.အကုန်သတ်။
Vol. 4 Ch. 49
ကျိုးယန်တယောက် ဝမ်မိသားစုအိမ်တော်ရှိ
ရာတိုက်ရိုက်ပင်ထွက်လာကာ အိမ်တော်သိ့ရောက်သည်နှင့် အိမ်တော်ဝန်းထဲသို့ တန်း၍ဝင်
ရောက်သွားသည်။ လုံခြုံရေးများက ကြောင်အ၍
ကြည့်နေလျက်မှ သတိဝင်လာကာ ကျိုးယန်ကို
တားဆီးရန် ပြေးထွက်လာကြသည်။
"မသေချင်ရင် ဖယ်နေလိုက်"
ကျိုးယန်က မသက်ဆိုင်သည့် သာမန်လုံခြုံ
ရေးများကိုမသတ်ချင်ပေ။ အဓိကကျသည့် ဝမ်
လင်းနှင့် သူ့မြေးအပါအဝင် အကြီးအကဲများကို
တော့ သူလွှတ်မပေးနိုင်ပေ။
"မင်းရောက်လာတာပဲ"
ကျိုးယန်ဝင်လာသည်ကိုသိသည်နှင့် ဝမ်လင်း
နှင့်သူ့လူများက အိမ်တော်ထဲမှထွက်လာသည်။
ဝမ်မင်ကလည်း ကျိုးယန်ကိုစူးစိုက်ကြည့်ကာ သူ့
မျက်လုံးထဲတွင်တော့ ကျိုးယန်သည် သေလူပင်
ဖြစ်သည်။ ကျိုးယန်ရဲ့ရတနာများကို ယူကာ
လီချင်းကျူးကိုလည်း အလွတ်ပေးမည်မဟုတ်
ပေ။
"လီချင်းကျူးဘယ်မှာလဲ ခုထုတ်ပေးလိုက်ရင်
ကျုပ် ခဗျားတို့ကို သက်တောင့်သက်သာ သေခွင့်
ပေးမယ်"
"ဟားးး မင်းလိုကောင်ကလား ဟာသပဲ လီချင်း
ကျူးကိုပြန်လိုချင်ရင် မင်းဆီမှာရှိနေတဲ့ ဆေးလုံး
နဲ့ ရတနာတွေအကုန် ငါတို့ကိုလွှဲပေးလိုက်"
ဝမ်လင်းကို ကျိုးယန်တချက်စိုက်ကြည့်ကာ
ပြောလိုက်သည်။
"လီချင်းကျူး အခြေနေကို သိရမှ ဆက်ဆွေးနွေး
မယ်"
"ကောင်းပြီ ငါ့မြေး ကောင်မလေးကိုခေါ်ထုတ်
လာလိုက်တော့"
ဝမ်လင်း၏စကားကိုကြားလျှင် ဝမ်မင်ကသူ့အဖိုး
ရဲ့အနားကပ်ကာတီးတိုးပြောလိုက်သည်။
"အဖိုး ကျိုးယန်ကိုတခါတည်းအပြတ်ဖြတ်နော်
မဟုတ်ရင် ပြဿနာရှိနိုင်တယ်"
"ငါသိတယ်"
ဝမ်လင်းဆီမှ စကားကြားလျှင် ဝမ်မင်တ
ယောက် လီချင်းကျူးကိုခေါ်ဆေင်လာရန် အစေခံများကို ပြောလိုက်သည်။ ခနအကြာတွင်
သန်မာသည့် ကျင့်ကြံသူနှစ်ဦးမှ လီချင်းကျူးကို
ဘေးတဖက်ချက်စီတွင်ဝန်းရံလျက် အိမ်တော်အ
ပြင်သို့ထွက်လာသည်။ မည်သည့်ဒဏ်ရာမှရမထားသည်ကိုတွေ့လျင် ကျိုးယန်တယောက်သက်
ပြင်းချကာ အနည်းငယ်စိတ်အေးသွားသည်။
လီချင်းကျူးသည် သူ့ကြောင့်ယခုလိုဖြစ်ရခြင်း
ဖြစ်သည်။ ကျိုးယန်ကိုတွေ့သည်နှင့် လီချင်းကျူးတယောက် မျက်ရည်များဝဲလာကာ ခန္ဓာ
ကိုယ်က အနည်းငယ်တုန်ရင်သွားသည်။သူမက
ချက်ချင်းပင် ကျိုးယန်ကိုထွက်ခွာသွားရန်ပြော
တော့သည်။
"ကျိုးယန် နင်ပြန်တော့ သူတို့ငါ့ကိုဘာမှမလုပ်နိုင်
ဘူး နင့်ကိုသူတို့သတ်လိမ့်မယ်"
သူမက ကျိုးယန်ကို ကျင့်ကြံသူမှန်းမသိ၍
စိတ်ပူနေခြင်းဖြစ်သည်။ ကျိုးယန်က ဝမ်လင်းတို့
လူစုကို ကြည့်၍ နှုတ်ခမ်းများတွန့်ကွေးကာပြုံး
လိုက်သည်။ အဓိကစိတ်ပူမိသည့် လီချင်းကျူး
အဆင်ပြေနေသည်ကိုတွေ့လျှင် ကျိုးယန်က၎င်း
တို့နှင့် မဆွေးနွေးလိုတော့။ ကျိုးယန်သည် တဖက်လောကတွင် လူများစွာသတ်ဖူးကာ ထို
အချိန်က မဖြစ်မနေမို့သတ်ခဲ့ရသော်လည်း အတွေ့အကြုံတခုရစေ၍ ယခုချိန်လူသတ်ရတော့မည် အခြေနေပေါ် တည်ငြိမ်စေသည်။
"ငါ့ကို စိတ်မပူနဲ့ နင့်ကိုအန္တရာယ်ပေးတဲ့ဒီလူတွေ
အတွက် သေခြင်းတရားကပဲ သူတို့ကိုကျေနပ်စေ
လိမ့်မယ်"
ကျိုးယန်ရဲ့စကားကိုကြားလျှင် ဝမ်လင်းတ
ယောက်အနည်းငယ် စိတ်လေးသွားသည်။
"ကောင်လေး မင်းသူမကိုပြန်လိုချင်တာလား
ဆေးလုံး ၂၀ နဲ့ မြေကြီးအဆင့်မြင့်ကျင့်စဥ် ၂ခု
နောက်ပြီး မြေကြီးအဆင့်ရတနာလက်နက် ၂ခု
ပေးရုံပဲ ခေါ်သွားလို့ရပြီ"
"လဲလှယ်ရမှာလား မဖြစ်နိုင်ဘူး"
"ကောင်လေး ငါတို့က ဆွေးနွေးနေတာနော်
မဆိုင်တဲ့ ဒီကောင်မလေးကိုမထိခိုက်စေချင်ဘူး"
ဝမ်လင်းရဲ့စကားကိုကြားလျှင်ကျိုးယန်က
ရယ်၍
"ဆွေးနွေးနေတာလား ကျုပ်ကဆွေးနွေးဖို့လာ
တာမဟုတ်ဘူး ခဗျားတို့အကုန်လုံးကိုသတ်မှာ"
တင်းမာပြတ်သားသည့် လေသံထွက်ပေါ်လာ
ပြီးတပြိုင်နက် လေထုကလေးလံအေးစက်သွား
ကာ သတ်ဖြတ်ခြင်းရောင်ဝါများလည်း ထွက်ပေါ်
လာသည်။ ကျိုးယန်က ဓားကိုထုတ်ကာ ဝမ်လင်း
ရှိရာ ရွယ်လိုက်သည်။
"ခဗျားက ကျုပ်ရဲ့အောက်ဆုံးစည်းကိုလာထိနေ
တာပဲ ဒီနေ့ကစပြီး ဝမ်မိသားစုဆိုတာ မရှိတော့
ဘူး"
"ကျား.."
ကျယ်လောင်သည့်ကြိမ်းဝါးသံနှင့်အတူ လီချင်း
ကျူးကိုဝန်းရံထားသည့် ကျင့်ကြံသူနှစ်ဦးဆီခုန်
ဝင်ကာ ဓားဖြင့်ခုတ်ချလိုက်သည်။
"သတိထား....!!!"
ဝမ်လင်းမှ သူ့လူများကို ကျယ်လောင်စွာသတိ
ပေး၍ ကျိုးယန်ကိုတားရန် ခုန်ဝင်လာသော်လည်း ကျိုးယန်ရဲ့အရှိန်ကပိုမြန်ကာ တား၍
မရတော့ပေ။
အားးးး
ဓားချက်တချက် ဦးခေါင်းပြတ်နှစ်လုံး...။
ဓားအလင်းတခုသာမြင်ရကာ စက္ကန့်ပိုင်းအ
ကြာတွင် လီချင်းကျူးကို ဝန်းရံထားသည့်လူနှစ်
ဦးစလုံး အသက်မဲ့သွားကြသည်။ လူသေအလောင်းနှစ်ခုအလယ်တွင် ကြောင်အနေသည့်
လီချင်းကျူးတယောက် ကျိုးယန်ကိုသာအတိုင်း
သားငေးလျက် မှင်သေနေသည်။
"လာခဲ့"
ကျိုးယန်က လီချင်းကိုသူ့ဘက်ဆွဲကာ ခုန်
ဝင်လာသည့် ဝမ်လင်းရဲ့ဓားချက်ကိုကာလိုက်
သည်။
ထန်း....
စိတ်ဝိဉာဥ်အစောပိုင်းအဆင့်ဆိုသော်လည်း
ခွန်အားကတော့ ကြောက်ဖို့ကောင်းသည်။ တဖက်တွင်လည်း ဝမ်လင်းတယောက်ဝင်ရောက်
တိုက်ခိုက်သည်နှင့် ဝမ်မင်ရဲ့အဖေအပါအဝင်
အကြီးအကဲများကလည်း တပြိုင်နက်ဝင်ရောက်
တိုက်ခိုက်ကြတော့သည်။
ဝုန်း.......ဖြောင်းး
ကြီးမားသည့် လက်ဝါးချက်တခု ကျိုးယန်ဆီ
တိုးဝင်လာသည်။ ကျိုးယန်ကလည်း ထိုလက်ဝါး
ချက်ကို ဓားတချက်လွှဲကာ ခုတ်ပိုင်း၍ ပျက်ပြယ်
သွားစေသည်။
"သတ်ကြ သူ့ကိုလွတ်ပေးလို့မရဘူး"
ဝမ်လင်းတယောက် ကျိုးယန်ရဲ့ခွန်အားကို
ထိပ်တိုက်တွေ့ဆုံခြင်းမှ သိလိုက်ရချေပြီ။ သူ့ထက် အင်အားသာလွန်ကာ သူပင်တဦးချင်းရင်
ဆိုင်နိုင်မည်မဟုတ်ပေ။ ထုံကျင်သွားသည့်လက်
ကိုခါလျက် နောက်ထပ် ဓားချက်တခုထပ်မံအသုံးပြုလိုက်သည်။ ဟမ့်....ဒါပဲလား။
ကျိုးယန်က နှာခေါင်းရှုံးကာ လူအုပ်ထံ
သူ့ရဲ့ခွန်အားအပြည့်ထည့်ထားသည့် ဓားချက်
တချက်ထုတ်လွှတ်ကာ ခုတ်ပိုင်းလိုက်သည်။
ကြီးမားသည့် ဓားအလင်းကြီးတခုက ဝန်းကျင်
တခုလုံးကို အေးခဲသွားစေကာ ထိုအရာက ကျိုး
ယန်၏ အခြေခံဓားချက်သာဖြစ်သော်လည်း
ကျိုးယန်၏ ခွန်အားနဲ့ ဓားချက်အပေါ်နားလည်
ထားမှုကြောင့် ယခုလိုပြင်းထန်သွားစေသည်။
အားးးးးးးးးးးးး
အမလေးးးးးးးး
ရွှေအမြူတေအစောပိုင်းအဆင့် အကြီးကဲများ
ဓားချက်ကြောင့်တိုက်ရိုက်ပင် သေဆုံးသွားကာ
အလယ်ဆင့် အနည်းငယ်ကတော့ ဒဏ်ရာပြင်း
ထန်စွာရသွားတော့သည်။ ထိုအထဲတွင် လက်ရှိ
ဝမ်မင်၏ဖခင်ဖြစ်သူပါဝင်သည်။ ကျိုးယန်၏အ
ကြည့်က ဝမ်လင်းဆီရောက်သွားသည်။ ဝမ်လင်း
၏ဓားချက်သူ့ဆီတိုးဝင်လာချိန်တွင် ကပ်၍ရှောင်လိုက်သောကြောင့် မထိသော်လည်း
ဓားရဲ့ပြင်းထန်သည့်အရှိန်အဟုန်က လီချင်းကျူး
လိုသာမန်လူကိုတော့ သက်ရောက်သွားသည်။
ပြင်းထန်သည့် ဓားချက်ဖိအားအောက်တွင် လီချင်းကျူးတယောက် မြေပေါ်ပြိုလဲကျသွားရ
သည်။ ကျိုးယန်က သူမအရှေ့တွင်ကာထား၍
သာမဟုတ်ပါက သေဆုံးသွားနိုင်ချေရှိသည်။
ကျိုးယန်၏ လည်ပင်းကြောများထောင်ထ
လာကာ အေးစက်စူးရှသည့်အကြည့်ဖြင့် ဝမ်လင်းကိုကြည့်၍ ချက်ချင်းပင်ခုန်ဝင်ကာ တိုက်
ခိုက်တော့သည်။
"သေလိုက်စမ်း ခွေးအိုကြီး"
စိတ်ဝိဉာဥ်အဆင့် ခွန်အားရှိသူနှစ်ဦး၏ ဓား
အရိပ်များက ပတ်ဝန်းကျက်တခုလုံးကို ဖိအား
ပေးနေကာ အနီးနားရှိအဆောက်အုံများသည်
လည်း ပြိုပျက်သွားရသည်။ အိမ်တော်၏ထောင့်
တနေရာတွင်ကပ်၍ တိုက်ပွဲကိုအထိတ်တလန့်
ကြည့်နေသည့် ဝမ်မင်က သူဖခင်ဒဏ်ရာရထား
သည်ကိုပင် ဂရုမစိုက်ပေ။ ကျိုးယန်တယောက်
ဝမ်လင်းကြောင့် အာရုံပြောင်းကာ လီချင်းကျူး
အနားမှ ခွာသွားချိန်တွင် လီချင်းကျူးကိုဖမ်းချုပ်
ရန် အလစ်ပြေးဝင်တော့သည်။
ဟမ့်...မင်းက အလစ်ဖမ်းချင်တာလား။
ကျိုးယန်သည် ဝမ်လင်းနှင့်ပြင်းပြင်းထန်ထန်
တိုက်ခိုက်နေသော်လည်း သူ့စိတ်အာရုံက လီချင်း
ကျူးဆီ ပို့ထားသောကြောင့် ဝမ်မင်၏ လှုပ်ရှား
မှုများကို သတိထားမိသည်။
"သေလိုက်တော့"
ဝမ်လင်းကိုဓားဖြင့် တချက်ဟန်ပြပိုင်းကာ
လီချင်းကျူးဆီပြေးဝင်သွားသည့် ဝမ်မင်ရှိရာ
သို့ ပြင်းထန်သည့် ဓားချက်တခု ပို့လွှတ်လိုက်
သည်။ ထိုအရာကို မြင်လိုက်သည်နှင့် ဝမ်လင်းက
ကျယ်လောင်စွာအော်၍ သူ့မြေးကိုသတိပေး
သော်လည်း ဝမ်မင်တယောက် လီချင်းကျူးကို
အာရုံများနေသည်ဖြစ်၍ ဓားချက်ကိုသာမက
သူ့အဖိုးရဲ့အသံကိုပါ မကြားတော့ပေ။
အား....
ဝုန်း.....ဂျွတ် ဂျွတ် အုန်း..
ကျိုးယန်၏ ပြင်းထန်အားပါသည့်ဓားချက်
က ဝမ်မင်ကို နှစ်ပိုင်းပြတ်စေကာ နောက်ဆက်
တွဲခွန်အားကြောင့် အဆောက်အုံတခုဆီပစ်တိုက်၍ နံရံများပြိုလဲကျသွားတော့သည်။ အခြား
အဆင့်နိမ့်ကျင့်ကြံသူများလည်း ထိုမြင်ကွင်းကို
ကြည့်၍ ထိတ်လန့်သွားကြ အိမ်တော်၏အပြင်
ဘက်သို့ ထွက်ပြေးကြတော့သည်။
"မင်း.....မင်းကိုငါသတ်မယ်ကွ"
ဝမ်လင်းရဲ့ကြုံးဝါးသံကြီးထွက်ပေါ်လာကာ
ကျိုးယန်ဆီ အတင်းတိုးဝင်လာတော့သည်။
ဟမ့်....လာခဲ့စမ်း။ ငါ့ရဲ့ဓားချက်ကိုမြည်းကြည့်
လိုက်တော့။
ဒဏ်ရာရကာလဲကျနေသည့် အကြီးအကဲ
များနှင့် ဝမ်မင်၏ဖခင်လည်း သူ့သားရဲ့အဖြစ်
ဆိုးကို ကြည့်ကာ နောင်တရလာသည်။ သူတို့ရဲ့
လောဘတရားက နှစ်ရာနဲ့ချီ တည်ဆောက်လာ
သည့် ဝမ်မိသားစုကို ပြိုလဲစေကာ ယခုအဖြစ်
အပျက်ကို ဂိုဏ်းကြီးများမှလည်း ဖြေရှင်းပေး
မည်မဟုတ်ပေ။ ဝမ်မိသားစုဘက်မှ စ၍ ထိခိုက်
အောင်လုပ်ခဲ့သည်မဟုတ်လား။
ဝမ်လင်းရဲ့ဓားချက်ကို တည့်တည့်ပင်ရင်ဆိုင်
ကာ ခွန်အားအကုန်သုံးထားသည့် ဓားချက်တခု
ဖြင့် ရင်ဆိုင်လိုက်သည်။ ကျိုးယန်၏ ကျင့်ကြံ
မှုသည် မတူညီတဲ့လောကအနေထားကြောင့်
အနည်းငယ်ကွာဟ သွားသော်လည်း အမှန်တကယ်ခွန်အားအပြည့်သုံးပါက ခွန်အားတခု
တည်းဖြင့်ပင် စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်ကို
ယှဥ်နိုင်သည်။ ထို့အပြင် ဗာဂျာရာကျင့်စဥ်၏
ပထမအဆင့်ကို အောင်မြင်ထားသောကြောင့်
ခန္ဓာကိုယ်၏ မာကြောမှုက အစောပိုင်းစိတ်ဝိဉာဥ်
အဆင့်ကို ခန္ဓာကိုယ်သီးသန့်ဖြင့်ပင် ခုခံနိုင်သည်။ ယခုက ဒုတိယအဆင့်ကိုနီးကပ်နေချိန်
မှာတော့......။ ကျိုးယန်ကအစပိုင်းတွင် သူ့ခန္ဓာကိုယ်ရဲ့ သန်မာမှုအစစ်မှန်ကိုသိလို၍ ထိန်း
ကာတိုက်ခိုက်နေခြင်းဖြစ်သော်လည်း ဝမ်လင်းနှင့် တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ တဖြေးဖြေး သဘောပေါက်လာသည်။
ဓားချက်တခုစီက လူတစ်ဦးစီ တိုးဝင်သွား
သော်လည်း ခန္ဓာကိုယ်ကျင့်စဥ်ကြောင့် သန်မာ
နေသည့်ကျိုးယန်ကတော့ တုတ်တုတ်ပင်မလှုပ်
ကာ ဝမ်လင်းရဲ့ ခန္ဓာကိုယ်က နှစ်ပိုင်းတိတိပြတ်
လျက် တိကျသည့်ဓားချက်ကြောင့် သွေးစီးကြောင်းတခုသာ မြင်ရသည်။
ဝမ်မိသားစုဝင်များ၏ မှင်သက်ငေးမောနေ
မှုအောက်တွင်ပင် ခန္ဓာကိုယ်က နှစ်ပိုင်းဖြစ်ကာ
မြေပေါ်ပြုတ်ကျသွားတော့သည်။
"အဖေ"
"မဟာအကြီးအကဲ"
ယူကျုံးမရစွာအော်ဟစ်လိုက်သည့် အသံများ
ထွက်ပေါ်လာသည်။ ကျိုးယန်၏ အကြည့်က၎င်း
တို့ရှိရာ အေးစက်စွာရောက်သွားသည်။ ကျိုးယန်
၏ အကြည့်ကိုသတိထားမိလျှင် ဝမ်မိသားစုဝင်
များက အထိတ်တလန့်ဖြင့် တောင်းပန်စကားဆို
လာကြတော့သည်။
"သ သခင်လေးကျိုးယန် ကျုပ်တို့ဝမ်မိသားစုကို
ခွင့်လွှတ်ပေးပါ"
"မင်းလိုချင်တဲ့ အရာတွေအကုန်ယူပါ ငါတို့ကို
တော့လွှတ်ပေးပါကွာ"
ဝမ်မင်၏ဖခင်ကလည်း....
"မင်းကြောင့် ငါ့အဖေနဲ့ငါ့သားလည်းသေသွားရပြီ
ကျေနပ်ပါတော့ မင်းဆီကရတနာတွေလည်း ငါ
မမက်တော့ပါဘူး ငါတို့ကိုသာအသက်ရှင်ခွင့်
ပေးပါ"
အသက်ရှင်ခွင့်တဲ့လား။ ဟမ့်.. ကျိုးယန်က
ဒဏ်ရာပြင်းထန်စွာရကာ လဲကျနေသည့်လူအုပ်
ဆီ သွားလိုက်သည်။ ပြီးနောက် စေ့စေ့ကြည့်ကာ
အေးစက်သည့် လေသံဖြင့်တလုံးချင်းပြောလိုက်
သည်။
"ခဗျားတို့က ကျုပ်နဲ့ထိပ်တိုက်မတွေ့ပဲ ယုတ်မာတဲ့ နည်းလမ်းကိုသုံးကတည်းက ခဗျားတို့ဘဝကို
ဆုံးဖြတ်လိုက်ပြီးပြီ"
စကားဆုံးသည်နှင့် ဓားအလင်းတခုပေါ်လာ
ကာ ဝမ်မင်ရဲ့ဖခင်အပါဝင် ဒဏ်ရာပြင်းထန်စွာ
ရနေသည့် အကြီးအကဲအချို့ ဦးခေါင်းများပြတ်
ကာသေဆုံးသွားကြတော့သည်။
ကျိုးယန်က ဓားကိုသိုလှောင်ခန်းထဲ ပြန်ထည့်
ကာ ပတ်ဝန်းကျင်တွင်ရှိနေသည့် အစောင့်များ
မိသားစုဝင်များကို ကြည့်လိုက်သည်။ ထိုလူများ
က မိန်းမများနှင့်ကလေးများဖြစ်ကာ တချို့ဆို
လျှင် ကျင့်ကြံသူများမဟုတ်ပေ။ ထိုလူများကို
တော့ ကျိုးယန်ကလွှတ်ပေးလိုက်သည်။
"ခဗျားတို့ ယူစရာရှိတာယူပြီး ထွက်သွားကြ
ဝမ်မိသားစုဆိုတာမရှိတော့ဘူး နောင်တချိန်
ပြဿနာမများချင်ရင် ဝမ်မိသားစုအမည်မခံ
ကြနဲ့"
ကျိုးယန်၏စကားကိုကြားသည်နှင့် အကုန်
လုံးက ကျေးဇူးတင်စွာဦးညွှတ်ပြလျက် အလျင်အမြန်ပင် ထွက်သွားကြတော့သည်။
အမျိုးသမီးများကလည်း ကျိုးယန်ကိုကြည့်လျက် သက်ပြင်းချကြသည်။ သူမတို့၏ ယောက်ကျားသားများက နတ်ဆိုးတကောင်ကို ရန်သွား
စမိပုံရသည်။ ယခုတော့ သူမတို့အနေဖြင့် တုန့်
ပြန်ရန်မဆိုထားဘိ အသက်ရှင်လျက် စည်းစိမ်
များယူကာထွက်သွားခွင့်ရသည်ကပင် ကျေးဇူး
တင်ရတော့မည်ဖြစ်သည်။
နောက်တနေ့တွင် ဝမ်မိသားစုပျက်စီးသွား
သည့်သတင်းက ပြန့်နှံလာသည်။ အစိုးရအနေဖြင့် ကျင့်ကြံသူမိသားစုများနှင့်ဂိုဏ်းကြီးများအကြားပက်သက်မှူ မရှိသည့်အပြင် ဝမ်မိသားစု
မှလည်း သာမန်လူများထိခိုက်မှုမရှိသောကြောင့်
ဝင်ရောက်မပက်သက်တော့ပေ။
တဖက်တွင် ဂိုဏ်းကြီးများနှင့်အခြား
မိသားစုဝင်များသည်လည်း အသံတိတ်ကာ
ငြိမ်သက်နေသည်။ နောက်ရက်များတွင် ချူမိ
သားစုမှ ချူကျန်းချန်က ဝမ်မိသားစုရဲ့အခွင့်
အလမ်းအားလုံးကို လွှဲပြောင်းရယူကာ ကျင့်ကြံ
ရေး အရင်းအမြစ်အားလုံးပါမကျန်သိမ်းဆည်း
လိုက်တော့သည်။ ထိုအရာက ချူမိသားစုကို
တခြားသူများ သတိထားသွားစေကာ ဝမ်မိသား
စုတခုလုံးကို တဦးတည်းဖြင့်သတ်ဖြတ်သွားသည့် ကျိုးယန်ကိုလည်း ထိတ်လန့်တကြားဖြစ်သွား
ကြသည်။
နောက်ဆက်တွဲအနေဖြင့် စုမိသားစု ဖန်းမိ
သားစုနှင့် ရီမိသားစုများက ချူမိသားစုဆီအ
လည်အပတ်ရောက်လာကြကာ လက်ဆောင်ပစ္စည်းများပေး၍ ဖားယားကြတော့သည်။
သူတို့တွင် ဂိုဏ်းကြီး၃ဂိုဏ်း၏ အန္တရာယ်ရှိသည့်
အပြင် ကျိုးယန်လိုခွန်အားကြီးသူနှင့်ပါ ပြဿနာ
တတ်ထား၍ မဖြစ်တော့ပေ။