တာဝန်ကမပြီးသေးဘူးလား။
Vol. 4 Ch. 46
ရှန်ရှီးပြည်နယ် မြို့တော်တနေရာ...။
ဂိုဏ်ကြီးများနှင့်မိသားစုများမှ အဓိကလူများ
စုဝေးကာ ယခုနှစ်၏ ပြိုင်ပွဲရလာဒ်ကိုမူတည်ကာ
အကျိုးအမြတ်ပြန်လည်ခွဲဝေသည့် ကိစ္စရပ်အား
ဆွေးနွေးနေကြသည်။ ချူကျန်းချန်သည် သူမြေး
မလေးမှ ပထမနေရာရထားသည့်အတွက် သလင်းကျောက်လုပ်ငန်းကို ပြန်လည်ရယူရန်
တွေးထားသည်။
"ဒီတနှစ်ပြိုင်ပွဲမှာ ပထမရတဲ့ ချူမိသားစုကို
ဂုဏ်ပြုပါတယ်"
"ချူမိသားစုကိုယ်စား ဂုဏ်ယူမိပါတယ်"
စည်းဝေးပွဲရှိလူများက အသီးသီးဂုဏ်ပြုစကား
ပြောကြသည်ကို ချူကျန်းချန်က ဦးခေါင်းညိတ်
ကာအသိအမှတ်ပြုလိုက်သည်။ ဒီတခါတွင် ချူ
မိသားစု၏ ပထမခြေလှမ်းကိုစရပေမည်။
အဆိပ်ဂိုဏ်းမှ အကြီးအကဲတဦးမှ ယခင်ပြိုင်ပွဲ
ကာလတွင် လက်လွှဲယူထားကြသည့် လုပ်ငန်း
များအကြောင်း စာရင်းပြုစုထားသည့် ဖိုင်ကို
စားပွဲပေါ်တင်ကာ ခွဲဝေရေးကိစ္စအားစတင်
တော့သည်။
စုမိသားစုခေါင်းဆောင်မှ ဦးစွာစပြောသည်။
"ကျုပ်တို့ကတော့ ဒီနှစ်ပြိုင်ပွဲမှာ အဆင့်ကောင်း
ကောင်းမရထားတော့ ခွဲဝေရေးကို မမျှော်လင့်
ထားဘူး အဓိက လုပ်ငန်းတွေဖြစ်တဲ့ သလင်း
ကျောက်ကိစ္စနဲ့ မူလနယ်မြေ ပြန်လည်ဖွင့်လှစ်ဖို့
တွေကိုတော့ စိတ်ဝင်စားတယ်"
စုမိသားစုခေါင်းဆောင်၏စကားကို ရီမိသားစုနှင့်
ဖန်းမိသားစုဘက်ကလည်း ထောက်ခံသည်။
သလင်းကျောက်လုပ်ငန်းကို ဂိုဏ်ကြီး၃ဂိုဏ်းမှ
ယာယီထိန်းချုပ်ထားကာ နှစ်စဥ် အကျိုးအမြတ်
၏ ၃၀ ကာနှုန်းကို ပြိုင်ပွဲပထမဆုရှင် ချူမိသား
စုကို ပေးအပ်ရမည်ဖြစ်သည်။
ဗုဒ္ဓဂိုဏ်းမှ ကိုယ်တော်တပါးက ဝင်ပြောသည်။
"သလင်းကျောက် ကိစကိုတော့ ဆုံးဖြတ်ထားတဲ့
အတိုင်း ချူမိသားစုကရမှာပါ ဒါပေမယ့် မူလက
သက်မှတ်ထားတဲ့ ၃၀ ရာခိုင်နှုန်းအစား ၂၀ ရာ
ခိုင်နှုန်းပဲ ရပါလိမ့်မယ် ကျန်တဲ့ အရင်းအမြစ်
ဆေးပင်ရောင်းဝယ်ရေး လက်နက်ပစ္စည်းဖြန့်ချီ
ရေးတွေထဲက တခုကို ဒုတိယရတဲ့ တံခွန်ဂိုဏ်းက
ယူပါလိမ့်မယ်"
ချူကျန်းချန်းနားမလည်နိုင်ဖြစ်သွားသည်။
"ဘာလို့ ရာခိုင်နှုန်းလျော့သွားတာလဲ ကျုပ်တို့ချူ
မိသားစုပိုင်တုန်းက အနည်းဆုံး ၅၀ ရာခိုင်နှုန်းထိ
ရထားတာလေ ခု ၃၀ ရာခိုင်နှုန်းကိစကိုတောင်
အရေအတွက်နည်းလာတဲ့ အကြောင်းအရာကို
ထောက်ပီး ကျုပ်တို့ဘက်ကလက်ခံပေးထားတာ
သက်မှတ်ထားတဲ့အတိုင်းပေးပါ"
ချူကျန်းချန်၏စကားကိုကြားသည်နှင့် ဝမ်လင်းက ခနဲ့တဲ့တဲ့ ဝင်ပြောသည်။
"မင်းတို့မိသားစုက မူလအတိုင်းရရင်ကော တိုး
တက်လာမှာတဲ့လား ခုတောင်မင်းရဲ့ကျင့်ကြံမှုက
တည်ဆောက်ရေးမှာတစ်နေတယ် စိတ်ဝိဉာဥ်
အဆင့် တဦးတောင်မရှိထားဘူး အမှန်ဆိုမင်းတို့
ကိုပေးလိုက်တာထက် ငါတို့ဝမ်မိသားစုကရတာမှ
ပိုကောင်းဦးမယ်"
ဝမ်လင်းရဲ့စကားကို ချူကျန်းချန်မှ ဒေါသမထွက်ပေ။ စည်းဝေးပွဲတွင် သေချာပေါက်ကန့်လန့်တိုက်ခံရနိုင်ချေရှိသည်ကို တွက်ဆပြီးသားဖြစ်
သည်။
"မင်းတို့မိသားစုက လိုချင်တာလား ထိပ်ဆုံး၃
နေရာတောင်မဝင်တဲ့မိသားစုကလေ ရယ်ရတယ်
ရီမိသားစုနဲ့ ကုန်သည်ကြီးများအသင်းကခုလို
ပြောရင်တောင် ငါလက်ခံဦးမယ်"
ချူကျန်းချန်၏ပြန်လည်တုံ့ပြန်မှုကိုကြားလျှင်
ဝမ်လင်းတယောက် ပေါက်ကွဲသွားသည်။
"မင်းကို မြေးအချင်းချင်းကြောင့် ခမည်းခမက်ပုံ
စံငါလက်ခံထားပေမယ့် မင်းတို့မိသားစုကို ငါ
မတိုက်ခိုက်ရဲဘူးလို့တော့မထင်ထားနဲ့"
အဆိပ်ဂိုဏ်းအကြီးကဲမှ ကြားဝင်ဖြန်ဖြေသည်။
"စိတ်ထိန်းကြပါ ခုသလင်းကျောက်ကလည်း
နည်းပါးလာတာကတကြောင်း မူလနယ်မြေကို
ဖွင့်လှစ်ဖို့ အသုံးပြုရမယ့်အစီအရင်အတွက်
သလင်းကျောက်အတော်များများကုန်ကျဖို့ရှိ
နေလို့ ရာခိုင်နှုန်းလျှော့ချလိုက်တာပါ"
"ဒါဆို ၂၀ ရာခိုင်နှုန်းကိုကျုပ်တို့ဘက်ကလက်ခံ
ရင် အစီအရင်မှာ စိုက်ထုတ်ပေးစရာမလိုတော့ဘူး"
ချူကျန်းချန်ရဲ့စကားကိုချက်ချင်းပင် တံခွန်ဂိုဏ်းအကြီးအကဲမှ ဝင်ထောက်သည်။
"ဒါဆို ငါတို့ဂိုဏ်းကြီး၃ ဂိုဏ်းကပဲ ကျခံရမှာလား
အဓိပ္ပါယ်မရှိတာပဲ"
"ဟားးးဟားး အာ့ဆိုမင်းတို့ဂိုဏ်းကြီးတွေ
သလင်းကျောက်တွင်းကို ငါတို့မိသားစုတွေကို
ခွဲပေးလိုက်လေ..မင်းတို့ထိန်းချုပ်ထားတာ
ဘယ်နှစ်နှစ်ရှိပြီလဲ စဥ်းစဥ်းစားစားပြောဦးကွ"
ရီမိသားစု ဖန်းမိသားစုနှင့် စုမိသားစုဘက်မှ
အကြီးအကဲများက ထောက်ခံကြသည်။
"ဟုတ်တယ် ခဗျားတို့ဂိုဏ်းကြီးတွေ အသေးအမွှားလုပ်ငန်းတွေသာ ခွဲပေးပြီး အကြီး
စားစီးပွားရေးအကုန် ယူထားတာပဲမဟုတ်လား"
"ဒီတခေါက်တော့ ကျုပ်တို့ရီမိသားစုနဲ့ ချူမိသားစုကို အချိုးကျပြန်ခွဲပေး...နောက်ပြီး
ကုန်သည်ကြီးများအသင်းကိုလည်း အဆင့်တခု
သက်မှတ်ပြီး နောက်တကြိမ်စည်းဝေးမှုမှာ ပါစေ
ချင်တယ်"
အဆိပ်ဂိုဏ်းဘက်မှ အသံထွက်လာသည်။
"ရတယ်လေ မင်းတို့ထိန်းချုပ်နိုင်ရင် ယူပေါ့
ကျုပ်တို့ကိုယှဥ်ဖို့အစွမ်းအစရှိကြလား ခွန်အား
ကအဓိကပဲ ကိုယ့်လူတို့ ဟဲဟဲ"
ဝမ်မိသားစုမှလွဲ၍ ကျန်မိသားစုများမျက်နှာမဲ့
သွားကြသည်။ အလွန်ပင်နိုင်ထက်စီးနင်းလုပ်ကြ
သည်မှာထင်ရှားသည်။ သလင်းကျောက်တွင်းကို
အချိုးကျ ဂုတ်သွေးစုပ်ယူမှုနဲ့ အင်အားကြီးလာ
သည့်ဂိုဏ်းများက ယခုတော့ လေသံမာလာကြ
ချေပြီ။ ယခင်ကဆိုလျှင် ထိုဂိုဏ်းများက လက်ရှိ
အင်အားအနည်းဆုံးဖြစ်နေသည့် ချူမိသားစုကို
ပင်မယှဥ်နိုင်ခဲ့ပေ။
"ကျုပ်အတွက် ၂၀ ရာခိုင်နှုန်းမှတ်လား အဆင်
ပြေတယ် မူလနယ်မြေဖွင့်ဖို့အတွက် မစိုက်ထုတ်
ပေးတော့ဘူး.. ကျန်တဲ့လုပ်ငန်းကို ချူမိသားစု
လက်ရှိပိုင်ဆိုင်ထားသည့်အတိုင်းရှိနေပါစေ"
ချူကျန်းချန်က ယတိပြတ်ပြောလိုက်သည်။
ငြင်းခုန်နေရန်ပင်စိတ်မရှိတော့ပေ။ မူလနယ်မြေ
ကိုပြန်လည်ဖွင့်လှစ်ဖို့အတွက်ကတော့ စိတ်ဝင်
စားသော်လည်း မည်သည့်အရာမှစိုက်မထုတ်
တော့ပေ။
တည်းခိုနေရာ...။
ကျိုးယန်ကသေတ္တာလေးထဲရှိ ပစ္စည်းကိုညင်သာ
စွာထုတ်ယူလိုက်သည်။ ထိုအရာကလည်ဆွဲပုံစံ
ရှိကာ အရောင်အဝါကင်းမဲ့လျက် အစုတ်အပြတ်
တခုလို့တောင်ထင်ရမည်။
ဟမ်...ဒါကရတနာလား။ ချီးပဲ ဂျင်းထည့်တာပဲ။
ကျိုးယန်ဒေါသထွက်သွားသည်။ တံခွန်ဂိုဏ်းမှ
လူလည်ကျသွားသည်ဟု သူထင်နေသည်။
ထိုစဥ် စနစ်မှ
"စနစ်ရှင် အာ့ကမ္ဘာကူးပြောင်းတဲ့ရတနာပဲ
သူတို့အဆင့်နဲ့ မသိနိုင်ဘူးလေ"
ကျိုးယန်ဝမ်းသာသွားသည်။ ဒါလား ဒါကို
ပြောချင်တာလား။
"အာ့ဆို ငါတာဝန်ပြီးပြီပေါ့ ဟုတ်လား"
ကျိုးယန်တယောက် မထင်မှတ်ပဲ တာဝန်ပြီး
ဆုံးပြီဟု ထင်သွားသည်။ သူ့အနေဖြင့်တဖက်လောကကိုပြန်လို့ကပေတော့မည် မဟုတ်လား။
"တာဝန်ပြီးပြီတဲ့လား စနစ်ရဲ့အသိပေးချက်ပေါ်
လာတာကြားမိလား ပျော်မနေနဲ့"
စနစ်၏ ထေ့ငေါ့သံကိုကြားလျှင် ကျိုးယန်ဒေါ
ပွသွားသည်။ ဟုတ်သည်လေ တာဝန်တွင်ရတနာကိုရှာရန်သာပါသည်မဟုတ်လား။ ခုက ဘာကို
ထပ်ပြီးလုပ်ဆောင်ရဦးမည်နည်း။
"လည်ဆွဲက စိတ်ဝိဉာဥ်ကင်းမဲ့နေတယ် နောက်ပြီး
သူ့ကိုအသုံးပြုဖို့ မူလပိုင်ရှင်ရဲ့သွေးလိုတယ်
စနစ်ရဲ့အထင်တော့ တာဝန်ကမပြီးသေးဘူး"
ကျိုးယန်တွေးသွားသည်။ မူလပိုင်ရှင်ရဲ့သွေး
စက်ချရမှာလား။ မူလပိုင်ရှင်က ဘယ်သူလဲ။
နေဦး အိုးရန်ရွှမ်းရွှမ်းပြောတဲ့ရတနာကလည်း
လည်ဆွဲပဲ တာဝန်ကလည်း အိုးရန်ရွှမ်းရွှမ်းနဲ့
ဆက်စပ်နေတာဆိုတော့ သူ့သွေးကိုလိုတာပေါ့။
ဒါနဲ့ လည်ဆွဲသာ သူမအမေရဲ့ပစ္စည်းဆိုရင်
မဟုတ်သေးဘူး သူမအဖေသိမ်းထားတယ်လို့
ပြောဖူးတယ် ဘယ်လိုလုပ်တံခွန်ဂိုဏ်းဆီရောက်
နေရတာလဲ။ စဥ်းစားရင်းပင် ခေါင်းကိုက်လာသည်။ အိုးရန်ရွှမ်းရွှမ်းကို တွေ့သည့်အခါ လည်ဆွဲကိုပြ၍ သေချာအောင်မေးရမည်။ အမှန်
သာဆိုလျှင် သူမအဖေ အန္တရာယ်ရှိနေလေပြီ။
ချက်ချင်းပင်လည်ဆွဲကိုသိမ်းကာ အခန်းပြင်ထွက်လိုက်သည်။ ထိုအချိန် ချူကျန်းချန်းနဲ့
အကြီးအကဲများ စည်းဝေးပွဲမှ ပြန်ရောက်လာကြ
သည်။ ကျိုးယန်ကိုတွေ့သည်နှင့် စကားပြောရန်
စုဝေးလိုက်ပြန်သည်။
"မျှော်လင့်ထားသလိုမရလာပေမယ့် သလင်းကျောက်တွင်းကိစ္စတော့ ဝေစုအနည်းငယ်ရလာတယ် နောက်ပြီး လာမယ့် နှစ်လအတွင်း မူလနယ်
မြေ ထပ်ဖွင့်ပေးမယ်တဲ့ သခင်လေးကျိုးစိတ်ဝင်
စားလား"
ချူကျန်းချန်၏ အမေးကို ကျိုးယန်ကစဥ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။ မူလနယ်မြေ
တဲ့လား။ သူစိတ်ဝင်စားသည်။ စနစ်ရဲ့တာဝန်
နောက်ဆက်တွဲက အိုးရန်ရွှမ်းရွှမ်းနဲ့တင် မပြီး
ပြတ်ဟု သူခံစားနေရသည်။
"ကျတော်စိတ်ဝင်စားတယ် အဖိုး ဝင်ခွင့်အတွက်
ချူမိသားစုခွဲတမ်းရလား"
ကျိုးယန်၏အမေးကို ချူကျန်းချန်ကပြန်ဖြေ
သည်။ သူ့ပုံစံက မကျေနပ်ဟန်ဖြင့် ဒေါသလည်း
ထွက်နေပုံရသည်။
"ဒီအဖိုးကြီးက သလင်းကျောက်တွင်းရာခိုင်နှုန်း
လျှော့ယူရတဲ့ကိစ္စကို မကျေနပ်လို့ မူလနယ်မြေ
ကိုဖွင့်တဲ့ အစီအရင်ကြီးမှာ အကုန်ကျမခံတော့
ဘူးလို့ပြောလိုက်တာ ဝင်ခွင့်ကို တစောင်ပဲပေး
တယ် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ"
"တဦးတည်းလား ပုံမှန်ဆို ဘယ်နှစ်ဦးရလဲ"
"အနည်းဆုံး ၂ဦးကနေ ၅ဦးထိရတယ် ကျုပ်သား
နဲ့ချွေးမတုန်းက ၅ဦးစာရတာ ခုကျ ပထမရတာ
တောင် တဦးစာပဲပေးတယ် ဒီကောင်တွေလွန်နေ
ပြီ"
ချူကျန်းချန်းက လက်သီးကိုကျစ်နေအောင်
ဆုပ်ကာ မကျေမနပ်ဖြစ်နေသည်။ သူ့လိုပင်အကြီးအကဲများသည်လည်း မကျေမနပ်ဖြစ်နေ
သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ ယခုချူမိသားစုအနေထားကဂိုဏ်ကြီး၃ဂိုဏ်းကိုအသာထား တခြားမိသားစုများကိုတောင် မယှဥ်
သာသည့် အခြေအနေပင်ဖြစ်သည်။
...........................