← Chapters

ရတနာ၏နောက်ဆက်တွဲကိစ္စ

Vol. 4 Ch. 47

ရတနာ၏နောက်ဆက်တွဲကိစ္စ

Vol. 4 Ch. 47

မူလနယ်မြေနှင့်ပက်သက်သည့် အကြောင်းအ

ရာများဆွေးနွေးနေချိန်တွင် ချူလင်းယွင်လည်း

အခန်းထဲတွင်အနားယူနေရာမှ ထွက်လာသည်။

အကြောင်းစုံသိပြီးသည်နှင့် ဝင်ခွင့်ကို ကျိုးယန်

စိတ်ဝင်စားပါက ယူရန်ပေးတော့သည်။ ကျိုးယန်

လည်း အနည်းငယ်အားနာမိသွားသော်လည်း

ထိုနယ်မြေနှင့်ပက်သက်၍ စိတ်ဝင်စားမိသည်

သာမက တာဝန်သည် မူလနယ်မြေနှင့်လည်း

ဆက်စပ်နေပုံရသည်ဟု သူထင်နေသည်။

"ဒါဆို ကျတော်အားမနာတော့ဘူး ဒါနဲ့မနက်ဖန်

ပြန်လို့အဆင်ပြေမလား ကျတော့်မှာအရေးကြီး

လုပ်စရာတခုရှိတယ်"

ကျိုးယန်ရဲ့စကားကို ချူကျန်းချန်ကချက်ချင်း

ပင်သဘောတူကာ နောက်တနေ့မနက်တွင် ပြန်

လာကြတော့သည်။ လမ်းတွင် ကျိုးယန်က

အိုးရန်ရွှမ်းရွှမ်းကို ချူမိသားစုအိမ်တော်ဆီ

လာရောက်စောင့်ဆိုင်းနေရန် မှာလိုက်သည်။လည်ဆွဲနှင့်ပက်သက်၍ ကျိုးယန်အထင်မှားပါ

စေဟု ဆုတောင်းနေရသည်။

ချူမိသားစုအိမ်တော်ကိုရောက်တော့

အိုးရန်ရွှမ်းရွှမ်းက အသင့်စောင့်နေလေပြီ။ ကျိုး

ယန်၏ အနေထားကြောင့် သူမအနေဖြင့်အိမ်တော်ကိုအချိန်မရွေး ဝင်ထွက်ခွင့်ရထားသည်

မဟုတ်လား။

ခရီးရောက်မဆိုက်ပင် အိုးရန်ရွှမ်းရွှမ်းက

တောင်းပန်စကားဆိုလာသည်။ သူမက ကျိုးယန်

ကို ပြိုင်ပွဲမှပြန်လာချိန် လည်ဆွဲကို ပြန်လည်တောင်းယူထားမည်ဟု ပြောထားသည်မဟုတ်လား။

"ကျမ ပြောထားတဲ့ကိစ္စ အဆင်မပြေဘူး ဘာလို့လဲမသိ ပုံမှန်အဆက်သွယ်ရနေတဲ့အဖေက အဆက်သွယ်မလုပ်တော့သလို သူ့ကိုဆက်သွယ်

တာလည်း မရတော့ဘူ"

ဟမ်.....။ ကျိုးယန်စိတ်လေးသွားလေပြီ။ ချက်

ချင်းပင် လည်ဆွဲကိုထုတ်ကာမေးလိုက်သည်။

"နောက်ဆုံးအဆက်သွယ်ရတာ ဘယ်တုန်းက

လဲ"

"လွန်ခဲ့တဲ့ တလကျော်ကလို့ထင်တယ် ကျမလည်း

အလုပ်များနေတော့ သတိမထားမိဘူး ဘာလို့လဲ"

ထိုကာလတွင် အမှန်လည်း သူမအလုပ်များနေ

လေသည်။ ချူမိသားစုအကူညီကြောင့် လမ်း

ကြောင်းအတော်များများပွင့်ကာ အချိန်ဇယား

သည်လည်း ပို၍ ပြည့်လာသည်မဟုတ်လား။

ကျိုးယန်က လည်ဆွဲကိုထုတ်ပြကာမေးလိုက်သည်။

"ဒါလေးကိုတချက်ကြည့် ကြည့် အစ်မပြောတဲ့

လည်ဆွဲနဲ့တူလား"

အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ဆီမှ လည်ဆွဲကိုယူ

ကာသေချာကြည့်လိုက်သည်။ အချိန်ခနအကြာ

တွင် သူမ ထိတ်လန့်ကာ မျက်လုံးများဝိုင်းစက်

သွားတော့သည်။

"ဒါ အမေပေးထားတဲ့လည်ဆွဲပဲ သေချာတာပေါ့

ဒါကို ရှင်ဘယ်ကရတာလဲ ဒါက ကျမအဖေဆီမှာ

ရှိနေရမှာလေ ဟုတ်တယ်မဟုတ်လား ဘယ်ကရ

တာလဲ ကျမကိုပြောပြပါဦး"

အိုးရန်ရွှမ်းရွှမ်းတယောက် ပြာယာခတ်ကာ မေး

ခွန်းများဆက်တိုက်မေးတော့သည်။ သူမသည်

သူမအဖေနှင့် အဆက်သွယ်ပြတ်ကာ သူမအဖေ

ဆီတွင် အမြဲရှိတတ်သည့် ရတနာသည်လည်း

ကျိုးယန်လက်ထဲရောက်နေသည်။ သူမအဖေကို

ကျိုးယန်တခုခုလုပ်လိုက်လေသလား။ ကျိုးယန်

ရဲ့ခွန်အားအရဆို ဖြစ်နိုင်သည်။

ကျိုးယန်ကလည်း အိုးရန်ရွှမ်းရွှမ်း သူ့အပေါ်

တမျိုးမြင်သွားသည်ကို သိလိုက်သည်။ချက်ချင်း

ပင် အဖြစ်မှန်ကိုပြောပြလိုက်သည်။

"ဒါက ပြိုင်ပွဲမှာ ချူမိန်းကလေးရတဲ့ဆုပဲ ကျတော့်ကို လက်ဆောင်ပြန်ပေးတာ အစ်မအဖေဆီ

က ကျတော်ယူထားတာမဟုတ်ဘူး နောက်ပြီး

လွန်ခဲ့တဲ့ နှစ်လက ကျတော်တို့ဆီကရတနာ

လာတောင်းတဲ့လူတွေကို မှတ်မိလား"

ကျိုးယန်ရဲ့ရှင်းပြမှုကြောင့် သူမလက်ခံသွား

သည်။ ထိုအဖြစ်အပျက်ကိုလည်း သူမ မှတ်မိနေ

သေးသည်။

"ဒါနဲ့ ကျမအဖေကိုဆက်သွယ်မရတာ ဘယ်လို

သက်ဆိုင်နေလဲ"

ဘေးတွင်ထိုင်နေသည့် ချူလင်းယွင်က ချက်ချင်းဝင်ပြောလာသည်။

"ရတနာကို တံခွန်ဂိုဏ်းက ထုတ်ပေးတာ ရှင်တို့

ပြောပုံအရဆို အဲ့တုန်းကလူတွေက တံခွန်ဂိုဏ်း

ကလူတွေဖြစ်မယ် ရှင့်အဖေနဲ့ပက်သက်ပြီး သဲ

လွန်စကို တံခွန်ဂိုဏ်းကို မေးရင်သိနိုင်တယ်"

ဟမ့် မေးရမယ်လား။ ကိုယ်နဲ့မကွာဆောင်ထား

သည့်ရတနာ တခုသူတပါးလက်ထဲရောက်နေ

သည်က အဖြေမှာရှင်းနေပြီ။ ရတနာကိုပိုင်ထား

သည့် အိုးရန်ရွှမ်ရွှမ်း၏ အဖေအန္တရာယ်ကျနေ

သလို အဆုံးတွင်သေဆုံးသွားတာလည်း ဖြစ်နိုင်

သည်။ သို့သော် ထိုခန့်မှန်းချက်ကိုတော့ ကျိုးယန်

တယောက်ထုတ်မပြောပေ။

"ဟုတ်တယ် ဒါပေမယ့် သူတို့ကကော ပြောပြ

မယ်ထင်လား ငြင်းဖို့ပဲများတယ် ဝန်ခံမယ်မထင်

ထားဘူး"

"ဒါဆို အဖေ့ကိစ္စကို ဘာဆက်လုပ်ကြရမလဲ"

ယခုတော့ သူမရဲ့အဖေကို စိတ်ပူနေလေပြီ။

မူလက သာမန်အဆက်သွယ်မရရုံဟုတွက်ကာ

ပေါ့ပေါ့တန်တန်သဘောထားသော်လည်း ယခု

တွင်တော့ အလေးအနက်ထားရတော့မည်။ ပိုဆိုး

သည်က ထိပ်သီးဂိုဏ်းကြီးတခုပါဝင်လာသည်

မဟုတ်လား။

ကျိုးယန်တယောက် အလေးအနက်တွေးနေ

ရသည်။ တံခွန်ဂိုဏ်းဆီမှ သတင်းကိုမည်ကဲ့သို့

ဆွဲထုတ်မည်နည်း။ မူလပညာရှင်ရှိနေနိုင်ကာ

သူ့အနေဖြင့်ကိုင်တွယ်ရန်လည်း ခက်ခဲနေသည်။

မဟုတ်လည်း ဂိုဏ်းဆီတိုက်ရိုက်သွားကာ မေးလို့

ရပေသည်။ သူ့အနေဖြင့် ဂိုဏ်းတခုလုံးကိုပင်

ကြောက်စရာမလိုပေ။

ထိုစကားဝိုင်းတလျှောက်လုံး ချူလင်းယွင်ရဲ့

ဘေးတွင်ငြိမ်နေသည့် ချူကျန်းချန်းက

"တံခွန်ဂိုဏ်းနဲ့ အနည်းအကျင်းတော့ ပြဿနာ

ဖြစ်ရလိမ့်မယ် တခုတွေးရမှာက ဒီအရှုပ်ထွေးထဲ

နောက်ထပ် ဂိုဏ်းကြီး၂ခုပါ ထပ်ပါမပါ သိထား

မှအဆင်ပြေမှာ"

ထိုအချက်ကိုလည်း ကျိုးယန်တွေးမိသည်။

ဂိုဏ်း၃ ခုစလုံးပက်သက်နေလျှင်တော့ ကျိုးယန်

အတွက် လုံးဝမလွယ်ကူတော့ပေ။ ကျိုးယန်တခု

ကိုအမှတ်ရလိုက်သည်။ ချက်ချင်းပင်

"အရင်ဆုံးဘဒီပစ္စည်းပေါ်သွေးစက်ချပေးလို့ရ

မလား ကျတော်စမ်းသပ်စရာရှိလို့"

အိုးရန်ရွှမ်းရွှမ်း အနည်းငယ်ကြောင်သွားသော်

လည်း သူမလက်ချောင်းထိပ်ကို ကိုက်ကာ သွေး

စက်အသေးလေးချလိုက်သည်။ ထိုချိန် ရတနာက အရောင်တခုလင်းလာကာ တဖြေးဖြေး

ဧည့်ခန်းတခုလုံးလင်းလျက် ပုံရိပ်များပေါ်လာ

သည်။ ပုံရိပ်များက ရွေ့လျားနေကာ နောက်ထပ်

နေရာတခုကို ဖော်ပြနေသည်။ ပတ်ဝန်းကျင်ကို

အဖြူအမဲ ကာလာပုံစံပြောင်း၍ပြသည်။

ဒါဘယ်နေရာလဲ..။ပြီးတော့ ငါကဘာဆက်လုပ်ရမှာလဲ။ ပုံရိပ်ထဲက နေရာကိုသွားရမှာလား။

အကုန်လုံးက ပုံရိပ်များကိုငေးနေချိန်တွင် စနစ်မှ

သတိပေးချက်ပေါ်လာသည်။

ဒင်!!!

အထူးတာဝန်ရဲ့ပထမအဆင့်ကို အောင်မြင်သည်။ မူလသက်မှတ်ထားသည့် တာဝန်၏ ဒုတိ

ယအဆင့်ကိုဆောင်ရွက်ရန် ဆုလာဒ်အချို့

ပေးမည်။

ဆုလာဒ်အချို့တဲ့လား...။ဘာတွေလဲ..။

ကောင်းကင်အဆင့် စိတ်ဝိဉာဥ်ကျင့်စဥ်တခု

ပကတိပညာရှင်ဆေးလုံး ၁ လုံး တို့ဖြစ်သည်။

ကျိုးယန်အံ့သြသွားသည်။ ပကတိဆေးလုံး

လား။ ဒါငါ့အတွက်သီးသန့်ပေးတာပေါ့။ တာဝန်

က ငါထင်ထားတာထက်ပိုရှုပ်ပြီထင်တယ်။

ဆုလာဒ်ကိုချက်ချင်းမထုတ်ယူသေးပဲ. စနစ်ရဲ့

သိုလှောင်ခန်းတွင်ထားကာ ယာယီသိမ်းလိုက်သည်။ ညကျမှ ငါဆေးလုံးရဲ့အစွမ်းကိုစမ်းရ

မယ်။ ဘယ်အဆင့်ထိရောက်နိုင်မလဲ...။

အိုးရန်ရွှမ်းရွှမ်းရဲ့ အဖေပျောက်ဆုံးမှုကို

ကျိုးယန်မှ တာဝန်ယူကာ စုံစမ်းပေးမည်ဟု

ကတိပေးလိုက်သည်။ ဂိုဏ်းကြီးများပါနိုင်သည်

ဟု အိုးရန်ရွှမ်းရွှမ်းလည်းသိထား၍ မလောတော့

ပေ။ သူမအဖေ အသက်အန္တရာယ်မရှိပါစေနှင့်ဟု

သာ သူမမျှော်လင့်သည်။

အချိန်အတော်ကြာ စကားပြောဆိုပြီးနောက်

ကျိုးယန်က အိုးရန်ရွှမ်းရွှမ်းနှင့်အတူ သူမနေရာ

အိမ်သို့ပြန်လိုက်သွားသည်။ လမ်းတွင် အိုးရန်ရွှမ်းရွှမ်းတယောက် ငိုင်တွေနေကာ မျက်နှာလေး

သည်လည်း မကောင်းပေ။

အိုးရန်ရွှမ်းရွှမ်းရဲ့ အိမ်ကိုရောက်တော့ ကျိုး

ယန်က သူ့အခန်းဆီတိုက်ရိုက်ဝင်သွားကာ သူမ

ကတော့ အစ်မဂျူနှင့် သူမအဖေပျောက်ဆုံးမှု

အကြောင်းပြောကာ ငိုတော့သည်။ ကျိုးယန်၏

ရှေ့တွင် ထိန်းထားကာ ချူအိမ်တော်တွင်လည်း

လုံးဝမငိုခဲ့သည့် သူမက အစ်မဂျူကိုဖက်ကာ

ချုံးပွဲချငိုနေသည်။ သူမသည်လည်း နောက်ဆက်

တွဲကို ခန့်မှန်းမိထားလောက်ပေ ပြီ။ သူမအဖေ

သည် လည်ဆွဲကို သူမကဲ့သို့ပင် တန်ဖိုးထားကာ

ကိုယ်နဲ့မကွာဆောင်ထားတတ်သူမဟုတ်လား။

All Chapters