လီချင်းကျူးအန္တရာယ်ရှိနေပြီ
Vol. 4 Ch. 48
ကျိုးယန်အနေဖြင့် မူလက ပကတိပညာရှင်
ဆေးလုံးကိုသောက်၍ ကျင့်ကြံမှုကိုမြင့်တင်ချင်
သော်လည်း မူလနယ်မြေ၏တားမြစ်ချက်အရ
မူလနယ်မြေအောက်ရှိကျင့်ကြံသူများသာ ဝင်ခွင့်
ရရှိမည်ဖြစ်သည်။ ကျိုးယန်၏ လက်ရှိခွန်အားက
စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်ထက်အားနည်း
သော်လည်း အလယ်အလတ်အဆင့်တွင်ရှိကာ
ပကတိဆေးလုံးသာထပ်မံသောက်သုံးလိုက်ပါက
မူလအဆင့်သို့ရောက်ရှိသွားကာ မူလနယ်မြေဝင်
ခွင့် ဆုံးရှုံးသွားနိုင်သည်။ ထို့အပြင် စနစ်မှပေး
ထားသည့်တာဝန်တွင်လည်း လည်ဆွဲကို အိုးရန်
ရွှမ်းရွှမ်းအကူညီကြောင့် နိုးထစေခဲ့ပေမယ့် ထို
အရာကို နောက်ထပ်တပိုင်းအသက်သွင်းရန်မှာ
မူလနယ်မြေသို့သွားရန်လိုနေသေးသည်။
ထိုနယ်မြေတွင် မည်ကဲ့သို့ဆက်လုပ်ရမည်ကို
ကျိုးယန်မသိသေးပေ။ ပုံရိပ်များနှင့် မြင်ကွင်းများအရ သူမသိသည့်နယ်မြေတခုဖြစ်နိုင်ကာ
လက်ရှိခြေနေတွင် မူလနယ်မြေတခုသာဖြစ်တန်
ချေရှိသည်။ ထို့အပြင် ချူကျန်းချန်မှလည်း မူလ
နယ်မြေသို့ဝင်ပြီးနောက် ပြန်ထွက်မလာသည့်
သူ့သားနှင့်ချွေးမဖြစ်သူကို ပြန်တွေ့ရန်မျှော်လင့်
နေသေးသည် မဟုတ်လား။ ထိုအချက်ကတော့
ကျိုးယန်လည်း အာမ မခံပေ။
စနစ်ရဲ့တာဝန်ကို ပြီးပြည့်စုံအောင်လုပ်ပြီးမှ
သာ တံခွန်ဂိုဏ်းကိစ္စကို သူဖြေရှင်းပေးရမည်။အိုး
ရန်ရွှမ်းရွှမ်းသည် အလုပ်ရှင်သာဖြစ်သော်လည်း
သူ့အပေါ် စေတနာကောင်းပေသည်။
စနစ်မှပေးထားသည့်ဆေးလုံးကို သိမ်းကာ
စိတ်ဝိဉာဥ်ကျင့်စဥ်ကို လေ့လာလိုက်သည်။
ဝိဉာဥ်သည် လူတယောက်အတွက်အရေးကြီးကာ
စိတ်ဝိဉာဥ်သန်မာပါက ဆေးလုံးများဖော်စပ်ရာ
တွင်သာမက စိတ်ဝိဉာဥ်တိုက်ခိုက်မှုကိုလည်း
လုပ်ဆောင်နိုင်သေးသည်။
စနစ်၏ကျင့်စဥ်သည် ကောင်းကင်အဆင့်ဖြစ်
သည်။ ကမ္ဘာမြေတွင်မရှိနိုင်ပေ။ သူသာဝိဉာဥ်ကိုယ်ပွားတခု တည်ဆောက်နိုင်ပါက စိတ်ဝိဉာဥ်
အဆင့်မြင့်ပုဂ္ဂိုလ်များကို ရင်ဆိုင်နိုင်ပေမည်။ ထို
အရာ မူလနယ်မြေကို ဝင်ချိန်တွင်ကြုံနိုင်ချေရှိ
သည့် အန္တရာယ်များအတွက် အဆင်ပြေသည်။
နာရီအတော်ကြာလေ့လာပြီးချိန်မှာတော့
ကျင့်စဥ်ကို ထိတွေ့မိလာသည်။ သူ့အနေဖြင့် မူလ
နယ်မြေဝက်ချိန်အမီ ပထမအဆင့်ကို အောင်မြင်
နိုင်ချေရှိကာ ဗာဂျာရာကျင့်စဥ်ရဲ့ ဒုတိယအဆင့်
ကိုလည်း ခြေတလှမ်းနီးနေချေပြီ။
တနေ့တာကုန်ဆုံးကာ ညအချိန်သို့ရောက်လာလေပြီ။ ညစာအတွက် အပြင်ထွက်ကာစားသောက်၍ အခန်းသို့ပြန်ဝင်လာချိန်တွင်
ကျိုးယန်၏ဖုန်းမှ ဖုန်းခေါ်သံတခုပေါ်လာသည်။
သူကြည့်လိုက်ချိန် တဖက်မှခေါ်ဆိုသူက လီချင်း
ကျူးဖြစ်နေသည်ကိုတွေ့ရသည်။ ကျိုးယန်အ
နည်းမှင်သက်သွားသလို စိတ်ထဲလည်းလေးလံ
သွားရသည်။ လီချင်းကျူးက သူ့ဆီဖုန်းဆက်လေ့မရှိပဲ လိုင်းပေါ်ကသာ မက်ဆေ့ပို့၍ ဆက်သွယ်တတ်သည်။ ယခုညအချိန်တွင်ဖုန်းခေါ်လာ
သည်။ ထိုအရာကမူမမှန်ပေ။
"ဟဲလို"
တဖက်မှ အမျိုးသားတစ်ဦးရဲ့အသံပေါ်လာသည်။
"ကောင်လေး မင်းရဲ့ကောင်မလေးကို ငါတို့စောင့်ရှောက်ပေးထားတယ် မင်းအနေနဲ့ ငါတို့လိုချင်တဲ့
ဆေးလုံးအချို့နဲ့ ရတနာတွေပေးမယ်ဆိုရင်တော့
မင်းကောင်မလေးကို အကောင်းတိုင်းပြန်ရမယ်
မဟုတ်ရင်တော့...."
တဖက်လူမှထိုမျှသာ ပြောကာဖုန်းချသွားသည်။
မည်သည့်နေရာတွင် တွေ့ဆုံရမည်ကိုမပြောပေ။
သို့သော်လည်း တွက်ဆလို့ရပေသည်။ ကျိုးယန်
တယောက် ဒေါသထွက်လာလေပြီ။ လီချင်းကျူး
သည် သူ့ရဲ့အောက်ဆုံးစည်းဖြစ်ကာ အထိမခံသည့် အလွှာပါးတခုဖြစ်သည်။ ထိုအရာကိုမှထိလာ
လျှင် သူလက်ခံမည်မဟုတ်ပေ။ သတ်ဖြတ်ခြင်းအရှိန်အဝါက အခန်းတခုလုံးပြန့်ကာ လေထုကလည်း အေးစက်လာသည်။ ဟမ့် မင်းတို့က ငါ့ကို
ခနခနလာဆွပေမယ့် သည်းခံခဲ့တယ်။ ခုတော့
ငါဘာလုပ်နိုင်လဲဆိုတာ ပြရတာပေါ့။
အခန်းတွင်းမှ ထွက်ကာ အိုးရန်ရွှမ်းရွှမ်းကို
ခွင့်တောင်း၍ ဝမ်မိသားစုရှိရာ အိမ်ဆီသို့ထွက်
သွားတော့သည်။ အိုးရန်ရွှမ်းရွှမ်းသည်လည်း
ကျိုးယန်တယောက် ယခုလိုပုံစံကို မမြင်ဖူးသည့်
အတွက် ထိတ်လန့်နေကာ ကျိုးယန်ကိုကြည့်ရုံပင်
ကျောရိုးတခုလုံးစိမ့်လျက် သေမင်းတပါးသူမဆီ
ချဥ်းကပ်လာနေသည်ဟုပင် ခံစားနေရသည်။
သူ ဘာဖြစ်နေတာလဲ..။ ဘာလို့အဲ့လောက်ဒေါသ
ထွက်နေတာလဲ။
အိုးရန်ရွှမ်းရွှမ်းက ချက်ချင်းပင် ချူမိသားစု
ဆီအပြေးသွားလိုက်သည်။ တံခွန်ဂိုဏ်း တနေရာ
တွင် အကြီးအကဲ အချို့နှင့် ကျူးလန်တို့ညီအစ်ကို နှစ်ဦး တိုင်ပင်နေကြသည်။ ကျူးချန်မှ
"ဝမ်မိသားစုခေါင်းဆောင် ကျတော့်ကိုပြောပုံအရ
ချူလင်းယွင်က ၂လအတွင်း ဒီအဆင့်ကိုရောက်
လာတာတဲ့ နောက်ပြီး ချူကျန်းချန်ရဲ့ ဒဏ်ရာကို
ကုပေးတာလည်း ကျိုးယန်ပဲဖြစ်နေတယ်"
အကြီးအကဲတစ်ဦးက အနည်းငယ်အံ့သြသွားကာ
"နှစ်လအတွင်း သာမန်လူကို တည်ဆောက်ရေး
အဆင့်၇ ထိပို့ပေးလိုက်တာလား နောက်ပြီး ကျင့်
စဥ်နဲ့ ဓားကလည်း မြေကြီးအဆင့်မြင့်တွေချည်းပဲ အဲ့ကောင်မှာ သေချာပေါက် လျှို့ဝှက်ချက်တွေ
ရှိနေနိုင်တယ်"
"ဟုတ်တယ် အာ့ကြောင့် ကျိုးယန်ကိုဖြေရှင်းဖို့
အကြီးအကဲတို့ကို အကူညီတောင်းရတာပါ"
ကျူးလန်မှ
"သူက ရွှေအမြူတေအဆင့်အကြီးအကဲကို လက်
တချက်ယမ်းရုံလွင့်သွားစေတာဆိုတော့ သူ့အဆင့်က ရွှေအမြူတေ အထွဋ်အထိပ်မှာရှိနိုင်တယ်
နောက်ပြီး ယခုတခေါက်မူလနယ်မြေဝင်ခွင့်ကို
ချူကျန်းချန်းက သူ့ကိုပေးလိုက်တယ်လို့ကြား
ထားတယ် ကျတော်တို့ မူလနယ်မြေထဲရောက်မှ
ဖြေရှင်းကြမလား"
ကျူးလန်ရဲ့စကားကိုအကြီးအကဲမှ ခေါင်းညိတ်
ကာလက်ခံသည်။
"မူလနယ်မြေကို သခင်လေးတို့ညီအစ်ကိုအပြင်
ကာကွယ်သူအကြောင်းပြချက်နဲ့ စိတ်ဝိဉာဥ်အဆင့် အကြီးအကဲတွေ လိုက်ပါလို့ရတယ် ဒါဆိုကျိုး
ယန်ကို ဖြေရှင်းဖို့ကမခက်တော့ဘူး အခု ဝမ်မိသားစုဆီက ဘာသတင်းကြာရလဲ"
အကြီးအကဲရဲ့အမေးကို ကျူးချန်က
"ကျိုးယန်ရဲ့ကောင်မလေးနဲ့ အလဲအလှယ်လုပ်ပြီး
ခြိမ်းခြောက်တောင်းယူမယ်လို့ ကြားတယ် သူတို့
ဆီမှာ ဝမ်မိသားစု ခေါင်းဆောင်ဟောင်းတဦးပဲ
စိတ်ဝိဉာဥ်အဆင့်ရှိတာဆိုတော့ ကျိုးယန်ကိုကိုင်
တွယ်ဖို့ ယုံကြည်ချက်မရှိဘူးလေ အဲ့ဒါကြောင့်
ခုလို ပေါက်ပန်းလေးဆယ်အစီအစဥ်ကိုလုပ်ကြရ
တာနေမှာ ဟားးး "
ကျူးခန်ရဲ့လှောင်ပြောင်ပြောဆိုမှုကို ကျူးလန်ကလည်း
"ဒါပေါ့ကွ... ငါတို့ကိုကူညီဖို့လာပြောတာကိုကြည့်
တည်းက သူတို့မှာ ယုံကြည်ချက်မရှိသာသိသာပါ
တယ် ဒါပေမယ့် သူတို့ကိုကူညီမယ့်အစား ပေးတွေ့လိုက်ပြီး ကျိုးယန်ရဲ့ ခွန်အားကို စောင့်ကြည့်
တာက မူလနယ်မြေထဲ ကျိုးယန်ကိုဖြေရှင်းမယ့်
ကိစ္စမှာ အထောက်အကူဖြစ်နိုင်တယ် သူတို့အနေ
နဲ့ ကျိုးယန်ကိုမကိုင်တွယ်နိုင်ရင်လည်း တမျိုး
ကောင်းတာပဲ သူတို့ရမယ့်အရာတွေ ငါတို့ယူလို့
ရတာပေါ့ကွာ"
ချူမိသားစုအိမ်တော်....။
"ဘာ သခင်လေးကျိုးက ဒေါသတကြီးပုံစံနဲ့
ထွက်သွားတယ် ဟုတ်လား အကြီးအကဲ ချူဖုမ်း
ဝမ်မိသားစု ဒီရက်ပိုင်းဘာတွေလုပ်နေလဲ အတိအကျသိရအောင် စုံစမ်းပေးပါဦး"
ချူကျန်းချန်းတယောက် ချက်ချင်းပင် ဝမ်မိသား
စုရှိ သူတို့ရဲ့သတင်းပေးများကို ဆက်သွယ်စေ
သည်။ ထိုမတိုင်ခင်က စောင့်ကြည်မှုများလုပ်ထားသော်လည်း လည်ဆွဲနဲ့ပက်သက်၍ အိုးရန်ရွှမ်းရွှမ်းနှင့် တံခွန်ဂိုဏ်းအရေးကိစ္စကြောင့်
ကျိုးယန်ကော သူတို့ပါ အနည်းငယ်လစ်ဟင်း
သွားခြင်းဖြစ်သည်။
တခနအကြာတွင် သတင်းရလာသည်။ ထို
အရာက ကျိုးယန်၏ ကောင်မလေးကို ဝမ်မိသား
စုမှ ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။
ရှီး.....။
ချူကျန်းချန်း စိတ်လေသွားသည်။ ကျိုးယန်
ကို ကိုင်တွယ်ရန် ဝမ်မိသားစုက ဒီလိုအောက်တန်းကျသည့်နည်းလမ်း သုံးခဲ့မည်ဟုသူ
မထင်ထားခဲ့ပေ။ ထိုအရာက ကျိုးယန်ရဲ့ဒေါသကိုအမှန်တကယ်ဆွပေးခြင်းဖြစ်ကာ ဝမ်မိသားစု
အတွက် အဆုံးသတ်မလှပေ။
"ကျမတို့ဘာဆက်လုပ်ကြမလဲ သခင်လေးကျိုး
ကို ကူညီဖို့လိုက်သွားရမလား"
ချူလင်းယွင်၏အမေးကို ချူကျန်းချန်းက
"မလိုဘူးသမီး သခင်လေးကျိုးရဲ့ခွန်အားက ဂိုဏ်းကြီးတွေကို ရင်ဆိုင်ရမှာ ပြဿနာရှိပေမယ့်
ဝမ်မိသားစုလောက်ကတော့ ဖြေရှင်းနိုင်တယ် တ
ခုစိုးရိမ်ရမှာက သခင်လေးကျိုးဆီမှာရှိတဲ့ ရတနာ
တွေကို ဖော်ထုတ်ပြီး ဂိုဏ်းကြီးတွေရဲ့အကူညီကို
ယူထားမှာပဲကြောက်ရတာ"
ချူကျန်းချန်းရဲ့စကားကို ချူလင်းယွင်ကလက်မခံပေ။
"သမီးတော့ ဒီကိစ္စကို ဂိုဏ်းကြီးတွေသိထားရင်
တောင် ဝမ်မိသားစုအခုလုပ်လိုက်တဲ့နည်းလမ်းအ
ရ ဂိုဏ်းကြီးတွေက သတင်းတခုထွက်ရင်သိက္ခာ
ကျနိုင်လို့ ကူညီမယ်မထင်ဘူး သေချာတာက
သခင်လေးကျိုးရဲ့ ခွန်အားအမှန်ကိုသိဖို့ ဝမ်မိသားစုက ငါးစာဖြစ်သွားနိုင်တာပဲ"
အကြီးအကဲများနှင့် ချူကျန်းချန်တို့လည်း အတန်ငယ်စဥ်းစားကာ ထိုအချက်ကိုသဘောတူ
လိုက်ကြသည်။ ဂိုဏ်းကြီးများသည် နောက်ကွယ်
တွင်မကောင်းသည့်အရာအကုန် လုပ်သော်လည်း
လူသိစေမည့်အရာများကိုတော့ ရှောင်ကြသည်။
ကျိုးယန်သည် ပြိုင်ပွဲတွင် လူသိလာကာ ယခုလို
ခြေနေအောက်တွင် ဝမ်မိသားစုလုပ်ရက်သာ
သတင်းပေါက်ကြား၍ ဂိုဏ်းကြီးများပါဝင်သည်
ဟု လူသိကုန်လျှင် သိက္ခာကျပေမည်။