. 4 Ch. 45

ဗိုလ်လုပွဲ

Vol. 4 Ch. 45

နောက်တရက်မှာတော့ ကျိုးယန်က ချူလင်းယွင်

၏အရှိန်အဝါကိုထိန်းချုပ်စေကာ အဆင့်ဖြတ်

ကျော်ထားမှုကို ဖုံးကွယ်စေသည်။

ဗိုလ်လုပွဲစဥ် နှင့် တတိယနေရာလုပွဲနှစ်ခုရှိသော်

လည်း ရီဖန်က ပါဝင်ယှဥ်ပြိုင်ရန်အဆင်မပြေ

တော့သည့်အတွက် ဓားလူငယ်က ချွင်းချက်မရှိ

တတိယနေရာ ရရှိသွားခဲ့သည်။ချူလင်းယွင်က

ပတ်ဝန်းကျင်ကိုလျစ်လျူရှူကာ နေရာတွင်ပင်ထိုင်လျက်ရှိနေသည်။ ဒဏ်ရာအပြင်းအထန်ရ

သွားသည့် ကျူးချန်နှင့် ပြဿနာရှာသည့်အကြီး

အကဲမှ လွဲ၍ တံခွန်ဂိုဏ်းက အရင်နေ့များထက်

အင်အားပိုများလာသည်။ ၎င်းတို့သည် ခွန်အား

ကိုပြသကာ ဖိအားပေးချင်သည့် ပုံစံဖြစ်သည်။

"သခင်လေး အဲ့မိန်းကလေးကိုညှာစရာမလိုဘူး

အပြတ်အသာစီးယူလိုက်ပါ"

အကြီးအကဲတဦးက ဘေးမှပြောနေသည်။ ချူ

လင်းယွင်ကို မကျေနပ်သည်ထက် ကျိုးယန်အ

ပေါ်မျက်မုန်းကျိုးနေပုံပေါ်သည်။ ဟမ့်..ငါ့ကိုဦး

တည်ချင်တာလား။ ကျိုးယန်က လက်ကိုခပ်တင်းတင်းပိုက်ထားကာ မထီမဲ့မြင်ပုံစံအပြည့်ဖြင့်

ထိုင်နေလိုက်သည်။

"အစီစဥ်တွေ ဘယ်လိုလဲ အဆင်ပြေလား"

"အားလုံးအသင့်ပဲ သခင်ကြီး ၃ရက်အတွင်း

ကောင်မလေးကို ကျတော်တို့ဆီအပါခေါ်လာလို့

ရတယ်"

"ဟုတ်ပြီ သေချာဂရုစိုက်ထား အဲ့ကောင်ကိုငါ့

အနေနဲ့ကိုင်တွယ်ဖို့ မသေချာလို့သာ အပိုအလုပ်

တွေလုပ်နေရတာ အမှားအယွင်းဖြစ်လို့မရဘူး"

"စိတ်ချပါ ကျတော်တို့သေချာစီစဥ်ထားပါတယ်"

တတိယနေရာလုပွဲကို ဖြတ်သိမ်းပြီးနောက် ချက်

ချင်းပင် ထိုပွဲနေရာတွင် ဗိုလ်လုပွဲစဥ်ကိုအစားထိုး

လိုက်သည့်အတွက် ပွဲစဥ်က မနက်ခင်းပိုင်းတွင်

ဖြစ်သွားသည်။

"ယွင်အာ သမီးအနေနဲ့ အကောင်းဆုံးသာကြိုးစား

ခဲ့ ဖိအားဝင်စရာမလိုဘူးနော်"

ချူကျန်းချန်းက သူ့မြေးမလေးကိုသေချာမှာ

နေသည်။ ကျိုးယန်၏ အကူညီကြောင့် နိုင်ချေရှိ

သော်လည်း ပထမဆုံးအကြိမ်ဖြင့် အခက်ခဲဆုံးပွဲ

စဥ်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သူစိတ်မပူ

ပါဟု ပြောလျှင် လိမ်ရာကျပေမည်။

"ပြိုင်ပွဲဝင်နှစ်ဦး စင်ပေါ်မှာ နေရာယူပေးပါ"

အစီစဥ်တင်ဆက်သူက ကြေငြာသည်။ ချူ

လင်းယွင်နှင့် ကျူးလန်တို့ကို နေရာယူစေသည်။

ကျူးလန်က ချူလင်းယွင်ကိုစိုက်ကြည့်ကာ

"မင်းက အရည်အချင်းတော့ရှိသားပဲ ခက်တာ

ငါ့အတွက်တော့ မလုံလောက်သေးဘူး ငါ့ညီကို

ထိခိုက်စေတဲ့အတွက် မင်းဆီက အကြွေးပြန်ယူ

ရမယ်"

ကျူးလန်၏ လေသံက တင်းမာခက်ထန်စွာ

ထွက်ပေါ်လာပြီး လူအုပ်ဆီမှ ပြင်းထန်သည့်တိုက်

ပွဲတခုကြည့်ရမည်ဖြစ်၍ စိတ်လှုပ်ရှားနေမှုများကို ကျိုးယန်သတိထားမိသည်။ စပါတာကပ်ကို

အခြေခံအားဖြင့် သဘောတရားအရတူညီသည်။

ချူလင်းယွင်ကော ကျူးလန်ပါ ကျွန်များမဟုတ်

ကြသည့်အချက်သာ ကွာသည်။

ချူလင်းယွင်က သူမရဲ့ဓားကိုကိုင်ကာ

ခပ်မတ်မတ်ရပ်လျက်ရှိနေသည်။ သူမ၏ပုံစံက

မပြိုလဲတော့မည့် ကျောက်တိုင်တခုလိုပင်။ ကြောက်ရွံမှုမရှိ အေးစက်စက်ပုံစံအပြည့်ရှိကာ

တဖက်သားကို ရှိန်စေသည်။

"အဲ့ပုံစံကိုပဲ ငါ့ညီကစွဲသွားတာနေမှာ ဒါမယ့်

မင်းရဲ့ ငါ့ညီကိုငြင်းဆိုမှုအတွက်တော့ ချူမိသား

စုရဲ့ အလားအလာက သိပ်မကောင်းတော့ဘူး"

ကျူးလန်၏ လှောင်ပြောင်ပြောဆိုသံများကို

ချူလင်းယွင် မကြားဟန်ဆောင်ကာ ပွဲစဥ်စတင်

ရန် ဒိုင်၏ ကြေငြာသံကိုနားစွင့်နေသည်။ခနအကြာတွင်.....

"ပြိုင်ပွဲစလို့ရပြီ"

ဒိုင်လူကြီးဆီမှ အသံကြားသည်နှင့် နှစ်ဦးစလုံး

က ပြင်းထန်ကြမ်းတမ်းသည့် ဓားကွက်များကို

ခွန်အားအပြည့်သုံးကာ တိုက်ခိုက်လာကြသည်။

ဓားချက်များက ရှုပ်ထွေးနေကာ တော်ရုံအဆင့်

ကျင့်ကြံသူများဆိုလျှင် ရှင်းလင်းစွာမမြင်တော့။

ဒါက တည်ဆောက်ရေးအဆင့်တွေရဲ့ တိုက်ပွဲ

ကော ဟုတ်လို့လား။ ကြောက်ဖို့ကောင်းလိုက်တာ။

ကျူးလန်၏ ဓားချက်များကို ချူလင်းယွင်မှထိပ်တိုက်ပင်ရင်ဆိုင်ကာ တိုက်ခိုက်နေသည်။

ချွမ်..ချွမ်....ချွမ်...တည်ဆောက်ရေးအဆင့်၁

နှင့် အဆင့်၇ ကြားတိုက်ပွဲက အမြင်တွင်ခွန်အား

တူညီနေပုံရသည်။ အချိန်အတော်ကြာတိုက်ခိုက်

နေသော်လည်း အသာစီးမရသည့်အခါ ကျူးလန်

တယောက် ဒေါသထွက်သွားရသည်။

"ငါက သူ့ထက်အဆင့်တွေအများကြီးသာတာပဲ

အသာစီးမယူနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး"

"ကြယ်တံခွန် ဓားချက် ဒုတိယအကွက်"

ကျူးလန်က ကျယ်လောင်စွာကြုံးဝါးကာ

သူ့ဆရာသင်ပေးထားသည့် ဓားကွက်ထဲမှ ဒုတိ

ယအကွက်ကို အသုံးပြုလိုက်သည်။ ပထမအ

ကွက်ကို မသုံးရသည်က သူ့စိတ်ထဲတွင် ချူလင်း

ယွင်ကို အသာစီးမရနိုင်ဟုထင်သောကြောင့် ဖြစ်

သည်။

ကြယ်တံခွန်ဓားချက်က မြေကြီးအဆင့်ဖြစ်

ကာ ကျူးလန်၏ခွန်အားကလည်း ရွှေအမြူတေ

အဆင့်နှင့်ပင် ယှဥ်နိုင်သောကြောင့် ပို၍ပင်ထိ

ရောက်မှုပြင်းထန်စေသည်။

ဝုန်း.....။

ကျယ်လောင်သည့် ဓားချင်းထိခတ်သံ

ထွက်ပေါ်လာကာ ကျူးလန်နှင့် ချူလင်းယွင်တို့

နှစ်ဦးစလုံး ပြိုင်တူပင်နောက်ဆုတ်လိုက်ရသည်။

ကျူးလန်တယောက် လက်ထဲကဓားပင်တုန်ခါ

သွားကာ လက်မောင်းတလျှောက်ထုံသွားရသည်။

ကျူးလန်၏ မျက်လုံးများနီရဲလာကာ အလွန်

ဒေါသထွက်လာပုံရသည်။ ကျင့်ကြံမှု ၆ဆင့်

နိမ့်သည့် ပြိုင်ဘက်ကိုအသာစီးမရသည့်အပြင်

သူကသာ နိမ့်ကျနေသည်မဟုတ်လား။

ဟမ့်....သိပ်တော်နေတယ်ပေါ့ ငါ့ရဲ့ ကြယ်တံခွန်

ဓားကွက် တတိယအကွက်ကို မြည်းလိုက်စမ်း။

"ကြယ်တံခွန်ဓားချက် တတိယအကွက် ဓားက

ခုန်ခြင်း"

ကျူးလန်၏အသံကြားသည်နှင့် ချူလင်းယွင်

လေးနက်သွားသည်။ သူမရဲ့ခွန်အားအမှန်ကိုထုတ်ဖော်၍ ရင်ဆိုင်ရန်လိုအပ်လာပြီဖြစ်သည်။

ချက်ချင်းပင် ကျင့်ကြံမှုအရှိန်အဝါကို ထုတ်လျက် အသူရာဓားကွက်၏ တတိယအကွက်ဖြစ်

သည့် အသူရာဓားတသောင်းခုတ်ပိုင်းခြင်း ကို

ထုတ်သုံးရတော့သည်။

ဟမ်.....တည်ဆောက်ရေးအဆင့် ၇ လား။

ဝမ်လင်းအပါအဝင် တံခွန်ဂိုဏ်းမှ အကြီးအ

ကဲများ လူအုပ်စုကြီးများပါ မှင်သက်ကုန်သည်။

သူမက ကျင့်ကြံဆင့်ကိုဖုံးကွယ်၍ ပြိုင်လာခဲ့သည်များဖြစ်နေသလား။ ထိုသို့သာဆိုလျှင်

သူမအနိုင်ရခဲ့သည့်ပွဲစဥ်များအတွက် နားလည်

ပေးလို့ရသွားသည်။ တည်ဆောက်ရေးအဆင့် ၇

ထို ခွန်အားသည် ကျူးလန်နှင့် အဆင့်တူကာ

ကျူးလန်ကဲ့သို့ပင် သူမလည်း အဆင့်ကျော်တိုက်

ခိုက်နိုင်စွမ်းရှိသူဖြစ်သည်။ ခွန်အားအရာတူညီ

ကြသူမို့ ဓားကွက်များ၏ အစွမ်းကိုသာ နှိုင်းယှဥ်

ဆုံးဖြတ်ရတော့မည်။ မည်သူ့ဓားကွက်က ပို

ကောင်းသနည်း။

"အသူရာဓားတသောင်းခုတ်ပိုင်းခြင်း"

ချူလင်းယွင်၏ အသံဆုံးသည်နှင့် ဓားအရိပ်များ သူမရဲ့ဦးခေါင်းထက်တွင်ပေါ်လာကာ

အရေအတွက်မှာ စုစုပေါင်းဓားတသောင်းရှိပေလိမ့်မည်။

(ချူလင်းယွင် အရှိန်အဝါလွှင့်ထုတ်သည်ကစ

ဓားကွက်ဖော်သည်အထိ အကုန်ဆက်တိုက်ပင်

ဖြစ်ကာ တဆင့်ချင်းစီရေးပြနေ၍ ကြာသည်ဟု

စာဖတ်သူများထင်ရမည်ဖြစ်သည်။)

ဓားကွက် ၂ခု ထိပ်တိုက်တွေ့ဆုံခြင်း။ ကြီးမား

သည့် ဓားကြီးတစင်းက ချူလင်းယွင်ဆီ တိုးဝင်

လာသလို ဓားပေါင်းမြောက်မြားစွာကလည်း တဖန် ပြန်တိုးဝင်သွားကာ အချင်းချင်းထိုးဖောက်

၍ ကြီးမားသည့်ဓားပုံရိပ်ကြီးသည် ပျောက်ကွယ်

သွားကာ ဓားအရိပ်များကတော့ ကျူးလန်ဆီ

အလင်းရောင်များထိုးကျသွားသည့်နှယ် တိုးဝင်

စေတော့သည်။

အား........

ပြင်းထန်သည့် ဒဏ်ရာမဟုတ်သော်လည်း ကျူး

လန်တယောက် ခံနိုင်ရည်ကောင်းမွန်လို့သာမဟုတ်ပါက အိပ်ရာထဲနှစ်ချီအောင်လဲနေစေမည့်

ဓားချက်ဖြစ်သည်။ ပြတ်ရှရာများ တကိုယ်လုံး

နီးပါး ဖြစ်စေကာ ကျူးလန်တယောက် ပြန်ထရန်

ကြိုးစားသော်လည်း မရတော့ပေ။ သွေးတပွက်

အန်ထုတ်ကာ ဒူးထောက်ကျသွားတော့သည်။

ဟာ.......။ တံခွန်ဂိုဏ်းမှ လူများ၏ မျက်နှာက

မဲမှောင်ကုန်ကာ အဖြစ်ပျက်ကို မယုံနိုင်ကြဟန်တူသည်။ ဒိုင်လူကြီးကလည်း ကြောင်အနေကာ

ကျိုးယန်၏ သတိပေးသံကြားမှသာ အသိဝင်

၍ ရလာဒ်ကိုကြေငြာရတော့သည်။

ဟမ့် ငါမပြောမချင်း ရပ်နေပြီး ဘယ်လောက်တောင် ဆက်တိုက်ရမလဲ မပြောနိုင်ဘူး။

ကျိုးယန်တယောက် တံခွန်ဂိုဏ်းအပေါ်အတော်

ပင်အထင်သေးသွားသည်။ ထိုကဲ့သို့ဂိုဏ်းများ

အာဏာကြီးနေသည်က ကမ္ဘာမြေ၏ကျင့်ကြံရေး

လောကအပေါ် ထိခိုက်စေနိုင်သည်။

"ချူလင်းယွင် အနိုင်ရရှိပါတယ်"

တံခွန်ဂိုဏ်းမှ အထူးအဆန်းဖြင့် ငြိမ်သက်ကာ

ကျူးလန်ကို စင်ပေါ်မှ ထမ်းထုတ်သွားကြသည်။

ဆုပေးပွဲကို တပါတည်း ပြုလုပ်ကာ ဆုယူရန်

အဆင်မပြေသူက ကိုယ်စားတက်ယူကြသည်။

တတိယဆု ဓားသမားလူငယ် ယွင်ဟောင်

ဒုတိယဆု ကျူးလန်

ပထမဆို ချူလင်းယွင်

ကြေငြာသံဆုံးသည်နှင့် အသင့်ပြင်ထားသည့်

စင်မြင်ပေါ်တွင် ဆုပေးအပ်ရန်စီစဥ်တော့သည်။

"သူတို့က ဘာတွေလောနေတာလဲ တခုခုပဲ"

ကျိုးယန်တယောက်နားမလည်နိုင်ဖြစ်နေသည်။ ဆုပေးပွဲကို အလျင်အမြန်လုပ်နေပုံက

နောက်ကွယ်တော့ မရိုးရှင်းနိုင်ပေ။ ဆိုင်ရာဆုများ ပေးအပ်ပြီးသည့်နောက် ပြိုင်ပွဲကိုပိတ်သိမ်း

ကာ ပြန်ကြတော့သည်။

ချူလင်းယွင်က သူမရထားသည့်ဆုများထဲမှ

အဆင့်မြင့်ရတနာထည့်ထားသည့် သေတ္တာလေး

ကိုကျိုးယန်ကိုပေးသည်။ သူမအနေဖြင့် ကျိုးယန်၏ အကူညီကြောင့် ဆုအကုန်လုံးအားပေးခဲ့

သော်လည်း ကျိုးယန်က မယူပေ။ ချီစုစည်းခြင်း

ဆေးလုံးနှင့် သလင်းကျောက်၁၀၀ က ချူမိသား

စုအတွက် အကူညီဖြစ်စေသည်။ သူ့အတွက်ကတော့ စနစ်မှ တိုက်ရိုက်ပင်ကျင့်ကြမှုအတွက်

လုပ်ဆောင်ပေးနေသည်။

ဒင်!!!!

တာဝန်အောင်မြင်သည့်အတွက် ဂုဏ်ယူပါတယ်

ဆုလာဒ်အဖြစ် ဆေးပညာကျမ်း ပထမတွဲ

သိုင်းပညာရှင်ဆေးလုံး ၃လုံး ရရှိပါသည်။စနစ်၏

သိုလှောင်ခန်းသို့ တိုက်ရိုက် ထည့်သွင်းထားမည်။

ဒါပဲ..။ သိုင်းပညာရှင်ဆေးလုံးက ငါလိုချင်တဲ့

အရာပဲ။ ဆေးပညာကျမ်းကိုတော့ စနစ်ကိုသူ့ဦး

ခေါင်းထဲသို့တိုက်ရိုက်ထည့်သွင်းစေကာ အချိန်ရမှသာ တဖြေးဖြေးလေ့လာတော့မည်။

ကျိုးယန်တယောက်စနစ်နှင့်အလုပ်များနေစဥ် ချူအကြီးအကဲများနှင့် ချူကျန်းချန်က အစည်းအဝေးကို တက်ရောက်ရန်ထွက်ခွာသွား

ကြသည်။ ချူလင်းယွင်လည်း အခန်းတခုထဲဝင်ကာ အနားယူနေသည်ဖြစ်၍ ချူလင်းယွင်ဆီမှရ

ထားသည့် ရှေးဟောင်းပုံစံသေတ္တာငယ်လေးကို

ဖွင့်လိုက်သည်။ အထဲတွင် ကတ္တီပါသားတထပ်

ဖုံးကာ အတွင်းရှိပစ္စည်းကို အလွယ်တကူမမြင်​

စေရန် ထုတ်ပိုးထားသည်။

All Chapters